(Unicode)
အာဂျင်တီးနားနိုင်ငံဟာ တောင်အမေရိကတိုက်မှာ ဒုတိယအကြီးဆုံးနိုင်ငံဖြစ်ပြီး တရားဝင်အမည်ကတော့ အာဂျင်တီးနားသမ္မတနိုင်ငံ ဖြစ်ပါတယ်။ တောင်အမေရိကတိုက်ရဲ့ တောင်ဘက်အစွန်းဆုံးပိုင်းမှာ တည်ရှိပြီး အနောက်ဘက်မှာ အင်ဒီးတောင်တန်း ၊ အရှေ့ဘက်မှာ အတ္တလန္တိတ် သမုဒ္ဒရာ တို့တည်ရှိပါတယ်။ ပါရာဂွေး ၊ ဘရာဇီး ၊ ဘိုလီးဗီးယား ၊ ဥရုဂွေး ၊ ချီလီ စတဲ့နိုင်ငံများနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။
တောင်အမေရိကတိုက်မှာ ဘရာဇီးပြီးရင် ဒုတိယအကြီးဆုံးဖြစ်တဲ့ အာဂျင်တီးနားနိုင်ငံဟာ စတုရန်းမိုင်ပေါင်း ၁.၀၇၄သန်း ကျယ်ဝန်းပါတယ်။ ကမ္ဘာပေါ်မှာဆိုရင်တော့ ၈ခုမြောက် အကြီးဆုံးနိုင်ငံ ဖြစ်ပါတယ်။ အရှေ့ဘက်တွင် ဘရာဇီးနှင့် အာဂျင်တီးနားနိုင်ငံတို့ကို အန်းဒီးတောင်တန်း၏ တောင်စဉ်များက ပိုင်းခြားထားပါတယ်။
အာဂျင်တီးနားနိုင်ငံကို ပထဝီဝင်သဘောအရ ယေဘုယျအားဖြင့် လေးပိုင်း ပိုင်းခြားထားပါတယ်။ မြောက်ဘက်ပိုင်းနယ်များ ၊ အရှေ့အလယ်ပိုင်းလွင်ပြင် ၊ အနောက်ဘက် အန်းဒီး တောင်တန်းဒေသ နှင့် တောင်ဘက်ပိုင်း ပက်တဂိုးနီးယားနယ် ဆိုပြီးတော့ဖြစ်ပါတယ်။ တစ်နယ် နှင့် တစ်နယ်မတူညီပဲ သွေ့ခြောက်သောရာသီဥတု ၊ အေး၍ခြောက်သွေ့သောရာသီဥတု ၊ အေး၍ စွတ်စိုသောရာသီဥတုများ ရှိကြပါတယ်။
အာဂျင်တီးနားနိုင်ငံတွင် မြစ်စဉ်စု ငါးခုရှိပြီး ယင်းတို့သည် တောင်ဘက်သို့၎င်း၊ အရှေ့ဘက်သို့၎င်း၊ အတ္တလန္တိတ် သမုဒ္ဒရာအတွင်း စီးဝင်ကြပါတယ်။ အရှည်ဆုံးမြစ်မှာ ပါရာနာမြစ်ဖြစ်ပြီး မိုင်ပေါင်း ၃၀၃၀ခန့်ရှည်လျားကာ အာဂျင်နီးနားရဲ့ အဓိကမြစ်လည်း ဖြစ်ပါတယ်။ အာဂျင်တီးနားရဲ့ အမြင့်ဆုံးနေရာကတော့ မန်ဒိုဇာပြည်နယ်မှာရှိတဲ့ အာဂွန်ကာဂွာ Aconcagua တောင်ထိပ်ဖြစ်ပြီး အမြင့်ပေ ၂၂၈၃၇ပေ ရှိကာ ၎င်းတောင်ဟာ တောင်အမေရိကတိုက်ရဲ့ အမြင့်ဆုံးတောင်လည်း ဖြစ်ပါတယ်။
အာဂျင်နီးနားမှာ လူတွေအစောဆုံး အခြေချတဲ့နေရာကတော့ တောင်ဘက်အစွန်းဆုံးမှာရှိတဲ့ ပါတာဂိုးနီးယားဒေသဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၁၃၀၀၀ ခန့်ကတည်း အခြေချခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းကနေထိုင်ခဲ့တဲ့ လူမျိုးစုတွေကတော့ Onas ၊Yámana နဲ့ Tehuelche လူမျိုးစုတွေဖြစ်ပါတယ်။ ၁၅ရာစုမှာတော့ အင်ကာအင်ပါယာရဲ့ နယ်ချဲ့သိမ်းပိုက်ခြင်းကို မူရင်းဒေသခံလူမျိုးတွေ ခံခဲ့ရတာ အဲဒီဒေသကို စပိန်တွေနယ်ချဲ့လာတဲ့အချိန်အထိ ရာစုနှစ်တစ်ဝက်ကြာပါတယ်။
တောင်အမေရိကကို အစောဆုံးရောက်လာ တဲ့ အနောက်တိုင်းသားကတော့ အီတလီလူမျိုး နယ်မြေသစ်ရှာဖွေသူ Amerigo Vespucci ဖြစ်ပြီး ၁၅၀၂ခုနှစ်မှာ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ယခုအာဂျင်တီးနားရှိတဲ့နေရာကိုတော့ ၁၅၁၆ခုနှစ်မှာ အစောဆုံးရောက်ရှိလာတဲ့ ဥရောပသားကတော့ စပိန်လူမျိုး နယ်မြေသစ်ရှာဖွေသူ Juan Diaz de Solis ပဲဖြစ်ပါတယ်။ သူကတော့ ရောက်ရှိပြီး မကြာမီမှာပဲ မူရင်းဒေသခံလူမျိုးတွေရဲ့သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ ၁၅၃၆ခုနှစ်တွင် စပိန်နယ်ချဲ့ခေါင်းဆောင် Pedro de Mendoza ခြေကုပ်ရယူခဲ့ပြီး လက်ရှိမြို့တော် ဗျူနိုအေရိကို စတင်တည်ထောင်ခဲ့ပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ အဲဒီနေရာဟာ မူရင်းဒေသခံလူမျိုးတွေရဲ့ ဖျက်စီးခြင်းကို ခံခဲ့ရပါတယ်။
၁၅၇၃ ခုနှစ်မှာတော့ အာဂျင်တီးနားဒေသဟာ စပိန်ရဲ့ ကိုလိုနီတစိတ်တပိုင်းဖြစ်လာခဲ့ပြီး ၁၇၇၆ခုနှစ်မှာတော့ နယ်မြေတစ်ခုလုံး စပိန်တွေလက်အောက်ကို ရောက်ရှိခဲ့ပါတယ်။ ဘိုလီးဗီးယား နဲ့ ပီရူးတို့မှ ရွှေ ၊ ငွေ အမြောက်အများထုတ်ယူရရှိပြီးတဲ့နောက် အဲဒီနှစ်မှာပဲ ဗျူနိုအေရိကို အာဂျင်တီးနားရဲ့မြို့တော်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဗြိတိသျှတွေဟာ ဗျူနိုအေရိကို စပိန်တွေလက်ထဲကနေ လုယူဖို့ကြိုးစားခဲ့ပေမယ့် စပိန်အစောင့်တပ်တွေရဲ့ခုခံမှုကို မကျော်နိုင်ခဲ့ပါဘူး။
၁၈၁၀ ခုနှစ်မေလ မှာတော့ အာဂျင်တီးနားကို လွတ်လပ်ရေးရဖို့ စတင်စေမယ့် တော်လှန်ရေးတွေပေါ်ပေါက်လာခဲ့ပါတယ်။ Jose de San Martin က အာဂျင်တီးနားစစ်တပ်ကို ခေါင်းဆောင်ပြီး တော်လှန်မှုကိုဦးဆောင်ခဲ့ပါတယ်။ ၁၈၁၆ ခုနှစ်မှာတော့ ဇူလိုင်လ ၉ရက်နေ့မှာတော့ အာဂျင်တီးနားဟာ လွတ်လပ်ရေးကို ရရှိခဲ့ပြီးနောက် ၁၈၅၃ခုနှစ်မှာတော့ လွတ်လပ်တဲ့ အာဂျင်တီးနားနိုင်ငံကို စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။
အာဂျင်တီးနားရဲ့ ပထမဆုံးသမ္မတကတော့ Bernardino Rivadavia ဖြစ်ပြီး လက်ရှိသမ္မတကတော့ Mauricio Macri ဖြစ်ပါတယ်။ အာဂျင်တီးနားနိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ်ကတော့ အားကောင်းသော ဗဟိုအစိုးရကို အမှီပြု၍ ပြည်နယ်များကို ပြည်နယ်တွင်း ကိစ္စအရပ်ရပ်အတွက် စီမံခန့်ခွဲမှုအာဏာအပ်နှင်းထားသော ပြည်ထောင်စုစနစ်ဖြစ်တဲ့ ဖက်ဒရယ်စနစ် ဖြစ်ပါတယ်။ ၁၉၃၉ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဖြစ်ပွားခဲ့သော ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အာဂျင်တီးနားနိုင်ငံသည် ဦးစွာ၌ ကြားနေနိုင်ငံအဖြစ် ရပ်တည်ခဲ့သေးသော်လည်း ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင်မူ ဂျာမနီနှင့် ဂျပန်နိုင်ငံတို့ကို စစ်ကြေညာခဲ့ပါတယ်။
အာဂျင်တီးနား ဆိုတဲ့အမည်ကို ၁၅၃၆ ခုနှစ်က Venice(အီတလီအရှေ့မြောက်ပိုင်းပြည်နယ်) ရဲ့ မြေပုံမှာ ပထမဆုံး စတင်တွေ့ရှိရတာဖြစ်ပါတယ်။ အာဂျင်တီနား ဆိုတဲ့စကားလုံးရဲ့ အီတလီလို “ငွေရောင်မြေ”၊ “ငွေရောင်အငူ” လို့ အဓိပ္ပါယ်ရပါတယ်။ ၁၇ရာစုအစောပိုင်း စပိန်ကဗျာတစ်ပုဒ်မှာတော့ La Argentina လို့ရေးသားထားပြီး ၁၈ ရာစုကစလို့ Argentina ဆိုတဲ့အမည်ကို ယနေ့ထိတိုင် သုံးစွဲခဲ့ကြပါတယ်။
၂၀၁၆ခုနှစ်စာရင်းအရ အာဂျင်တီးနားရဲ့ လူဦးရေဟာ ၄၃.၈၅သန်းဖြစ်ပါတယ်။ နေထိုင်တဲ့လူမျိုးတွေထဲမှာ Mestizo(ဥရောပ+အမေရိက) လူမျိုးက အများဆုံးဖြစ်ပြီး ၉၇% နီးပါးက အဲဒီလူမျိုးတွေဖြစ်ပါတယ်။ လူမျိုးပေါင်း ၃၅မျိုးခန့်ရှိတဲ့ အာဂျင်တီးနားမူရင်းဒေသခံလူမျိုးကတော့ ၂.၄% ဖြစ်ပါတယ်။ အာရှသား ဝ.၅% နဲ့ အာဖရိကလူမျိုး ဝ.၄% လည်း အာဂျင်တီးနားမှာ နေထိုင်ကြပါသေးတယ်။ ဘာသာရေးအနေနဲ့ကတော့ ရိုမန်ကတ်သလစ် ဘာသာဝင်က အများဆုံးဖြစ်ပြီး စုစုပေါင်း လူဦးရေရဲ့ ၉၂% ရှိပါတယ်။ ပရိုတက်စတင့်က ၂% ၊ ဂျူးဘာသာ ၂% ၊ ဘာသာမဲ့ ၂% နဲ့ အခြားဘာသာများစုစုပေါင်း ၂% ကိုးကွယ်ကြပါတယ်။ ရုံးသုံးဘာသာစကား ကတော စပိန်ဘာသာစကားဖြစ်ပြီး ပီဆို peso ငွေကြေးစနစ်ကို သုံးစွဲပါတယ်။
လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးမှုအမြင့်ဆုံးစာရင်းမှာတော့ လက်တင်အမေရိကမှာ အာဂျင်တီးနားနိုင်ငံဟာ ဒုတိယနေရာက ရပ်တည်နေပါတယ်။ စီးပွားရေးဖွံ့ဖြိုးမှု ၊ နိုင်ငံရေးတည်ငြိမ်မှု နဲ့ နည်းပညာတိုးတက်မှုများကြောင့် ဝင်ငွေများတဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။ အစားအစာ ၊ အဖျော်ယမကာ ၊ အီလက်ထရောနစ်ပစ္စည်းများ ၊ အင်ဂျင်နှင့် စက်အပိုပစ္စည်းများ ၊ ဆေးဝါးဆိုင်ရာ ၊ ဆေးရွက်ကြီး ၊ စတီး နှင့် အလူမီနီယံ ၊ မှန် ၊ ဘိလပ်မြေ ၊ သားရေ ၊ ပရိဘောဂ စတဲ့လုပ်ငန်းတွေဟာ အာဂျင်တီးနားရဲ့ အဓိကစီးပွားရေးလုပ်ငန်းတွေဖြစ်ပါတယ်။ ၂၀၁၇ခုနှစ် ကမ္ဘာ့ဘဏ်စာရင်းအရ အာဂျင်တီးနား နိုင်ငံသား တစ်ဦးချင်းစီရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေဟာ ၂၀၇၈၇ဒေါ်လာ ဖြစ်ပါတယ်။
အာဂျင်တီးနားနိုင်ငံကို ပြည်နယ်၂၃ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမြို့တော် ဗျူနိုအေးရိစ် တို့ဖြင့်ဖွဲ့စည်းထားပါတယ်။ လူဦးရေ ၁သန်းအထက် အကြီးဆုံးမြို့ကြီး ၃မြို့ကတော့ မြို့တော်ဗျူနိုအေရိ(၂.၉သန်း)၊ ကော်ဒိုဘာ(၁.၃သန်း) နဲ့ ရိုဆာရီယို(၁.၂သန်း) တို့ဖြစ်ပါတယ်။ အခြားထင်ရှားတဲ့မြို့တွေကတော့ Bariloche ၊Mar del Plata၊ Mendoza နဲ့ Ushuaia မြို့တွေဖြစ်ပါတယ်။
အာဂျင်တီးနားနိုင်ငံရဲ့ ပညာရေးစနစ်ကတော့ အခမဲ့ပညာရေးစနစ်ဖြစ်ပြီး အသက် ၆နှစ်မှ အသက် ၁၄နှစ်အထိ ပညာမသင် မနေရစနစ်ဖြစ်ပါတယ်။ အာဂျင်တီးနားနိုင်ငံမှာ အစိုးရတက္ကသိုလ်ပေါင်း ၃၉ ခု နဲ့ Private တက္ကသိုလ်ပေါင်း ၄၂ခု ၊ နိုင်ငံခြားတက္ကသိုလ် ၁ခုတို့အပြင် အခြား ပညာရေးဆိုင်ရာ သင်တန်းကျောင်းပေါင်းလည်း များစွာရှိနေပါသေးတယ်။ ပညာရေးထွန်းကားတဲ့ နိုင်ငံဖြစ်တာနဲ့ အညီ အာဂျင်တီးနားရဲ့ အရွယ်ရောက်ပြီးသူ စာတတ်မြောက်မှု % ကတော့ ၉၉% ဖြစ်ပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုကောင်းမွန်တဲ့ နိုင်ငံဖြစ်ပြီး တစ်နိုင်ငံလုံးမှာ ဆေးရုံ ဆေးခန်းပေါင်း ၅ထောင်ကျော် ဖွင့်လှစ်ထားရှိကာ နိုင်ငံသားတိုင်းနဲ့သက်ဆိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ကျင့်သုံးပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ အာဂျင်တီးနားအစိုးရဟာ နိုင်ငံဝင်ငွေစုစုပေါင်းရဲ့ ၈% ကို ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအတွက် အသုံးပြုခဲ့ပါတယ်။
အာဂျင်တီးနားရဲ့လက်နက်ကိုင်အဖွဲ့ကိုတော့ နိုင်ငံတော်ကာကွယ်ရေးတပ်ဖွဲ့ နဲ့ ပြည်တွင်းလုံခြုံရေးတပ်ဖွဲ့ဆိုပြီး ခွဲခြားထားပြီး သမ္မတက စစ်ဦးစီးချုပ်လည်းဖြစ်ပါတယ်။ အာဂျင်တီးနားစစ်တပ်ကို ၁၈၁၀ခုနှစ်ကတည်းက စတင်ဖွဲ့စည်းလာခဲ့တာဖြစ်ပြီး လက်ရှိစစ်တပ်မှာတော့ စစ်သားဦးရေ ၅၁၃၀၀ ခန့်ရှိနေပါတယ်။ စစ်လေယာဉ်ပေါင်း ၂၆၉စီး ၊တင့်ကားပေါင်း ၃၇၄စီး ၊ ရေတပ်သင်္ဘော ၄၂စီး နဲ့ ရေငုပ်သင်္ဘော ၂စီးပိုင်ဆိုင်ထားတဲ့ အာဂျင်တီးနားစစ်တပ်ဟာ ကမ္ဘာမှာတော့ အဆင့် ၃၈ ဖြစ်ပါတယ်။
ဘောလုံးအားကစားနည်းဟာ အာဂျင်တီးနားရဲ့ လူကြိုက်အများဆုံး အားကစားနည်းဖြစ်ပါတယ်။ ကလေးငယ်အားလုံးနီးပါးဟာ အားလပ်တာနဲ့ ဘောလုံးကစားလေ့ရှိကြပါတယ်။ နိုင်ငံအနှံ့အပြားမှာလည်း indoor,outdoor ဘောလုံးကွင်းပေါင်းများစွာကို ထားရှိပေးထားပါတယ်။ အာဂျင်တီးနား အမျိုးသားဘောလုံးအသင်းဟာ ကမ္ဘာ့ဖလား ၂ခါ ၊ အိုလံပစ်ဖလား ၂ခါ ၊ ကိုပါအမေရိကဖလား ၁၄ခါ ရရှိထားတဲ့အသင်းဖြစ်ပါတယ်။ အကျော်ကြားဆုံး အာဂျင်တီးနားဘောလုံးသမားတွေကတော့ မာရာဒိုနာ ၊ ဒီစတီဖန်နို ၊ ဘာစ္စတူတာ ၊ ဟာန်ခရက်စပို ၊ ဇနက်တီ ၊ တိဗက် ၊ မက်ဆီ၊ အဂူရို စတာတွေဖြစ်ပြီး ကမ္ဘာ့ထိပ်တန်းဘောလုံးသမား အများအပြားထွက်ရှိတဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။
အာဂျင်တီးနားနိုင်ငံရဲ့ အထင်ရှားဆုံးနေရာတွေကတော့ Mar del Plata ကမ်းခြေ ၊ IGUAZU ရေတံခွန် ၊ မြို့တော် ဗျူနိုအေရိ ၊ တောင်အမေရိကရဲ့တောင်ဘက်အကျဆုံး USHUAIA အပန်းဖြေမြို့ ၊ ရေခဲတောင်များရှိရာ EL CALAFATE မြို့ ၊ အင်ဒီးစ်တောင်တန်းများဝန်းရံထားတဲ့ Lago Nahuel Huapi ရေခဲပြင်ရေကန် ၊ အရောင်အသွေးစုံလင်တဲ့ ကျေးရွာများရှိရာ EL CHALTÉN ၊ အာဂျင်တီးနားရဲ့ အကောင်းဆုံး ဝိုင်စိုက်ခင်းများရှိရာ မန်ဒိုဇာမြို့ ၊ ၁၇ရာစု ဗိသုကာလက်ရာအများအပြားကို မြင်တွေ့နိုင်တဲ့ ဒုတိယအကြီးမြို့ ကော်ဒိုဘာ စတာတွေပဲဖြစ်ပါတယ်။
————— ————-
(Zawgyi)
အာဂ်င္တီးနားႏိုင္ငံအေၾကာင္း သိေကာင္းစရာ
အာဂ်င္တီးနားႏိုင္ငံဟာ ေတာင္အေမရိကတိုက္မွာ ဒုတိယအႀကီးဆုံးႏိုင္ငံျဖစ္ၿပီး တရားဝင္အမည္ကေတာ့ အာဂ်င္တီးနားသမၼတႏိုင္ငံ ျဖစ္ပါတယ္။ ေတာင္အေမရိကတိုက္ရဲ႕ ေတာင္ဘက္အစြန္းဆုံးပိုင္းမွာ တည္ရွိၿပီး အေနာက္ဘက္မွာ အင္ဒီးေတာင္တန္း ၊ အေရွ႕ဘက္မွာ အတၱလႏၲိတ္ သမုဒၵရာ တို႔တည္ရွိပါတယ္။ ပါရာေဂြး ၊ ဘရာဇီး ၊ ဘိုလီးဗီးယား ၊ ဥ႐ုေဂြး ၊ ခ်ီလီ စတဲ့ႏိုင္ငံမ်ားနဲ႔ နယ္နိမိတ္ခ်င္း ထိစပ္ေနပါတယ္။
ေတာင္အေမရိကတိုက္မွာ ဘရာဇီးၿပီးရင္ ဒုတိယအႀကီးဆုံးျဖစ္တဲ့ အာဂ်င္တီးနားႏိုင္ငံဟာ စတုရန္းမိုင္ေပါင္း ၁.၀၇၄သန္း က်ယ္ဝန္းပါတယ္။ ကမာၻေပၚမွာဆိုရင္ေတာ့ ၈ခုေျမာက္ အႀကီးဆုံးႏိုင္ငံ ျဖစ္ပါတယ္။ အေရွ႕ဘက္တြင္ ဘရာဇီးႏွင့္ အာဂ်င္တီးနားႏိုင္ငံတို႔ကို အန္းဒီးေတာင္တန္း၏ ေတာင္စဥ္မ်ားက ပိုင္းျခားထားပါတယ္။
အာဂ်င္တီးနားႏိုင္ငံကို ပထဝီဝင္သေဘာအရ ေယဘုယ်အားျဖင့္ ေလးပိုင္း ပိုင္းျခားထားပါတယ္။ ေျမာက္ဘက္ပိုင္းနယ္မ်ား ၊ အေရွ႕အလယ္ပိုင္းလြင္ျပင္ ၊ အေနာက္ဘက္ အန္းဒီး ေတာင္တန္းေဒသ ႏွင့္ ေတာင္ဘက္ပိုင္း ပက္တဂိုးနီးယားနယ္ ဆိုၿပီးေတာ့ျဖစ္ပါတယ္။ တစ္နယ္ ႏွင့္ တစ္နယ္မတူညီပဲ ေသြ႕ေျခာက္ေသာရာသီဥတု ၊ ေအး၍ေျခာက္ေသြ႕ေသာရာသီဥတု ၊ ေအး၍ စြတ္စိုေသာရာသီဥတုမ်ား ရွိၾကပါတယ္။
အာဂ်င္တီးနားႏိုင္ငံတြင္ ျမစ္စဥ္စု ငါးခုရွိၿပီး ယင္းတို႔သည္ ေတာင္ဘက္သို႔၎၊ အေရွ႕ဘက္သို႔၎၊ အတၱလႏၲိတ္ သမုဒၵရာအတြင္း စီးဝင္ၾကပါတယ္။ အရွည္ဆုံးျမစ္မွာ ပါရာနာျမစ္ျဖစ္ၿပီး မိုင္ေပါင္း ၃၀၃၀ခန႔္ရွည္လ်ားကာ အာဂ်င္နီးနားရဲ႕ အဓိကျမစ္လည္း ျဖစ္ပါတယ္။ အာဂ်င္တီးနားရဲ႕ အျမင့္ဆုံးေနရာကေတာ့ မန္ဒိုဇာျပည္နယ္မွာရွိတဲ့ အာဂြန္ကာဂြာ Aconcagua ေတာင္ထိပ္ျဖစ္ၿပီး အျမင့္ေပ ၂၂၈၃၇ေပ ရွိကာ ၎ေတာင္ဟာ ေတာင္အေမရိကတိုက္ရဲ႕ အျမင့္ဆုံးေတာင္လည္း ျဖစ္ပါတယ္။
အာဂ်င္နီးနားမွာ လူေတြအေစာဆုံး အေျခခ်တဲ့ေနရာကေတာ့ ေတာင္ဘက္အစြန္းဆုံးမွာရွိတဲ့ ပါတာဂိုးနီးယားေဒသျဖစ္ၿပီး လြန္ခဲ့တဲ့ႏွစ္ေပါင္း ၁၃၀၀၀ ခန႔္ကတည္း အေျခခ်ခဲ့တာ ျဖစ္ပါတယ္။ အဲဒီတုန္းကေနထိုင္ခဲ့တဲ့ လူမ်ိဳးစုေတြကေတာ့ Onas ၊Yámana နဲ႔ Tehuelche လူမ်ိဳးစုေတြျဖစ္ပါတယ္။ ၁၅ရာစုမွာေတာ့ အင္ကာအင္ပါယာရဲ႕ နယ္ခ်ဲ႕သိမ္းပိုက္ျခင္းကို မူရင္းေဒသခံလူမ်ိဳးေတြ ခံခဲ့ရတာ အဲဒီေဒသကို စပိန္ေတြနယ္ခ်ဲ႕လာတဲ့အခ်ိန္အထိ ရာစုႏွစ္တစ္ဝက္ၾကာပါတယ္။
ေတာင္အေမရိကကို အေစာဆုံးေရာက္လာ တဲ့ အေနာက္တိုင္းသားကေတာ့ အီတလီလူမ်ိဳး နယ္ေျမသစ္ရွာေဖြသူ Amerigo Vespucci ျဖစ္ၿပီး ၁၅၀၂ခုႏွစ္မွာ ေရာက္ရွိခဲ့တာ ျဖစ္ပါတယ္။ ယခုအာဂ်င္တီးနားရွိတဲ့ေနရာကိုေတာ့ ၁၅၁၆ခုႏွစ္မွာ အေစာဆုံးေရာက္ရွိလာတဲ့ ဥေရာပသားကေတာ့ စပိန္လူမ်ိဳး နယ္ေျမသစ္ရွာေဖြသူ Juan Diaz de Solis ပဲျဖစ္ပါတယ္။ သူကေတာ့ ေရာက္ရွိၿပီး မၾကာမီမွာပဲ မူရင္းေဒသခံလူမ်ိဳးေတြရဲ႕သတ္ျဖတ္ျခင္းကို ခံခဲ့ရပါတယ္။ ၁၅၃၆ခုႏွစ္တြင္ စပိန္နယ္ခ်ဲ႕ေခါင္းေဆာင္ Pedro de Mendoza ေျခကုပ္ရယူခဲ့ၿပီး လက္ရွိၿမိဳ႕ေတာ္ ဗ်ဴႏိုေအရိကို စတင္တည္ေထာင္ခဲ့ပါတယ္။ ဒါေပမယ့္ မၾကာခင္မွာပဲ အဲဒီေနရာဟာ မူရင္းေဒသခံလူမ်ိဳးေတြရဲ႕ ဖ်က္စီးျခင္းကို ခံခဲ့ရပါတယ္။
၁၅၇၃ ခုႏွစ္မွာေတာ့ အာဂ်င္တီးနားေဒသဟာ စပိန္ရဲ႕ ကိုလိုနီတစိတ္တပိုင္းျဖစ္လာခဲ့ၿပီး ၁၇၇၆ခုႏွစ္မွာေတာ့ နယ္ေျမတစ္ခုလုံး စပိန္ေတြလက္ေအာက္ကို ေရာက္ရွိခဲ့ပါတယ္။ ဘိုလီးဗီးယား နဲ႔ ပီ႐ူးတို႔မွ ေ႐ႊ ၊ ေငြ အေျမာက္အမ်ားထုတ္ယူရရွိၿပီးတဲ့ေနာက္ အဲဒီႏွစ္မွာပဲ ဗ်ဴႏိုေအရိကို အာဂ်င္တီးနားရဲ႕ၿမိဳ႕ေတာ္အျဖစ္ သတ္မွတ္ခဲ့ပါတယ္။ ၿဗိတိသွ်ေတြဟာ ဗ်ဴႏိုေအရိကို စပိန္ေတြလက္ထဲကေန လုယူဖို႔ႀကိဳးစားခဲ့ေပမယ့္ စပိန္အေစာင့္တပ္ေတြရဲ႕ခုခံမႈကို မေက်ာ္ႏိုင္ခဲ့ပါဘူး။
၁၈၁၀ ခုႏွစ္ေမလ မွာေတာ့ အာဂ်င္တီးနားကို လြတ္လပ္ေရးရဖို႔ စတင္ေစမယ့္ ေတာ္လွန္ေရးေတြေပၚေပါက္လာခဲ့ပါတယ္။ Jose de San Martin က အာဂ်င္တီးနားစစ္တပ္ကို ေခါင္းေဆာင္ၿပီး ေတာ္လွန္မႈကိုဦးေဆာင္ခဲ့ပါတယ္။ ၁၈၁၆ ခုႏွစ္မွာေတာ့ ဇူလိုင္လ ၉ရက္ေန႔မွာေတာ့ အာဂ်င္တီးနားဟာ လြတ္လပ္ေရးကို ရရွိခဲ့ၿပီးေနာက္ ၁၈၅၃ခုႏွစ္မွာေတာ့ လြတ္လပ္တဲ့ အာဂ်င္တီးနားႏိုင္ငံကို စတင္ျဖစ္ေပၚလာခဲ့ပါတယ္။
အာဂ်င္တီးနားရဲ႕ ပထမဆုံးသမၼတကေတာ့ Bernardino Rivadavia ျဖစ္ၿပီး လက္ရွိသမၼတကေတာ့ Mauricio Macri ျဖစ္ပါတယ္။ အာဂ်င္တီးနားႏိုင္ငံရဲ႕ အုပ္ခ်ဳပ္ေရးစနစ္ကေတာ့ အားေကာင္းေသာ ဗဟိုအစိုးရကို အမွီျပဳ၍ ျပည္နယ္မ်ားကို ျပည္နယ္တြင္း ကိစၥအရပ္ရပ္အတြက္ စီမံခန႔္ခြဲမႈအာဏာအပ္ႏွင္းထားေသာ ျပည္ေထာင္စုစနစ္ျဖစ္တဲ့ ဖက္ဒရယ္စနစ္ ျဖစ္ပါတယ္။ ၁၉၃၉ ခုႏွစ္မွ ၁၉၄၅ ခုႏွစ္အထိ ျဖစ္ပြားခဲ့ေသာ ဒုတိယကမာၻစစ္ႀကီးအတြင္းက အာဂ်င္တီးနားႏိုင္ငံသည္ ဦးစြာ၌ ၾကားေနႏိုင္ငံအျဖစ္ ရပ္တည္ခဲ့ေသးေသာ္လည္း ၁၉၄၅ ခုႏွစ္ မတ္လ ၂၇ ရက္ေန႔တြင္မူ ဂ်ာမနီႏွင့္ ဂ်ပန္ႏိုင္ငံတို႔ကို စစ္ေၾကညာခဲ့ပါတယ္။
အာဂ်င္တီးနား ဆိုတဲ့အမည္ကို ၁၅၃၆ ခုႏွစ္က Venice(အီတလီအေရွ႕ေျမာက္ပိုင္းျပည္နယ္) ရဲ႕ ေျမပုံမွာ ပထမဆုံး စတင္ေတြ႕ရွိရတာျဖစ္ပါတယ္။ အာဂ်င္တီနား ဆိုတဲ့စကားလုံးရဲ႕ အီတလီလို “ေငြေရာင္ေျမ”၊ “ေငြေရာင္အငူ” လို႔ အဓိပၸါယ္ရပါတယ္။ ၁၇ရာစုအေစာပိုင္း စပိန္ကဗ်ာတစ္ပုဒ္မွာေတာ့ La Argentina လို႔ေရးသားထားၿပီး ၁၈ ရာစုကစလို႔ Argentina ဆိုတဲ့အမည္ကို ယေန႔ထိတိုင္ သုံးစြဲခဲ့ၾကပါတယ္။
၂၀၁၆ခုႏွစ္စာရင္းအရ အာဂ်င္တီးနားရဲ႕ လူဦးေရဟာ ၄၃.၈၅သန္းျဖစ္ပါတယ္။ ေနထိုင္တဲ့လူမ်ိဳးေတြထဲမွာ Mestizo(ဥေရာပ+အေမရိက) လူမ်ိဳးက အမ်ားဆုံးျဖစ္ၿပီး ၉၇% နီးပါးက အဲဒီလူမ်ိဳးေတြျဖစ္ပါတယ္။ လူမ်ိဳးေပါင္း ၃၅မ်ိဳးခန႔္ရွိတဲ့ အာဂ်င္တီးနားမူရင္းေဒသခံလူမ်ိဳးကေတာ့ ၂.၄% ျဖစ္ပါတယ္။ အာရွသား ဝ.၅% နဲ႔ အာဖရိကလူမ်ိဳး ဝ.၄% လည္း အာဂ်င္တီးနားမွာ ေနထိုင္ၾကပါေသးတယ္။ ဘာသာေရးအေနနဲ႔ကေတာ့ ႐ိုမန္ကတ္သလစ္ ဘာသာဝင္က အမ်ားဆုံးျဖစ္ၿပီး စုစုေပါင္း လူဦးေရရဲ႕ ၉၂% ရွိပါတယ္။ ပ႐ိုတက္စတင့္က ၂% ၊ ဂ်ဴးဘာသာ ၂% ၊ ဘာသာမဲ့ ၂% နဲ႔ အျခားဘာသာမ်ားစုစုေပါင္း ၂% ကိုးကြယ္ၾကပါတယ္။ ႐ုံးသုံးဘာသာစကား ကေတာ စပိန္ဘာသာစကားျဖစ္ၿပီး ပီဆို peso ေငြေၾကးစနစ္ကို သုံးစြဲပါတယ္။
လူ႔စြမ္းအား အရင္းအျမစ္ဖြံ႕ၿဖိဳးမႈအျမင့္ဆုံးစာရင္းမွာေတာ့ လက္တင္အေမရိကမွာ အာဂ်င္တီးနားႏိုင္ငံဟာ ဒုတိယေနရာက ရပ္တည္ေနပါတယ္။ စီးပြားေရးဖြံ႕ၿဖိဳးမႈ ၊ ႏိုင္ငံေရးတည္ၿငိမ္မႈ နဲ႔ နည္းပညာတိုးတက္မႈမ်ားေၾကာင့္ ဝင္ေငြမ်ားတဲ့ ႏိုင္ငံတစ္ႏိုင္ငံလည္းျဖစ္ပါတယ္။ အစားအစာ ၊ အေဖ်ာ္ယမကာ ၊ အီလက္ထေရာနစ္ပစၥည္းမ်ား ၊ အင္ဂ်င္ႏွင့္ စက္အပိုပစၥည္းမ်ား ၊ ေဆးဝါးဆိုင္ရာ ၊ ေဆး႐ြက္ႀကီး ၊ စတီး ႏွင့္ အလူမီနီယံ ၊ မွန္ ၊ ဘိလပ္ေျမ ၊ သားေရ ၊ ပရိေဘာဂ စတဲ့လုပ္ငန္းေတြဟာ အာဂ်င္တီးနားရဲ႕ အဓိကစီးပြားေရးလုပ္ငန္းေတြျဖစ္ပါတယ္။ ၂၀၁၇ခုႏွစ္ ကမာၻ႔ဘဏ္စာရင္းအရ အာဂ်င္တီးနား ႏိုင္ငံသား တစ္ဦးခ်င္းစီရဲ႕ ႏွစ္စဥ္ပ်မ္းမွ်ဝင္ေငြဟာ ၂၀၇၈၇ေဒၚလာ ျဖစ္ပါတယ္။
အာဂ်င္တီးနားႏိုင္ငံကို ျပည္နယ္၂၃ ခု၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရၿမိဳ႕ေတာ္ ဗ်ဴႏိုေအးရိစ္ တို႔ျဖင့္ဖြဲ႕စည္းထားပါတယ္။ လူဦးေရ ၁သန္းအထက္ အႀကီးဆုံးၿမိဳ႕ႀကီး ၃ၿမိဳ႕ကေတာ့ ၿမိဳ႕ေတာ္ဗ်ဴႏိုေအရိ(၂.၉သန္း)၊ ေကာ္ဒိုဘာ(၁.၃သန္း) နဲ႔ ႐ိုဆာရီယို(၁.၂သန္း) တို႔ျဖစ္ပါတယ္။ အျခားထင္ရွားတဲ့ၿမိဳ႕ေတြကေတာ့ Bariloche ၊Mar del Plata၊ Mendoza နဲ႔ Ushuaia ၿမိဳ႕ေတြျဖစ္ပါတယ္။
အာဂ်င္တီးနားႏိုင္ငံရဲ႕ ပညာေရးစနစ္ကေတာ့ အခမဲ့ပညာေရးစနစ္ျဖစ္ၿပီး အသက္ ၆ႏွစ္မွ အသက္ ၁၄ႏွစ္အထိ ပညာမသင္ မေနရစနစ္ျဖစ္ပါတယ္။ အာဂ်င္တီးနားႏိုင္ငံမွာ အစိုးရတကၠသိုလ္ေပါင္း ၃၉ ခု နဲ႔ Private တကၠသိုလ္ေပါင္း ၄၂ခု ၊ ႏိုင္ငံျခားတကၠသိုလ္ ၁ခုတို႔အျပင္ အျခား ပညာေရးဆိုင္ရာ သင္တန္းေက်ာင္းေပါင္းလည္း မ်ားစြာရွိေနပါေသးတယ္။ ပညာေရးထြန္းကားတဲ့ ႏိုင္ငံျဖစ္တာနဲ႔ အညီ အာဂ်င္တီးနားရဲ႕ အ႐ြယ္ေရာက္ၿပီးသူ စာတတ္ေျမာက္မႈ % ကေတာ့ ၉၉% ျဖစ္ပါတယ္။
က်န္းမာေရးေစာင့္ေရွာက္မႈေကာင္းမြန္တဲ့ ႏိုင္ငံျဖစ္ၿပီး တစ္ႏိုင္ငံလုံးမွာ ေဆး႐ုံ ေဆးခန္းေပါင္း ၅ေထာင္ေက်ာ္ ဖြင့္လွစ္ထားရွိကာ ႏိုင္ငံသားတိုင္းနဲ႔သက္ဆိုင္တဲ့ က်န္းမာေရးေစာင့္ေရွာက္မႈစနစ္ကို က်င့္သုံးပါတယ္။ ၂၀၁၅ ခုႏွစ္မွာေတာ့ အာဂ်င္တီးနားအစိုးရဟာ ႏိုင္ငံဝင္ေငြစုစုေပါင္းရဲ႕ ၈% ကို က်န္းမာေရးေစာင့္ေရွာက္မႈက႑အတြက္ အသုံးျပဳခဲ့ပါတယ္။
အာဂ်င္တီးနားရဲ႕လက္နက္ကိုင္အဖြဲ႕ကိုေတာ့ ႏိုင္ငံေတာ္ကာကြယ္ေရးတပ္ဖြဲ႕ နဲ႔ ျပည္တြင္းလုံၿခဳံေရးတပ္ဖြဲ႕ဆိုၿပီး ခြဲျခားထားၿပီး သမၼတက စစ္ဦးစီးခ်ဳပ္လည္းျဖစ္ပါတယ္။ အာဂ်င္တီးနားစစ္တပ္ကို ၁၈၁၀ခုႏွစ္ကတည္းက စတင္ဖြဲ႕စည္းလာခဲ့တာျဖစ္ၿပီး လက္ရွိစစ္တပ္မွာေတာ့ စစ္သားဦးေရ ၅၁၃၀၀ ခန႔္ရွိေနပါတယ္။ စစ္ေလယာဥ္ေပါင္း ၂၆၉စီး ၊တင့္ကားေပါင္း ၃၇၄စီး ၊ ေရတပ္သေဘၤာ ၄၂စီး နဲ႔ ေရငုပ္သေဘၤာ ၂စီးပိုင္ဆိုင္ထားတဲ့ အာဂ်င္တီးနားစစ္တပ္ဟာ ကမာၻမွာေတာ့ အဆင့္ ၃၈ ျဖစ္ပါတယ္။
ေဘာလုံးအားကစားနည္းဟာ အာဂ်င္တီးနားရဲ႕ လူႀကိဳက္အမ်ားဆုံး အားကစားနည္းျဖစ္ပါတယ္။ ကေလးငယ္အားလုံးနီးပါးဟာ အားလပ္တာနဲ႔ ေဘာလုံးကစားေလ့ရွိၾကပါတယ္။ ႏိုင္ငံအႏွံ႔အျပားမွာလည္း indoor,outdoor ေဘာလုံးကြင္းေပါင္းမ်ားစြာကို ထားရွိေပးထားပါတယ္။ အာဂ်င္တီးနား အမ်ိဳးသားေဘာလုံးအသင္းဟာ ကမာၻ႔ဖလား ၂ခါ ၊ အိုလံပစ္ဖလား ၂ခါ ၊ ကိုပါအေမရိကဖလား ၁၄ခါ ရရွိထားတဲ့အသင္းျဖစ္ပါတယ္။ အေက်ာ္ၾကားဆုံး အာဂ်င္တီးနားေဘာလုံးသမားေတြကေတာ့ မာရာဒိုနာ ၊ ဒီစတီဖန္ႏို ၊ ဘာစၥတူတာ ၊ ဟာန္ခရက္စပို ၊ ဇနက္တီ ၊ တိဗက္ ၊ မက္ဆီ၊ အဂူ႐ို စတာေတြျဖစ္ၿပီး ကမာၻ႔ထိပ္တန္းေဘာလုံးသမား အမ်ားအျပားထြက္ရွိတဲ့ ႏိုင္ငံတစ္ႏိုင္ငံလည္းျဖစ္ပါတယ္။
အာဂ်င္တီးနားႏိုင္ငံရဲ႕ အထင္ရွားဆုံးေနရာေတြကေတာ့ Mar del Plata ကမ္းေျခ ၊ IGUAZU ေရတံခြန္ ၊ ၿမိဳ႕ေတာ္ ဗ်ဴႏိုေအရိ ၊ ေတာင္အေမရိကရဲ႕ေတာင္ဘက္အက်ဆုံး USHUAIA အပန္းေျဖၿမိဳ႕ ၊ ေရခဲေတာင္မ်ားရွိရာ EL CALAFATE ၿမိဳ႕ ၊ အင္ဒီးစ္ေတာင္တန္းမ်ားဝန္းရံထားတဲ့ Lago Nahuel Huapi ေရခဲျပင္ေရကန္ ၊ အေရာင္အေသြးစုံလင္တဲ့ ေက်း႐ြာမ်ားရွိရာ EL CHALTÉN ၊ အာဂ်င္တီးနားရဲ႕ အေကာင္းဆုံး ဝိုင္စိုက္ခင္းမ်ားရွိရာ မန္ဒိုဇာၿမိဳ႕ ၊ ၁၇ရာစု ဗိသုကာလက္ရာအမ်ားအျပားကို ျမင္ေတြ႕ႏိုင္တဲ့ ဒုတိယအႀကီးၿမိဳ႕ ေကာ္ဒိုဘာ စတာေတြပဲျဖစ္ပါတယ္။