Tuesday, April 13, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အီဂျစ်အင်ပါယာ အကြောင်းသိကောင်းစရာ

by Thutamm
April 1, 2020
Reading Time: 1min read
0
အီဂျစ်အင်ပါယာ အကြောင်းသိကောင်းစရာ
Share on FacebookShare on Twitter

အီဂျစ်အင်ပါယာခေတ်(ဘီစီ၁၆၀၀-၁၂၀၀)

အီဂျစ်အင်ပါယာခေတ်သည် ဟစ်ဆောလူရိုင်းများကို တိုက်ခိုက်မောင်းထုတ်လိုက်သည့် အေးမို့စ်(Ahmose I) မှ စတင်ထူထောင်သော ခေတ်ဖြစ်သည်။ ဗဟိုဒေသမှာ ကိုင်ရိုမြို့တောင်ဖက် မိုင်၄၀၀ အကွာရှိ သီးဘီးစ်(Thebes)အရပ်ဖြစ်သည်။ နယ်ချဲ့ခေတ်တစ်လျှောက် တည်ဆောက်ထားခဲ့ကြသည် အဆောက်အဦးများ၏ အကြွင်းအကျန်များကို ဤအရပ်တွင် တွေ့ရှိရသေးသည်။ ထိုသို့ ပျက်စီးနေသော အနေအထားအတိုင်းဖြင့်ပင် အတော်ကြီးမားသည့် အဆောက်အဦးများဖြစ်ကြောင်း တွေ့ရသဖြင့် တည်ဆောက်ပြီးစ အကောင်းပတိရှိနေချိန်တွင် မည်မျှကြီးမားကြောင်းကို ခန့်မှန်းနိုင်သည်။

ကာနက်ခ် အရပ်မှ ဝတ်ကျောင်းတော်ကြီးသည် အခမ်းနားဆုံး၊ အကြီးကျယ်ဆုံးသော အဆောက်အဦးဖြစ်ပေသည်။ ဝတ်ကျောင်းအများစုသည် ကိုးကွယ်ပူဇော်သည့် အမွန်ရေး (Amon Re) ခေါ် နေနတ်ဘုရားအတွက် ရည်ရွယ်ဆောက်လုပ်ကြခြင်းဖြစ်သည်။ ဤနယ်ချဲ့ခေတ်တွင် တွေ့ရသော အုတ်ဂူများမှာ ပိရမစ်ခေတ်ကဲ့သို့ မဟုတ်တော့ဘဲ ကျောက်တောင်နံရံကမ်းပါးများတွင် ထွင်းထုမြုပ်နှံခြင်းမျိုးဖြစ်သည်။

အမြဲတမ်း စစ်တပ်

အေးမို့စ် သည် ဟစ်ဆောများကို အနိုင်ရပြီးသည့်နောက်တွင်လည်း အခြားထီးပြိုင်နန်းပြိုင်အချို့နှင့် ဆက်လက်တိုက်ခိုက်ရသေးသည်။ နယ်ချဲ့များ၏ ကျူးကျော်ခံရခြင်းအား လေ့လာဆန်းစစ်ပြီးနောက်တွင် တိုင်းပြည်အား ကာကွယ်ရန်အတွက် စစ်တပ်တစ်ခုကို တည်ဆောက်ရန် လုံ့လပြုသည်။ အာရှမှ မြင်းနှင့် စစ်ရထားများ မှာယူကာမိမိ၏ စစ်တပ်တွင် အသုံးပြုသည်။

အားကိုးအားထားပြုရသည့် စစ်ဗိုလ်ချုပ်များကို မြောက်စားသည်။ သို့ဖြင့် အေမို့စ် ကွယ်လွန်၍ သားဖြစ်သူ ပထမ အမင်ဟိုးတပ်(Amenhotep I) နန်းတက်လျှင် ဆက်လက်၍ နယ်ပယ်ချဲ့ထွင်ရာ အီဂျစ်အင်ပါယာသည် နိုင်းမြစ်တောင်ဖက်ရှိ နျူးဘီးယား အရပ်မှသည် အရှေ့ဖက် ယူဖရေးတီးမြစ်ဝှမ်းထိ ကျယ်ပြန့်လာသည်။

ထင်ရှားသည့် မင်းများ

ထိုနောက် ဆက်ခံသည့် ပထမ တူးမော့စ်(Thumose I) လက်ထက်တွင် တိုင်းပြည်အေးချမ်းသာယာကာ ယဉ်ကျေးမှုဆိုင်ရာ အဆောက်အဦးများကို တည်ဆောက်နိုင်သည်။ ဖာရိုးမင်းတစ်ပါးအနေဖြင့် မိဖုရားခေါင်ကြီးမှ သားတော်မထွန်းကားဘဲ မိဖုရားငယ်များတွင်သာ သားတော်ထွန်းကာရာ မိဖုရားငယ်များမှာ မွားမြင်သည့် မင်းသားငယ်များကို နန်းမတက်စေလိုသဖြင့် သမီးတော်ကြီး ဟတ်ရှပ်စု(Hatshepsut) အား အရိုက်အရာအက်နှင်းခဲ့သည်။

ဟတ်ရှပ်စု၏ ကြင်ယာတော်မှာ အဖေတူအမေကွဲမောင်နှမ တော်စပ်သူ တတိယမြောက် တုမို့စ် ဖြစ်ပြီး အရည်အချင်းပြည့်ဝကာ ဖာရိုးတစ်ပါးဖြစ်လိုသူလည်း ဖြစ်သည်။ သို့သော် မိဖုရားငယ်မှ ဖွားမြင်သည်ဟူသော အကြောင်းပြချက်ကြောင့် ဖာရိုးဘွဲ့နှင့် ဝေးကာ ဘုရင်မကြင်ယာတော်သာဖြစ်ရသည်ကို လွန်စွာအမျက်ထွက်လေသည်။

ဘုရင်မ ဟတ်ရှပ်စု လက်ထက်တွင် ကြီးကျယ်ခန်းနားသည့် အဆောက်အဦးများစွာကို ဆက်လက်တည်ဆောက်သည်။ ဖခင်လက်ထက်က အပြီးမသတ်နိုင်သည့် ကာနက်အရပ်မှ ဝတ်ကျောင်းကို ဆက်လက်တည်ဆောက်၍ အပြီးသတ်စေသည်။ ထို့ပြင် နန်းသက်နှစ် ၁၅နှစ်မြောက်အထိမ်းအမှတ်အဖြစ် ကျောက်တိုင်ကြီးနှစ်တိုင်ကို ကာနက်ကျောင်းတော်အတွင်း စိုက်ထူခဲ့သည်။ အဆိုပါ ကျောက်တိုင်ကြီးများမှာ တောင်နံရံမှ ထွင်းယူသော တစ်ဆက်တည်းဖြစ်သည့် ကျောက်တိုင်များဖြစ်ကာ သူ့လက်ထက်အတွင်း အောင်မြင်မှုများကို ရေးထွင်းခဲ့သည်။ အဆိုပါကျောက်တိုင်များကို နိုင်းမြစ်ကြောင်းအတိုင်း သယ်ယူကာ ခြောက်လအတွင်းအပြီးစိုက်ထူရခြင်း ဖြစ်သည်။

ဟတ်ရှပ်စုကွယ်လွန်လျှင် ဖာရိုးဖြစ်လိုလှသည့် ၎င်း၏ကြင်ယာတော် တတိယမြောက် တုမို့စ် နန်းတက်သည်။ ကာလရှည်ကြာစွာ ဘုရင်မ၏ ဩဇာရိပ်အောက်တွင် နေထိုင်ခဲ့ရသည်ကို စိတ်နာသည့်အလျောက် ဘုရင်မ ဟတ်ရှပ်စု၏လက်ထက် ကြီးကျယ်ခမ်းနားသည့် လက်ရာမှန်သမျှကို ဖျက်ဆီးစေသည်။ ကျောက်တိုင်ကြီးနှစ်တိုင်ပါ အောင်ခြင်းစာများကိုလည်း အင်္ဂတေဖြင့် မံကာပိတ်ပင်စေသည်။ ဝတ်ကျောင်းအတွင်းရှိ ဘုရင်မ၏ ရုပ်တုပေါင်းများစွာကိုလည်း ဖျက်ဆီးစေသည်။ သို့သော် ကာလရှည်ကြာသောအခါ အဆိုပါကျောက်တိုင်များထက်မှ အင်္ဂတေများ တဖန်ကွာကျသဖြင့် ဘုရင်မကြီး၏ အောင်မြင်မှုများကို လူတို့ ပြန်လည်အမှတ်ရကြသည်။

တတိယမြောက် တုမို့စ်သည် အရည်အချင်းဖြင့် ပြည့်စုံသူလည်းဖြစ်သည်။ ရှေးအီဂျစ်၏ နပိုလီယန် ဟုပင်တင်စားရလောက်အောင် စစ်ရေးစစ်ရာကျွမ်းကျင်သူဖြစ်သည်။ နန်းတက်စအချိန်မှစကာ ပါလက်စတိုင်းဒေသမှ ပုန်ကန်သည်ကို နှိမ်နှင်းပြီး နောက် နှစ်ပေါင်းသ၂၀ကျော်ကြာ ကာလတစ်လျှောက် အနောက်အာရှဒေသကို လွှမ်းမိုးနိုင်ရန်အတွက် စစ်ပြုသိမ်းပိုက်ခဲ့သည်။ အဆိုပါ တိုက်ပွဲများအကြောင်း ပါဝင်သည့် ၎င်း၏ အတ္ထုပ္ပတ္တိကို ကာနက်ကျောင်းတော် နံရံများနှင့် ကလီယို ပါထရာကျောက်တိုင်တို့တွင် ရေးထိုးခဲ့သည်။

သူ့လက်ထက်တွင် တည်ထောင်ပေးခဲ့သည့် ရေတပ်၏အစွမ်းကြောင့် အီဂျစ်၏ဩဇာမှာ အေဂျင်ပင်လယ် အထိပါပြန့်နှံ့ခဲ့သည်။ အုပ်ချုပ်ရေးအနေဖြင့်လည်း တတိယမြောက် တုမို့စ်သည် လက်အောက်ခံ နယ်စား၊ ဘုရင်ခံများ၏ သားများကို အီဂျစ်သို့ခေါ်ဆောင်ကာ ပညာသင်ယူစေသည်။ မိမိ၏ သားသမီးများနှင့် အတူပြုစုပျိုးထောင်ပေးသည်။ အကျိုးဆက်အနေဖြင့် အီဂျစ်နိုင်ငံသည် လက်အောက်ခံများအား လွှမ်းမိုးနိုင်ပြီး ရည်ရှည်တည်တံ့လာသည်။

ဘာသာရေး အပြောင်းအလဲ

အီဂျစ်နယ်မြေအတွင်းသာ အုပ်ချုပ်နေထိုင်စဉ်ကာလများက အီဂျစ်တို့သည် ကိုယ်ပိုင်နတ်များကိုသာ ကိုးကွယ်ခဲ့ကြသော်လည်း ခေတ်ကာလအလိုက် ကျယ်ပြန့်သော အင်ပါယာကို အုပ်ချုပ်လာကြသော အခါတွင်မူ အမြင်ကျယ်လာပြီး အတွေးအခေါ်ပြောင်းလဲလာကာ တစ်ကမ္ဘာလုံးအား အစိုးရသည့် နတ်မင်းကြီး အယူအဆတစ်ရပ်ကို ဖော်ထုတ်လာကြသည်။

အင်ပါယာခေတ် နှစ် ၂၀၀မျှ ကြာလာသော အခါတွင် ထိုအတွေးအခေါ်ကျယ်ပြန့်လာပြီး တတိယမြောက် အမင်ဟိုးတပ်စ်နောက် နန်းတက်သည့် သားတော် စတုတ္ထမြောက် အမင်ဟိုးတပ်စ် က တစ်ကမ္ဘာလုံးအား အုပ်စိုးသည့် တစ်ဆူတည်းသော နတ်မင်းကြီး အဖြစ် နေနတ်မင်း အတွန်(Aton) ကို သတ်မှတ်ကိုးကွယ်စေပြီး ကျန်နတ်ဘုရားများကို ပိတ်ပင်သည်။ အတွန်မှာ ရှေးဟောင်းအီဂျစ်စကားဖြစ်သည်။ သို့ဖြင့် မင်းအာဏာကို အသုံးပြုကာ ဘာသာသစ်တစ်ရပ်ကို အတင်းအကျပ်ထူထောင်ခြင်းကြောင့် ဆန့်ကျင်ကန့်ကွက်မှုများကို ရင်ဆိုင်ရသည်။ အထူးသဖြင့် ဘာသာဟောင်းနှင့်သက်ဆိုင်သည့် ဝတ်ကျောင်းများနှင့် ဘုန်းကြီးများအား ဖိနှိပ်မှုများကြောင့်ဖြစ်ရသည်။

အမင်ဟိုးတပ်စ် ဟူသည့် ဘွဲ့အမည်ကိုလည်း ဘာသာဟောင်းမှ နေနတ် အမင်-ရေး(Amen Re/Ammon Re) ၏ အမည်ပါဝင်နေသည့်အတွက် အစ်ခနတွန် (Ikhnaton) အဓိပ္ပါယ်အားဖြင့် “အတွန်နတ်မင်းအား အကျိုးပြုသော” ဟူသည့် ဘွဲ့အသစ်ကို ခံယူသည်။ ထိုသို့ ဘာသာအယူဝါဒ ပြုပြင်ရခြင်းမှာ အမင်ဟိုးတပ်စ်၏ မိခင်အရပ်သူ တီယီ(Tiyi)အား မိဖုရားမြောက်ခြင်းကို ဘာသာရေးအသိုင်းအဝန်းမှ ကန့်ကွက်ခဲ့ခြင်းအား အငြိုးထားခြင်းကြောင့်ဟုလည်း ဆိုသည်။

ထိုသို့ ဘာသာသစ်ထူထောင်ပြီးနောက် ဘာသာဟောင်းနှင့် သက်ဆိုင်သည့် ဝတ်ကျောင်းဟောင်းများဖြင့် ပြည့်နှက်နေသည့် မြို့တော်ကို စွန့်ခွာကာ တောင်ဖက်အရပ်တွင် အမားနား မြို့တော်သစ်ကို ထူထောင်သည်။ အစ်ခနတွန်တွင် သားတော်မထွန်းကားသဖြင့် သမီးတော် နှစ်ပါးအား တူတော်များနှင့် စုံဖက်စေပြီးနောက် သားမက်များအား နန်းလျာထားရန်ကြံသည်။ သားမက်အကြီး သေဆုံးသောကြောင့် သားမက်အငယ် တူတပ်ခတွန် (Tutenkhaton) တွဲဖက် ဖာရိုးဖြစ်လာသည်။

ထိုမှ တစ်နှစ်ခန့်အကြာတွင် အစ်ခနတွန် ကွယ်လွန်ကာ အသက် ၁၂နှစ်အရွယ်ရှိ တူတပ်ခတွန် နန်းတက်လာသည်။ တူတပ်ခတွန် ဘွဲ့၏ အနက်မှာ “အတွန်နှင့် တူသော” ဟူ၍ဖြစ်သဖြင့် ဘာသာဟောင်းမှ ဘုန်းကြီးများက တစ်စခန်းထကြသည်။ အရွယ်မရောက်သေးသည့် ဘုရင်ငယ်လေးသည် ဘုန်းကြီးအများစု ပါဝင်သည့် ဆန့်ကျင်မှုကို အံတုနိုင်သည် မရှိသဖြင့် အမားနားမြို့တော်ကို စွန့်ခွာကာ မူလမြို့တော်ဟောင်း သီးဘီးစ် သို့တစ်ဖန်ပြောင်းရွေ့ရသည်။ ဘွဲ့အမည်ကိုလည်း မူလဘာသာဟောင်းမှ နေနတ်ဘုရားအမည်ပါဝင်သည့် တူတပ်ခမွန် (Tuthnkhamon) သို့ပြောင်းပေးရသေးသည်။ သို့ဖြင့် အစ်ခနတွန် ထူထောင်သည့် ဘာသာသစ်မှာ အချိန်တိုအတွင်း ပျက်သုဉ်းရတော့သည်။

အင်ပါယာ ပျက်စီးခြင်း

တူတပ်ခမွန်သည် အသက် ၁၉နှစ်အရွယ်၊ ဘီစီ ၁၃၅၃တွင် လုပ်ကြံခံရပြီး ကွယ်လွန်ရာ အီဂျစ်အင်ပါယာခေတ်ကို တည်ထောင်သည့် မင်းဆက်ပြတ်သည်။ အဆိုပါ မင်းဆက်နောက်တွင် အခြားမင်းဆက်များ ဆက်လက်အုပ်စိုးသော်လည်း အင်ပါယာနယ်ပယ်များအတွင်း အုပ်ချုပ်မှုလျော့ရဲလာသဖြင့် မငြိမ်မသက်ဖြစ်ရသည်။ ထိုမငြိမ်မသက်မှုများအား အောင်နိုင်သူများအဖြစ် စည်းစိမ်ယစ်နေကြသည့် အီဂျစ်တို့က ကောင်းစွာမနှိမ်နှင်းနိုင်သလို ကြေးစားအငှားများဖြင့်သာ ဖွဲ့စည်းထားသည့် အီဂျစ်စစ်တပ်က နှိမ်နှင်းရန်လည်း စိတ်အားထက်သန်ခြင်းမရှိကြသည့်အတွက် ဘီစီ ၁၁ရာစုတွင် အီဂျစ်အင်ပါယာအား မြောက်ပိုင်းမြေထဲပင်လယ် မှရန်သူများ ဝင်ရောက်တိုက်သည့်အတွက်ပျက်စီးသွားသည်။

ထိုခေတ်တစ်လျှောက် ထင်ရှားသော မင်းများမှာ ပထမမြောက် ဆီတီ (Seti I) နှင့် ဒုတိယမြောက် ရမ်ဆီ (Rameses II) တို့ဖြစ်ကြသည်။ ထိုမင်းများလက်ထက်တွင် အတော်အသင့် ပြန်လည် အင်အားကြီးလာသော်လည်း အင်ပါယာမြောက်ပိုင်းရှိ ဆီးရီးယား အား မြောက်ပိုင်းမှ လူရိုင်းနွယ်ဝင် ဟစ်တိုင်များ (Hittites) ဝင်ရောက်ကျူးကျော်သည်ကိုမူ ဟန့်တားနိုင်ခဲ့ကြခြင်းမရှိပေ။

Tags: empiresworld historyworld knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!