လူဆိုတဲ့သဘောသဘာဝကိုက အပေါ်ကစားသမျှ သောက်သမျှကို အောက်က ပြန်စွန့်ထုတ်ရပါတယ်။ အာကာသယာဉ်မှူးများလည်း လူသားဖြစ်ပြန်တော့ အပေါ်ကစားသမျှ သောက်သမျှ အောက်ကပြန်စွန့်ရတော့တာပေါ့။
သို့ပေမယ့် ကမ္ဘာပေါ်မှာက ဆွဲအား (Gravity) ရှိတော့ သွားသမျှအောက်ကို ရောက်တာပေါ့။ ဆွဲအားမရှိတဲ့ အာကာသမှာ သွားသမျှ အပေါ်ကို တက်ပါတယ်။ အခန့်မသင့်ရင် ပါးစပ်ထဲပါ ဝင်တတ်ပါတယ်။
အဲ့ဒီတော့ အဲဒီလိုမဖြစ်ရအောင် အာကာသအိမ်သာကို အခုလို တည်ဆောက်ထားပါတယ်။ အာကာသအိမ်သာကို ဆွဲအားမရှိတဲ့အတွက် zero gravity toilet လို့လည်းခေါ်ပါတယ်။ အာကာသအိမ်သာရဲ့ အကျယ်ကတော့ ၃ပေ ပတ်လည်လောက်ကျယ်တယ်။ အမျိုးသားရော အမျိုးသမီးရော ဒီတစ်ခုကိုပဲ အသုံးပြုရတယ်။ တံခါးအနေနဲ့ လိုက်ကာတပ်ထားတယ်။
အိမ်သာတက်တော့မယ်ဆိုရင် ပထမဦးစွာ ခါးပတ်ပတ်ရပါတယ်။ လွင့်မသွားအောင်လို့ပါ။ နောက် အခင်းသွားရပါတယ်။ အခင်းကို နှစ်မျိုးခွဲထားပါတယ်။ အခင်းလေး (ခ) ရှူရှူးပေါက်တဲ့အခါ ပိုက်ကိုသုံးပါတယ်။
ပိုက်ထဲမှာ လေထည့်ထားတဲ့အတွက် အောက်ကိုအလွယ်တကူဆင်းသွားပါတယ်။ ပိုက်ကို အလွယ်တကူတပ်လို့ ဖြုတ်လို့ရအောင် ပြုလုပ်ထားပါတယ်။ အမျိုးသားသုံး အမျိုးသမီးသုံး ပိုက်ခေါင်း သပ်သပ်စီရှိပါတယ်။
အဓိကဖြေရှင်းရတာ ကတော့ အခင်းကြီး (ခ) အီအီးပါတာပါဘဲ။ မပါလို့လဲမရဘူးလေ။ ကျန်းမာရေးထိခိုက်ကုန်မှာပေါ့။ အိမ်သာအိုး အထဲမှာတော့ ကမ္ဘာမြေဆွဲအားအစား လေတိုက်အောင်လုပ်ထားတယ်။ အိမ်သာတက်ရင် လေတဖြူးဖြူးနဲ့ ဖင်တော့အေးတာပေါ့။ ဒါပေမယ့် အိမ်သာထဲကို အခင်းများ ကျသွားအောင်တိုက်ချပေးတာပါ။
အိမ်သာအိုးကို ပိုးသေအောင်ပြုလုပ်ထားပြီး အနံ့အသက်ကင်းအောင်လည်း စီမံထားပါတယ်။ နောက်တစ်ခုက အာကာသစခန်းဆိုတာ ကောင်းကင်မှာဘဲ အမြဲနေတာပါ။ အညစ်အကြေးတွေ များလာရင် အဲ့ဒီ့ အညစ်အကြေးထည့်ထားတဲ့ အိတ်ကို အပြင်ကို လွှတ်ပစ်ရပါတယ်။ လွှတ်ပစ်တဲ့အခါမှာတော့ မီးစ လေးတို့ပြီး ပစ်လွှတ်လိုက်တာပါ။ အလင်းရောင်တန်းလေး တစ်ခု ဖြစ်သွားပါတယ်။
အောက်ကနေကြည့်ရင်တော့ ကြယ်လေးတစ်လုံး ကြွေသွားတယ်ပေါ့။ ယခုနောက်ပိုင်းတော့ ကျင်ငယ်ရေမှ သောက်သုံးရေပြန်လည်ထုတ်လုပ်ပြီး အာကာသအတွင်း ရေပြတ်လပ်မှုမရှိအောင်လည်း စီမံထားကြပါပြီ။
အိမ်သာတက်တဲ့အခါမျိုးမှာ အသံတွေအလွန်ကျယ်လောင်စွာထွက်တယ်။ ဒါပေမယ့် ဒီလောက်အသံကျယ်ပေမယ့်လည်း လေထုမရှိတဲ့အတွက် အိမ်သာအပြင်ကနေ နည်းနည်းမှ မကြားရပါဘူး။
VIDEO
အာကာသ နှင့် စကြာဝဠာ မှ