Sunday, April 18, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အာဖရိကရဲ့ အထင်ကရ နိုင်ဂျာမြစ်အကြောင်း သိကောင်းစရာ

by Thutamm
August 17, 2019
Reading Time: 1min read
0
အာဖရိကရဲ့ အထင်ကရ နိုင်ဂျာမြစ်အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

နိုင်ဂျာမြစ်သည် အာဖရိကတိုက် အနောက်ပိုင်းရှိမြစ်ကြီးဖြစ်သည်။ ပင်လယ်မှ မိုင် ၁၅၀ခန့်မျှသာဝေးသော ဂီနီနိုင်ငံရှိ ကုန်းမြေမြင့်ပေါ်တွင် မြစ်ဖျားခံပြီးသော် ပထမဦးစာ၌ အရှေ့မြောက်ဘက်သို့လည်ကောင်း ၊ ထို့နောက် အရှေ့တောင်ဘက်သို့လည်ကောင်း စီးဆင်း၍ ဂီနီနယ်မှ နိုင်ဂျီးရီးယားနိုင်ငံကို ဖြတ်ကာ ဂီနီပင်လယ်ကွေ့မှတဆင့် အတ္တလန္တိတ် သမုဒ္ဒရာအတွင်းသို့ စီးဝင်လေသည်။

ထိုမြစ်၏ မြစ်ဝကျွန်းပေါ်သည် မိုင် ၇၀ခန့် ရှည်လျား၍ မြစ်ချောင်းအသွယ်သွယ်တို့မှာ မြောက်မြားစွာ ရှုပ်ထွေးလျှက်ရှိရကား မည်သည့်မြစ်သည် မြစ်မကြီးဖြစ်ကြောင်း ပြောဆိုရင်ခဲယဉ်းလှသည်။ မြစ်ဝကျွန်းပေါ်ဒေသရှိနေရာများသည် ရာသီဥတုအားဖြင့် ကျန်းမာရေးနှင့် မညီညွတ်ပဲ စီစီယင်ကောင်များကြောင့် အဖျားရောဂါ ထူထပ်သည်။ ထိုဒေသသည် အာဖရိကခြင်္သေ့များ အဓိကကျက်စားရာနေရာလည်းဖြစ်သည်။ မြစ်ဝှမ်းဒေသ၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၈၁၇၆၀၀ ဖြစ်သည်။

နိုင်ဂျာမြစ်၏ မြစ်ညာအရပ်ဒေသများသည် မြောက်ပိုင်းအာဖရိကတိုက် အနောက်ဘက်သို့ စီးဆင်းသော ဆီနီဂေါမြစ်ဝှမ်းရှိ မြို့များသို့ ကုန်းလမ်း ၊ ကားလမ်း ၊ မီးရထားလမ်းများဖြင့် ဆက်သွယ်နေသည်။ထို့ကြောင့် အာဖရိကအတွင်းကျသော ဆာဟာရသဲကန္တာရသို့ ရောက်လုနီးနီး တင်ဘက်တူ ၊ ဆန်ဆင်ဒင် နှင့် ဆေးဂူးမြို့များအထိ ခရီးသွားရန်လွယ်ကူသည်။

နိုင်ဂျာမြစ်ဝှမ်းသည် မြေသြဇာကောင်းသော အရပ်ဒေသများကို ဖြတ်သန်းစီးဆင်းရသဖြင့် ထိုမြစ်တစ်လျှောက်သို့ တင်ပို့ရောင်းချသော ကုန်များမှာ အများအားဖြင့် အာဖရိကထန်းဆီ ၊ ဆီစေ့များ ၊ အင်တွဲ ၊ သစ်စေး ၊ ကြက်ပေါင်စေး ၊ ကော်ဖီ နှင့် ဆင်စွယ်တို့ ဖြစ်ကြသည်။

နိုင်ဂျာမြစ်သည် ကုန်စည်ကူးသန်းရောင်းဝယ်ရေးတွင် အလွန်အသုံးဝင်၍ နိုင်းမြစ် နှင့် ကွန်ဂိုမြစ်များမှလွဲလျှင် အာဖရိက၌ အရှည်ဆုံးသောမြစ်ဖြစ်သည်။ နိုင်ဂျာမြစ်၏ အကြီးဆုံး မြစ်လက်တက်မှာ ဗေးနွေးမြစ်ဖြစ်ပြီး အခြားအဓိက မြစ်လက်တက်များမှာ ကာဒူနာ ၊ ဘီနူး နှင့် ဘန်နီမြစ်များဖြစ်သည်။ နိုင်ဂျာမြစ်သည် မိုင်ပေါင်း ၂၆၀၀ခန့် ရှည်လျားပြီး ကမ္ဘာပေါ်တွင် ၁၄စင်းမြောက် အရှည်ဆုံးမြစ်ဖြစ်သည်။ နိုင်ဂျာမြစ်သည် ဂီနီ ၊ မာလီ ၊ နိုင်ဂျာ ၊ ဘီနင်း နှင့် နိုင်ဂျီးရီးယားနိုင်ငံများကို ဖြတ်သန်းသွားသည်။

နိုင်ဂျာမြစ်ကို နေရာဒေသအလိုက် အမည်အမျိုးမျိုးခေါ်ဝေါ်ကြသည်။ Joliba (great river) ၊ Orimiri (Great Water) ၊ Isa Ber (Big River) စသည်ဖြင့် ခေါ်ဝေါ်ကြသည်။ Niger နိုင်ဂျာမြစ်ဟူသော အမည်ကို ပထမဆုံးစတင်ခေါ်ဝေါ်ခဲ့သူမှာ အီတလီလူမျိုး Leo Africanus ဖြစ်ပြီး ၁၅၅၀ခုနှစ်က သူရေးသားသော  အာဖရိကပထဝီစာအုပ်တွင်ထည့်သွင်းရေးသားခဲ့ခြင်းဖြစ်သည်။

နိုင်ဂျာမြစ်တွင် နှစ်စဉ် စက်တင်ဘာလမှ မေလအတွင်း ရေကြီးလေ့ရှိသည်။ ရှားပါးရေနေမျိုးစိတ်ဖြစ်သော ပင်လယ်နွားခေါ် Manatee များသည်လည်း နိုင်ဂျာမြစ်ထဲတွင်တွေ့ရလေ့ရှိသည်။ လူမျိုးစုပေါင်း ၂၀ခန့်သည် နိုင်ဂျာမြစ်တလျှောက်တွင် အခြေချနေထိုင်ကြပြီး ရေအတွက် နိုင်ဂျာမြစ်ကို အားကိုးရသည်။

နိုင်ဂျာမြစ်တလျှောက်အကြီးဆုံး ဆည်မှာ နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းရှိ Kainji ဆည်ဖြစ်ပြီး အလျား ၁၈၀၄ပေ အမြင့် ၂၁၃ပေ ရှိသည်။ ထိုဆည်သည် နိုင်ဂျာမြစ်ရေကြီးမှုအား လျော့ကျစေသည့်အပြင် ၇၆၀ မီဂါဝပ်ထွက်ရှိသဖြင့် လျှပ်စစ်ဓာတ်အားအတွက် အားကိုးစရာနေရာလည်းဖြစ်သည်။ ယနေ့အခါတွင် လူတို့၏ စွန့်ပစ်မှုအမျိုးမျိုးနှင့် မြစ်ကြောင်းတလျှောက် ရေနံစက်ရုံများ များပြားလာသဖြင့် နိုင်ဂျာမြစ်မှာ တနေ့တနားရေထုညစ်ညမ်းလာပြီဖြစ်သည်။

Tags: rivers

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!