Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အသက် ၁၃ နှစ်မှာ သုတေသနပညာရှင်တစ်ယောက်ဖြစ်လာသူ

by Thutamm
May 26, 2020
Reading Time: 1min read
0
အသက် ၁၃ နှစ်မှာ သုတေသနပညာရှင်တစ်ယောက်ဖြစ်လာသူ
Share on FacebookShare on Twitter

(Unicode)

ကမ္ဘာပေါ်တွင် ကလေးဘ၀ အရွယ်ကတည်းက အရွယ်ရောက်ပြီးလူကြီးများနှင့် တန်းတူ ဉာဏ်ရည်ရှိကာ လုပ်ကိုင်နိုင်သော သူ အနည်းငယ်သာ ရှိသည်။ သူတို့ကို ကလေးပါရမီရှင်များဟုခေါ်လေ့ရှိသည်။ ထိုအထဲတွင် အမေရိကန် အိုဟိုင်းယိုးပြည်နယ်မှ Daniel Liu ဆိုသည့် ကောင်လေးကိုလည်း ထည့်သွင်းရမည် ဖြစ်သည်။

သူအကြောင်းကို လူတွေစ၍ သိရှိကြသည်မှာ လွန်ခဲ့သော ၂နှစ်ကျော်က သူ့ပုံကို အွန်လိုင်းပေါ်တွင် တင်ခဲ့သော သူငယ်ချင်း တစ်ယောက်ကြောင့် ဖြစ်သည်။ အသက် ၁၉ နှစ် အရွယ်ရှိပြီဖြစ်သည့် အတန်းဖော် Cigdem Kahyaoglu က “ဒီကလေးက ငါ့ရဲ့ ဓာတုဗေဒ အတန်းဖော်ပေါ့။ သိချင်ရင် သူ့ကို အီးမေးပို့ပြီး လှမ်းမေးလို့ရတယ်” ဟု ဆိုရှယ်နက်ဝက်တစ်ခုဖြစ်သည့် တွစ်တာတွင် တင်လိုက်ရာမှ လူအများ၏ အံသြခြင်းကို ခံခဲ့ရသည်။

ဤကဲ့သို့ဖြစ်ရခြင်းမှာ တက္ကသိုလ်ကို ပုံမှန်အားဖြင့် အသက်အငယ်ဆုံး အရွယ်အဖြစ် ၁၆ နှစ် ၁၇ နှစ်မှ စတင်တက်ရသော်လည်း Daniel Liu  က မူ အသက် ၁၁ နှစ်အရွယ်ကတည်းက ဝင်ခွင့်ရခဲ့ခြင်း ဖြစ်သည်။ ကလေးအရွယ်သာရှိသော်လည်း အရွယ်ရောက်ပြီးသူများထက် သာလွန်သော ဉာဏ်ရည်ဉာဏ်သွေး ရှိသောကြောင့် ဖြစ်သည်။

ထို မတိုင်ခင်ကတည်းက သူ့အကြောင်းသည် အမေရိကန်တွင် ရေပန်းစားခဲ့သည်။  နာမည်ကျော် သိပ္ပံအစီအစဉ်တစ်ခုဖြစ်သည့် The Sciecne Guy တင်ဆက်သူ Bill Nye နှင့် တွေ့ဆုံမေးမြန်းဖူးသလို အမေရိကန်သမ္မတဟောင်း အိုဘားမား၏ အိမ်ဖြူတော်တွင် ခေါ်ယူတွေ့ဆုံခြင်းခံရပြီး ပညာသင်ဆု ဒေါ်လာ ၁သောင်းကို ပေးအပ်ခြင်းကို ခံခဲ့ရဖူးသူလည်း ဖြစ်သည်။

တက္ကသိုလ်ဝင်ခွင့်ရရှိပြီးနောက် Liu သည် အမေရိကန် အိုဟိုင်းယိုးပြည်နယ်ရှိ Toledo တက္ကသိုလ် တွင်တက်ရောက်ခဲ့သည်။ သူဝါသနာပါသည့် ဘာသာရပ်ဖြစ်သည့် Organic Chemistry ဘာသာရပ်ကို အထူးပြု၍ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ ဓာတုဗေဒ ဘာသာရပ်ဖြစ်ရာ ဓာတ်ခွဲခန်းဝင်ဖို့အတွက်တော့ သူ့အတွက် အခက်အခဲဖြစ်ခဲ့ရသည်။ တက္ကသိုလ်များတွင် ဓာတ်ခွဲခန်းအတွင်းသို့ အသက် ၁၂နှစ်အောက် အရွယ် ကလေးငယ်များကို ဝင်ခွင့်မပြုရန် ပိတ်ပင်ထားသောကြောင့် ဖြစ်သည်။ သို့သော်လည်း Liu ၏ ကျွမ်းကျင်မှု နှင့် ဉာဏ်ရည်ကို ယုံကြည်သော ကျောင်းတာဝန်ရှိသူများက ချွင်းချက်အနေနှင့် ခွင့်ပြုပေးခဲ့သည်။

အချို့ကမှု အရွယ်မရောက်သေးသော ကလေးငယ်သည် အရွယ်နှင့် မမျှ၍ နားလည်ရန်ခက်ခဲသော သိပ္ပံဘာသာရပ်များကို လိုက်ပါသင်ယူနိုင်ပါ့မလားဟု စိုးရိမ်ခဲ့ကြသည်။ စာမေးပွဲများ ဖြေသောအခါ ထိုးစိုးရိမ်မှုများ ပျောက်သွားတော့သည်။ တတန်းတည်း အတူတက်သော အခြား အရွယ်ရောက်ပြီး ကျောင်းသားအများစုက အမှတ် ၅၀ ရလျှင် အောင်မြင်သည့် ဘာသာသာရပ်ဆိုင်ရာ စာမေးပွဲကို ကျခဲ့ကြသော်လည်း Liu က မူအောင်မှတ်ကိုကျော်၍ ၉၉မှတ် အထိပင် ရရှိခဲ့သည်။

လက်ရှိအချိန်တွင် အသက် ၁၃နှစ် ရှိသွားပြီဖြစ်သည့် Liu သည် ဓာတ်ခွဲခန်း သုတေသနာ ပညာရှင်တစ်ယောက် အဖြစ် လုပ်ကိုင်လျှက်ရှိသည်။ သူနှင့် အတူ အခြားပညာရှင် နှစ်ယောက်ပူးပေါင်း၍ ဆေးဝါးထုတ်လုပ်မှု အဆင့်မြှင့်ရေးစာတမ်းတစ်ခုတင်ခဲ့သေးသည်။ ထိုစာတမ်းတွင် ဆေးဝါးများကို မြန်မြန်ဆန်ဆန် ၊ ကုန်ကျစရိတ်သက်သာပြီး ၊ eco-friendly နည်းများဖြင့် ထုတ်လုပ်ရန်နည်းလမ်းများကို အကြံပြုထားသည်။

Liu နှင့်တွဲဖက်လုပ်ကိုင်သူ ပညာရှင်တစ်ယောက်ဖြစ်သည့်  Dr. Mohit Kapoor က “အလုပ်လုပ်နေရင် သူ့ကို ကလေးတစ်ယောက်ဆိုတာ မေ့မေ့သွားတယ်။ သူက အခြားကျွမ်းကျင် ပညာရှင်တစ်ယောက်လိုပဲ လုပ်နိုင်တယ်လေ။ ဓာတ်ခွဲခန်းထဲက ကိစ္စတော်တော်များများကိုလည်း နားလည်ထားတဲ့သူပါ။ သူနဲ့ အလုပ်အတူတွဲလုပ်ရတာ အံသြဝမ်းသာဖို့ ကောင်းပါတယ်” ဟု ဆိုသည်။ Daniel Liu က မူ လက်ရှိတာဝန်များပြီးဆုံးလျှင် ဟားဗတ် နှင့် မန်ဆာချူးဆက် နည်းပညာတက္ကသိုလ်များကို ဆက်လက်တက်ရောက်ကာ သူ၏ ပညာရေးကို မြှင်တင်ဖို့ ရည်ရွယ်ထားသည်။

(Zawgyi)

အသက္ ၁၃ ႏွစ္မွာ သုေတသနပညာရွင္တစ္ေယာက္ျဖစ္လာသူ

ကမာၻေပၚတြင္ ကေလးဘ၀ အရြယ္ကတည္းက အရြယ္ေရာက္ၿပီးလူႀကီးမ်ားႏွင့္ တန္းတူ ဥာဏ္ရည္ရွိကာ လုပ္ကုိင္ႏုိင္ေသာ သူ အနည္းငယ္သာ ရွိသည္။ သူတုိ႔ကုိ ကေလးပါရမီရွင္မ်ားဟုေခၚေလ့ရွိသည္။ ထုိအထဲတြင္ အေမရိကန္ အုိဟုိင္းယုိးျပည္နယ္မွ Daniel Liu ဆုိသည့္ ေကာင္ေလးကုိလည္း ထည့္သြင္းရမည္ ျဖစ္သည္။

သူအေၾကာင္းကို လူေတြစ၍ သိရွိၾကသည္မွာ လြန္ခဲ့ေသာ ၂ႏွစ္ေက်ာ္က သူ႔ပုံကို အြန္လုိင္းေပၚတြင္ တင္ခဲ့ေသာ သူငယ္ခ်င္း တစ္ေယာက္ေၾကာင့္ ျဖစ္သည္။ အသက္ ၁၉ ႏွစ္ အရြယ္ရွိၿပီျဖစ္သည့္ အတန္းေဖာ္ Cigdem Kahyaoglu က “ဒီကေလးက ငါ့ရဲ႕ ဓာတုေဗဒ အတန္းေဖာ္ေပါ့။ သိခ်င္ရင္ သူ႔ကုိ အီးေမးပို႔ၿပီး လွမ္းေမးလုိ႔ရတယ္” ဟု ဆုိရွယ္နက္၀က္တစ္ခုျဖစ္သည့္ တြစ္တာတြင္ တင္လုိက္ရာမွ လူအမ်ား၏ အံၾသျခင္းကို ခံခဲ့ရသည္။

ဤကဲ့သုိ႔ျဖစ္ရျခင္းမွာ တကၠသုိလ္ကို ပုံမွန္အားျဖင့္ အသက္အငယ္ဆုံး အရြယ္အျဖစ္ ၁၆ ႏွစ္ ၁၇ ႏွစ္မွ စတင္တက္ရေသာ္လည္း Daniel Liu  က မူ အသက္ ၁၁ ႏွစ္အရြယ္ကတည္းက ၀င္ခြင့္ရခဲ့ျခင္း ျဖစ္သည္။ ကေလးအရြယ္သာရွိေသာ္လည္း အရြယ္ေရာက္ၿပီးသူမ်ားထက္ သာလြန္ေသာ ဥာဏ္ရည္ဥာဏ္ေသြး ရွိေသာေၾကာင့္ ျဖစ္သည္။

ထုိ မတုိင္ခင္ကတည္းက သူ႔အေၾကာင္းသည္ အေမရိကန္တြင္ ေရပန္းစားခဲ့သည္။  နာမည္ေက်ာ္ သိပၸံအစီအစဥ္တစ္ခုျဖစ္သည့္ The Sciecne Guy တင္ဆက္သူ Bill Nye ႏွင့္ ေတြ႔ဆုံေမးျမန္းဖူးသလုိ အေမရိကန္သမၼတေဟာင္း အုိဘားမား၏ အိမ္ျဖဴေတာ္တြင္ ေခၚယူေတြ႔ဆုံျခင္းခံရၿပီး ပညာသင္ဆု ေဒၚလာ ၁ေသာင္းကို ေပးအပ္ျခင္းကို ခံခဲ့ရဖူးသူလည္း ျဖစ္သည္။

တကၠသုိလ္၀င္ခြင့္ရရွိၿပီးေနာက္ Liu သည္ အေမရိကန္ အုိဟုိင္းယုိးျပည္နယ္ရွိ Toledo တကၠသုိလ္ တြင္တက္ေရာက္ခဲ့သည္။ သူ၀ါသနာပါသည့္ ဘာသာရပ္ျဖစ္သည့္ Organic Chemistry ဘာသာရပ္ကုိ အထူးျပဳ၍ တက္ေရာက္ခဲ့ျခင္း ျဖစ္သည္။ ဓာတုေဗဒ ဘာသာရပ္ျဖစ္ရာ ဓာတ္ခြဲခန္း၀င္ဖုိ႔အတြက္ေတာ့ သူ႔အတြက္ အခက္အခဲျဖစ္ခဲ့ရသည္။ တကၠသုိလ္မ်ားတြင္ ဓာတ္ခြဲခန္းအတြင္းသုိ႔ အသက္ ၁၂ႏွစ္ေအာက္ အရြယ္ ကေလးငယ္မ်ားကို ၀င္ခြင့္မျပဳရန္ ပိတ္ပင္ထားေသာေၾကာင့္ ျဖစ္သည္။ သုိ႔ေသာ္လည္း Liu ၏ ကြ်မ္းက်င္မႈ ႏွင့္ ဥာဏ္ရည္ကုိ ယုံၾကည္ေသာ ေက်ာင္းတာ၀န္ရွိသူမ်ားက ခြ်င္းခ်က္အေနႏွင့္ ခြင့္ျပဳေပးခဲ့သည္။

အခ်ဳိ႕ကမႈ အရြယ္မေရာက္ေသးေသာ ကေလးငယ္သည္ အရြယ္ႏွင့္ မမွ်၍ နားလည္ရန္ခက္ခဲေသာ သိပၸံဘာသာရပ္မ်ားကို လုိက္ပါသင္ယူႏုိင္ပါ့မလားဟု စုိးရိမ္ခဲ့ၾကသည္။ စာေမးပြဲမ်ား ေျဖေသာအခါ ထုိးစုိးရိမ္မႈမ်ား ေပ်ာက္သြားေတာ့သည္။ တတန္းတည္း အတူတက္ေသာ အျခား အရြယ္ေရာက္ၿပီး ေက်ာင္းသားအမ်ားစုက အမွတ္ ၅၀ ရလွ်င္ ေအာင္ျမင္သည့္ ဘာသာသာရပ္ဆုိင္ရာ စာေမးပြဲကို က်ခဲ့ၾကေသာ္လည္း Liu က မူေအာင္မွတ္ကိုေက်ာ္၍ ၉၉မွတ္ အထိပင္ ရရွိခဲ့သည္။

လက္ရွိအခ်ိန္တြင္ အသက္ ၁၃ႏွစ္ ရွိသြားၿပီျဖစ္သည့္ Liu သည္ ဓာတ္ခြဲခန္း သုေတသနာ ပညာရွင္တစ္ေယာက္ အျဖစ္ လုပ္ကုိင္လွ်က္ရွိသည္။ သူႏွင့္ အတူ အျခားပညာရွင္ ႏွစ္ေယာက္ပူးေပါင္း၍ ေဆး၀ါးထုတ္လုပ္မႈ အဆင့္ျမွင့္ေရးစာတမ္းတစ္ခုတင္ခဲ့ေသးသည္။ ထုိစာတမ္းတြင္ ေဆး၀ါးမ်ားကို ျမန္ျမန္ဆန္ဆန္ ၊ ကုန္က်စရိတ္သက္သာၿပီး ၊ eco-friendly နည္းမ်ားျဖင့္ ထုတ္လုပ္ရန္နည္းလမ္းမ်ားကို အႀကံျပဳထားသည္။

Liu ႏွင့္တြဲဖက္လုပ္ကုိင္သူ ပညာရွင္တစ္ေယာက္ျဖစ္သည့္  Dr. Mohit Kapoor က “အလုပ္လုပ္ေနရင္ သူ႔ကို ကေလးတစ္ေယာက္ဆုိတာ ေမ့ေမ့သြားတယ္။ သူက အျခားကြ်မ္းက်င္ ပညာရွင္တစ္ေယာက္လုိပဲ လုပ္ႏုိင္တယ္ေလ။ ဓာတ္ခြဲခန္းထဲက ကိစၥေတာ္ေတာ္မ်ားမ်ားကိုလည္း နားလည္ထားတဲ့သူပါ။ သူနဲ႔ အလုပ္အတူတြဲလုပ္ရတာ အံၾသ၀မ္းသာဖုိ႔ ေကာင္းပါတယ္” ဟု ဆုိသည္။ Daniel Liu က မူ လက္ရွိတာ၀န္မ်ားၿပီးဆုံးလွ်င္ ဟားဗတ္ ႏွင့္ မန္ဆာခ်ဴးဆက္ နည္းပညာတကၠသုိလ္မ်ားကို ဆက္လက္တက္ေရာက္ကာ သူ၏ ပညာေရးကုိ ျမွင္တင္ဖုိ႔ ရည္ရြယ္ထားသည္။

 

Tags: amazingworld people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်
Amazing

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်

ကမ္ဘာပေါ်မှာ ကင်းမြီးကောက်မျိုးစိတ်ပေါင်း ၂၀၀၀ ခန့်ရှိပေမယ့် ဒီအထဲက မျိုးစိတ် ၄၀ ခန့်ကသာ အဆိပ်ပြင်းထန်ပါတယ်။ တချို့ကင်းမြီးကောက်တွေရဲ့ အဆိပ်ကတော့ လူကို အသက်အန္တရာယ် ရှိစေနိုင်တဲ့အထိပြင်းထန်ပြီး ဒီအထဲမှာ deathstalker ကင်းမြီးကောက်တွေလည်း ပါဝင်ပါတယ်။ သူတို့ရဲ့အဆိပ်ရည်က အလွန်တန်ဖိုးရှိပြီး...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!