Sunday, April 11, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အာရှတိုက်ရဲ့ အရှည်ဆုံးမြစ် (သို့) ယန်ဇီမြစ်ကြီးအကြောင်း သိကောင်းစရာ

by Thutamm
August 16, 2019
Reading Time: 1min read
0
အာရှတိုက်ရဲ့ အရှည်ဆုံးမြစ် (သို့) ယန်ဇီမြစ်ကြီးအကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

ယန်ဇီမြစ် သည် အာရှတိုက်တွင် အရှည်လျားဆုံးနှင့် ကမ္ဘာပေါ်တွင် တတိယမြောက် အရှည်လျားဆုံး မြစ်တစ်စင်းဖြစ်သည်။ ယန်ဇီမြစ်ကို တရုတ်အသိုင်းအဝိုင်းတွင် ချန်ကျန်း (ရှည်လျားသောမြစ်) ဟု အဓိက ခေါ်ဝေါ်သုံးစွဲလေ့ရှိသည်။ ၆၃၀၀ ကီလိုမီတာ (၃၉၁၅ မိုင်) ရှည်လျားသည့် မြစ်ကြီးဖြစ်သည်။

ယန်ဇီမြစ်သည် တရုတ်ပြည် အနောက်ပိုင်းဒေသ တိဘက်ကုန်းပြင်မြင့်ရှိ ရေခဲမြစ်များမှ မြစ်ဖျားခံကာ အရှေ့ဘက်သို့ ဦးတည်၍ အနောက်တောင်ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသများကို ဖြတ်သန်းပြီး ရှန်ဟိုင်းမြို့၌ အရှေ့တရုတ်ပင်လယ်အတွင်းသို့ စီးဝင်သည်။ မြစ်ဝါမြစ်နည်းတူ ယန်ဇီမြစ်သည် တရုတ်နိုင်ငံ လူ့သမိုင်းနှင့် ယဉ်ကျေးမှုနှင့် စီးပွားရေးတွင် အရေးပါသည့် မြစ်တစ်စင်းအဖြစ် နှစ်ပေါင်း ၂၀၀၀ ကျော် ရပ်တည်ခဲ့ပြီးဖြစ်သည်။

တိဗက်ပြည် ကွန်လွန်တောင်တန်းတွင် မြစ်ဖျားခံပြီးလျှင် ယူနန်၊ ဆီချွမ်၊ ဟူပေ၊ ဟူနန်၊ ကျိယန်ဆီ၊ အန်ဟွီပြည်နယ်များကို ဖြတ်သန်း၍ ပင်လယ်ဝါထဲသို့ စီးဝင်လေသည်။ မြစ်အောက်ပိုင်းလောက် ၌သာ ယန်ဆီမြစ် (ယန်ဆီကျန်)ဟု အမည်တွင်၍ ကျန်အပိုင်း များ၌ အမည်အမျိုးမျိုး ရှိလေသည်။

ယန်ဇီမြစ်ကို နေရာဒေသအလိုက် ‘Sichuan River’, ‘Jing Jiang’, ‘Wan Jiang’, ‘Yangzi Jiang’, ‘Jinsha River’, ‘Tongtian River’, ”Dangqu River’, ‘Blue River’ ဟူ၍ အမျိုးမျိုးခေါ်ဝေါ်ကြသည်။ အစောပိုင်း အင်္ဂလိပ်မှတ်တမ်းများတွင် ယန်ဇီမြစ်အား Quian မြစ်ဟုခေါ်၍ မာကိုပိုလိုက ပေးခဲ့ခြင်းဖြစ်သည်။

ယန်ဆီမြစ်သည် တရုတ် နိုင်ငံ အလယ်ပိုင်းကို အနောက်ဘက်မှ အရှေ့ဘက်သို့ ဖြတ်၍ စီးဆင်းသဖြင့် လမ်းပန်းဆက်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ် ရေးအတွက် အလွန်အရေးပါ အရာရောက်ပေသည်။ ယန်ဆီမြစ် နှင့်တကွ ယင်း၏ မြစ်လက်တက်များတို့ ဖြတ်သန်းစီးဆင်း သော မြစ်ဝှမ်းဒေသမှာ စတုရန်းမိုင်ပေါင်း ၇ဝဝဝဝဝ နီးပါး မျှ ရှိသည်။

ယန်ဆီမြစ်သည် မိုင် ၃ဝ မှ မိုင် ၄ဝ အထိ ကျယ်၏။ ပင်လယ်ကူးသင်္ဘောများသည် မြစ်ဝအနီး၌ တည်ရှိသော ရှန်ဟိုင်းမြို့မှ အထက်သို့ မိုင် ၆၂ဝ ခန့် ဝေးသော ဟန်ကောင် မြို့အထိ ဆန်တက်နိုင်သည်။တစ်ဖန် ဟန်ကောင်မြို့မှ မြစ်တွင်း ခုတ်မောင်းသောသင်္ဘောဖြင့် အထက်သို့ မိုင် ၅ဝဝ ခန့် သွား ရောက်နိုင်သေးသည်။ အီချန်မြို့ အထက်ပိုင်း၌မူကား မြစ်ကြောင်းသည် ရေစီးသန်၍ ချောက်ကြီးများ ရှိခြင်းကြောင့် လှေငယ် တက်စင်းများဖြင့်သာ သွားလာနိုင်လေသည်။

ယန်ဆီမြစ်ဖျားခံရာ ဒေသသည် မြင့်မားသော တောင် တန်းများဖြစ်သောကြောင့် ရေစီးအလွန်သန်၍ မြစ်ကမ်းပါးများ သည်လည်း မြင့်သည်။ မြစ်အောက်ပိုင်းတွင်မူ ရေစီးနှေး၍ နုံးထူသည်။ မြစ်တစ်လျှောက်၌ အိုင်များရှိရာ၊ မြစ်ရေလျှံသော အချိန်ကာလတွင် ဟွန်ဟိုမြစ်လောက် လယ်ယာအိမ်ခြေ အပျက်အစီးမများချေ။

မြစ်အတွင်း လှေများပေါ်၌၎င်း၊ မြစ်ဝှမ်း တစ်လျှောက်၌၎င်း တရုတ်အမျိုးသား မြောက်မြားစွာ နေထိုင်ကြ သည်။ ယန်ဆီမြစ်ဝှမ်းတွင် ပိုးမွေးမြူခြင်း၊ ဆန်စပါး၊ ဝါနှင့် လက်ဖက်ပင်စိုက်ပျိုးခြင်းလုပ်ငန်းများကို အကြီးအကျယ် လုပ် ကိုင်ကြ၏။

ယန်ဇီမြစ်တွင် ပထမဆုံးတည်ဆောက်ခဲ့သော ဆည်ကြီးမှာ Gezhouba ဆည်ဖြစ်ပြီး ၁၉၈၈ခုနှစ်တွင်တည်ဆောက်ခဲ့သည်။ ရေကြီးမှုငယ်များ မကြာခဏဖြစ်လေ့ရှိပြီး အသက်အိုးအိမ်ပေါင်းမျာစွာကို ပျက်စီးဆုံးရှုံးစေခဲ့သော ရေကြီးမှုကြီးများမှာ ၁၉၃၁ခုနှစ် ၊ ၁၉၃၅ခုနှစ် ၊ ၁၉၅၄ခုနှစ် နှင့် ၁၉၉၈ခုနှစ်တွင် ဖြစ်ပွားခဲ့သည်။

ယန်ဇီမြစ်တစ်လျှောက်ရှိ ထင်ရှားသောမြို့များမှ ရှန်ဟိုင်းမြို့၊ နန်းကင်းမြို့၊ ကျူကျန်မြို့၊ အန်ကင်းမြို့၊ ဟန်ကောင်မြို့၊ ဝူချန်မြို့၊ အီချန်မြို့နှင့် ချုန်ကင်းမြို့များ ဖြစ်လေသည်။ စိုက်ပျိုးရေးနှင့် စက်ရုံများကြောင့် ယန်ဇီမြစ်၏ အချို့အစိတ်အပိုင်းများတွင် ရေထု လေထု ညစ်ညမ်းမှု ပြဿနာများကို ကြုံတွေ့နေရဆဲဖြစ်သည်။ပျိုးခြင်းလုပ်ငန်းများကို အကြီးအကျယ် လုပ် ကိုင်ကြ၏။

South Street Small Town South Of Yangtze River

Tags: rivers

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!