Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

မော်လဒိုက်နိုင်ငံအကြောင်း သိကောင်းစရာ

by Thutamm
August 7, 2019
Reading Time: 1min read
0
မော်လဒိုက်နိုင်ငံအကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

မော်လဒိုက်နိုင်ငံ (မူရင်းအသံထွက်က မော်ဒိဖ်စ် ပါ) ၏ တရားဝင်အမည်မှာ မော်လဒိုက်သမ္မတနိုင်ငံ ဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာ အတွင်းမှ ကျွန်းနိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ သီရိလင်္ကာနိုင်ငံ ၏ အနောက်တောင်ဘက် ၄၃၅မိုင် (၇၀၀ ကီလိုမီတာ အကွာ) နှင့် အိန္ဒိယနိုင်ငံ ၏အနောက်တောင်ဘက် ၂၅၀ မိုင် အကွာတွင် တည်ရှိသည်။ ၎င်းသည် အိန္ဒိယနှင့် သီရိလင်္ကာနိုင်ငံ၏ အနောက်တောင်ဘက်တွင် တည်ရှိသည်။ ကျောက်‌ခတ်ကျွန်းဝိုင်း ၂၆ ခုတွဲသည် မြောက်ဘက် အီဟာဗန်ဓိပ္ပိုဟူကျွန်းဝိုင်းမှ တောင်ဘက် အဒ္ဒူမြို့ထိ ဖြန့်ကျက် တည်ရှိသည်။

မော်လ်ဒိုက်နိုင်ငံသည် ကျွန်းကြီးကျွန်းငယ် စုစုပေါင်း ၁၂၀၀ခန့်ဖြင့်ဖွဲ့စည်းထားပြီး ထိုအထဲတွင် ကျွန်း ၈၀၀ခန့်မှာ လူမနေသည့်ကျွန်းများဖြစ်သည်။ ကျွန်းပေါင်း ၈၀ခန့်မှာမူ ကိုယ်ပိုင်ကျွန်းများ နှင့် အပန်းဖြေစခန်းများဖြစ်သည်။ ဧရိယာစုစုပေါင်း ၂၉၈ စတုရန်းကီလိုမီတာ (၁၁၅ စတုရန်းမိုင်) ခန့်သာရှိသော မော်လဒိုက်သည် ကမ္ဘာတွင် ပထဝီဝင်အရ အကွဲကွဲအပြားပြား အဖြစ်နေဆုံး နိုင်ငံများတွင် တခု ဖြစ်သကဲ့သို့ ၄၂၇၇၅၆ ယောက်(၂၀၁၆ စာရင်းအရ) သာ ရှိသော နေထိုင်သူ ပမာဏ အနည်းငယ်ကြောင့် ကုန်းမြေဧရိယာ အရကော၊ ‌လူဦးရေအရပါ အသေးငယ်ဆုံး အာရှ နိုင်ငံလည်း ဖြစ်သည်။

မာလေ(Malé)သည် မြို့တော် ဖြစ်ပြီး၊ လူနေထူထပ်ဆုံး မြို့ ဖြစ်သည်။ အလယ်ပိုင်းနေရာတွင် ရှ‌ိ၍ အစဉ်အဆက် ဘုရင့်ကျွန်းဟု ခေါ်ဆိုခဲ့ကြသည်။ မာလေမြို့သည် အလျား ၁မိုင် အနံ ဝ.၆မိုင်သာ ကျယ်သည်။

မော်လဒိုက်ကျွန်းဆွယ်များသည် ခါဂေါ့နှင့် လက်ရှက်ဝိ ကျောက်‌ချပ်တို့ကို ပေါင်းစည်းကာ ကမ္ဘာ၏ ဇီဝဒေသ ဖြစ်ပေါ်စေသော၊ ထို့ပြင် အိန္ဒိယသမုဒ္ဒရာတွင် ကျယ်ပြောသော ရေအောက် တောင်တန်းကြီး ဖြစ်သည့် ခါဂေါ့-မော်လဒိုက်-လက္ကာဒိုက် တောင်စွန်းကြီး ထိပ်တွင် တည်ရှိနေသည်။

ပျမ်းမျှ မြေပြင်အမြင့်သည် ပင်လယ်ရေမျက်နှာပြင်မှနေ၍ ၁.၅ မီတာ (၄ ပေ ၁၁ လက်မ) ရှိ၍ ကမ္ဘာပေါ်တွင် အနိမ့်ဆုံး တိုင်းပြည် ဖြစ်ပြီး၊ ထိုနိုင်ငံ၏ အမြင့်ဆုံးနေရာ အမှတ်သည်ပင် ၂.၄ မီတာ (၇ ပေ ၁၀ လက်မ)သာ ရှိသည်။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုကြောင့် အန္တရာယ် မကြာခဏ တွေ့နေရာ၊ အစိုးရက ၂၀၁၉ ခုနှစ် အရောက်တွင် မော်လဒိုက်ကို ကာဘွန် ကင်းစင်သော နိုင်ငံ ဖြစ်စေရမည်ဟု ၂၀၀၉ ခုနှစ်ကတည်းက ကတိပေးထားခဲ့သည်။

မော်လ်ဒိုက်မြို့တော် Male

မော်လဒိုက်ကျွန်းနိုင်ငံသည် ဘီစီ ၄ရာစုကတည်းကပင် အိန္ဒိယတိုက်ငယ်နှင့် သမိုင်းကြောင်းအရ၊ ယဉ်ကျေးမှုအရ ကူးလူးဆက်ဆံမှု ရှိပြီး ဖြစ်သည်။ မော်လဒိုက်ကျွန်းဆွယ်သည် ၁၂ ရာစုတွင် အစ္စလာမ် ဘာသာ ဖြစ်ခဲ့ပြီး ဆူလတန်များ အုပ်ချုပ်သည်။ အာရှနှင့် အာဖရိကတို့နှင့် ကူးသန်းရောင်းဝယ်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ခြင်းတို့၌ ဖွံ့ဖြိုးခဲ့သည်။

၁၆ ရာစုအလယ်ပိုင်းမှ စ၍၊ ဥရောပ ကိုလိုနီပြု နိုင်ငံများ၏ လွှမ်းမိုးမှုကို ခံရပြီး၊ ၁၈၈၇ တွင် ဗြိတိသျှ ကိုလိုနီ လက်အောက်ခံ နိုင်ငံ ဖြစ်လာသည်။ ၁၉၆၅ တွင် ဗြိတိန်က လွတ်လပ်ရေးပေးပြီး သမ္မတ ရွေးကောက်ကာ သမ္မတနိုင်ငံ ထူထောင်သည်။ နောင်ဆယ်စုနှစ်များစွာတွင် နိုင်ငံရေး မတည်ငြိမ်ခြင်း၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ ရန် ကြိုးပမ်းနေကြခြင်းနှင့် ရာသီဥတုပြောင်းလဲခြင်းကြောင့် သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရခြင်းတို့ကြောင့် လူသိများလာသည်။

မော်လ်ဒိုက် လေဆိပ်

ရုံးသုံးဘာသာစကားအဖြစ် အင်္ဂလိပ် နှင့် Dhivehi တို့ကိုအသုံးပြုသည်။ ဗြိတိန်ပညာရေးစနစ်ကိုကျင့်သုံးပြီး စတတ်မြောက်မှုနှုန်းမှာ ၉၈% ဖြစ်သည်။ အုန်းပင်သည် မော်လ်ဒိုက်၏ အမှတ်အသားဖြစ်၍ နိုင်ငံအထိမ်းအမှတ်တံဆိပ်တွင်ပင် ထည့်သွင်းရိုက်နှိပ်ထားသည်။

ဒရမ်သံပေါ်အခြေခံထားသည့် Bodu Beru မှာ မော်လဒိုက်လူမျိုးတို့၏ ရိုးရာဂီတဖြစ်သည်။ မြို့မှာအလွန်သေးငယ်သော်လည်း အဆင့်မြင့်ဟိုတယ်ပေါင်း ၁၀၀ကျော်ရှိသည်။ Velana နိုင်ငံတကာလေဆိပ်သည် အမြဲနေထိုင်သူမရှိသည့် မာလေမြို့အနီးမှ Hulhulé ကျွန်းပေါ်တွင်ရှိနေသည်။ မြို့တော်သို့ သင်္ဘောတက်စီများ ထပ်မံစီးရမည်ဖြစ်သည်။

မော်လဒိုက်သည် တောင်အာရှနိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး အသင်း (South Asian Association for Regional Cooperation – SAARC) တို့၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည်။ ကုလသမဂ္ဂ၊ အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Organization of Islamic Cooperation)နှင့် ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့(Non Aligned Movement) တို့တွင်လည်း အဖွဲ့ဝင် ဖြစ်သည်။

ကမ္ဘာ့ဘဏ်က မော်လဒိုက်ကို အလယ်အလတ် ဝင်ငွေ ရရှိသော အထက်တန်း စီးပွားရေး ရှိသည်ဟု သတ်မှတ်သည်။ ငါးဖမ်းလုပ်ငန်းကို ရှေးယခင်ကတည်းက ကြီးကျယ်စွာ လုပ်ကိုင်လာပြီး၊ ယခုအခါ ခရီးသွားလုပ်ငန်းလည်း အရှိန်အဟုန်ပြင်းစွာ တိုးတက်လာခဲ့သည်။ အခြားစီးပွားရေးလုပ်ငန်းများအဖြစ် မော်တော်ဘုတ်တည်ဆောက်ခြင်း ၊ အဝတ်အထည် ၊ အုန်းဆိုင်ရာလုပ်ငန်းများ ၊ ရက်ဖျာ နှင့် လက်မှုပညာလုပ်ငန်းများကိုပါ လုပ်ကိုင်ကြသည်။

လူသားဖွံ့ဖြိုးမှုအညွှန်းကိန်း မြင့်မားသည်ဟု သတ်မှတ်ခံရသော တောင်အာရှ နိုင်ငံ ၂ နိုင်ငံတွင် ပါဝင်ပြီး၊ သီရိလင်္ကာနှင့် အပြိုင် ဖြစ်သည်။ နိုင်ငံသားတစ်ဦးချင်းစီ၏ နှစ်စဉ်ပျမ်းမျှဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၁၄၅၀၁ ဖြစ်သည်။

မော်လဒိုက်သည် ဇူလိုင် ၁၉၈၂ ခုနှစ်ကတည်းက ဓနသဟာယအဖွဲ့ဝင် နိုင်ငံ (Commonwealth republic) ဖြစ်ခဲ့သော်လည်း၊ အကျင့်ပျက်ခြစားခြင်းနှင့် လူ့အခွင့်အရေးနှင့် ပတ်သက်၍ ၎င်း၏ မှတ်တမ်းများကို နိုင်ငံတကာက ဝေဖန်သည့်အခါ ဆန့်ကျင်သည့်အနေဖြင့် အောက်တိုဘာ ၂၀၁၆ တွင် ဓနသဟာယ အဖွဲ့မှ နှုတ်ထွက်လိုက်သည်။

ကြည်လင်သောရေနှင့် လှပသော သန္တာကျောက်တန်း ၊ အဖြူရောင်သဲများကြောင့် မော်လ်ဒိုက် ကမ်းခြေသည် ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံးကမ်းခြေစာရင်းတွင်ပါဝင်နေပြီး အပန်းဖြေခရီးသွားရန် အကောင်းဆုံးနေရာများစာရင်းတွင် အမြဲလိုလိုပါဝင်နေလေ့ရှိသည်။

မော်လ်ဒိုက်မြို့တော် Male ဗီဒီယို

Myanmar Wikipedia
Dreaming of Maldives

Tags: countries

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!