Wednesday, April 14, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အိပ်ယာပေါ်မှာ ရှဉ့်ပေါက်လေးကို တွေ့ခဲ့ပြီးတဲ့နောက်

by Thutamm
August 14, 2019
Reading Time: 1min read
0
အိပ်ယာပေါ်မှာ ရှဉ့်ပေါက်လေးကို တွေ့ခဲ့ပြီးတဲ့နောက်
Share on FacebookShare on Twitter

တစ်နေ့မှာတော့ လူတစ်ယောက်ဟာ အပြင်ကနေ သူ့အိမ်ကိုပြန်ရောက်တဲ့အခါ ထူးခြားတဲ့အရာတစ်ခုကို သွားတွေ့ပါတယ်။ အဲဒါကတော့ သူ့အိပ်ယာပေါ်မှာ ရှဉ့်တစ်ကောင်ဟာ ထင်းရှုးပင် အရွက်ခြောက် ၊ အကိုင်းငယ်တွေနဲ့ အသိုက်ဆောက်နေတာကိုပါ။ သေချာကြည့်တဲ့အခါမှာတော့ မွေးကင်းစ ရှဉ့်လေးနှစ်ကောင်ပါတွေ့ပါတယ်။

တောရိုင်းတိရစ္ဆာန် ပြန်လည်ထူထောင်ရေးဝန်ထမ်းတွေဖြစ်တဲ့  Michael နဲ့ Christina တို့ရဲ့အိမ်မှာဖြစ်ခဲ့တာပါ။ ဒါပေမယ့် ခဏနေတော့ ရှဉ့်မကြီးဟာ ထွက်ပြေးသွားပါတယ်။ ပြန်လာပြီး သူ့ကလေးတွေကို လာခေါ်ဖို့မျှော်လင့်ပေမယ့် ရှဉ့်မကြီးဟာ ပြန်မလာတော့ပါဘူး။ ဒါကြောင့် Michae မိုက်ကယ်တို့ စုံတွဲဟာ ရှဉ့်ပေါက်လေးတွေ မသေစေဖို့ တိရစ္ဆာန်ဆရာဝန်ကိုခေါ်ပြပါတယ်။ စိတ်မကောင်းစရာကတော့ ရှဉ့်ပေါက်လေး နှစ်ကောင်မှာ တစ်ကောင်ဟာ သေဆုံးနေခဲ့ပါပြီ။

ဒါကြောင့် အသက်ရှင်နေသေးတဲ့ ရှဉ့်ပေါက်လေးတစ်ကောင်ကို ဂရုတစိုက် မွေးစားဖို့ Christina နဲ့ Michael တို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ရှဉ့်မလေးကို Thumbelina လို့အမည်ပေးလိုက်ပါတယ်။ ကယ်တင်မယ့်သူ မရှိရင်သေဖွယ်ရာသာရှိတဲ့ ရှဉ့်ပေါက်လေးရဲ့ဘဝဟာ တိရစ္ဆာန်ချစ်သူတွေရဲ့ ဂရုတစိုက်ပြုစုမှုကြောင့် ပြန်လည်ရှင်သန်လာခဲ့ရပါတယ်။

ရှဉ့်ပေါက်လေးရဲ့ အစာအတွက် နို့ ကို အဓိကထားပြီး တိုက်ခဲ့ကြရပါတယ်။ ရှဉ့်ပေါက်လေးဟာ တဖြည်းဖြည်းကြီးလာပေမယ့် အခြားရှဉ့်တွေနဲ့ အမူအကျင့်တွေ မတူတော့ပါဘူး။ အခြားရှဉ့်တွေက ပြေးတာ လွှားတာ သစ်ပင်တက်တာ ခုန်တာတွေကို လုပ်ပေမယ့် Thumbelina ကတော့ ဒါတွေကို စိတ်ဝင်စားခြင်းမရှိပါဘူး။ ပြေးတာအစား လမ်းလျှောက်တာ နဲ့ သစ်ပင်တက်တာအစား ထိုင်တာကိုပဲ လုပ်တတ်ပါတယ်။

အခြားရှဉ့်တွေနဲ့ အတူတူထားပြီး ရှဉ့်တစ်ကောင်ရဲ့ ပုံမှန်ဘဝကို ပြန်ရဖို့ ကြိုးစားပေးကြပေမယ့်  Thumbelina ဟာ အခြားရှဉ့်တွေနဲ့ ယှဉ်တွဲမနေတတ်တော့ပါဘူး။ ရောထားပြီး ခဏကြာတာနဲ့ အိမ်ကိုပြန်လာတတ်ပါတယ်။ သူ့ကိုပြုစု စောင့်ရှောက်ခဲ့တဲ့ Michael တို့ စုံတွဲကတော့ ” သူ့ကိုယ်သူ ဘာထင်နေလဲ ကျွန်တော်တို့မသိတော့ပါဘူး ၊ သေချာတာကတော့ သူ့ကိုသူ ရှဉ့်တစ်ကောင်လို့ ထင်မနေတာပါ” လို့ ဆိုပါတယ်။

အခုဆိုရင် အသက် ၂နှစ် ရှိသွားပြီ ဖြစ်တဲ့ အရှေ့တိုင်း အညိုရောင်ရှဉ့်မလေး Thumbelina ဟာ သူ့မွေးစားမိဘတွေရဲ့ အိမ်ထဲမှာပဲ ပျော်ရွှင်နေပါတယ်။ သူဟာ သကြားပဲသီးအပြား ၊ ဆလတ်ရွက် နဲ့ ထောပတ်သီးတွေကို ကြိုက်ပါတယ်။ သူမုန်းတဲ့ အရာတွေကတော့ အိမ်အပြင်ထွက်ခြင်း ၊ အေးတဲ့ရာသီဥတု ၊ အခြားရှဉ့်တွေ နဲ့ ဖုန်စုပ်ဆက်တွေ ဖြစ်ပါသတဲ့။

သူ့ရဲ့မွေးစားမိဘတွေဟာ ရှဉ့်မလေး ရဲ့ အကြောင်း နဲ့ ပုံရိပ်တွေကို ဖေ့ဘုတ်မှာ Little Thumbelina Girl ဆိုတဲ့ အမည်နဲ့ စာမျက်နှာ တစ်ခုဖွင့်ပြီး တင်လေ့ရှိပါတယ်။ အခုဆိုရင် ရှဉ့်မလေး ကို နှစ်သက်သူပေါင်း ၅သောင်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

VIDEO

Ref:
BoredPanda
Little Thumbelina Girl  Page

Tags: animals

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်
Amazing

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်

ကမ္ဘာပေါ်မှာ ကင်းမြီးကောက်မျိုးစိတ်ပေါင်း ၂၀၀၀ ခန့်ရှိပေမယ့် ဒီအထဲက မျိုးစိတ် ၄၀ ခန့်ကသာ အဆိပ်ပြင်းထန်ပါတယ်။ တချို့ကင်းမြီးကောက်တွေရဲ့ အဆိပ်ကတော့ လူကို အသက်အန္တရာယ် ရှိစေနိုင်တဲ့အထိပြင်းထန်ပြီး ဒီအထဲမှာ deathstalker ကင်းမြီးကောက်တွေလည်း ပါဝင်ပါတယ်။ သူတို့ရဲ့အဆိပ်ရည်က အလွန်တန်ဖိုးရှိပြီး...

မြင်ရခဲတဲ့ ကမ္ဘာတလွှားက ရောင်စုံပုံရိပ်များ
Amazing

မြင်ရခဲတဲ့ ကမ္ဘာတလွှားက ရောင်စုံပုံရိပ်များ

ဒီတခါမှာလည်း လွန်ခဲ့တဲ့ ၁၀ စုနှစ်များစွာက ကမ္ဘာတလွှားမှာ ရိုက်ကူးခဲ့တဲ့ ရှားပါးပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ်။ ဒီဓာတ်ပုံတွေဟာ မူရင်းက အဖြူအမည်းသာဖြစ်ပေမယ့် ဒီဘက်ခေတ်ဓာတ်ပုံနည်းပညာတွေနဲ့ မွမ်းမံလိုက်တဲ့အခါမှာတော့ ရောင်စုံဓာတ်ပုံတွေဖြစ်လာပါတယ်။ အဖြူ အမည်းနဲ့ ဆိုရင် ထင်ထင်ရှားရှား မြင်ရမှာ မဟုတ်ပဲ...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!