Mantis တွေကို မောင်းထောင်းတာနဲ့ တူလို့ မောင်းထောင်းကောင် ၊ ရှိခိုးတဲ့ပုံစံနဲ့လည်းတူလို့ ရှိခိုးကောင် ၊ ဒါးခုတ်ကောင် စသည်ဖြင့် အမျိုးမျိုးခေါ်ကြပါတယ်။ အင်းဆက်ပိုးမျိုးဖြစ်ကာ အုပ်စုကြီး ၁၅ စုအပြင် မျိုးစိတ်ပေါင်းလည်း ၂၄၀၀ ခန့်တောင်ရှိပါတယ်။ Arthropoda မျိုးစဉ်တွင်ပါဝင်၍ Mantodea မျိုးရင်းမှာပါဝင်ပါတယ်။
ရှိခိုးကောင်တွေဟာ နှံကောင် ၊ ပုရစ် ၊ ပိုးဟပ် တို့နဲ့ အမျိုးချင်းနီးစပ်ပါတယ်။ ရှေ့ခြေထောက်ကကြီးမား၍ နောက်ခြေထောက်တွေက သေးသွယ်ပြီး လမ်းလျှောက်တဲ့အခါ ရှေ့ခြေထောက်တွေကို အပေါ်ဘက် ခေါက်တင်ထားလေ့ရှိပါတယ်။ အပေါ်ဘက်သို့ ခေါက်တင်ထားသော ရှေ့ခြေ ၂ ချောင်းတွင် ပိုးကောင်ကလေး များကိုဖမ်းရန် ကြောက်မက်ဖွယ်ကောင်းသော ဆူးများပါရှိပါတယ်။ အရွယ်အစားအားဖြင့် ၂လက်မ မှ ၅လက်မ အထိရှိတတ်ပါတယ်။
ရှိခိုးကောင်တွေဟာ ချစ်စဖွယ်အကောင်လေးတွေလို့ လူတွေအမြင်မှာထင်ရပေမယ့် အင်းဆက်ပိုးတွေထဲမှာတော့ အရက်စက်ဆုံးပိုးတမျိုးဖြစ်ပါတယ်။ ခြေချောင်းတွင်ပါသော ဆူးများနဲ့ အခြားပိုကောင်လေးတွေကို ဖမ်းယူစားသောက်လေ့ရှိပါတယ်။ အခြားပိုးကောင်တွေကို စားသောက်ရုံသာမကပဲ အချင်းချင်းလည်း တိုက်ခိုက်ကာ သတ်ဖြတ်စားသောက်တတ်တဲ့ အင်းဆက်မျိုးဖြစ်ပါတယ်။ ရှိခိုးကောင်တွေဟာ သူတို့နေတဲ့ အပင်တွေ အကိုင်းအခက်အရွက်တွေနဲ့ အရောင်ချင်းဆင်တူလေ့ရှိတာကြောင့် သူတို့ကို ရုတ်တရက်မြင်တွေ့ဖို့ မလွယ်
ရှိခိုးကောင်တွေဟာ အလှဆုံးအင်းဆက်အမျိုးအစားတမျိုးအဖြစ်လည်း နာမည်ကြီးပါတယ်။ လှပလွန်းတာကြောင့် ဓာတ်ပုံဆရာတွေဟာ သူတို့ကို အချိန်ပေးကာ ရိုက်ယူလေ့ရှိရပါတယ်။ အခုလည်း တောရိုင်းသဘာဝဓာတ်ပုံဆရာ တယောက်ဖြစ်တဲ့ Pang Way ဟာ သူရက်ပေါင်းများစွာ အချိန်ပေး ရိုက်ကူးခဲ့တဲ့ ရှိခိုးကောင်လေးတွေရဲ့ ဓာတ်ပုံတွေကို မျှဝေခဲ့ပါတယ်။
ရှိခိုးကောင်လေးများနဲ့ တတ်နိုင်သမျှ အနီးဆုံးရောက်အောင် တိုးကပ်ကာ အချိန်ယူရိုက်ကူးခဲ့ရတယ်လို့ သိရပါတယ်။ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေထဲမှာ အလွန်လှပတဲ့ ရှိခိုးကောင်ပေါင်းများစွာပါဝင်ပြီး မသိလျှင် သူတို့ရဲ့အနေအထားက ဓာတ်ပုံရိုက်ဖို့ တမင်တကာ ပိုစ့်ပေးနေတဲ့ သဏ္ဍာန်နဲ့ ပိုတူပါတယ်။ ဓာတ်ပုံဆရာ Pang Way ရိုက်ကူးခဲ့တဲ့ ရှိခိုးကောင်လေးတွေ ဘယ်လောက်လှလဲဆိုတာသိဖို့ အောက်က ပုံလေးတွေကို ဆက်ကြည့်သွားကြပါဦး။
Photos : Pang Way Instagram