Tuesday, April 13, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အာဆင်နယ်ရဲ့ ဂန္ထဝင် နံပါတ် ၁၄ (သို့) သီဟာရီအွန်နရီ

by Thutamm
August 28, 2019
Reading Time: 1min read
0
အာဆင်နယ်ရဲ့ ဂန္ထဝင် နံပါတ် ၁၄ (သို့) သီဟာရီအွန်နရီ
Share on FacebookShare on Twitter

အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်ကစားသမား သီဟာရီ အွန်နရီဆိုရင်တော့ ကမ္ဘာ့ဘောလုံး ပရိသတ်များအားလုံးသိရှိကြမှာပါ။ အွန်နရီဟာအာဆင်နယ်၊ဘာစီလိုနာအသင်းတွေနဲ့ သာမကပြင်သစ်လက်ရွေးစင်အသင်းနဲ့ပါ ရွှေရောင်လွှမ်းတဲ့နေ့ရက်တွေကိုပိုင်ဆိုင်ဖူးသူ ဖြစ်ပြီး ကမ္ဘာထိပ်တန်းတိုက်စစ်မှူးတစ်ယောက်အဖြစ် အားလုံးကသတ်မှတ်ထားတဲ့ ကစားသမားမျိုးလည်းဖြစ်ပါတယ်။

သူရဲ့နာမည်အရင်းကတော့ Thierry Daniel Henery ဖြစ်ပြီး (၁၉၇၇)ခုနှစ်၊သြဂုတ်လ(၁၇)ရက်နေ့မှာ ပဲရစ်မြို့ရဲ့ဆင်ခြေဖုံးဒေသတစ် ခုဖြစ်တဲ့ Les Ulis မှာမွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူ Antonie ရဲ့ပြုစုပျိုးထောင်ပေးခဲ့မှု ကြောင့် အွန်နရီဟာငယ်စဉ်ကပင်ဘောလုံးနဲ့ကျွမ်းဝင်ခဲ့ပြီး အသက်(၇)နှစ်အရွယ်မှာတော့ သူရဲ့ထူးချွန်တဲ့ကစားပုံကြောင့် ဒေသခံကလပ် CO Les Ulis ရဲ့ခေါ်ဆောင်ခြင်း ခံခဲ့ရပါတယ်။ အွန်နရီရဲ့လူငယ်ကစားသမားဘဝကိုတော့ US Palaiseau, Viry Chatillon, INF Clairefontaine တို့နဲ့ မိုနာကိုလူငယ်အသင်းတို့မှာ ပါဝင်ကစားခဲ့ပြီး (၁၉၉၄)ခုနှစ်မှာတော့ မိုနာကိုအသင်းနဲ့ပရော်ဖက်ရှင်နယ်ဘောလုံးသမားစာချုပ်ချုပ်ဆိုခဲ့ပါတယ်။

မိုနာကိုအသင်းမှာတော့ အွန်နရီဟာပွဲပေါင်း(၁၀၅)ပွဲလောက်ပါဝင်ကစားခဲ့ပြီး ဂိုး(၂၀)အထိသွင်းယူနိုင်ခဲ့သလို ဥရောပအသင်းကြီးများစွာရဲ့ စိတ်ဝင်စားမှုကိုလည်း ခံခဲ့ရပါတယ်။ ယင်းအချိန်ကမိုနာကိုအသင်းရဲ့နည်းပြဖြစ်သူဟာ အာစင်ဝင်းဂါးဖြစ်ခဲ့ပြီး အသက်အရွယ်ငယ်သေးတဲ့ အွန်နရီကိုရဲရဲဝံ့ဝံ့ပဲပွဲထွက်ခွင့်ပြုခဲ့ပါတယ်။ အွန်နရီဟာ မိုနာကိုအသင်းကိုပြင်သစ်အမှတ်ပေးဖလားနဲ့ ချန်ပီယံလိဂ်ဆီးမီးဖိုင်နယ်အထိရောက် အောင်ကူညီပေးနိုင်ခဲ့ပါတယ်။

(၁၉၉၉)ခုနှစ်မှာတော့ အွန်နရီဟာ စီးရီးအေကလပ် ဂျူဗင်တပ်ကို စတာလင်ပေါင် (၁၀.၅)သန်းနဲ့ပြောင်းရွေခဲ့ပါတယ်။ ဂျူဗင်တပ်အသင်းမှာ တော့ အွန်နရီဟာထင်ထားသလောက်ခြေစွမ်းပြသနိုင်ခြင်းမရှိပဲ (၁၆)ပွဲသာပါဝင်ကစား ခွင့်ရခဲ့ပြီးသွင်းဂိုး(၃)ဂိုးသာရရှိခဲ့ပါတယ်။ အသင်းရဲ့လိုအပ်ချက်အရ တောင်ပံနေရာတွေ ကသာဝင်ရောက်ကစားခဲ့ရတဲ့ အွန်နရီဟာ ခံစစ်နည်းစနစ်ပိုင်နိုင်လွန်းတဲ့စီရီးအေမှာ ရုန်းကန်ခဲ့ရပါတယ်။

ဒါကြောင့်အွန်နရီဟာ (၁၉၉၉)ခုနှစ် သြဂုတ်(၃)ရက်နေ့မှာ သူရဲ့ဆရာဟောင်း အာစင်ဝင်းဂါးကိုင်တွယ်ခဲ့တဲ့ အာဆင်နယ်အသင်းကို စတာလင်(၁၁) သန်းနဲ့ ပြန်လည်ပြောင်းရွေလာခဲ့ပါတယ်။ ယင်းအချိန်ကရီရယ်အသင်းကိုပြောင်းရွေ သွားတဲ့ပြင်သစ်အသင်းဖော်ကစားသမား အနယ်ကာနေရာမှာ အွန်နရီကိုအစားထိုး ဝယ်ယူခဲ့တာဖြစ်ပြီး အွန်နရီကတော့ အာဆင်နယ်မှာသူရဲ့သမိုင်းမှတ်တိုင်တွေကို တစ်ခုပြီး တစ်ခုစိုက်ထူနိုင်ခဲ့ပါတယ်။

ကြံ့ခိုင်မှုအားပြုကစားတဲ့ ပရီးမီးယားလိဂ်မှာတော့ အွန်နရီအနေနဲ့အစောပိုင်းကရုန်းကန်ခဲ့ရပြီး ပွဲဦးထွက်(၈)ပွဲလောက်အထိတော့ ဂိုးသွင်း ယူနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ယင်းနောက်မှာတော့ အွန်နရီဟာအသင်းတိုင်းက သတိထား စောင့်ကြည့်ရတဲ့ ထိပ်တန်းဂိုးသွင်းသမားဖြစ်လာခဲ့ပြီး အာဆင်နယ်အသင်းနဲ့အတူ (၂၀၀၁-၂၀၀၂)ခုနှစ် ၊ (၂၀၀၃-၂၀၀၄)ခုနှစ်ဘောလုံးရာသီတွေမှာ ပရီးမီးယားလိဂ်ချန်ပီ ယံဆုတွေကို ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ ဒါအပြင် ကွန်မြူနတီဒိုင်း(၂)ကြိမ်၊FA ဖလား (၂)ကြိမ်၊ နဲ့(၂၀၀၅-၂၀၀၆)ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဖိုင်နယ်အဆင့ိကိုတက် ရောက်နိုင်အောင် အသင်းကိုဦးဆောင်မှုပေးခဲ့ပါတယ်။

သူဟာအာဆင်နယ်အသင်းရဲ့ သွင်းဂိုးအများဆုံးကစားသမား၊ လိဂ်ပြိုင်ပွဲနဲ့ဥရောပပွဲတွေမှာသွင်းဂိုးအများဆုံး ကစား သမား၊ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ဟတ်ထရစ်အများဆုံးသွင်းယူနိုင်တဲ့ကစားသမား(စုစုပေါင်း ၈ကြိမ်) အပါအဝင်များစွာသောစံချိန်တွေကို စိုက်ထူထားနိုင်ခဲ့သူဖြစ်ပါတယ်။ အွန်နရီဟာ အာဆင်နယ်အသင်းနဲ့အတူပွဲပေါင်း (၂၅၄)ပွဲလောက်ပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုး(၁၇၄)ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒါအပြင်အာဆင်နယ်အသင်းမှာ ကစားနေဆဲကာလတွေမှာပဲ နာမည်ကျော်ရီရယ်မက်ဒရစ်အသင်းရဲ့ မက်မောလောက် စရာလစာတွေနဲ့ ကမ်းလှမ်းမှုတွေကိုအကြိမ်များစွာ ပယ်ချခဲ့ပြီး အာဆင်နယ်အသင်း အတွက်ပဲဦးစားပေးခဲ့တာကြောင့် အသင်းပရိတ်သတ်တွေရဲ့ ချစ်ခင်ယုံကြည်မှုကို သောင်းသောင်းဖျဖျရရှိခဲ့သူဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ အာဆင်နယ်အသင်းရဲ့ ပေါ်လစီကြောင့်နာမည်ကျော်ကစားသမားများစွာဟာ အာဆင်နယ်ကိုစွန့်ခွာခဲ့ကြပြီး လူငယ်တွေနဲ့သာအဓိကပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ဖြစ်လာချိန်မှာတော့ အွန်နရီ အတွက်စဉ်းစားစရာဖြစ်လာခဲ့ပါတယ်။ ကမ္ဘာထိပ်တန်းတိုက်စစ်မှူးတစ်ယောက်ဖြစ်နေ ပါလျက်နဲ့ ချန်ပီယံလိဂ်ဖလားပိုင်ဆိုင်ဖူးခြင်းမရှိဆိုတဲ့ မှတ်တမ်းကို အွန်နရီအနေနဲ့ ချေဖျက်ဖို့ အသင်းပြောင်းမှဖြစ်မယ်ဆိုတဲ့ အနေအထားတစ်ရပ်ကိုဖြစ်လာစေခဲ့ ပါတယ်။

(၂၀၀၇)ခုနှစ် ဇွန်လ(၂၅)ရက်နေ့မှာတော့ အွန်နရီဟာ စပိန်ကလပ် ဘာစီလိုနာအသင်း ကိုယူရို(၂၄)သန်းနဲ့ ရုတ်တရက်ပြောင်းရွေသွားခဲ့ပါတယ်။ အွန်နရီဟာဘာစီလိုနာ အသင်းနဲ့အတူ(၄)နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး တစ်နှစ်ကိုယူရို(၆.၈)သန်းအထိ လစာငွေ ရရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းမှာလည်း သူဟာ နံပါတ်(၁၄) ဂျာစီ ကိုပဲ ဝတ်ဆင်ခဲ့ပြီး ဆုဖလားများစွာကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းနဲ့ အတူ (၂၀၀၉-၂၀၀၉)ဘောလုံးရာသီမှာတော့ စံချိန်တင်ဆုဖလား(၃)လုံးဆွတ်ခူးနိုင်ခဲ့ သလိုသူအမြဲတောင်းတခဲ့ရတဲ့ ချန်ပီယံလိဂ်ဖလားကြီးကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

သူဟာဘာစီလိုနာအတွက်ပွဲပေါင်း(၈၀)လောက်ပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုး(၃၅) ဂိုး အထိသွင်းယူနိုင်ခဲ့ပြီး ဖလား(၇)လုံးဆွတ်ခူးနိုင်ခဲ့တာကြောင့်အောင်မြင်မှုအတွက် အာဆင်နယ်ကနေထွက်လာခဲ့တယ်ဆိုတဲ့ သူခံယူချက်ဟာမှန်ကန်ခဲ့ပါတယ်။ ဒီလောက်ခြေစွမ်းကောင်းပါလျက်နဲ့ အွန်နရီဟာ ကမ္ဘာ့အကောင်းဆုံးကစား သမားဆုကိုတော့ တစ်ကြိမ်မှရရှိခဲ့ဖူးခြင်းမရှိခဲ့ပါဘူး။

(၂၀၁၀)ခုနှစ်မှာတော့ အွန်နရီဟာဘာစီကနေထွက်ခွာပြီး အမေရိကန်မေဂျာလိဂ် ကလပ် နယူးယောက်ရက်ဘူးအသင်းကိုပြောင်းရွေကစားခဲ့ပါတယ်။ အသင်းနဲ့အတူ ပွဲပေါင်း(၁၂၂)ပွဲလောက်ပါဝင်ကစားပေးခဲ့ပြီး အွန်နရီဟာသွင်းဂိုး(၅၁)ဂိုးအထိရယူပေး နိုင်ခဲ့ကာ ဆုဖလား(၁)လုံးရရှိအောင်စွမ်းဆောင်ပြခဲ့ပါတယ်။ အမေရိကန်မေဂျာလိဂ် ခေတ္တရပ်နားချိန်ကာလတစ်ခုဖြစ်တဲ့(၂၀၁၂)ခုနှစ် ဇန်နဝါရီ(၆)ရက်နေ့မှာတော့ အွန်နရီဟာအသင်းဟောင်းအာဆင်နယ်ကို အငှားနဲ့ပြန်လည်ပြောင်းရွေလာခဲ့ပြီး (၄)ပွဲ ကစားပြီးအရေးပါတဲ့ သွင်းဂိုး(၂)ဂိုးကိုရယူပေးနိုင်ခဲ့ပြန်ပါတယ်။

(၂၀၁၄)ခုနှစ် ဒီဇင်ဘာ(၁၆)ရက်နေ့မှာတော့ အွန်နရီဟာဘောလုံးကစားသမားဘဝ ကနေအနားယူပြီဖြစ်ကြောင်း ကြေငြာခဲ့ပြီး Sky Sports ရဲ့အားကစားသုံးသပ်သူ အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ Sky Sport နဲ့(၃)နှစ်တာလက်တွဲခဲ့တဲ့ ကာလအတွင်းမှာပဲ အွန်နရီဟာနည်းပြလောကကိုအာဆင်နယ်လူငယ် အသင်းနည်း ပြအဖြစ်နဲ့ (၂၀၁၅)မှာ စတင် ဝင်ရောက်လာခဲ့ပါတယ်။

ယင်းနောက်ယူအီးအက်ဖေရဲ့ အသိအမှတ်ပြုနည်းပြလိုင်စင်ရရှိချိန်မှာတော့ အွန်နရီဟာ (၂၀၁၈) ကမ္ဘာဖလားပြိုင်ပွဲဝင် ဘယ်ဂျီယံလက်ရွေးစင်အသင်းရဲ့ လက်ထောက်နည်းပြအဖြစ်လုပ်ကိုင်ခဲ့ပြီး ကြေးတံ ဆိပ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အသင်းများစွာကဆက်သွယ်ခဲ့ပေမဲ့ အွန်နရီဟာငြင်းပယ်ခဲ့ပြီး (၂၀၁၈) အောက်တိုဘာမှာတော့ ထုတ်ပယ်ခြင်းခံခဲ့ရတဲ့ မိုနာကိုအသင်းရဲ့နည်းပြနေရာမှာ ယနေ့အချိန်ထိဝင်ရောက်လုပ်ကိုင်လျက်ရှိပါတယ်။

နိုင်ငံလက်ရွေးစင်

နိုင်ငံလက်ရွေးစင်အသင်းမှာလည်း အွန်နရီဟာအောင်မြင်တဲ့ကစားသမားတစ်ယောက် ဖြစ်ခဲ့ပါတယ်။ (၁၉၉၇)ခုနှစ်မှာတော့ အွန်နရီဟာ ပြင်သစ်ယူ(၂၀)အသင်းမှာပါဝင်က စားခွင့်ရခဲ့ပြီး စုစုပေါင်း(၅)ပွဲမှာ(၃)ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ ယင်းနှစ်မှာပဲ ပြင်သစ် နည်းပြ Aime Jacquet ရဲ့ခေါ်ဆောင်မှုနဲ့လက်ရွေးစင်အသင်းကြီးမှာ စတင်ရွေးချယ် ခြင်းခံခဲ့ရပါတယ်။ ဒါကြောင့်အွန်နရီဟာပြင်သစ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ (၁၉၉၈)ကမ္ဘာဖလားချန်ပီယံဆုရအသင်းမှာ ပါဝင်နိုင်ခဲ့ပါတယ်။

ဒါအပြင်နောက်(၂)နှစ်အကြာမှာကျင်းပခဲ့တဲ့ ယူရို(၂၀၀၀)ဥရောပဖလားပြိုင်ပွဲမှာလည်း အွန်နရီပါဝင်တဲ့ ပြင်သစ်အသင်းသာထပ်မံ ဗိုလ်စွဲခဲ့တာကြောင့် ထိပ်တန်းကစားသမား တွေတောင်ရရှိဖို့မလွယ်တဲ့ ကမ္ဘာဖလားရော၊ဥရောပဖလားပါတစ်ပြိုင်နက်ရရှိခဲ့တဲ့ ကစားသမားဖြစ်လာခဲ့ပြီးပွဲစဉ်တစ်လျှောက်မှာ အွန်နရီဟာ(၃)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

(၂၀၀၂)ကမ္ဘာဖလားမှာတော့ အွန်နရီပါဝင်တဲ့ပြင်သစ်အသင်းဟာ အုပ်စုကနေပဲ လှည့်ပြန်ခဲ့ရပြီး ဥရုဂွေးအသင်းနဲ့ အုပ်စုပြိုင်ပွဲမှာတော့ အွန်နရီဟာ ထုတ်ပယ်ခြင်းခံခဲ့ရ တဲ့အထိအခြေအနေဆိုးရွားခဲ့ပါတယ်။ဆက်တိုက်ဆိုသလို (၂၀၀၄)ဥရောပဖလားပြိုင်ပွဲ မှာလည်း အွန်နရီပါဝင်တဲ့ပြင်သစ်အသင်းဟာ ယင်းပြိုင်ပွဲမှာဗိုလ်စွဲခဲ့တဲ့ ဂရိအသင်းကို ကွာတားဖိုင်နယ်မှာ အရှုံးပေးခဲ့ရပြီး ပြိုင်ပွဲကနေထွက်ခွာခဲ့ရပါတယ်။ (၂၀၀၆) ကမ္ဘာဖလားပြိုင်ပွဲမှာတော့ အွန်နရီဦးဆောင်တဲ့ပြင်သစ်အသင်းဟာ အီတလီကိုဖိုင်နယ်မှာ အရှုံးပေးခဲ့ရပြီး ဒုတိယဆုသာရရှိခဲ့ပါတယ်။

(၂၀၀၇)ခုနှစ် အောက်တိုဘာ(၁၃) ရက်နေ့မှာတော့ အွန်နရီဟာနိုင်ငံအသင်းအတွက်(၄၁)ဂိုးမြောက်သွင်းဂိုးကို ဖာရိုးကျွန်းစုနဲ့ ကစားတဲ့ပွဲစဉ်မှာသွင်းယူပြီး ပြင်သစ်အတွက်ဂိုးအများဆုံး သွင်းယူပေးထားတဲ့ ပလာတီနီရဲ့ဂိုးသွင်းစံချိန်ကိုလိုက်မီခဲ့ပါတယ်။ နောက်ထပ်(၄)ရက် အကြာမှာကစားခဲ့တဲ့ လစ်သူရေးနီးယားပွဲမှာလည်း အွန်နရီဟာထပ်မံဂိုးသွင်းနိုင်ခဲ့တာ ကြောင့် ပြင်သစ်အသင်းရဲ့ဂိုးသွင်းအများဆုံးပုဂ္ဂိုလ်အဖြစ်မှတ်တိုင်သစ်စိုက်ထုူနိုင်ခဲ့ ပါတယ်။ (၂၀၀၈)ခုနှစ် ဥရောပဖလားပြိုင်ပွဲမှာလည်း အွန်နရီရဲ့ပြင်သစ်အသင်းဟာ အုပ်စုအဆင့်ကိုကျော်ဖြတ်နိုင်ခြင်းမရှိခဲ့ပါဘူး။

(၂၀၁၀)ကမ္ဘာဖလားခြေစစ်ပွဲမှာတော့ ပြင်သစ်အသင်းဟာ ဆာဘီးယားနောက် အုပ်စုဒုတိယသာ ရရှိခဲ့တာကြောင့် အိုင်ယာလန်လက်ရွေးစင်အသင်းနဲ့ Play-off ယှဉ် ပြိုင်ကစားဖို့ဖြစ်လာခဲ့ပါတယ်။ ပြင်သစ်အသင်းကအနိုင်ရတဲ့ ယင်းပြိုင်ပွဲဒုတိယ အကျော့မှာတော့ အနိုင်ဂိုးကိုဖန်တီးပေးခဲ့တဲ့ အွန်နရီအတွက် များစွာသောဝေဖန်မှုတွေ နဲ့ရင်ဆိုင်ခဲ့ရပါတယ်။ အွန်နရီဟာလက်နဲ့ဘောလုံးကိုသိသိသာသာထိန်းပြီး အသင်းဖော် ဂါးလက်ကိုဂိုးသွင်းနိုင်ဖို့ ဖန်တီးပေးခဲ့တာကြောင့် ဖီဖာဥက္ကဌ ဘတ္တလာအပါအဝင်၊ ကမ္ဘာဘောလုံးအသိုင်းအဝိုင်းတစ်ခုလုံးက အွန်နရီရဲ့လုပ်ရပ်အပေါ်များစွာ ပြစ်တင် ဝေဖန်ခဲ့ကြပါတယ်။

ဒါအပြင် အွန်နရီရဲ့မိသားစုဝင်တွေတောင် အသက်အန္တရာယ် ခြိမ်းခြောက်ခံခဲ့ရတဲ့ အထိဖြစ်ခဲ့တာကြောင့် အွန်နရီရဲ့ကစားသမားဘဝကို အတော်ကိုရုပ်ဆိုးစေတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ခဲ့တာပါ။  (၂၀၁၀)ကမ္ဘာဖလားပြိုင်ပွဲမှာလည်း အွန်နရီရဲ့ပြင်သစ်အသင်းဟာလည်း အောင်မြင်မှုမယ်မယ်ရရမရရှိပဲ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြန်ပါတယ်။

ယင်းနောက်မှာတော့ အွန်နရီဟာနိုင်ငံလက်ရွေးစင် ကစားသမားဘဝကနေ အနားယူူပြီဖြစ်ကြောင်းကြေငြာခဲ့ပါတယ်။ အွန်နရီဟာ ပြင်သစ် အသင်းအတွက်ပွဲပေါင်း (၁၂၃)ပွဲအထိပါဝင်ကစားခဲ့ပြီး သွင်းဂိုး(၅၁)ဂိုးနဲ့ ပြင်သစ်အသင်းအတွက် ထာဝရ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ယနေ့တိုင် ရပ်တည်နေဆဲ ဖြစ်ပါတယ်။

ကစားကွင်းအပြင်ကဘဝ

အွန်နရီဟာ အင်္ဂလန်မော်ဒန် Nicole Merry နဲ့(၂၀၀၃)ခုနှစ် ဇူလိုင်(၅)ရက်နေ့မှာလက်ထပ်ခဲ့ပြီး သမီးတစ်ယောက်ထွန်းကားခဲ့ပါတယ်။ ဒါပေမဲ့သူတို့ရဲ့ အိမ်ထောင်ရေး ဟာ(၂၀၀၇)ခုနှစ်မှာတော့ ပြတ်စဲခဲ့ပြီး အွန်နရီကိုယ်တိုင်နစ်နာကြေး စတာလင်ပေါင် (၁၀)သန်းအထိ လျော်ကြေးပေးခဲ့ရပါတယ်။ အွန်နရီဟာယင်းနောက်မှာတော့ တစ်ကိုယ်တည်းနေထိုင်ခဲ့ပြီး သူရဲ့မေတ္တာရေးဇာက်လမ်းတွေဟာ ထွက်ပေါ်လာခဲ့ခြင်း တော့မရှိတော့ပါဘူး။

အွန်နရီဟာ unicef ရဲ့ကလေးများဖွံဖြိုးတိုးတက်မှုဆိုင်ရာ သံတမန်ဖြစ်ပြီး အာဖရိက၊အာရှဒေသအတွင်းက ချို့တဲ့ကလေးငယ်တွေအတွက် သူရဲ့ ပုံရိပ်ကိုအသုံးပြုပြီး အလှူရှင်များစွာကို ရှာဖွေပေးနိုင်သူဖြစ်ပါတယ်။ လက်ရှိအချိန်မှာ တော့ အသက် ၄၁နှစ် ရှိပြီဖြစ်တဲ့ အွန်နရီဟာ ပြင်သစ်ကလပ်မိုနာကိုအသင်းရဲ့နည်းပြချုပ်အဖြစ်နဲ့ တာဝန်ယူပြီး မိုနာကိုအသင်း တန်းမဆင်းရအောင် တာဝန်ယူကိုင်တွယ်နေပါတယ်။

အာဆင်နယ် ပရိသတ်တွေရဲ့ အသည်းကျော် ဘောလုံးခရီးသည်ကြီး အွန်နရီရဲ့ အောင်မြင်မှုဆီ သွားတဲ့လမ်းဟာ ယခုအထိတော့ ခက်ခဲနေတုန်းပါပဲ။ အစွဲအလန်းကြီးတဲ့ အာဆင်နယ်အသင်း ပရိသတ်တွေကတော့ နံပါတ် ၁၄ ဂျာစီကို ဝတ်ဆင်ခဲ့တဲ့ အွန်နရီဆိုတဲ့ ဒီဘောလုံးသမားကို ယနေ့တိုင် သတိရနေကြဦးမှာပါ။

အွန်နရီ Best Goals & Skills ဗီဒီယို

သုတဇုန္

Tags: kaung htetSport people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!