Saturday, April 17, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အသက် ၉၀မှာ ကမ္ဘာ့အသက်ကြီးဆုံး ဂိမ်း Youtuber အဖြစ် ဂင်းနစ်စံချိန်တင်လိုက်တဲ့ အဘွားအို

by Thutamm
May 19, 2020
Reading Time: 2min read
0
အသက် ၉၀မှာ ကမ္ဘာ့အသက်ကြီးဆုံး ဂိမ်း Youtuber အဖြစ် ဂင်းနစ်စံချိန်တင်လိုက်တဲ့ အဘွားအို
Share on FacebookShare on Twitter

စမတ်ဖုန်းနည်းပညာအလွန်ထွန်းကားလာတဲ့ ယနေ့ခေတ်မှာ ဂိမ်းတွေကို လူငယ်တွေသာမက လူကြီးတွေထဲမှာလည်း အပြင်းပြေသဘောနဲ့ ဆော့လာကြတဲ့သူတွေလည်း ရှိလာပါပြီ။ ဒီလိုဆော့တဲ့သူတွေထဲမှာ ဂျပန်နိုင်ငံက အဖွားအိုတယောက်ကတော့ ကမ္ဘာ့အသက်အကြီးဆုံး Gaming Youtuber တယောက်အဖြစ် ဂင်းနစ် စံချိန်တင်လိုက်တာပဲ ဖြစ်ပါတယ်။

အဘွားအိုရဲ့ နာမည်ကတော့ Hamako Mori ဖြစ်ပြီး သူမကို ၁၉၃၀ ခုနှစ်က မွေးဖွားခဲ့တာဖြစ်တဲ့အတွက် အသက် ၉၀ အရွယ်ရှိနေပြီဖြစ်ပါတယ်။ Gamer Grandma ဆိုတဲ့ ကိုယ်ပိုင်ယူကျူ့ချန်နယ်တခုကို လွန်ခဲ့တဲ့ ၆နှစ်ကတည်းက ဖွင့်ကာ တောက်လျှောက်ဗီဒီယိုဂိမ်းတွေ ကစားပြခဲ့တဲ့ ဒီအဘွားအိုကို ပြီးခဲ့တဲ့ မေလ ၁၁ရက်နေ့က ကမ္ဘာ့အသက်ကြီးဆုံး ဂိမ်မာ ယူကျူယာအဖြစ် ဂင်းနစ်အဖွဲ့က အသိအမှတ်ပြုလိုက်တာပဲ ဖြစ်ပါတယ်။

တကယ်တော့ အဘွားအိုဟာ ဒီဘက်နှစ်တွေမှ ဂိမ်းစဆော့ခဲ့တာမဟုတ်ပဲ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၉နှစ်ကတည်းက စလို့ ဂိမ်းတွေကို စွဲစွဲမြဲမြဲဆော့ခဲ့တဲ့ သက်တမ်းရင့်ဂိမ်းဆော့သူ တယောက်ဖြစ်ပါတယ်။ အဲဒီတုန်းက ကလေးတွေ ဂိမ်းဆော့နေတာကိုကြည့်ရင်း စိတ်ဝင်စားလာရာကနေ ဗီဒီယိုဂိမ်းတွေကို စဆော့ခဲ့တာဖြစ်ပါတယ်။

“သူတို့ဆော့နေတာကိုကြည့်ရတာ ပျော်ဖို့ စိတ်လှုပ်ရှားဖို့ကောင်းတယ်။ ဂိမ်းဆိုတာ ကလေးတွေပဲ ဆော့ရမယ်ဆိုတာကြီးကို ကျွန်မလက်မခံဘူး။ မမျှတဘူးလို့ ထင်တယ်။ ဒါကြောင့် သူတို့ကို ပြန်သင်ခိုင်းပြီး ဆော့တတ်လာတဲ့အခါ ကိုယ့်ဟာကိုယ် ဂိမ်းဆော့နေတော့တာပါပဲ” လို့ သူမက ဆိုပါတယ်။

သူမပထမဆုံး ပိုင်ဆိုင်ခဲ့တဲ့ ဂိမ်းစက်ကတော့ ၁၉၈၁ခုနှစ်ထုတ် Cassette Vision ဆိုတဲ့စက်ပါ။ ဒီစက်ဟာ Nintendo တွေမပေါ်ခင်က လူကြိုက်အများဆုံးဂိမ်းစက်ဖြစ်ခဲ့ပြီး ROM cartridge ထည့်ဆော့ရတဲ့စက်ဖြစ်ပါတယ်။ သူမဟာ ဂိမ်းခွေတွေအများကြီး ဝယ်ယူပြီး ဂိမ်းပေါင်းစုံကို ဆော့ခဲ့ပြီး ဒီလိုဆော့ရတာဟာ သူမဘဝကို ပိုပြီး ပျော်ရွှင်လာစေခဲ့တယ်လို့ အဘွား Mori က ဆိုပါတယ်။

အခုလက်ရှိ သူမဆော့နေတဲ့ ဂိမ်းစက်ကတော့ ဆိုနီကုမ္ပဏီထုတ် PlayStaion 4 ဂိမ်းစက်ဖြစ်ပြီး ဒီစက်နဲ့ဆော့နိုင်ဖို့ အတော်ခက်ခက်ခဲခဲ သင်ယူခဲ့ရတယ်လို့ သိရပါတယ်။ လက်ရှိဆော့နေတဲ့ ဂိမ်းတွေထဲမှာ Grand Theft Auto V ကို အကြိုက်ဆုံးဖြစ်ပြီး ဒီဂိမ်းဆော့ရတာဟာ သူမအတွက် ရုပ်ရှင်ကြည့်ရသလို ခံစားရပြီး စိတ်လွတ်လက်လွတ်ရှိလှပါတယ်တဲ့။

သူမရဲ့ ယူကျူ့ချန်နယ်မှာ Resident Evil , Call of Duty စတဲ့ နာမည်ကြီးဗီဒီယိုဂီမ်းတွေကိုလည်း ဆော့ပြပါသေးတယ်။ သူမဂိမ်းဆော့တဲ့တချို့ ဗီဒီယိုတွေဆိုရင် ကြည့်ရှု့တဲ့အကြိမ်ပေါင်း ၃သန်းကျော် အထိတောင်ရှိနေပါတယ်။ လက်ရှိအချိန်မှာတော့ အဘွား Mori ရဲ့ ယူကျူ့ချန်နယ်ကို အားပေးသူပေါင်း ၂သိန်းခွဲကျော်ကို ပိုင်ဆိုင်ထားပြီး ချန်နယ်ကနေ ဝင်ငွေတွေလည်း ရရှိနေပြီ ဖြစ်ပါတယ်။ သူမဂိမ်းဆော့တဲ့ ဗီဒီယိုတွေကို ယူကျူ့မှာတင်ရခြင်းအကြောင်းကတော့ အခြားဂိမ်မာတွေနဲ့လည်း ဂိမ်းဆော့တဲ့အတွေ့အကြုံချင်း ဖလှယ်ချင်လို့ပါတဲ့။

“တချို့ကတော့ ဒါဟာ အချိန်ဖြုန်းတယ်လို့ အပြစ်တင်ကြပေမယ့် ကျွန်မအတွက်တော့ တခုတည်းသောပျော်ရွှင်မှုပါပဲ။ ကျွန်မ ဒီလောက် အသက်ရှည်ရှည်နေခဲ့ပြီးပြီ ။ ဂိမ်းတွေကို နှစ်ပေါင်းများစွာ ဆော့ခဲ့တာဟာ မှန်ကန်တဲ့ရွေးချယ်မှုလို့ ကျွန်မထင်တယ်။ အခုကျွန်မဘဝက အရမ်းပျော်ရွှင်ဖို့ကောင်းနေတယ်လေ” လို့ နှစ်ပေါင်း ၄၀ နီးပါး ဂိမ်းတွေဆော့လာခဲ့တဲ့ ဂိမ်မာကြီးက ဆိုပါတယ်။

Tags: world news

Related Posts

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ
news

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ

ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။ Liz Madaras။ ။ “ကျမတို့က Poliloop ကုမ္ပဏီကို...

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်
Amazing

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်

ကမ္ဘာပေါ်မှာ ကင်းမြီးကောက်မျိုးစိတ်ပေါင်း ၂၀၀၀ ခန့်ရှိပေမယ့် ဒီအထဲက မျိုးစိတ် ၄၀ ခန့်ကသာ အဆိပ်ပြင်းထန်ပါတယ်။ တချို့ကင်းမြီးကောက်တွေရဲ့ အဆိပ်ကတော့ လူကို အသက်အန္တရာယ် ရှိစေနိုင်တဲ့အထိပြင်းထန်ပြီး ဒီအထဲမှာ deathstalker ကင်းမြီးကောက်တွေလည်း ပါဝင်ပါတယ်။ သူတို့ရဲ့အဆိပ်ရည်က အလွန်တန်ဖိုးရှိပြီး...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!