Monday, March 8, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အလှမယ် (သို့) အစ္စရေးစစ်သမီး (သို့) Wonder Woman

by Thutamm
August 14, 2019
Reading Time: 2min read
0
အလှမယ် (သို့) အစ္စရေးစစ်သမီး (သို့) Wonder Woman
Share on FacebookShare on Twitter

Wonder Woman လို့ အားလုံး က သိကြတဲ့ အစ္စရေးနိုင်ငံသူ ကမ္ဘာကျော်နာမည်ကျော်ရုပ်ရှင်မင်းသမီး ဖြစ်တဲ့ Gal Gadot ကို(၁၉၈၅) ခုနှစ် ဧပြီလ(၃၀)ရက်နေ့မှာ Petah Tikva မြို့မှာမွေးဖွားခဲ့ပြီး ယင်းမြို့အနီးက Rosh HaAyin  မြို့မှာ ကြီးပြင်းလာခဲ့ပါတယ်။ သူမဟာ မော်ဒန်၊ ရုပ်ရှင်ထုတ်လုပ်သူ၊ စစ်တပ်ရဲ့ တိုက်ခိုက်ရေးနည်းပြ စတဲ့အလုပ်တွေကိုလည်း လုပ်ကိုင်ခဲ့တဲ့အစ္စရေး နိုင်ငံ Icon ပုဂ္ဂိုလ်တစ်ယောက်လည်းဖြစ်ပြီး သူမအသက်(၁၈)နှစ်အရွယ်၊(၂၀၀၄)ခုနှစ်မှာ Miss Israel အဖြစ်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

ဟီဘရူးဘာသာစကားနဲ့ Gal ဆိုတာ ရေလှိုင်းလို့ခေါ်ပြီး Gadot ဆိုတာကတော့ မြစ်ကမ်းလို့အဓိပ္ပါယ်ရပါတယ်။ Gal Gadot ဟာ အစ္စရေးစစ်တပ်မှာ တိုက်ခိုက်ရေးနည်းပြအဖြစ် (၂)နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပြီး ယင်းနောက်မှာတော့ IDC Herzliya ကောလိပ်ကိုတက်ရောက်ပြီး ဥပဒေ နဲ့ နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်တွေကိုသင်ကြားခဲ့ပါတယ်။ ယင်းပညာသင်ချိန်မှာကတည်းက သူမဟာ မော်ဒယ်နဲ့ သရုပ်ဆောင်လုပ်ငန်းတွေကို စတင်လုပ်ဆောင်နေပြီလည်း ဖြစ်ပါတယ်။

ကမ္ဘာကျော်ဇာတ်ကားဖြစ်တဲ့ The Fast and Furious ဇာတ်ကားမှာတော့ Gal Gadot ဟာ Gisele Yashar အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ယင်းနောက် Wonder Woman ရုပ်ရှင်ဇာတ်လမ်းနဲ့ လူသိလာပြီး အခြားနာမည်ကျော် ဇာတ်ကား ဖြစ်တဲ့ Batman V Superman, Dawn of Justice , Justice League စတဲ့ရုပ်ရှင်တွေ မှာလည်း Woner Woman အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

သူမရဲ့ သဘာဝကျတဲ့ အက်ရှင်သရုပ်ဆောင်မှုတွေနဲ့ လှပတဲ့ရုပ်ရည်သွင်ပြင်ကြောင့် ကမ္ဘာအဝှမ်းက ပရိတ်သတ်တွေရဲ့ သည်းသည်းလှုပ်အားပေးခြင်းကိုခံခဲ့ရပြီး (၂၀၁၈)ခုနှစ်အတွက် ကမ္ဘာကိုလွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်အယောက်(၁၀၀)စာရင်းမှာ ပါဝင်လာခဲ့တဲ့ အထိတောင် ဖြစ်ခဲ့ပါတယ်။

Gal Gadot ရဲ့ဖခင်ဖြစ်သူ Michel Gadot ဟာ အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူ Irit ကတော့ ဆရာမတစ်ဦးဖြစ်ပါတယ်။ Gal Gadot မှာ ဒါနာအမည်ရတဲ့ ညီမတစ်ယောက်ရှိပြီး အားလုံးဟာ အစ္စရေးနိုင်ငံသားတွေပဲဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်လောက် ကတော့ သူမရဲ့(၅ပေ၁၀)လက်မရှိတဲ့ ရှည်လျားတဲ့အရပ်ကြောင့် ကျောင်းဘောလီဘောအသင်းမှာ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။

သူမဟာ အထက်တန်း ကျောင်းသူဘဝမှာတော့ ဇီဝဗေဒဘာသာရပ်ကိုအဓိကအနေနဲ့ ယူခဲ့ပြီး ဆယ်ကျော် သက်ဘဝ ပထမဆုံးလုပ်ခဲ့တဲ့အလုပ်တွေကတော့ Burger King က fryer အလုပ် နဲ့ ကလေးထိန်းရတဲ့အလုပ်တွေဖြစ်ပါတယ်။ တက္ကသိုလ်ပညာကိုတော့ Herzliya မှာရှိတဲ့ IDC ကျောင်းမှာ ဥပဒေပညာနဲ့ နိုင်ငံတကာဆက်ဆံရေးပညာတွေကို သင်ယူခဲ့ပါတယ်။

ယင်းနောက်မှာ တော့ အစ္စရေးနိုင်ငံရဲ့ ဥပဒေအရစစ်တပ်မှာ တိုက်ခိုက်ရေးနည်းပြအဖြစ် (၂)နှစ်တိုင် အောင်စစ်မှုထမ်းခဲ့ပါတယ်။ ယင်းကနေရရှိခဲ့တဲ့ စစ်မှုအတွေ့အကြုံတွေကြောင့် Gal Gadot ဟာ The Fast and Furiousဇာတ်ကားမှာ သဘာဝကျကျ သရုပ်ဆောင်နိုင်တာ လို့ သူမကိုယ်တိုင် အင်တာဗျူးတစ်ခုမှာ ထုတ်ဖော်ပြောဆိုဖူးပါတယ်။

သူမရဲ့ မူလရည်မှန်းချက်ကတော့ ရှေ့နေတစ်ယောက်ဖြစ်လာဖို့ပါ။ ဒါပေမယ့် ၂၀၀၄ခုနှစ်မှာ အစ္စရေးအလှမယ် အဖြစ်ရွေးချယ်ခြင်းခံခဲ့ရချိန်က စတင်လမ်းကြောင်းပေါ် ရောက်ရှိခဲ့ပါတယ်။ အဲဒီနောက်တော့ အီကွေဒေါနိုင်ငံကိုသွားရောက်ပြီး Miss Universe (2004)ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ဆုတော့မရရှိခဲ့ပါဘူး။ ယင်းနောက် Gal Gadot ရဲ့ အနုပညာလှုပ်ရှားမှုတွေဟာ အစ္စရေးပြည်တွင်းမှာ အထိုက်အလျောက် အောင်မြင်မှုရရှိလာခဲ့ပါတယ်။

(၂၀၀၇)ခုနှစ်မှာတော့ Maxim မဂ္ဂဇင်းက ရိုက်ကူးတဲ့ Women of IDF(Israel Degense Force) အမည်ရတဲ့ အစ္စရေးစစ်သမီးများအကြောင်းရိုက်ကူးတဲ့ ကဏ္ဍမှာ ပါဝင်လာခဲ့ပြီး Gal Gadot ရဲ့ပုံကို New Work Post သတင်းစာရဲ့ မျက်နှာဖုံးမှာ ဖော်ပြခြင်း ကိုခံခဲ့ရပါတယ်။ ယင်းအချိန်က သူမ ရဲ့အသက်ဟာ (၂၁)နှစ်အရွယ်သာ ရှိပါသေးတယ်။

(၂၀၀၈)ခုနှစ်မှာတော့ Gal Gadot ဟာ အစ္စရေး အဝတ်အထည်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Castro ရဲ့ ပင်တိုင်မော်ဒယ်ဖြစ်လာပြီး (၂၀၁၆) ခုနှစ်အထိ လက်တွဲ ဆောင်ရွက်ခဲ့ပါတယ်။ ယင်းနှစ်ထဲမှာပဲ အစ္စရေးအိမ်ခြံမြေလုပ်ငန်းရှင် Yarton Varsano နဲ့ လက်ထပ်ခဲ့ပြီး (၂၀၁၁)ခုနှစ်မှာတော့ အယ်မာ နဲ့(၂၀၁၇)ခုနှစ်မှာတော့ မာယာ အမည်ရှိတဲ့ သမီးနှစ်ဦးကိုဖွားမြင်ခဲ့ပါတယ်။ သူမရဲ့အမျိုးသားဖြစ်သူ Yarton Varsano ပိုင်ဆိုင်တဲ့ Tel Aviv မှာရှိတဲ့ ဟိုတယ်ကို (၂၀၁၅)ခုနှစ်မှာတော့ ယခုချယ်ဆီးဘောလုံး အသင်းပိုင်ရှင် Roman Abramovic ထံကို (၂၀၁၅)ခုနှစ်က အမေရိကန်ဒေါ်လာ (၂၆) သန်းနဲ့ ပြန်လည်ရောင်းချခဲ့ပါတယ်။

သူမ ဟာ Huawei Smartphones၊ Captain Morgan rum၊Gucci စတဲ့ကမ္ဘာကျော်တံဆိပ်တော်တော်များများရဲ့ မော်ဒယ်ဖြစ်ခဲ့ပါတယ်။ ဒါအပြင် Weekly၊ UMM၊Cleo၊ Fashion၊ Lucire၊ FHM စတဲ့နာမည်ကျော် ဖက်ရှင် မဂ္ဂဇင်းများစွာရဲ့ မျက်နှာဖုံးရှင် အဖြစ်ရွေးချယ်ခြင်းကို ခံခဲ့ရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

(၂၀၀၈)ခုနှစ်ထဲမှာပဲ အစ္စရေးအချစ်ဇာတ်လမ်း တစ်ခု ဖြစ်တဲ့ Bubot ဇာတ်ကားနဲ့ သရုပ်ဆောင်ဘဝကို စတင်ခဲ့ပါတယ်။ (၂၀၀၉)ခုနှစ်မှာ တော့ မင်းသား ဗန်ဒီဇယ်နဲ့ ပေါလ်ဝေါကားတို့ အဓိကနေရာကခေါင်းဆောင်ပါဝင်တဲ့ Fast and Furious ဇာတ်ကားမှာ Gisele Yashar အဖြစ်ပါဝင်သရုပ်ဆောင်ခွင့် ရရှိခဲ့ပါတယ်။ သူမရဲ့တိုက်ခိုက်ရေးဆိုင်ရာအတွေ့အကြုံတွေကြောင့် သူမရဲ့ဇာတ်ကောင် စရိုက်ဟာ အလွန်အောင်မြင်ခဲ့ ပါတယ်။

(၂၀၁၀)မှာတော့ နာမည်ကျော်ရုပ်ရှင်မင်းသား တွမ်ခရုနဲ့ မင်းသမီး ကင်မရွန်းဒိုင်းယက်တို့ပါဝင်တဲ့ Knight and Day ဇာတ်ကားမှာ နာအိုမီဆိုတဲ့ ဇာတ် ကောင်အဖြစ် ပါဝင်လာခဲ့ပြန်ပါတယ်။ (၂၀၁၁)ခုနှစ်မှာတော့ ယခင်ရိုက်ကူးခဲ့တဲ့ Fast and Furious ဇာတ်ကားတွဲမှ Fast Five ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ ပါတယ်။ (၂၀၁၃)မှာ ထပ်မံထုတ်လုပ်တဲ့ ယင်းဇာတ်ကားတွဲရဲ့ Fast Six ဇာတ်ကား မှာထပ်မံပါဝင်ခွင့်ရခဲ့ပြန်ပါတယ်။

(၂၀၁၆)ခုနှစ်မှာတော့ ကမ္ဘာကျော်ဇာတ်ကားတစ်ခုဖြစ်တဲ့ Batman V Superman; Dawn of Justice ဇာတ်ကားမှာ Wonder Women အဖြစ်ပါဝင်ခဲ့ပါတယ်။ ဒီဇာတ်လမ်း နဲ့ Gal Gadot ဟာ ကမ္ဘာကျော်သွားခဲ့ပြီး ယင်းဇာတ်ကားကလည်း ရုံတင်စံချိန်များစွာကို ရှိခဲ့ပါတယ်။

Gal Gadot ဟာ ယင်းဇာတ်ကားထဲကစူပါဟီးရိုးဇာတ်ကောင်စရိုက် ပိုမိုပီပြင်စေရန် ဓားခုတ်နည်း၊ ကွန်ဖူး၊ ဂျူဂျစ်ဆုစတဲ့ ကိုယ်ခံပညာ များစွာကို လပေါင်းများစွာလေ့ကျင့် ပြင်ဆင်ထားခဲ့ရပါတယ်။ ယင်းနှစ်အတွင်းမှာပဲ ကိတ်ဝင်းစလက်နဲ့ အာရွန်ပေါတို့ပါဝင်တဲ့ Triple -9 ဇာတ်ကားမှာ ဇာတ်ပို့အဖြစ်ပါ ဝင်လာခဲ့ပြန်ပါတယ်။

(၂၀၁၇)ခုနှစ်မှာတော့ လူကြိုက်အလွန်များတဲ့ သူမရဲ့ဇာတ်ရုပ် Wonder Woman ကို ဇာတ်ကားအဖြစ်သရုပ်ဖော်ခဲ့တဲ့ Justic League ဇာတ်ကားနဲ့ အမြင့်ဆုံးသော အောင်မြင်မှုကို ရယူနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်ထိ Gal Gadot ဟာ မော်ဒယ်အလှမယ်နဲ့ ရုပ်ရှင်သရုပ်ဆောင်နယ်ပယ်အားလုံးမှာ အောင်မြင်ခဲ့သူဖြစ်ပြီး ပျော်ရွှင်စရာ မိသားစု ဘဝလေးကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။

သူမရဲ့ အောင်မြင်မှု တွေကြောင့် (၂၀၁၇) ခုနှစ်မှာပဲ Gal Gadot ဟာ Academy of Motion Picture Arts and Sciences (ရုပ်ရှင်အနုပညာ အကယ်ဒမီအဖွဲ့)ရဲ့ အဖွဲ့ဝင်အဖြစ် ကမ်းလှမ်းခြင်းကို ခံခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ သူမဟာ ကမ္ဘာ့ဒုတိယဝင်ငွေအမြင့်ဆုံး အစ္စရေးစူပါမော်ဒယ်ဖြစ်နေပါပြီ။

ကမ္ဘာ့ဝင်ငွေအမြင့်ဆုံး အစ္စရေး စူပါမော်ဒယ် နှစ်ယောက်ထဲက တစ်ယောက်ဖြစ်ပါတယ်။(အခြားတစ်ယောက်ကတော့  Bar Refaeli ဖြစ်ပါတယ်။ သူမဟာ ဆိုင်ကယ်သရဲတစ်ယောက်ဖြစ်သလို အနက်ရောင် 2006 Ducati Monster-S2R ဆိုင်ကယ်တစ်စီးလည်း ရှိပါတယ်။ အားကစားခြင်းကို အထူးဝါသနာထုံကာ ဘောလီဘော ၊ ဘတ်စ်ကတ်ဘော နဲ့ တင်းနစ်ကစားနည်းတွေမှာ အထူးကျွမ်းကျင်သူလည်း ဖြစ်ပါတယ်။

သုတဇုန်

Tags: kaung htetworld actress

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!