Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အသက် ၁၈၇နှစ် ရှိပြီဖြစ်တဲ့ ကမ္ဘာ့အသက်အကြီးဆုံးလိပ်ကြီး ဂျိုနသန်

by Thutamm
August 7, 2019
Reading Time: 1min read
0
အသက် ၁၈၇နှစ် ရှိပြီဖြစ်တဲ့ ကမ္ဘာ့အသက်အကြီးဆုံးလိပ်ကြီး ဂျိုနသန်
Share on FacebookShare on Twitter

တောင်အတ္တလန္တိတ်သမုဒ္ဒရာထဲက ဗြိတိသျှပိုင် စိန့်ဟယ်လယ်နာကျွန်းမှာ ရှိနေတဲ့ လိပ်ကြီးဂျိုနသန်ဟာ ကမ္ဘာ့အသက်အကြီးဆုံးကုန်းနေသတ္တဝါတစ်ကောင်ဖြစ်ပါတယ်။ လိပ်ကြီး ဂျိုနသန်ရဲ့ အသက်အတိအကျကို ဘယ်သူကမှ အတိအကျ မသိကြပေမယ့် ၁၈၇ နှစ် ဝန်းကျင် ရှိနေပြီလို့တော့ ခန့်မှန်းကြပါတယ်။ စိန့်ဟယ်လင်နာ ဆိုတာနဲ့ စစ်ဗိုလ်ချုပ်ကြီး နပိုလီယန်နဲ့ ပတ်သတ်တဲ့ကျွန်းမှန်း အားလုံးသိပြီးဖြစ်မှာပါ။

လိပ်ကြီးဂျိုနသန်ကို ၁၈၃၂ခုနှစ်ခန့်မှာ အိန္ဒိယသမုဒ္ဒရာထဲက Seychelles ကျွန်းစုမှာရှိတဲ့ ကျွန်းတစ်ကျွန်းပေါ်မှာ မွေးဖွားခဲ့ပါတယ်။ ဘုရင်ခံကိုလက်ဆောင်ပေးဖို့အတွက် ၁၈၈၂ ခုနှစ်မှာ Seychelles ကျွန်းကနေ အသက် ၅၀နှစ် ဝန်းကျင်ရှိတဲ့ အခြား လိပ်ကြီး ၃ကောင်နဲ့အတူဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ လိပ်ကြီးရဲ့အမည် ဂျိုနသန်ဆိုတာကို ဘုရင်ခံဖြစ်တဲ့ Sir Spencer Davis ကပေးခဲ့တာပါ။

လိပ်ကြီးဟာ အဲဒီအချိန်ကတည်းကစလို့ စိန့်ဟယ်လင်နာကျွန်းမှာ ရှိတဲ့ ဘုရင်ခံရဲ့ခြံဝန်းထဲမှာ နေထိုင်ခဲ့ပါတယ်။ ဒီဓာတ်ပုံကတော့ ဂျိုနသန် စိန့်ဟယ်လင်နာကျွန်းကိုရောက်ခဲ့ပြီး ၄နှစ်အကြာ ၁၈၈၆ခုနှစ်မှာ ရိုက်ခဲ့တဲ့ ဓာတ်ပုံဖြစ်ပါတယ်။

ဂျိုနသန်ရှိနေတာ နှစ်ပေါင်း ရာချီရှိနေပြီဖြစ်ပေမယ့် သူ့ကိုသတိထားမိကြတာကတော့ ၂၀၀၈ခုနှစ် ဒေးလီးမေးသတင်းစာမှာ အသက် ၁၇၆နှစ် လိပ်ကြီးတစ်ကောင်အဖြစ်ဖော်ပြလာတော့မှ ဖြစ်ပါတယ်။ လိပ်ကြီးဟာ အရွယ်အစားအားဖြင့် အမြင့် ၂ပေ ၊ ကိုယ်ခန္ဓာအရှည် ၄ပေ နဲ့ အလေးချိန် ၆၆၀ပေါင်ခန့် ရှိပါတယ်။ ဂျိုနသန်ဟာ ပထမ နဲ့ ဒုတိယကမ္ဘာစစ်တွေကိုကို ကျန်းမာစွာကျော်ဖြတ်ခဲ့ပါတယ်။ သူ့ အသက် ၁၅၀ အရွယ်မှာတော့ အမြင်အာရုံ နဲ့ အနံ့ခံနိုင်စွမ်းတွေဆုံးရှုံးခဲ့ရပြီဖြစ်ပေမယ့် အကြားအာရုံတော့ အထူးကောင်းမွန်နေသေးတယ်လို့ သိရပါတယ်။

သူဟာ ယခုအချိန်မှာ အသက်အကြီးဆုံးကုန်းနေသတ္တဝါဖြစ်ပေမယ့်လည်း သူ့ထက်အသက်ပိုကြီးတဲ့ လိပ်ကြီး ၂ကောင် ရှိခဲ့ပါသေးတယ်။ အသက် ၁၈၉ ဂင်းနစ်စံချိန်တင်ထားတဲ့ လိပ်ကြီး Tu’i Malila က ၁၉၅၆ခုနှစ်မှာ သေဆုံးသွားခဲ့သလို ၊ အိန္ဒိယက အသက် ၂၅၅နှစ်(confirm မဖြစ်) အရွယ် လိပ်ကြီး Adwaita ကလည်း ၂၀၀၆ခုနှစ်မှာ သေဆုံးခဲ့ပြီဖြစ်ပါတယ်။

ယခုအခါမှာတောာ့ စိန့် ဟယ်လယ်နာကျွန်းပေါ်မှာ လေဆိပ်တစ်ခု ဆောက်လုပ်ဖွင့်လှစ်လိုက်နိုင်ပြီ ဖြစ်တာကြောင့် လိပ်ကြီး ဂျိုနသန်အနေနဲ့လည်း သူ့ကို လာကြည့်ကြမယ့် ခရီးသွားဧည့်သည်တွေ အလုံးအရင်းနဲ့ လာကြမယ့် အချိန်ကို ပြင်ဆင်စောင့်ဆိုင်းနေပြီ ဖြစ်ပါတယ်။

စိန့် ဟယ်လယ်နာ ကျွန်းရဲ့ အထင်ပေါ်ဆုံး ဒေသခံလို့တောင်ဆိုရမယ့် လိပ်ကြီး ဂျိုနသန်ကတော့ သူနေထိုင်လျက်ရှိတဲ့ ကျွန်းရဲ့ အုပ်ချုပ်ရေးမှူးရဲ့ နေအိမ်ခြံဝင်းအတွင်း မြက်ခင်းပြင်ပေါ်မှာ တရွေ့ရွေ့ တွားသွားရင်းနဲ့ မုန်လာဥ၊ ဆလက်ရွက်၊ သခွားသီး၊ ပန်းသီး တို့ကို စားရင်း ဘဝကို အေးအေးလူလူ ဖြတ်သန်းနေလျက်ရှိပါတယ်။ အစကတော့ လိပ်ကြီးဟာ သစ်ကိုင်းငယ် ၊ သစ်ရွက် နဲ့ မြက်တွေကိုသာ စားခဲ့ပေမယ့် အသက်ကြီးလာတဲ့အတွက် ပိုကျန်းမာရေးကောင်းစေဖို့ အဟာရရှိမယ့် အစာတွေကိုပြောင်းလဲကျွေးခဲ့ကြတာပဲဖြစ်ပါတယ်။ ဒီကျွန်းမှာတော့ သူဟာဘုရင်တစ်ပါးပါပဲ။

” သူက ဒီကျွန်းမှာ နာမည်ကြီးသူ ဖြစ်ပါတယ်၊ ကျွန်မရဲ့ အထူးအရေးကြီး ပုဂ္ဂိုလ်ပေါ့၊ ကျွန်မတို့ ပြောတဲ့ စကားတွေကို သူ နားလည်ပါတယ်၊ သွားလာလာတာ အရမ်းကိုလည်း ညင်သာပါတယ်၊ ဒါပေမယ့် သူ့ကို အစာကျွေးတဲ့အချိန်တော့ ကျွန်မလက်ချောင်းတွေ အနာတရမဖြစ်အောင်တော့ ဂရုစိုက်ရတာပေါ့” ဆိုပြီး လိပ်ကြီး ဂျိုနသန်ကို ကျွေးမွေးစောင့်ရှောက်ပေးနေသူဖြစ်တဲ့ ကက်သရင်း မန်းက ဆိုပါတယ်။ လိပ်ကြီးဂျိုနသန်ဟာ ယခုအချိန်အထိ စိန့်ဟယ်လင်နာကျွန်းပေါ်မှာ စောင့်ရှောက်မှုတွေနဲ့အတူ ကျန်းမာစွာရှိနေပါသေးတယ်။

VIDEO

Ref:
Mizzina Burmese
Live Science

Tags: animals

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!