ဝေလငါး အမျိုးအစားပုံရိပ်တွေတင်တော့ မိတ်ဆွေတယောက်က ဝေလငါးအလေးချိန်ကို ဘယ်လိုတိုင်းတာလဲ။ ချိန်ခွင်နဲ့လား ဆိုပြီး မေးထားတာတွေ့ပါတယ်။ ပုံမှန်ငါးတကောင်ရဲ့အလေးချိန်ကိုတော့ ချိန်ခွင်နဲ့ ချိန်ပြီး အလွယ်တကူ တိုင်းတာနိုင်ပါတယ်။ သေဆုံးနေတဲ့ ဝေလငါးတွေကိုလည်း ကရိန်းနဲ့ မပြီး ကြီးမားတဲ့ချိန်တွယ်စက်တွေကနေ တဆင့် အလေးချိန်သိနိုင်ပါတယ်။ ဒါမှမဟုတ် ထရပ်ကားပေါ်တင်၊ ထရပ်ကားရဲ့ အလေးချိန်ကို အရင်တိုင်း ၊ ပြီးတော့မှ ဝေလငါးတင်ထားတဲ့ ထရပ်ကားရဲ့အလေးချိန်ကိုတိုင်း ၊ စုစုပေါင်းထဲက ထရပ်ကား အလေးချိန်ကိုနှုတ်လိုက်ရင် ဝေလငါးရဲ့ အလေးချိန်ရပါပြီ။
ဒါဆိုရင် အသက်ရှင်နေတဲ့ ဝေလငါးကြီးတွေရဲ့ အလေးချိန်ကိုကျတော့ ဘယ်လိုတိုင်းတာမလဲ….အသက်ရှင်လှုပ်ရှားနေတဲ့ ဝေလငါးတွေကိုတော့ ချိန်ခွင်နဲ့ တိုင်းဖို့မပြောနဲ့ အနားကပ်ဖို့တောင် အလွယ်လှပါဘူး။ ဒီပြသနာကိုတော့ သိပ္ပံပညာရှင်တွေဟာ အနီးစပ်ဆုံး တွက်ချက်တဲ့နည်းနဲ့ ဖြေရှင်းခဲ့ပါတယ်။ ပထမဆုံး ဒရုန်းလေယာဉ်တွေကနေ ဝေလငါးရဲ့ရှိနေတဲ့အရွယ်အစားကို ရှုထောင့်အမျိုးမျိုးကနေ ကောင်းကင်ဓာတ်ပုံရိုက်ကူးပါတယ်။ ဒီဓာတ်ပုံပေါင်းများစွာကို ဆက်စပ်တွက်ချက်တဲ့အခါမှာတော့ ဝေလငါးရဲ့ အရွယ်အစားကို ရရှိလာမှာ ဖြစ်ပါတယ်။
အရေးကြီးတာကတော့ ဝေလငါးရဲ့ ကိုယ်ခန္ဓာအလေးချိန် သိပ်သည်းဆ ဖြစ်ပါတယ်။ ဒါကို တွက်ချက်ဖို့ ဆိုရင်တော့ အဲဒီဝေလငါးအမျိုးအစားရဲ့ အမှုအကျင့်တွေကို သိဖို့လိုပါတယ်။ ဘယ်လိုဝေလငါးလဲ ၊ သူတို့စွမ်းအင်တွေကို ဘယ်လိုအသုံးချသလဲ ၊ ဘယ်အစားအစာကို ဘယ်လောက်စားလေ့ရှိသလဲ ၊ ကြီးထွားမှုနှုန်းကရော ဘယ်လောက်ရှိသလဲ စတဲ့အချက်တွေကိုလေ့လာပြီး အနီးစပ်ဆုံးခန့်မှန်းတွက်ချက်တယ်လို့ ဆိုပါတယ်။
ခေတ်အဆက်ဆက် ဖမ်းမိခဲ့တဲ့ (သို့) သေဆုံးခဲ့တဲ့ ဝေလငါးတွေနေ တဆင့်လည်း သူတို့ရဲ့အလေးချိန် ၊ အရွယ်အစားကို တိုင်းတာထားတဲ့မှတ်တမ်းတွေရှိပါတယ်။ ဒါတွေအပေါ်မှာလည်း အခြေခံပြီး ဘယ်ဝေလငါးအမျိုးအစားကတော့ ဘယ်လောက် အလေးချိန်သိပ်သည်းဆ ရှိသလဲဆိုတာကိုလည်း အနီးစပ်ဆုံးယူပါတယ်။
ဒိန်းမတ်နိုင်ငံ Aarhus တက္ကသိုလ်က သုတေသနပညာရှင်တယောက်ဖြစ်တဲ့ ပါမောက္ခ Fredrik Christiansen ကတော့ “အသက်ရှင်နေတဲ့ ဝေလငါးတကောင်ကို ချိန်ခွင်ပေါ်မှာ တင်ပြီးတိုင်းဖို့ ဆိုတာ အလွန်ပဲခက်ပါတယ်။ ကျွန်တော်ဆိုလိုတာက အရင်ဆုံး သူတို့ကို အသက်မရှိအောင် လုပ်မှပဲရမယ်လို့ ဆိုတာပါ။ ကျွန်တော်တို့အနေနဲ့လည်း ဒီလိုလုပ်ဖို့ကျတော့ မဖြစ်ပါဘူး” လို့ ဆိုပါတယ်။
သုတေသနပညာရှင်တွေဟာ အာဂျင်တီးနားကျွန်းဆွယ်အနီးမှာ ကျက်စားနေတဲ့ southern right ဝေလငါးတွေဆီကနေ လေ့လာမှုတွေပြုလုပ်ခဲ့ကြပါတယ်။ ပထမဆုံး ဒရုန်းတွေကိုလွှတ်ကာ ကြည်လင်တဲ့ရေပေါ်မှာ ရေကူးနေကြတဲ့ ဝေလငါးတွေကို အနီးကပ် ဓာတ်ပုံတွေရိုက်ယူပါတယ်။ အရွယ်ရောက်ပြီးသား ၊ အကောင်ပေါက် စတဲ့ဝေလငါးတွေဟာ ရေပြင်ပေါ်ကို တက်လာတဲ့အခါမျိုးမှာ သူတို့ရဲ့ ကျောဘက် ၊ ဘေးဘက် စတဲ့ မြင်ကွင်းအမျိုးမျိုးကနေ ဓာတ်ပုံရိုက်ကူးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒီဓာတ်ပုံတွေကနေ တဆင့် ဝေလငါးတွေရဲ့ အလျား ၊ အနံ ၊ လုံးပတ် ၊ ပုံစံ တွေကို တွက်ယူရရှိခဲ့ပါတယ်။ ဒီအတိုင်းအတာတွေကနေ တဆင့် ဝေလငါးရဲ့ ထုထည်ကို ရရှိပြီး မူလမှတ်တမ်းရှိထားခဲ့တဲ့ အလေးချိန်သိပ်သည်းဆ နဲ့ ယှဉ်ထိုးတွက်ဆလိုက်တဲ့အချိန်မှာတော့ ဝေလငါး တကောင်ချင်းစီရဲ့ အလေးချိန်ဟာ ဘယ်လောက်ဖြစ်တယ်ဆိုတာကို အနီးစပ်ဆုံး ရရှိလာတယ် လို့ သိရပါတယ်။
ပျမ်းမျှအားဖြင့် ဝေလငါးတကောင်ရဲ့ တစ်သျှူးသိပ်သည်းဆဟာ ရေမျက်နှာပြင်ပေါ်မှာ ဆိုရင် 1031.0 kg m−3 ရှိပြီး ရေအောက် အနက်ပေ ၁၀၀၀ မှာဆိုရင် 1034.5 kg m−3 ရှိတယ်လို့ ခန့်မှန်းသိရပါတယ်။ ဆိုလိုတာက ထုထည် နဲ့ သိပ်သည်းဆ ကို သိတဲ့အခါ အလေးချိန်(m) ကို တွက်ယူသွားနိုင်တာပဲ ဖြစ်ပါတယ်။
———- ——- ——–
(Zawgyi)
အသက္ရွင္ေနတဲ့ ေ၀လငါးရဲ႕ အေလးခ်ိန္ကို ဘယ္လုိတုိင္းသလဲ
ေဝလငါး အမ်ိဳးအစားပုံရိပ္ေတြတင္ေတာ့ မိတ္ေဆြတေယာက္က ေဝလငါးအေလးခ်ိန္ကို ဘယ္လိုတိုင္းတာလဲ။ ခ်ိန္ခြင္နဲ႔လား ဆိုၿပီး ေမးထားတာေတြ႕ပါတယ္။ ပုံမွန္ငါးတေကာင္ရဲ႕အေလးခ်ိန္ကိုေတာ့ ခ်ိန္ခြင္နဲ႔ ခ်ိန္ၿပီး အလြယ္တကူ တိုင္းတာႏိုင္ပါတယ္။ ေသဆုံးေနတဲ့ ေဝလငါးေတြကိုလည္း ကရိန္းနဲ႔ မၿပီး ႀကီးမားတဲ့ခ်ိန္တြယ္စက္ေတြကေန တဆင့္ အေလးခ်ိန္သိႏိုင္ပါတယ္။ ဒါမွမဟုတ္ ထရပ္ကားေပၚတင္၊ ထရပ္ကားရဲ႕ အေလးခ်ိန္ကို အရင္တုိင္း ၊ ၿပီးေတာ့မွ ေ၀လငါးတင္ထားတဲ့ ထရပ္ကားရဲ႕အေလးခ်ိန္ကိုတုိင္း ၊ စုစုေပါင္းထဲက ထရပ္ကား အေလးခ်ိန္ကိုႏႈတ္လုိက္ရင္ ေ၀လငါးရဲ႕ အေလးခ်ိန္ရပါၿပီ။
ဒါဆိုရင္ အသက္ရွင္ေနတဲ့ ေဝလငါးႀကီးေတြရဲ႕ အေလးခ်ိန္ကိုက်ေတာ့ ဘယ္လိုတိုင္းတာမလဲ….အသက္ရွင္လႈပ္ရွားေနတဲ့ ေဝလငါးေတြကိုေတာ့ ခ်ိန္ခြင္နဲ႔ တိုင္းဖို႔မေျပာနဲ႔ အနားကပ္ဖို႔ေတာင္ အလြယ္လွပါဘူး။ ဒီျပသနာကိုေတာ့ သိပၸံပညာရွင္ေတြဟာ အနီးစပ္ဆုံး တြက္ခ်က္တဲ့နည္းနဲ႔ ေျဖရွင္းခဲ့ပါတယ္။ ပထမဆုံး ဒ႐ုန္းေလယာဥ္ေတြကေန ေဝလငါးရဲ႕ရွိေနတဲ့အ႐ြယ္အစားကို ရႈေထာင့္အမ်ိဳးမ်ိဳးကေန ေကာင္းကင္ဓာတ္ပုံ႐ိုက္ကူးပါတယ္။ ဒီဓာတ္ပုံေပါင္းမ်ားစြာကို ဆက္စပ္တြက္ခ်က္တဲ့အခါမွာေတာ့ ေဝလငါးရဲ႕ အ႐ြယ္အစားကို ရရွိလာမွာ ျဖစ္ပါတယ္။
အေရးႀကီးတာကေတာ့ ေဝလငါးရဲ႕ ကိုယ္ခႏၶာအေလးခ်ိန္ သိပ္သည္းဆ ျဖစ္ပါတယ္။ ဒါကို တြက္ခ်က္ဖို႔ ဆိုရင္ေတာ့ အဲဒီေဝလငါးအမ်ိဳးအစားရဲ႕ အမႈအက်င့္ေတြကို သိဖို႔လိုပါတယ္။ ဘယ္လိုေဝလငါးလဲ ၊ သူတို႔စြမ္းအင္ေတြကို ဘယ္လိုအသုံးခ်သလဲ ၊ ဘယ္အစားအစာကို ဘယ္ေလာက္စားေလ့ရွိသလဲ ၊ ႀကီးထြားမႈႏႈန္းကေရာ ဘယ္ေလာက္ရွိသလဲ စတဲ့အခ်က္ေတြကိုေလ့လာၿပီး အနီးစပ္ဆုံးခန႔္မွန္းတြက္ခ်က္တယ္လို႔ ဆိုပါတယ္။
ေခတ္အဆက္ဆက္ ဖမ္းမိခဲ့တဲ့ (သို႔) ေသဆုံးခဲ့တဲ့ ေဝလငါးေတြေန တဆင့္လည္း သူတို႔ရဲ႕အေလးခ်ိန္ ၊ အ႐ြယ္အစားကို တိုင္းတာထားတဲ့မွတ္တမ္းေတြရွိပါတယ္။ ဒါေတြအေပၚမွာလည္း အေျခခံၿပီး ဘယ္ေဝလငါးအမ်ိဳးအစားကေတာ့ ဘယ္ေလာက္ အေလးခ်ိန္သိပ္သည္းဆ ရွိသလဲဆိုတာကိုလည္း အနီးစပ္ဆုံးယူပါတယ္။
ဒိန္းမတ္ႏိုင္ငံ Aarhus တကၠသိုလ္က သုေတသနပညာရွင္တေယာက္ျဖစ္တဲ့ ပါေမာကၡ Fredrik Christiansen ကေတာ့ “အသက္ရွင္ေနတဲ့ ေဝလငါးတေကာင္ကို ခ်ိန္ခြင္ေပၚမွာ တင္ၿပီးတိုင္းဖို႔ ဆိုတာ အလြန္ပဲခက္ပါတယ္။ ကြၽန္ေတာ္ဆိုလိုတာက အရင္ဆုံး သူတို႔ကို အသက္မရွိေအာင္ လုပ္မွပဲရမယ္လို႔ ဆိုတာပါ။ ကြၽန္ေတာ္တို႔အေနနဲ႔လည္း ဒီလိုလုပ္ဖို႔က်ေတာ့ မျဖစ္ပါဘူး” လို႔ ဆိုပါတယ္။
သုေတသနပညာရွင္ေတြဟာ အာဂ်င္တီးနားကြၽန္းဆြယ္အနီးမွာ က်က္စားေနတဲ့ southern right ေဝလငါးေတြဆီကေန ေလ့လာမႈေတြျပဳလုပ္ခဲ့ၾကပါတယ္။ ပထမဆုံး ဒ႐ုန္းေတြကိုလႊတ္ကာ ၾကည္လင္တဲ့ေရေပၚမွာ ေရကူးေနၾကတဲ့ ေဝလငါးေတြကို အနီးကပ္ ဓာတ္ပုံေတြ႐ိုက္ယူပါတယ္။ အ႐ြယ္ေရာက္ၿပီးသား ၊ အေကာင္ေပါက္ စတဲ့ေဝလငါးေတြဟာ ေရျပင္ေပၚကို တက္လာတဲ့အခါမ်ိဳးမွာ သူတို႔ရဲ႕ ေက်ာဘက္ ၊ ေဘးဘက္ စတဲ့ ျမင္ကြင္းအမ်ိဳးမ်ိဳးကေန ဓာတ္ပုံ႐ိုက္ကူးမႈေတြ ျပဳလုပ္ခဲ့ပါတယ္။
ဒီဓာတ္ပုံေတြကေန တဆင့္ ေဝလငါးေတြရဲ႕ အလ်ား ၊ အနံ ၊ လုံးပတ္ ၊ ပုံစံ ေတြကို တြက္ယူရရွိခဲ့ပါတယ္။ ဒီအတိုင္းအတာေတြကေန တဆင့္ ေဝလငါးရဲ႕ ထုထည္ကို ရရွိၿပီး မူလမွတ္တမ္းရွိထားခဲ့တဲ့ အေလးခ်ိန္သိပ္သည္းဆ နဲ႔ ယွဥ္ထိုးတြက္ဆလိုက္တဲ့အခ်ိန္မွာေတာ့ ေဝလငါး တေကာင္ခ်င္းစီရဲ႕ အေလးခ်ိန္ဟာ ဘယ္ေလာက္ျဖစ္တယ္ဆိုတာကို အနီးစပ္ဆုံး ရရွိလာတယ္ လို႔ သိရပါတယ္။
ပ်မ္းမွ်အားျဖင့္ ေ၀လငါးတေကာင္ရဲ႕ တစ္သွ်ဴးသိပ္သည္းဆဟာ ေရမ်က္ႏွာျပင္ေပၚမွာ ဆုိရင္ 1031.0 kg m−3 ရွိၿပီး ေရေအာက္ အနက္ေပ ၁၀၀၀ မွာဆုိရင္ 1034.5 kg m−3 ရွိတယ္လုိ႔ ခန္႔မွန္းသိရပါတယ္။ ဆုိလုိတာက ထုထည္ နဲ႔ သိပ္သည္းဆ ကို သိတဲ့အခါ အေလးခ်ိန္(m) ကို တြက္ယူသြားႏုိင္တာပဲ ျဖစ္ပါတယ္။