အားမေးနီးယားနိုင်ငံဟာ ယူရေးရှား(အရှ-ဥရောပအစပ်) ဒေသတွင်တည်ရှိတဲ့ ကုန်းတွင်းပိတ်နိုင်ငံတခုဖြစ်ပြီး နိုင်ငံ၏ တရားဝင်အမည်မှာ အာမေးနီးယား သမ္မတနိုင်ငံဖြစ်ပါတယ်။ တောင်ပိုင်းကော့ကေးဆပ်ဒေသတွင်ရှိနေပြီး အနောက်ဘက်တွင် တူရကီနိုင်ငံ ၊ မြောက်ဘက်တွင် ဂျော်ဂျီယာနိုင်ငံ ၊ အရှေ့ဘက်တွင် အဇာဘိုင်ဂျန်နိုင်ငံ တို့နဲ့ နယ်နိမိတ်ခြင်း ထိစပ်လျက်ရှိပါတယ်။ စတုရန်းမိုင် ၁၁၄၈၄ ကျယ်ဝန်းပြီး ကမ္ဘာပေါ်မှာတော့ ၁၃၈ ခုမြောက် အကြီးဆုံးနိုင်ငံဖြစ်ပါတယ်။ အာမေးနီးယားဘာသာစကားကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ထားပါတယ်။
၂၀၂၀ ခုနှစ် စာရင်းအရ အာမေးနီးယားနိုင်ငံရဲ့ လူဦးရေဟာ ၂,၉၅၆,၉၀၀ ဖြစ်ပြီး လူဦးရေသိပ်သည်းဆ အနေနဲ့ ၁မိုင်ပတ်လည်မှာ ၁၆၃ဦးခန့် နေထိုင်ကြပါတယ်။ နိုင်ငံ့လူဦးရေး စုစုပေါင်းရဲ့ ၉၈% က အာမေးနီးယားလူမျိုးတွေသာဖြစ်ပြီး ကျန်အနည်းငယ်ကတော့ ယဒ်ဇီဒီးစ် ၊ ရုရှား ၊ ဂရိ ၊ ကာ့ဒ် နဲ့ ဂျူးလူမျိုးတွေဖြစ်ပါတယ်။ လူဦးရေ စုစုပေါင်းရဲ့ ၉၆% ခန့်က ခရစ်ယာန်ဘာသာကိုသာ ကိုးကွယ်ကြပြီး Yazidism နဲ့ အခြားဘာသာကိုးကွယ်သူ အနည်းငယ်လည်း ရှိနေပါတယ်။ ကာ့ဒ်တွေကတော့ ဆွန်နီအစ္စလာမ်ဘာသာကို ကိုးကွယ်ကြပါတယ်။
ယေရေဗန်မြို့တော် အထူးနယ်မြေ နှင့်အတူ အခြားပြည်နယ် ၁၀ ခုတို့နဲ့ ဖွဲ့စည်းထားပါတယ်။ အကြီးဆုံး နဲ့ မြို့တော်ဖြစ်တဲ့ ယေရေဗန်မြို့ကိုတော့ ဘီစီ ၇၈၂ ကာလကတည်းက အူရာတူဘုရင် Argishti I က Erebuni အမည်နဲ့ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ပေါင်းများစွာ မြို့အဖြစ် သတ်မှတ်ခံရခြင်းမရှိပဲ ရုရှားဘုရင် Alexander II လက်ထက် ၁၈၇၉ ခုနှစ်မှာမှ မြို့အဖြစ် အသိအမှတ်ပြုခဲ့ပြီး ၁၉၁၈ ခုနှစ်ကနေစတင်လို့ အာမေးနီးယားနိုင်ငံရဲ့ မြို့တော်ဖြစ်လာခဲ့ပါတယ်။ အခြား ထင်ရှားတဲ့ မြို့ကြီးတွေကတော့ လူဦးရေ ၁သိန်းခွဲခန့်ရှိတဲ့ ဂူမရီမြို့နဲ့ လူဦးရေ ၁သိန်းခန့်နေထိုင်တဲ့ ဗန်းနက်ဇာမြို့တွေပဲ ဖြစ်ပါတယ်။
လက်ရှိအာမေးနီးယားနိုင်ငံ နေရာမှာ ကြေးခေတ် ဘီစီ ၄၀၀၀ ခန့်ကာလ ကတည်းက လူသားတွေ အခြေချနေထိုင်နေပြီလို့ သိရပါတယ်။ ဒဏ္ဍာရီအရတော့ အာမေးနီးယားနယ်မြေကို ဘီစီ ၂၁၀၀ ခန့်မှာ Hayk ဆိုတဲ့ မျိုးနွယ်စုခေါင်းဆောင် သူရဲကောင်းက စတင်တည်ထောင်ခဲ့တာလို့ ဆိုပါတယ်။ ဒေသခံတွေကတော့ နိုင်ငံရဲ့အမည်ကို Hayk လို့ပဲ ခေါ်ခဲ့ကြပြီး အလယ်ခေတ်ကာလမှာတော့ Hayastan အမည်နဲ့ ထင်ရှားခဲ့ပါတယ်။ အာမေးနီးယား ဆိုတဲ့ စကားလုံးကတော့ ဟီဘရူးသမ္မာကျမ်းစာထဲက နောဧ ရဲ့မြေး ၊ Shem ရဲ့ သားဖြစ်သူ Aram ကနေ ဆင်းသက်လာခဲ့တာလို့ ဆိုကြပါတယ်။
လက်ရှိ အာမေးနီးယားနိုင်ငံ နေရာမှာ ဘီစီ ၉ရာစုကာလကတော့ ဗန်းလူမျိုးတွေ နေထိုင်ခဲ့ကြပြီး ဗန်းဘုရင့်နိုင်ငံဟု ခေါ်တွင်ခဲ့ကြပါတယ်။ ယနေ့ အာမေးနီးယားမြို့တော်နေရာကိုတော့ ဘီစီ ၈ ရာစုခန့်မှာ ၆ဆက်မြောက် ဗန်းဘုရင်(အူရာတူ) Argishti I က Erebuni ခံတပ်အဖြစ် စတင်တည်ထောင်ခဲ့ပါတယ်။ ၆ ရာစုနောက်ပိုင်းမှာတော့ ဒီနယ်မြေဟာ Achaemenid အင်ပါယာရဲ့ နယ်မြေတခုဖြစ်လာခဲ့ပါတယ်။ အဆီးရီးယန်းတို့ရဲ့ ဝင်ရောက်တိုက်ခိုက်မှုကြောင့် ဘီစီခုနစ်ရာစုနှစ် နောက်ပိုင်း တွင် ဗန်းနိုင်ငံ ပျက်သုဉ်းသောအခါ အာမေးနီးယားလူမျိုးတွေဟာ ဒီဒေသကို ဝင်ရောက်နေထိုင်ခဲ့ကြပါတယ်။ အာမေးနီးယန်းတွေဟာ အင်ဒိုဥရောပလူမျိုးကြီးများမှ ဆင်းသက်လာပြီး အင်ဒို-ဥရောပ ဘာသာ စကားကို ပြောဆိုကြကာ အက္ခရာ ၃၈ လုံးပါဝင်သော ကိုယ်ပိုင်စာပေရှိသူများဖြစ်ပါတယ်။
အာမေးနီးယန်းတို့ဟာ မြင့်မားသောယဉ်ကျေးမှုအဆင့်အတန်း ရှိခဲ့ကြကြောင်း ကို ထိုစဉ်က ခံတပ်မြို့ရိုးရှိသော မြို့ပြများ၌ နေထိုင်ပုံ၊ လယ်ယာများကို ရေသွင်းစိုက်ပျိုးပုံ၊ ကောင်းစွာပြုပြင်ထားသော လယ်ယာနှင့် စပျစ်ခင်းများကို လုပ်ကိုင်ခဲ့ပုံ အထောက်အထား များအရ သိနိုင်ပါတယ်။ ၁၈၉ ဘီစီမှာတော့ အာမေးနီးယားဘုရင့်နိုင်ငံကို ထူထောင်ခဲ့ပြီး Artaxias I ဘုရင်က အုပ်ချုပ်ခဲ့ပါတယ်။ ဘီစီ ၉၅ ကနေ ၆၆ အထိ ကာလကတော့ အာမေးနီးယားဘုရင့်နိုင်ငံရဲ့ အထွန်းတောက်ဆုံးအချိန်ဖြစ်ခဲ့ပြီး အဲဒီဒေသတဝိုက်မှာ အင်အားအကြီးဆုံးနိုင်ငံဖြစ်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ရောမအင်ပါယာလက်အောက်ကို ကျရောက်ခဲ့သလို ပါရှန်အင်ပါယာရဲ့နယ်မြေတခုလည်း ဖြစ်သွားခဲ့ပါတယ်။ အာမေးနီးယားရဲ့ သမိုင်းတလျှောက်မှာ မီးဒီးစ် ၊ အာခီးမီးနစ် ၊ ဂရိ ၊ ပါရှန် ၊ ရောမ ၊ ဘိုင်ဇန်တိုင်း ၊ အာရပ် ၊ မွန်ဂို ၊ အော်တိုမန် ၊ အီရန် ၊ အာရှ အစရှိတဲ့ လူမျိုးစုများ အင်ပါယာများရဲ့ အကြိမ်ကြိမ်ကျူးကျော်ခြင်းကို ခံခဲ့ရပါတယ်။ အေဒီ ၄၀ ဝန်းကျင်ခန့်မှာတော့ အာမေးနီးယားကို ခရစ်ယာန်ဘာသာစတင်ရောက်ရှိခဲ့ပြီး အေဒီ ၃၀၁ ကစလို့ ခရစ်ယာန်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် စတင်ပြဌာန်းခဲ့ပါတယ်။
အေဒီ ၄၅၀ နောက်ပိုင်းမှာ ဘိုင်ဇန်တိုင်း နဲ့ အာရပ်တို့လက်အောက်ကို ရောက်ရှိခဲ့ပေမယ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်နဲ့ အာမေးနီးယားမင်းသား က အုပ်ချုပ်ခဲ့ပါတယ်။ အေဒီ ၉ ရာစုအထိ အာရပ်တို့ရဲ့လက်အောက်မှာ ရှိခဲ့ပေမယ့် အဲဒီနောက်ပိုင်းကနေ အေဒီ ၁၀၄၅ ခုနှစ်အထိ လယ်ခေတ် အာမေးနီးယားဘုရင့်နိုင်ငံကို Bagratuni မင်းဆက်က အုပ်ချုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီမင်းဆက်လက်ထက်မှာ အာမေးနီးယားဟာ Vaspurakan ဘုရင့်နိုင်ငံ ၊ Syunik ဘုရင့်နိုင်ငံ ၊ Artsakh ဘုရင့်နိုင်ငံ စသည်ဖြင့် နိုင်ငံငယ်ပေါင်းမျာစွာ ကွဲထွက်သွားခဲ့ပါတယ်။
၁၃ ရာစုမှာတော့ မွန်ဂိုတို့ရဲ့ ကျူးကျော်သိမ်းပိုက်ခြင်းကို ခံခဲ့ရပြီး ၁၆ ရာစုမှာတော့ အာမေးနီယားရဲ့နယ်မြေတဝက်ဟာ အော်တိုမန်လက်ထဲရောက်ရှိပြီး ကျန်တဝက်ကတော့ အီရန်တို့လက်ထဲရောက်ရှိခဲ့ရပါတယ်။ အီရန်တို့လက်ထဲကနေ ရုရှားထံရောက်ရှိခဲ့ပြီး အာမေးနီးယား အရှေ့ပိုင်းနယ်မြေဟာ ရုရှားအာမေးနီးယားလို့ အမည်တွင်ခဲ့ပါတယ်။ အော်တိုမန်တွေလက်ထဲကနယ်မြေကိုတော့ အနောက်ပိုင်း အာမေးနီးယားလို့ ခေါ်ပါတယ်။
၁၈၉၀ ဝန်းကျင်မှာတော့ နည်းမျိုးစုံနဲ့ နှိပ်စက်အနိုင်ကျင့်ခံနေရတဲ့ အာမေးနီးယန်းတွေဟာ Armenian Revolutionary Federation အဖွဲ့အစည်းကို ထူထောင်လိုက်ပြီး တူရကီတို့ကို ပြန်လည် တော်လှန်တိုက်ခိုက်ခဲ့ကြပါတယ်။ အော်တိုမန်တို့ရဲ့ ရက်ရက်စက်စက်ပြန်လည်နှိမ်နှင်းမှုကြောင့် ၁၈၉၄ နဲ့ ၉၆ ကာလအတွင်းမှာ အာမေးနီးယန်းလူမျိုး ၈သောင်းကနေ ၃သိန်းအထိ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ၁၉၀၉ ခုနှစ်ဧပြီလမှာလည်း Adana massacre ဖြစ်ပွားခဲ့ပြီး အာမေးနီးယန်းလူမျိုး ၂သောင်း နဲ့ ၃သောင်းကြား ထပ်မံသေဆုံးခဲ့ရပြန်ပါတယ်။
၁၉၁၅-၁၉၂၃ ကာလအတွင်းမှာ အတွင်းမှာ အာမေးနီးယန်းလူမျိုး ၁သန်း နဲ့ ၁သန်းခွဲကြားအထိထပ်မံသုတ်သင်ခံခဲ့ရပြီး အာမေးနီးယားသမိုင်းမှတ်တမ်းတွေကတော့ ယင်းဖြစ်ရပ်တွေဟာ တူရကီအစိုးရရဲ့ကြိုးကိုင်ဖန်တီးမှုဖြစ်တယ်လို့ ဆိုပါတယ်။ တူရကီကတော့ ယင်းကာလက ယင်းအရေတွက်လောက် သုတ်သင်ခံရတယ်ဆိုတာကို ငြင်းဆန်ထားသလို လူမျိုးတုံးသတ်ဖြတ်မှု genocide ဆိုတဲ့ စကားလုံးကိုလည်း ငြင်းပယ်ထားပါတယ်။ တူရကီတွေဟာ ယင်းဖြစ်စဉ်များကို ညွှန်းဆိုသုံးစွဲမှုတွေမှာ အစုအပြုံလိုက်သတ်ဖြတ်ခြင်း massacre၊ masskilling လို့သာ ညွှန်းဆိုသုံးစွဲကြပါတယ်။ အာမေးနီးယန်းတွေဟာ ယင်းဖြစ်ရပ်ဆိုးကြီး စတင်ခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့ကို အာမေးနီးယားနိုင်ငံရဲ့ အာဇာနည်နေ့တဖြစ်လည်း ဝမ်းနည်းဖွယ်အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ထားပါတယ်။
၁၉၁၆ ခုနှစ်မှာတော့ တူရကီပိုင် အာမေးနီးယားဒေသကို ရုရှားတို့က သိမ်းပိုက်ခဲ့ပေမယ့် နောက်တနှစ်မှာ ရုရှားတော်လှန်ရေးကြီးပေါ်ပေါက်လာတဲ့အတွက် တူရကီလက်ထဲပြန်ရောက်သွားခဲ့ပါတယ်။ ၁၉၁၈ ခုနှစ်မေလမှာတော့ Aram Manukian ရဲ့ ဦးဆောင်မှုနဲ့အတူ ပထမဆုံး အာမေးနီးယား သမ္မတနိုင်ငံကို ထူထောင်ခဲ့ကြပါတယ်။ ၁၉၂၂ ခုနှစ်မှာတော့ တပ်နီတော်ဟာ အာမေးနီးယားကို သိမ်းပိုက်လိုက်ပြီး ရုရှား ၊ အဇာဘိုင်ဂျန် ၊ ဂျော်ဂျီယာတို့နဲ့အတူ TSFSR ကို ထူထောင်ခဲ့ပါတယ်။ ၁၉၃၆ ခုနှစ်ကနေ ၁၉၉၁ ခုနှစ်အထိတော့ အာမေးနီးယားဟာ ဆိုဗီယက်ပြည်ထောင်စုထဲမှာ ပါဝင်တဲ့ နိုင်ငံတနိုင်ငံဖြစ်ခဲ့ပါတယ်။
တူရကီတွေရဲ့ဖိနှိပ်မှုကြောင့် အာမေးနီးယားနိုင်ငံသားအများအပြားဟာ အခြားနိုင်ငံတွေကို ထွက်ပြေးသွားခဲ့ရပြီး ဆိုဗီယက်ပြည်ထောင်စုဝင်နိုင်ငံအဖြစ် ကြေငြာစဉ်က အာမေးနီးယားနိုင်ငံရဲ့ လူဦးရေဟာ ၇၂၀၀၀၀ ခန့်သာ ရှိပါတော့တယ်။ ဆိုဗီယက်ထဲပါဝင်ပြီးမှ အခြားနိုင်ငံအသီးသီးကို ရောက်ရှိနေတဲ့ အာမေးနီးယန်းတွေဟာ မိမိနိုင်ငံကို ပြန်လည်နေထိုင်ခဲ့ကြတဲ့အတွက် လူဦးရေ ၂ဆကျော် ပြန်တိုးလာခဲ့ခြင်းဖြစ်ပါတယ်။ (လက်ရှိအချိန်ထိလည်း အာမေးနီးယားမှာ အာမေးနီးယန်း ၃သန်းနီးပါးပဲ ရှိပေမယ့် အခြားနိုင်ငံတွေမှာ နေထိုင်နေကြတဲ့ အာမေးနီးယန်းတွေကတော့ ၄သန်းကနေ ၇သန်းကြား ရှိနေဆဲဖြစ်ပါတယ်)။ ၁၉၉၁ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့မှာတော့ ဆိုဗီယက်အောက်ကနေ ခွဲထွက်ခဲ့ပြီး လွတ်လပ်တဲ့နိုင်ငံ တနိုင်ငံဖြစ်လာကာ Levon Ter-Petrosyan က ပထမဆုံး သမ္မတအဖြစ် အုပ်ချုပ်ခဲ့ပါတယ်။
ကော့ကေးဆပ် နယ်မြေမှာ ရှိတောကြောင့် နိုင်ငံနယ်မြေအများစုဟာ တောင်ထူထပ်ကာ မြေပြန့်ကတော့ ပင်လယ်နက် နဲ့ ကတ်စဘီယံပင်လယ်ကြား ဒေသဖြစ်ပါတယ်။ တူရကီနဲ့အစပ်မှာတော့ အာမေးနီးယားကုန်းမြင့်ရှိပြီး အမြင့်ဆုံးတောင်ကတော့ အာရာဂတ်တောင်ဖြစ်ကာ အမြင့်ပေ ၁၃၄၂၀ ပေ မြင့်ပါတယ်။ အရှေ့တောင်ပိုင်းမှာတော့ ဗိုရိုတန်မြစ်ရှိပြီး အနောက်တောင်ပိုင်းမှာတော့ အားရတ်မြစ်ရှိကာ ဒီမြစ်ဟာ တူရကီ နဲ့ အာမေးနီးယား နိုင်ငံရဲ့ နယ်စပ်လည်းဖြစ်ပါတယ်။ နိုင်ငံရဲ့အလယ်ပိုင်း Gegharkunik ပြည်နယ်ထဲ ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ပေ ၆၂၀၀ ခန့်မှာတော့ ဆီဗန်းရေအိုင်ကြီး ရှိနေပါတယ်။ ကမ္ဘာပေါ်မှာ အကြီးဆုံးရေအိုင်တခုဖြစ်ပြီး အလျား ၄၆မိုင် အနံ မိုင် ၂၀ ရှိတဲ့ ရေအိုင်ကြီးဖြစ်ပါတယ်။
ရာသီဥတုအနေနဲ့ နိုင်ငံတစ်လုံးကို ခြုံ၍ ပြောရလျှင် နွေရာသီတွင် အလွန်ပူပြင်းပြီး ဆောင်းရာသီမှာတော့ အလွန်အေးတတ်ပါတယ်။ နွေနှင့်ဆောင်း အပူချိန်သည် အလွန်ကွာခြားပြီး နွေရာသီတွင် အပူချိန် ၃၀ဒီဂရီ ဆဲစီးယပ်ကျော်အထိ ရှိတတ်သလို ဆောင်းရာသီတွင် အနုတ် ၅ဒီဂရီ မှ ၁၀ဒီဂရီ ဆဲစီးယပ်အထိ ရှိကာ ဆီးနှင်းများကျတတ်လေ့ရှိပါတယ်။ မြစ်ဝှမ်းမြေနိမ့်ပိုင်းတို့၌ နှစ်စဉ်မိုးရေချိန် ရှစ်လက်မမှ ၁၂ လက်မခန့်သာ ရွာသွန်း၍ ကုန်းမြင့်ပိုင်းတို့၌မူ ၁၂ လက်မမှ ၂၄ လက်မအထိ ရွာသွန်းလေ့ရှိပါတယ်။
နယ်မြေ ဧရိယာထက်ဝက်ကျော်ခန့်ဟာ စားကျက်မြေများဖြစ်ကြပြီး ၁၃% ခန့်ကတော့ သစ်တောနယ်မြေဖြစ်ပါတယ်။ မိုးနည်းပါးတာကြောင့် စိုက်ပျိုးရေးကို ရေသွင်းစနစ်ဖြင့်လုပ်ကိုင်ကြရပါတယ်။ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်တဲ့ နေရာပေါများတာကြောင့် လျှပ်စစ်ကို ဖောဖောသီသီရကြပါတယ်။ နိုင်ငံရဲ့ စိုက်ပျိုးရေးထွက်ကုန်တွေကတော့ ဂျုံ၊ ရိုင်း၊ စပါးနှင့် အခြားကောက် စပါး အမျိုးမျိုးတို့အပြင် သကြား၊ မုန်လာ၊ ဆေးရွက်၊ အာလူး ၊ စပျစ် စသည်တို့ ဖြစ်ပြီး မွေးမြူရေးလုပ်ငန်းတွေကိုလည်း လုပ်ကိုင်ကြပါတယ်။ အခြားလုပ်ငန်းများကတော့ ချည်မျှင် နှင့် အထည် ၊ သတ္တုတူးဖော်ရေး ၊ သတ္တုဖြတ်စက်များ ၊ လျှပ်စစ်မော်တာ ၊ အဝတ်အစား ၊ ပိုး ၊ ဓာတု ၊ ထရပ်ကား ၊ တူရိယာပစ္စည်းများ ၊ ကျောက်မျက်ရတနာ ၊ ဆော့ဖ်ဝဲ နဲ့ အစားအစာ ထုတ်လုပ်ရေး လုပ်ငန်းတွေဖြစ်ပါတယ်။ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းရဲ့ စာရင်းအရ အာမေးနီးယားနိုင်ငံသားတဦးချင်းစီရဲ့ နှစ်စဉ် ပျမ်းမျှဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁၁၈၄၅ ဖြစ်ပါတယ်။ ငွေကြေးစနစ်အနေနဲ့ Dram ကိုသုံးစွဲပြီး အမေရိကန် ၁ဒေါ်လာဟာ 488.58 AMD နဲ့ တန်ဖိုးညီမျှပါတယ်။
ချမ်းသာတဲ့ နိုင်ငံတနိုင်ငံ မဟုတ်ပေမယ့် ပညာရေးကို အထူးအားပေးတဲ့နိုင်ငံဖြစ်ပါတယ်။ အလယ်ခေတ်ကာလကတည်းက တည်ထောင်ခဲ့တဲ့ Gladzor တက္ကသိုလ် နဲ့ Tatev တက္ကသိုလ်ဟာ အာမေးနီးယားတို့ရဲ့ ပညာရေးစနစ်မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ ၁၉၆၀ ခုနှစ်ဝန်းကျင်ကတည်းက အရွယ်ရောက်ပြီး စာတတ်မြောက်သူရခိုင်နှုန်းဟာ ၁၀၀% နီးပါးအထိရှိပြီး ဒါဟာ အခြားနိုင်ငံကြီးတွေထက်တောင် သာလွန်နေပါတယ်။ ၁၉၀၀ ဝန်းကျင်ကတည်းက အခြေခံပညာ နဲ့ အထက်တန်းကျောင်းပေါင်း ၁၃၀၇ ခု အထိရှိခဲ့ပြီး တက်ရောက်သူ ကျောင်းသား/သူ အရေအတွက် ၆သိန်းကျော်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။
အခမဲ့ပညာရေးစနစ်ကို ကျင့်သုံးပြီး မူလတန်း ၄နှစ် ၊ အလယ်တန်း ၅ နှစ် နဲ့ အထက်တန်း ၃နှစ်ကို တက်ရောက်ရတဲ့အတွက် အာမေးနီးယားမှာ အထက်တန်းပြီးဆုံးဖို့ စုစုပေါင်း ပညာသင်နှစ် ၁၂နှစ် ကြာမြင့်မှာဖြစ်ပါတယ်။ တက္ကသိုလ်ချည်းပဲ ၂၇ ခုရှိနေပြီး ကျောင်းသားပေါင်း ၂သောင်းကျော် တက်ရောက်နေတဲ့ ယေရေဗန်တက္ကသိုလ်ကတော့ အကြီးဆုံးဖြစ်ပါတယ်။ ဒါအပြင် ဆေးစိုက်ပျိုးရေးနှင့် ဗိသုကာအတတ်သင် ကောလိပ်များလည်း သီးသန့်ရှိသေးသလို သိပ္ပံနှင့် သုတေသနဗိမာန်များလည်း အများအပြား ဖွဲ့စည်းဖွင့်လှစ်ထားပါသေးတယ်။ ၂၀၁၇ ခုနှစ်စာရင်းအရ အာမေးနီးယားနိုင်ငံရဲ့ အရွယ်ရောက်ပြီးသူ စာတတ်မြောက်မှုနှုန်းဟာ ၉၉.၇% ရှိပါတယ်။
အာမေးနီးယားစစ်တပ်ကတော့ အမြဲတမ်းစစ်သည်အင်အား ၄သောင်းခွဲ၊ အရံအင်အား ၂သိန်းခန့်ကို ပိုင်ဆိုင်ထားပါတယ်။ လေကြောင်းအင်အားအနေနဲ့ လေယာဉ်စုစုပေါင်း ၆၄ စီးကို ပိုင်ဆိုင်ထားပါတယ်။ ကျည်းတပ်အနေနဲ့တော့ တင့်ကားပေါင်း ၁၁၀ ၊ သံချပ်ကာ နဲ့ အခြားယာဉ်ပေါင်း ၁ထောင်ခန့်ကို ပိုင်ဆိုင်ထားပါတယ်။ ကုန်းတွင်းပိတ်နိုင်ငံဖြစ်တဲ့ အာမေးနီးယားမှာ ရေတပ်မရှိပါဘူး။ ၂၀၂၀ ခုနှစ် ကာကွယ်ရေးဘတ်ဂျက်အဖြစ် အမေရိကန်ဒေါ်လာ ၆၃၄သန်းကို အသုံးပြုထားတဲ့ အာမေးနီးယား စစ်တပ်ဟာ ကမ္ဘာပေါ်မှာတော့ အဆင့် ၁၁၁ ပဲ ရှိပါတယ်။
အာမေးနီးယားမှာ ယူနက်စကို အသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ်နေရာ ၃ ခု ရှိနေပါတယ်။ ဒါတွေကတော့ ၁၀ ရာစုမှာ တည်ဆောက်ခဲ့ကြတဲ့ ရှေးဟောင်းဘုန်းကြီးကျောင်းတွေဖြစ်ကြတဲ့ Haghpat နဲ့ Sanahin ၊ ၄ရာစုမှာတည်ဆောက်ခဲ့တဲ့ Etchmiadzin ကာသီဒြယ် နဲ့ ၇ ရာစု Zvartnots ကာသီဒြယ် ၊ အလယ်ခေတ်ဘုန်းတော်ကြီးကျောင်း Geghard နဲ့ Azat အထက်တောင်ကြားဒေသ တို့ပဲဖြစ်ပါတယ်။
အာမေးနီးယားနိုင်ငံရဲ့ အခြားထင်ရှားတဲ့နေရာတွေကတော့ Dilijan အမျိုးသားဥယျာဉ် ၊ Goris မြို့ ၊ Debed ကန်ညွန် ၊ ဝိုင်မြို့တော် Areni ၊ Khor Virap နဲ့ Noravank ဘုန်းတော်ကြီးကျောင်း ၊ Garni ကျေးရွာ ၊ ဆီဗန်းရေအိုင် တို့ပဲ ဖြစ်ပါတယ်။
အာမေးနီးယန်းနိုင်ငံရဲ့ အထိမ်းအမှတ်တိရစ္ဆာန်က လင်းယုန်ဖြစ်ပါတယ်။ အာမေးနီးယား အလံမှာတော့ အနီ ၊ အပြာ နဲ့ လိမ္မော် ရောင် ကန့်လန့်ဖြတ် အစင်း ၃ခုနဲ့ ပေါင်းစပ်ထားပါတယ်။ အနီရောင်ကတော့ နည်းမျိုးစုံညှင်းပန်းမှု အခက်အခဲတွေကြားကနေ လွတ်မြောက်အောင် ရှင်သန်နိုင်ခဲ့ခြင်း ၊ ခရစ်ယာန်ဘာသာကို ထိမ်းသိမ်းစောင့်ရှောက်နိုင်ခဲ့ခြင်း ၊ သုတ်သင်ခံခဲ့ရတဲ့ အာမေးနီးယန်း ၁သန်းခွဲတို့ရဲ့ သွေးများ ကို ကိုယ်စားပြုပါတယ်။ အပြာရောင်ကတော့ အာမေးနီးယားရဲ့ ကြည်လင်တဲ့ ကောင်းကင်ပြင်ကို ကိုယ်စားပြုပြီး လိမ္မော်ရောင်ကတော့ ဖန်တီးမှုရှိပြီး အလုပ်ကြိုးစားတဲ့ အာမေးနီးယားလူမျိုးတွေကို ကိုယ်စားပြုပါတယ်။
အာမေးနီးယား – အဇာဘိုင်ဂျန် စစ်ပွဲ
လတ်တလောတိုက်ခိုက်နေကြတဲ့ အာမေးနီးယား နဲ့ အဇာဘိုင်ဂျန် တို့အကြားတိုက်ပွဲကိုတော့ နာဂိုမို-ကရာဘက် ဒေသမှာဖြစ်ပွားတာကြောင့် နာဂိုမို-ကရာဘက် စစ်ပွဲလို့ ခေါ်ကြပါတယ်။ အာမေးနီးယန်းတွေကတော့ Artsakh လွတ်မြောက်ရေးစစ်ပွဲလို့ ခေါ်ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုကာလတုန်းက ဒီနယ်မြေဟာ အဇာဘိုင်ဂျန် ပြည်သူ့သမ္မတနိုင်ငံ အဖြစ် ဆိုဗီယက်ပြည်ထောင်စုထဲမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်အခု အနေနဲ့ ပါဝင်ခဲ့ပါတယ်။ ဒီဒေသကို နိုင်ငံတကာက အဇာဘိုင်ဂျန်ရဲ့ ပိုင်နက်နယ်မြေအဖြစ် အသိအမှတ်ပြုထားပေမယ့် နေထိုင်သူ အများစုက အာမေးနီးယန်းတွေဖြစ်ပြီး ဒီနယ်မြေကိုအဓိက ထိန်းချုပ်ထားသူတွေကလည်း အာမေးနီးယားလက်နက်ကိုင် အင်အားစုပဲဖြစ်ပါတယ်။
ခွဲထွက်ရေးတိုက်ပွဲအနေနဲ့ ၁၉၈၈ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ဖြစ်ပွားခဲ့ပြီး ၁၉၉၄ ခုနှစ် မေလမှာမှ ပြီးဆုံးခဲ့တဲ့အတွက် အချိန် ၆နှစ်ကျော် ကြာမြင့်ခဲ့ပါတယ်။ လူမျိုးစုတွေအတွက် အာမေးနီးယားက ပါဝင်တိုက်ခိုက်ခဲ့သလို တူရကီကလည်း အဇာဘိုင်ဂျန်ကို ထောက်ပံ့ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက စစ်ပွဲမှာ အာမေးနီးယားတို့ဘက်က လူပေါင်း ၆ထောင်ခန့်သေဆုံးပြီး ၂သောင်းကျော် ဒါဏ်ရာရခဲ့ပါတယ်။ အဇာဘိုင်ဂျန်ဘက်ကတော့ ၁၁၅၀၀ ခန့် ကျဆုံးတယ်လို့ ဆိုပေမယ့် ရုရှားနဲ့ အနောက်တိုင်းက ခန့်မှန်းတွက်ချက်မှုတွေကတော့ ၂၅၀၀၀ ကနေ ၃၀၀၀၀ အကြား ကျဆုံးပြီး ၅၀၀၀၀ ထက်မနည်း ဒါဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒီစစ်ပွဲကြောင့် လူပေါင်း ၁သန်းကျော်ဟာလည်း အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။
၁၉၉၄ ခုနှစ် အပစ်အခတ်ရပ်စဲရေး သဘောတူပြီးခဲ့ပေမယ့် မပြေလည်သေးပဲ စစ်မက်အရေးအခင်းတွေရှိခဲ့ရာကနေ ၂၀၂၀ ခုနှစ်မှာတော့ နောက်တကြိမ် အပြင်းအထန် ထပ်ဖြစ်ခဲ့တာဖြစ်ပါတယ်။ အောက်တိုဘာလ ၃ ရက်နေ့အထိ ဒီထပ်ဖြစ်တဲ့ တိုက်ပွဲတွေကြောင့် လူပေါင်း ၂၃၀ ထက်မနည်း သေဆုံးခဲ့ရပြီလို့ သိရပါတယ်။ ဆယ်စုနှစ်တွေ အတွင်း အပြင်းထန်ဆုံး တိုက်ပွဲတွေ ဖြစ်ပွားနေတာကို အင်အားကြီးနိုင်ငံတွေက ရပ်တန့်ဖို့ တောင်းဆိုခဲ့ပေမယ့် ၂နိုင်ငံလုံးက လက်မခံတာကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လျက်ရှိနေတုန်းပါပဲ။ ကရာဘက်ကျေးရွာများစွာကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း အဇာဘိုင်ဂျန်က ထုတ်ပြန်ထားပြီး အာမေးနီးယားကလည်းက အားမေးနီးယားတိုင်းရင်းသားများကို ကာကွယ်ရန် နည်းလမ်းမျိုးစုံ အသုံးပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ တူရကီအစိုးရကတော့ အဇာဘိုင်ဂျန်ကို ပေါ်ပေါ်ထင်ထင်ထောက်ခံထားသလို စစ်ရေးအကူအညီလည်း ပေးလျက်ရှိပါတယ်။
——– —— ———-
(Zawgyi)
အာေမးနီးယား ႏိုင္ငံ အေၾကာင္း သိေကာင္းစရာ
အားေမးနီးယားႏိုင္ငံဟာ ယူေရးရွား(အရွ-ဥေရာပအစပ္) ေဒသတြင္တည္ရွိတဲ့ ကုန္းတြင္းပိတ္ႏိုင္ငံတခုျဖစ္ၿပီး ႏိုင္ငံ၏ တရားဝင္အမည္မွာ အာေမးနီးယား သမၼတႏိုင္ငံျဖစ္ပါတယ္။ ေတာင္ပိုင္းေကာ့ေကးဆပ္ေဒသတြင္ရွိေနၿပီး အေနာက္ဘက္တြင္ တူရကီႏိုင္ငံ ၊ ေျမာက္ဘက္တြင္ ေဂ်ာ္ဂ်ီယာႏိုင္ငံ ၊ အေရွ႕ဘက္တြင္ အဇာဘိုင္ဂ်န္ႏိုင္ငံ တို႔နဲ႔ နယ္နိမိတ္ျခင္း ထိစပ္လ်က္ရွိပါတယ္။ စတုရန္းမိုင္ ၁၁၄၈၄ က်ယ္ဝန္းၿပီး ကမာၻေပၚမွာေတာ့ ၁၃၈ ခုေျမာက္ အႀကီးဆုံးႏိုင္ငံျဖစ္ပါတယ္။ အာေမးနီးယားဘာသာစကားကို ႐ုံးသုံးဘာသာစကားအျဖစ္ သတ္မွတ္ထားပါတယ္။
၂၀၂၀ ခုႏွစ္ စာရင္းအရ အာေမးနီးယားႏိုင္ငံရဲ႕ လူဦးေရဟာ ၂,၉၅၆,၉၀၀ ျဖစ္ၿပီး လူဦးေရသိပ္သည္းဆ အေနနဲ႔ ၁မိုင္ပတ္လည္မွာ ၁၆၃ဦးခန႔္ ေနထိုင္ၾကပါတယ္။ ႏိုင္ငံ့လူဦးေရး စုစုေပါင္းရဲ႕ ၉၈% က အာေမးနီးယားလူမ်ိဳးေတြသာျဖစ္ၿပီး က်န္အနည္းငယ္ကေတာ့ ယဒ္ဇီဒီးစ္ ၊ ႐ုရွား ၊ ဂရိ ၊ ကာ့ဒ္ နဲ႔ ဂ်ဴးလူမ်ိဳးေတြျဖစ္ပါတယ္။ လူဦးေရ စုစုေပါင္းရဲ႕ ၉၆% ခန႔္က ခရစ္ယာန္ဘာသာကိုသာ ကိုးကြယ္ၾကၿပီး Yazidism နဲ႔ အျခားဘာသာကိုးကြယ္သူ အနည္းငယ္လည္း ရွိေနပါတယ္။ ကာ့ဒ္ေတြကေတာ့ ဆြန္နီအစၥလာမ္ဘာသာကို ကိုးကြယ္ၾကပါတယ္။
ေယေရဗန္ၿမိဳ႕ေတာ္ အထူးနယ္ေျမ ႏွင့္အတူ အျခားျပည္နယ္ ၁၀ ခုတို႔နဲ႔ ဖြဲ႕စည္းထားပါတယ္။ အႀကီးဆုံး နဲ႔ ၿမိဳ႕ေတာ္ျဖစ္တဲ့ ေယေရဗန္ၿမိဳ႕ကိုေတာ့ ဘီစီ ၇၈၂ ကာလကတည္းက အူရာတူဘုရင္ Argishti I က Erebuni အမည္နဲ႔ စတင္တည္ေထာင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ႏွစ္ေပါင္းမ်ားစြာ ၿမိဳ႕အျဖစ္ သတ္မွတ္ခံရျခင္းမရွိပဲ ႐ုရွားဘုရင္ Alexander II လက္ထက္ ၁၈၇၉ ခုႏွစ္မွာမွ ၿမိဳ႕အျဖစ္ အသိအမွတ္ျပဳခဲ့ၿပီး ၁၉၁၈ ခုႏွစ္ကေနစတင္လို႔ အာေမးနီးယားႏိုင္ငံရဲ႕ ၿမိဳ႕ေတာ္ျဖစ္လာခဲ့ပါတယ္။ အျခား ထင္ရွားတဲ့ ၿမိဳ႕ႀကီးေတြကေတာ့ လူဦးေရ ၁သိန္းခြဲခန႔္ရွိတဲ့ ဂူမရီၿမိဳ႕နဲ႔ လူဦးေရ ၁သိန္းခန႔္ေနထိုင္တဲ့ ဗန္းနက္ဇာၿမိဳ႕ေတြပဲ ျဖစ္ပါတယ္။
လက္ရွိအာေမးနီးယားႏိုင္ငံ ေနရာမွာ ေၾကးေခတ္ ဘီစီ ၄၀၀၀ ခန႔္ကာလ ကတည္းက လူသားေတြ အေျခခ်ေနထိုင္ေနၿပီလို႔ သိရပါတယ္။ ဒ႑ာရီအရေတာ့ အာေမးနီးယားနယ္ေျမကို ဘီစီ ၂၁၀၀ ခန႔္မွာ Hayk ဆိုတဲ့ မ်ိဳးႏြယ္စုေခါင္းေဆာင္ သူရဲေကာင္းက စတင္တည္ေထာင္ခဲ့တာလို႔ ဆိုပါတယ္။ ေဒသခံေတြကေတာ့ ႏိုင္ငံရဲ႕အမည္ကို Hayk လို႔ပဲ ေခၚခဲ့ၾကၿပီး အလယ္ေခတ္ကာလမွာေတာ့ Hayastan အမည္နဲ႔ ထင္ရွားခဲ့ပါတယ္။ အာေမးနီးယား ဆိုတဲ့ စကားလုံးကေတာ့ ဟီဘ႐ူးသမၼာက်မ္းစာထဲက ေနာဧ ရဲ႕ေျမး ၊ Shem ရဲ႕ သားျဖစ္သူ Aram ကေန ဆင္းသက္လာခဲ့တာလို႔ ဆိုၾကပါတယ္။
လက္ရွိ အာေမးနီးယားႏိုင္ငံ ေနရာမွာ ဘီစီ ၉ရာစုကာလကေတာ့ ဗန္းလူမ်ိဳးေတြ ေနထိုင္ခဲ့ၾကၿပီး ဗန္းဘုရင့္ႏိုင္ငံဟု ေခၚတြင္ခဲ့ၾကပါတယ္။ ယေန႔ အာေမးနီးယားၿမိဳ႕ေတာ္ေနရာကိုေတာ့ ဘီစီ ၈ ရာစုခန႔္မွာ ၆ဆက္ေျမာက္ ဗန္းဘုရင္(အူရာတူ) Argishti I က Erebuni ခံတပ္အျဖစ္ စတင္တည္ေထာင္ခဲ့ပါတယ္။ ၆ ရာစုေနာက္ပိုင္းမွာေတာ့ ဒီနယ္ေျမဟာ Achaemenid အင္ပါယာရဲ႕ နယ္ေျမတခုျဖစ္လာခဲ့ပါတယ္။ အဆီးရီးယန္းတို႔ရဲ႕ ဝင္ေရာက္တိုက္ခိုက္မႈေၾကာင့္ ဘီစီခုနစ္ရာစုႏွစ္ ေနာက္ပိုင္း တြင္ ဗန္းႏိုင္ငံ ပ်က္သုဥ္းေသာအခါ အာေမးနီးယားလူမ်ိဳးေတြဟာ ဒီေဒသကို ဝင္ေရာက္ေနထိုင္ခဲ့ၾကပါတယ္။ အာေမးနီးယန္းေတြဟာ အင္ဒိုဥေရာပလူမ်ိဳးႀကီးမ်ားမွ ဆင္းသက္လာၿပီး အင္ဒို-ဥေရာပ ဘာသာ စကားကို ေျပာဆိုၾကကာ အကၡရာ ၃၈ လုံးပါဝင္ေသာ ကိုယ္ပိုင္စာေပရွိသူမ်ားျဖစ္ပါတယ္။
အာေမးနီးယန္းတို႔ဟာ ျမင့္မားေသာယဥ္ေက်းမႈအဆင့္အတန္း ရွိခဲ့ၾကေၾကာင္း ကို ထိုစဥ္က ခံတပ္ၿမိဳ႕႐ိုးရွိေသာ ၿမိဳ႕ျပမ်ား၌ ေနထိုင္ပုံ၊ လယ္ယာမ်ားကို ေရသြင္းစိုက္ပ်ိဳးပုံ၊ ေကာင္းစြာျပဳျပင္ထားေသာ လယ္ယာႏွင့္ စပ်စ္ခင္းမ်ားကို လုပ္ကိုင္ခဲ့ပုံ အေထာက္အထား မ်ားအရ သိႏိုင္ပါတယ္။ ၁၈၉ ဘီစီမွာေတာ့ အာေမးနီးယားဘုရင့္ႏိုင္ငံကို ထူေထာင္ခဲ့ၿပီး Artaxias I ဘုရင္က အုပ္ခ်ဳပ္ခဲ့ပါတယ္။ ဘီစီ ၉၅ ကေန ၆၆ အထိ ကာလကေတာ့ အာေမးနီးယားဘုရင့္ႏိုင္ငံရဲ႕ အထြန္းေတာက္ဆုံးအခ်ိန္ျဖစ္ခဲ့ၿပီး အဲဒီေဒသတဝိုက္မွာ အင္အားအႀကီးဆုံးႏိုင္ငံျဖစ္ခဲ့ပါတယ္။
ေနာက္ပိုင္းမွာေတာ့ ေရာမအင္ပါယာလက္ေအာက္ကို က်ေရာက္ခဲ့သလို ပါရွန္အင္ပါယာရဲ႕နယ္ေျမတခုလည္း ျဖစ္သြားခဲ့ပါတယ္။ အာေမးနီးယားရဲ႕ သမိုင္းတေလွ်ာက္မွာ မီးဒီးစ္ ၊ အာခီးမီးနစ္ ၊ ဂရိ ၊ ပါရွန္ ၊ ေရာမ ၊ ဘိုင္ဇန္တိုင္း ၊ အာရပ္ ၊ မြန္ဂို ၊ ေအာ္တိုမန္ ၊ အီရန္ ၊ အာရွ အစရွိတဲ့ လူမ်ိဳးစုမ်ား အင္ပါယာမ်ားရဲ႕ အႀကိမ္ႀကိမ္က်ဴးေက်ာ္ျခင္းကို ခံခဲ့ရပါတယ္။ ေအဒီ ၄၀ ဝန္းက်င္ခန႔္မွာေတာ့ အာေမးနီးယားကို ခရစ္ယာန္ဘာသာစတင္ေရာက္ရွိခဲ့ၿပီး ေအဒီ ၃၀၁ ကစလို႔ ခရစ္ယာန္ဘာသာကို ႏိုင္ငံေတာ္ဘာသာအျဖစ္ စတင္ျပဌာန္းခဲ့ပါတယ္။
ေအဒီ ၄၅၀ ေနာက္ပိုင္းမွာ ဘိုင္ဇန္တိုင္း နဲ႔ အာရပ္တို႔လက္ေအာက္ကို ေရာက္ရွိခဲ့ေပမယ့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအျဖစ္နဲ႔ အာေမးနီးယားမင္းသား က အုပ္ခ်ဳပ္ခဲ့ပါတယ္။ ေအဒီ ၉ ရာစုအထိ အာရပ္တို႔ရဲ႕လက္ေအာက္မွာ ရွိခဲ့ေပမယ့္ အဲဒီေနာက္ပိုင္းကေန ေအဒီ ၁၀၄၅ ခုႏွစ္အထိ လယ္ေခတ္ အာေမးနီးယားဘုရင့္ႏိုင္ငံကို Bagratuni မင္းဆက္က အုပ္ခ်ဳပ္ခဲ့ပါတယ္။ ဒါေပမယ့္ ဒီမင္းဆက္လက္ထက္မွာ အာေမးနီးယားဟာ Vaspurakan ဘုရင့္ႏိုင္ငံ ၊ Syunik ဘုရင့္ႏိုင္ငံ ၊ Artsakh ဘုရင့္ႏိုင္ငံ စသည္ျဖင့္ ႏိုင္ငံငယ္ေပါင္းမ်ာစြာ ကြဲထြက္သြားခဲ့ပါတယ္။
၁၃ ရာစုမွာေတာ့ မြန္ဂိုတို႔ရဲ႕ က်ဴးေက်ာ္သိမ္းပိုက္ျခင္းကို ခံခဲ့ရၿပီး ၁၆ ရာစုမွာေတာ့ အာေမးနီယားရဲ႕နယ္ေျမတဝက္ဟာ ေအာ္တိုမန္လက္ထဲေရာက္ရွိၿပီး က်န္တဝက္ကေတာ့ အီရန္တို႔လက္ထဲေရာက္ရွိခဲ့ရပါတယ္။ အီရန္တို႔လက္ထဲကေန ႐ုရွားထံေရာက္ရွိခဲ့ၿပီး အာေမးနီးယား အေရွ႕ပိုင္းနယ္ေျမဟာ ႐ုရွားအာေမးနီးယားလို႔ အမည္တြင္ခဲ့ပါတယ္။ ေအာ္တိုမန္ေတြလက္ထဲကနယ္ေျမကိုေတာ့ အေနာက္ပိုင္း အာေမးနီးယားလို႔ ေခၚပါတယ္။
၁၈၉၀ ဝန္းက်င္မွာေတာ့ နည္းမ်ိဳးစုံနဲ႔ ႏွိပ္စက္အႏိုင္က်င့္ခံေနရတဲ့ အာေမးနီးယန္းေတြဟာ Armenian Revolutionary Federation အဖြဲ႕အစည္းကို ထူေထာင္လိုက္ၿပီး တူရကီတို႔ကို ျပန္လည္ ေတာ္လွန္တိုက္ခိုက္ခဲ့ၾကပါတယ္။ ေအာ္တိုမန္တို႔ရဲ႕ ရက္ရက္စက္စက္ျပန္လည္ႏွိမ္ႏွင္းမႈေၾကာင့္ ၁၈၉၄ နဲ႔ ၉၆ ကာလအတြင္းမွာ အာေမးနီးယန္းလူမ်ိဳး ၈ေသာင္းကေန ၃သိန္းအထိ ေသဆုံးခဲ့ရတယ္လို႔ သိရပါတယ္။ ၁၉၀၉ ခုႏွစ္ဧၿပီလမွာလည္း Adana massacre ျဖစ္ပြားခဲ့ၿပီး အာေမးနီးယန္းလူမ်ိဳး ၂ေသာင္း နဲ႔ ၃ေသာင္းၾကား ထပ္မံေသဆုံးခဲ့ရျပန္ပါတယ္။
၁၉၁၅-၁၉၂၃ ကာလအတြင္းမွာ အတြင္းမွာ အာေမးနီးယန္းလူမ်ိဳး ၁သန္း နဲ႔ ၁သန္းခြဲၾကားအထိထပ္မံသုတ္သင္ခံခဲ့ရၿပီး အာေမးနီးယားသမိုင္းမွတ္တမ္းေတြကေတာ့ ယင္းျဖစ္ရပ္ေတြဟာ တူရကီအစိုးရရဲ႕ႀကိဳးကိုင္ဖန္တီးမႈျဖစ္တယ္လို႔ ဆိုပါတယ္။ တူရကီကေတာ့ ယင္းကာလက ယင္းအေရတြက္ေလာက္ သုတ္သင္ခံရတယ္ဆိုတာကို ျငင္းဆန္ထားသလို လူမ်ိဳးတုံးသတ္ျဖတ္မႈ genocide ဆိုတဲ့ စကားလုံးကိုလည္း ျငင္းပယ္ထားပါတယ္။ တူရကီေတြဟာ ယင္းျဖစ္စဥ္မ်ားကို ၫႊန္းဆိုသုံးစြဲမႈေတြမွာ အစုအၿပဳံလိုက္သတ္ျဖတ္ျခင္း massacre၊ masskilling လို႔သာ ၫႊန္းဆိုသုံးစြဲၾကပါတယ္။ အာေမးနီးယန္းေတြဟာ ယင္းျဖစ္ရပ္ဆိုးႀကီး စတင္ခဲ့တဲ့ ဧၿပီလ ၂၄ ရက္ေန႔ကို အာေမးနီးယားႏိုင္ငံရဲ႕ အာဇာနည္ေန႔တျဖစ္လည္း ဝမ္းနည္းဖြယ္အထိမ္းအမွတ္ေန႔အျဖစ္ သတ္မွတ္ထားပါတယ္။
၁၉၁၆ ခုႏွစ္မွာေတာ့ တူရကီပိုင္ အာေမးနီးယားေဒသကို ႐ုရွားတို႔က သိမ္းပိုက္ခဲ့ေပမယ့္ ေနာက္တႏွစ္မွာ ႐ုရွားေတာ္လွန္ေရးႀကီးေပၚေပါက္လာတဲ့အတြက္ တူရကီလက္ထဲျပန္ေရာက္သြားခဲ့ပါတယ္။ ၁၉၁၈ ခုႏွစ္ေမလမွာေတာ့ Aram Manukian ရဲ႕ ဦးေဆာင္မႈနဲ႔အတူ ပထမဆုံး အာေမးနီးယား သမၼတႏိုင္ငံကို ထူေထာင္ခဲ့ၾကပါတယ္။ ၁၉၂၂ ခုႏွစ္မွာေတာ့ တပ္နီေတာ္ဟာ အာေမးနီးယားကို သိမ္းပိုက္လိုက္ၿပီး ႐ုရွား ၊ အဇာဘိုင္ဂ်န္ ၊ ေဂ်ာ္ဂ်ီယာတို႔နဲ႔အတူ TSFSR ကို ထူေထာင္ခဲ့ပါတယ္။ ၁၉၃၆ ခုႏွစ္ကေန ၁၉၉၁ ခုႏွစ္အထိေတာ့ အာေမးနီးယားဟာ ဆိုဗီယက္ျပည္ေထာင္စုထဲမွာ ပါဝင္တဲ့ ႏိုင္ငံတႏိုင္ငံျဖစ္ခဲ့ပါတယ္။
တူရကီေတြရဲ႕ဖိႏွိပ္မႈေၾကာင့္ အာေမးနီးယားႏိုင္ငံသားအမ်ားအျပားဟာ အျခားႏိုင္ငံေတြကို ထြက္ေျပးသြားခဲ့ရၿပီး ဆိုဗီယက္ျပည္ေထာင္စုဝင္ႏိုင္ငံအျဖစ္ ေၾကျငာစဥ္က အာေမးနီးယားႏိုင္ငံရဲ႕ လူဦးေရဟာ ၇၂၀၀၀၀ ခန႔္သာ ရွိပါေတာ့တယ္။ ဆိုဗီယက္ထဲပါဝင္ၿပီးမွ အျခားႏိုင္ငံအသီးသီးကို ေရာက္ရွိေနတဲ့ အာေမးနီးယန္းေတြဟာ မိမိႏိုင္ငံကို ျပန္လည္ေနထိုင္ခဲ့ၾကတဲ့အတြက္ လူဦးေရ ၂ဆေက်ာ္ ျပန္တိုးလာခဲ့ျခင္းျဖစ္ပါတယ္။ (လက္ရွိအခ်ိန္ထိလည္း အာေမးနီးယားမွာ အာေမးနီးယန္း ၃သန္းနီးပါးပဲ ရွိေပမယ့္ အျခားႏိုင္ငံေတြမွာ ေနထိုင္ေနၾကတဲ့ အာေမးနီးယန္းေတြကေတာ့ ၄သန္းကေန ၇သန္းၾကား ရွိေနဆဲျဖစ္ပါတယ္)။ ၁၉၉၁ ခုႏွစ္ စက္တင္ဘာလ ၂၁ ရက္ေန႔မွာေတာ့ ဆိုဗီယက္ေအာက္ကေန ခြဲထြက္ခဲ့ၿပီး လြတ္လပ္တဲ့ႏိုင္ငံ တႏိုင္ငံျဖစ္လာကာ Levon Ter-Petrosyan က ပထမဆုံး သမၼတအျဖစ္ အုပ္ခ်ဳပ္ခဲ့ပါတယ္။
ေကာ့ေကးဆပ္ နယ္ေျမမွာ ရွိေတာေၾကာင့္ ႏိုင္ငံနယ္ေျမအမ်ားစုဟာ ေတာင္ထူထပ္ကာ ေျမျပန႔္ကေတာ့ ပင္လယ္နက္ နဲ႔ ကတ္စဘီယံပင္လယ္ၾကား ေဒသျဖစ္ပါတယ္။ တူရကီနဲ႔အစပ္မွာေတာ့ အာေမးနီးယားကုန္းျမင့္ရွိၿပီး အျမင့္ဆုံးေတာင္ကေတာ့ အာရာဂတ္ေတာင္ျဖစ္ကာ အျမင့္ေပ ၁၃၄၂၀ေပ ျမင့္ပါတယ္။ အေရွ႕ေတာင္ပိုင္းမွာေတာ့ ဗို႐ိုတန္ျမစ္ရွိၿပီး အေနာက္ေတာင္ပိုင္းမွာေတာ့ အားရတ္ျမစ္ရွိကာ ဒီျမစ္ဟာ တူရကီ နဲ႔ အာေမးနီးယား ႏိုင္ငံရဲ႕ နယ္စပ္လည္းျဖစ္ပါတယ္။ ႏိုင္ငံရဲ႕အလယ္ပိုင္း Gegharkunik ျပည္နယ္ထဲ ပင္လယ္ေရမ်က္ႏွာျပင္ထက္ အျမင့္ေပ ၆၂၀၀ ခန႔္မွာေတာ့ ဆီဗန္းေရအိုင္ႀကီး ရွိေနပါတယ္။ ကမာၻေပၚမွာ အႀကီးဆုံးေရအိုင္တခုျဖစ္ၿပီး အလ်ား ၄၆မိုင္ အနံ မိုင္ ၂၀ ရွိတဲ့ ေရအိုင္ႀကီးျဖစ္ပါတယ္။
ရာသီဥတုအေနနဲ႔ ႏိုင္ငံတစ္လုံးကို ၿခဳံ၍ ေျပာရလွ်င္ ေႏြရာသီတြင္ အလြန္ပူျပင္းၿပီး ေဆာင္းရာသီမွာေတာ့ အလြန္ေအးတတ္ပါတယ္။ ေႏြႏွင့္ေဆာင္း အပူခ်ိန္သည္ အလြန္ကြာျခားၿပီး ေႏြရာသီတြင္ အပူခ်ိန္ ၃၀ဒီဂရီ ဆဲစီးယပ္ေက်ာ္အထိ ရွိတတ္သလို ေဆာင္းရာသီတြင္ အႏုတ္ ၅ဒီဂရီ မွ ၁၀ဒီဂရီ ဆဲစီးယပ္အထိ ရွိကာ ဆီးႏွင္းမ်ားက်တတ္ေလ့ရွိပါတယ္။ ျမစ္ဝွမ္းေျမနိမ့္ပိုင္းတို႔၌ ႏွစ္စဥ္မိုးေရခ်ိန္ ရွစ္လက္မမွ ၁၂ လက္မခန႔္သာ ႐ြာသြန္း၍ ကုန္းျမင့္ပိုင္းတို႔၌မူ ၁၂ လက္မမွ ၂၄ လက္မအထိ ႐ြာသြန္းေလ့ရွိပါတယ္။
နယ္ေျမ ဧရိယာထက္ဝက္ေက်ာ္ခန႔္ဟာ စားက်က္ေျမမ်ားျဖစ္ၾကၿပီး ၁၃% ခန႔္ကေတာ့ သစ္ေတာနယ္ေျမျဖစ္ပါတယ္။ မိုးနည္းပါးတာေၾကာင့္ စိုက္ပ်ိဳးေရးကို ေရသြင္းစနစ္ျဖင့္လုပ္ကိုင္ၾကရပါတယ္။ ေရအားလွ်ပ္စစ္ထုတ္လုပ္ႏိုင္တဲ့ ေနရာေပါမ်ားတာေၾကာင့္ လွ်ပ္စစ္ကို ေဖာေဖာသီသီရၾကပါတယ္။ ႏိုင္ငံရဲ႕ စိုက္ပ်ိဳးေရးထြက္ကုန္ေတြကေတာ့ ဂ်ဳံ၊ ႐ိုင္း၊ စပါးႏွင့္ အျခားေကာက္ စပါး အမ်ိဳးမ်ိဳးတို႔အျပင္ သၾကား၊ မုန္လာ၊ ေဆး႐ြက္၊ အာလူး ၊ စပ်စ္ စသည္တို႔ ျဖစ္ၿပီး ေမြးျမဴေရးလုပ္ငန္းေတြကိုလည္း လုပ္ကိုင္ၾကပါတယ္။ အျခားလုပ္ငန္းမ်ားကေတာ့ ခ်ည္မွ်င္ ႏွင့္ အထည္ ၊ သတၱဳတူးေဖာ္ေရး ၊ သတၱဳျဖတ္စက္မ်ား ၊ လွ်ပ္စစ္ေမာ္တာ ၊ အဝတ္အစား ၊ ပိုး ၊ ဓာတု ၊ ထရပ္ကား ၊ တူရိယာပစၥည္းမ်ား ၊ ေက်ာက္မ်က္ရတနာ ၊ ေဆာ့ဖ္ဝဲ နဲ႔ အစားအစာ ထုတ္လုပ္ေရး လုပ္ငန္းေတြျဖစ္ပါတယ္။ ႏိုင္ငံတကာ ေငြေၾကးအဖြဲ႕အစည္းရဲ႕ စာရင္းအရ အာေမးနီးယားႏိုင္ငံသားတဦးခ်င္းစီရဲ႕ ႏွစ္စဥ္ ပ်မ္းမွ်ဝင္ေငြဟာ အေမရိကန္ေဒၚလာ ၁၁၈၄၅ ျဖစ္ပါတယ္။ ေငြေၾကးစနစ္အေနနဲ႔ Dram ကိုသုံးစြဲၿပီး အေမရိကန္ ၁ေဒၚလာဟာ 488.58 AMD နဲ႔ တန္ဖိုးညီမွ်ပါတယ္။
ခ်မ္းသာတဲ့ ႏိုင္ငံတႏိုင္ငံ မဟုတ္ေပမယ့္ ပညာေရးကို အထူးအားေပးတဲ့ႏိုင္ငံျဖစ္ပါတယ္။ အလယ္ေခတ္ကာလကတည္းက တည္ေထာင္ခဲ့တဲ့ Gladzor တကၠသိုလ္ နဲ႔ Tatev တကၠသိုလ္ဟာ အာေမးနီးယားတို႔ရဲ႕ ပညာေရးစနစ္မွာ အေရးပါတဲ့ အခန္းက႑ကေန ပါဝင္ခဲ့ပါတယ္။ ၁၉၆၀ ခုႏွစ္ဝန္းက်င္ကတည္းက အ႐ြယ္ေရာက္ၿပီး စာတတ္ေျမာက္သူရခိုင္ႏႈန္းဟာ ၁၀၀% နီးပါးအထိရွိၿပီး ဒါဟာ အျခားႏိုင္ငံႀကီးေတြထက္ေတာင္ သာလြန္ေနပါတယ္။ ၁၉၀၀ ဝန္းက်င္ကတည္းက အေျခခံပညာ နဲ႔ အထက္တန္းေက်ာင္းေပါင္း ၁၃၀၇ ခု အထိရွိခဲ့ၿပီး တက္ေရာက္သူ ေက်ာင္းသား/သူ အေရအတြက္ ၆သိန္းေက်ာ္အထိ ရွိခဲ့တယ္လို႔ သိရပါတယ္။
အခမဲ့ပညာေရးစနစ္ကို က်င့္သုံးၿပီး မူလတန္း ၄ႏွစ္ ၊ အလယ္တန္း ၅ ႏွစ္ နဲ႔ အထက္တန္း ၃ႏွစ္ကို တက္ေရာက္ရတဲ့အတြက္ အာေမးနီးယားမွာ အထက္တန္းၿပီးဆုံးဖို႔ စုစုေပါင္း ပညာသင္ႏွစ္ ၁၂ႏွစ္ ၾကာျမင့္မွာျဖစ္ပါတယ္။ တကၠသိုလ္ခ်ည္းပဲ ၂၇ ခုရွိေနၿပီး ေက်ာင္းသားေပါင္း ၂ေသာင္းေက်ာ္ တက္ေရာက္ေနတဲ့ ေယေရဗန္တကၠသိုလ္ကေတာ့ အႀကီးဆုံးျဖစ္ပါတယ္။ ဒါအျပင္ ေဆးစိုက္ပ်ိဳးေရးႏွင့္ ဗိသုကာအတတ္သင္ ေကာလိပ္မ်ားလည္း သီးသန႔္ရွိေသးသလို သိပၸံႏွင့္ သုေတသနဗိမာန္မ်ားလည္း အမ်ားအျပား ဖြဲ႕စည္းဖြင့္လွစ္ထားပါေသးတယ္။ ၂၀၁၇ ခုႏွစ္စာရင္းအရ အာေမးနီးယားႏိုင္ငံရဲ႕ အ႐ြယ္ေရာက္ၿပီးသူ စာတတ္ေျမာက္မႈႏႈန္းဟာ ၉၉.၇% ရွိပါတယ္။
အာေမးနီးယားစစ္တပ္ကေတာ့ အၿမဲတမ္းစစ္သည္အင္အား ၄ေသာင္းခြဲ၊ အရံအင္အား ၂သိန္းခန႔္ကို ပိုင္ဆိုင္ထားပါတယ္။ ေလေၾကာင္းအင္အားအေနနဲ႔ ေလယာဥ္စုစုေပါင္း ၆၄ စီးကို ပိုင္ဆိုင္ထားပါတယ္။ က်ည္းတပ္အေနနဲ႔ေတာ့ တင့္ကားေပါင္း ၁၁၀ ၊ သံခ်ပ္ကာ နဲ႔ အျခားယာဥ္ေပါင္း ၁ေထာင္ခန႔္ကို ပိုင္ဆိုင္ထားပါတယ္။ ကုန္းတြင္းပိတ္ႏိုင္ငံျဖစ္တဲ့ အာေမးနီးယားမွာ ေရတပ္မရွိပါဘူး။ ၂၀၂၀ ခုႏွစ္ ကာကြယ္ေရးဘတ္ဂ်က္အျဖစ္ အေမရိကန္ေဒၚလာ ၆၃၄သန္းကို အသုံးျပဳထားတဲ့ အာေမးနီးယား စစ္တပ္ဟာ ကမာၻေပၚမွာေတာ့ အဆင့္ ၁၁၁ ပဲ ရွိပါတယ္။
အာေမးနီးယားမွာ ယူနက္စကို အသိအမွတ္ျပဳ ကမာၻ႔အေမြအႏွစ္ေနရာ ၃ ခု ရွိေနပါတယ္။ ဒါေတြကေတာ့ ၁၀ ရာစုမွာ တည္ေဆာက္ခဲ့ၾကတဲ့ ေရွးေဟာင္းဘုန္းႀကီးေက်ာင္းေတြျဖစ္ၾကတဲ့ Haghpat နဲ႔ Sanahin ၊ ၄ရာစုမွာတည္ေဆာက္ခဲ့တဲ့ Etchmiadzin ကာသီျဒယ္ နဲ႔ ၇ ရာစု Zvartnots ကာသီျဒယ္ ၊ အလယ္ေခတ္ဘုန္းေတာ္ႀကီးေက်ာင္း Geghard နဲ႔ Azat အထက္ေတာင္ၾကားေဒသ တို႔ပဲျဖစ္ပါတယ္။
အာေမးနီးယားႏိုင္ငံရဲ႕ အျခားထင္ရွားတဲ့ေနရာေတြကေတာ့ Dilijan အမ်ိဳးသားဥယ်ာဥ္ ၊ Goris ၿမိဳ႕ ၊ Debed ကန္ၫြန္ ၊ ဝိုင္ၿမိဳ႕ေတာ္ Areni ၊ Khor Virap နဲ႔ Noravank ဘုန္းေတာ္ႀကီးေက်ာင္း ၊ Garni ေက်း႐ြာ ၊ ဆီဗန္းေရအိုင္ တို႔ပဲ ျဖစ္ပါတယ္။
အာေမးနီးယန္းႏိုင္ငံရဲ႕ အထိမ္းအမွတ္တိရစာၦန္က လင္းယုန္ျဖစ္ပါတယ္။ အာေမးနီးယား အလံမွာေတာ့ အနီ ၊ အျပာ နဲ႔ လိေမၼာ္ ေရာင္ ကန႔္လန႔္ျဖတ္ အစင္း ၃ခုနဲ႔ ေပါင္းစပ္ထားပါတယ္။ အနီေရာင္ကေတာ့ နည္းမ်ိဳးစုံညႇင္းပန္းမႈ အခက္အခဲေတြၾကားကေန လြတ္ေျမာက္ေအာင္ ရွင္သန္ႏိုင္ခဲ့ျခင္း ၊ ခရစ္ယာန္ဘာသာကို ထိမ္းသိမ္းေစာင့္ေရွာက္ႏိုင္ခဲ့ျခင္း ၊ သုတ္သင္ခံခဲ့ရတဲ့ အာေမးနီးယန္း ၁သန္းခြဲတို႔ရဲ႕ ေသြးမ်ား ကို ကိုယ္စားျပဳပါတယ္။ အျပာေရာင္ကေတာ့ အာေမးနီးယားရဲ႕ ၾကည္လင္တဲ့ ေကာင္းကင္ျပင္ကို ကိုယ္စားျပဳၿပီး လိေမၼာ္ေရာင္ကေတာ့ ဖန္တီးမႈရွိၿပီး အလုပ္ႀကိဳးစားတဲ့ အာေမးနီးယားလူမ်ိဳးေတြကို ကိုယ္စားျပဳပါတယ္။
အာေမးနီးယား – အဇာဘိုင္ဂ်န္ စစ္ပြဲ
လတ္တေလာတိုက္ခိုက္ေနၾကတဲ့ အာေမးနီးယား နဲ႔ အဇာဘိုင္ဂ်န္ တို႔အၾကားတိုက္ပြဲကိုေတာ့ နာဂိုမို-ကရာဘက္ ေဒသမွာျဖစ္ပြားတာေၾကာင့္ နာဂိုမို-ကရာဘက္ စစ္ပြဲလို႔ ေခၚၾကပါတယ္။ အာေမးနီးယန္းေတြကေတာ့ Artsakh လြတ္ေျမာက္ေရးစစ္ပြဲလို႔ ေခၚပါတယ္။ ဆိုဗီယက္ျပည္ေထာင္စုကာလတုန္းက ဒီနယ္ေျမဟာ အဇာဘိုင္ဂ်န္ ျပည္သူ႔သမၼတႏိုင္ငံ အျဖစ္ ဆိုဗီယက္ျပည္ေထာင္စုထဲမွာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသတစ္အခု အေနနဲ႔ ပါဝင္ခဲ့ပါတယ္။ ဒီေဒသကို ႏိုင္ငံတကာက အဇာဘိုင္ဂ်န္ရဲ႕ ပိုင္နက္နယ္ေျမအျဖစ္ အသိအမွတ္ျပဳထားေပမယ့္ ေနထိုင္သူ အမ်ားစုက အာေမးနီးယန္းေတြျဖစ္ၿပီး ဒီနယ္ေျမကိုအဓိက ထိန္းခ်ဳပ္ထားသူေတြကလည္း အာေမးနီးယားလက္နက္ကိုင္ အင္အားစုပဲျဖစ္ပါတယ္။
ခြဲထြက္ေရးတိုက္ပြဲအေနနဲ႔ ၁၉၈၈ ခုႏွစ္ ေဖေဖာ္ဝါရီလမွာ စတင္ျဖစ္ပြားခဲ့ၿပီး ၁၉၉၄ ခုႏွစ္ ေမလမွာမွ ၿပီးဆုံးခဲ့တဲ့အတြက္ အခ်ိန္ ၆ႏွစ္ေက်ာ္ ၾကာျမင့္ခဲ့ပါတယ္။ လူမ်ိဳးစုေတြအတြက္ အာေမးနီးယားက ပါဝင္တိုက္ခိုက္ခဲ့သလို တူရကီကလည္း အဇာဘိုင္ဂ်န္ကို ေထာက္ပံ့ခဲ့ပါတယ္။ အဲဒီအခ်ိန္တုန္းက စစ္ပြဲမွာ အာေမးနီးယားတို႔ဘက္က လူေပါင္း ၆ေထာင္ခန႔္ေသဆုံးၿပီး ၂ေသာင္းေက်ာ္ ဒါဏ္ရာရခဲ့ပါတယ္။ အဇာဘိုင္ဂ်န္ဘက္ကေတာ့ ၁၁၅၀၀ ခန႔္ က်ဆုံးတယ္လို႔ ဆိုေပမယ့္ ႐ုရွားနဲ႔ အေနာက္တိုင္းက ခန႔္မွန္းတြက္ခ်က္မႈေတြကေတာ့ ၂၅၀၀၀ ကေန ၃၀၀၀၀ အၾကား က်ဆုံးၿပီး ၅၀၀၀၀ ထက္မနည္း ဒါဏ္ရာရခဲ့တယ္လို႔ ဆိုပါတယ္။ ဒီစစ္ပြဲေၾကာင့္ လူေပါင္း ၁သန္းေက်ာ္ဟာလည္း အိုးအိမ္စြန႔္ခြာထြက္ေျပးခဲ့ရပါတယ္။
၁၉၉၄ ခုႏွစ္ အပစ္အခတ္ရပ္စဲေရး သေဘာတူၿပီးခဲ့ေပမယ့္ မေျပလည္ေသးပဲ စစ္မက္အေရးအခင္းေတြရွိခဲ့ရာကေန ၂၀၂၀ ခုႏွစ္မွာေတာ့ ေနာက္တႀကိမ္ အျပင္းအထန္ ထပ္ျဖစ္ခဲ့တာျဖစ္ပါတယ္။ ေအာက္တိုဘာလ ၃ ရက္ေန႔အထိ ဒီထပ္ျဖစ္တဲ့ တိုက္ပြဲေတြေၾကာင့္ လူေပါင္း ၂၃၀ ထက္မနည္း ေသဆုံးခဲ့ရၿပီလို႔ သိရပါတယ္။ ဆယ္စုႏွစ္ေတြ အတြင္း အျပင္းထန္ဆုံး တိုက္ပြဲေတြ ျဖစ္ပြားေနတာကို အင္အားႀကီးႏိုင္ငံေတြက ရပ္တန႔္ဖို႔ ေတာင္းဆိုခဲ့ေပမယ့္ ၂ႏိုင္ငံလုံးက လက္မခံတာေၾကာင့္ တိုက္ပြဲေတြ ဆက္လက္ျပင္းထန္လ်က္ရွိေနတုန္းပါပဲ။ ကရာဘက္ေက်း႐ြာမ်ားစြာကို သိမ္းပိုက္ထားႏိုင္ၿပီျဖစ္ေၾကာင္း အဇာဘိုင္ဂ်န္က ထုတ္ျပန္ထားၿပီး အာေမးနီးယားကလည္းက အားေမးနီးယားတိုင္းရင္းသားမ်ားကို ကာကြယ္ရန္ နည္းလမ္းမ်ိဳးစုံ အသုံးျပဳမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားပါတယ္။ တူရကီအစိုးရကေတာ့ အဇာဘိုင္ဂ်န္ကို ေပၚေပၚထင္ထင္ေထာက္ခံထားသလို စစ္ေရးအကူအညီလည္း ေပးလ်က္ရွိပါတယ္။