Thursday, April 15, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အလီဘာဘာပိုင်ရှင် ဂျက်မားရဲ့ဘဝဇာတ်ကြောင်း

by Thutamm
August 1, 2019
Reading Time: 1min read
0
အလီဘာဘာပိုင်ရှင် ဂျက်မားရဲ့ဘဝဇာတ်ကြောင်း
Share on FacebookShare on Twitter

ရေးသားသူ – ဗန်းမော်သိန်းဖေ

အလီဘာဘာဆိုတဲ့ ကုမ္ပဏီနာမည်ကိုကြားဖူးနေတာကြာပါပြီ။ စင်္ကာပူကလူငယ်တွေပြောနေကြတာ မကြာခနကြားနေရတယ်။ ဒါပေမဲ့ အလီဘာဘာဆိုတာ သူခိုးပုံပြင်ထဲကနာမည်မို့ စိတ်မဝင်စားခဲ့ဘူး။ နောက်ပြီးအလီဘာဘာဟာ တရုတ်ပြည်ကကုမ္ပဏီတခုမို့ ပိုလို့စိတ်မဝင်စားသေးတယ်။

၂၀၁၅ခုနှစ်က စက်တင်ဘာလထဲမှာ အလီဘာဘာကုမ္ပဏီက အမေရိကန်ဒေါ်လာ(၂၅)ဘီလီယံဖိုးအစုရှယ်ယာ(IPO)တွေ ထုတ်ရောင်းတာကြောင့် ကမ္ဘာပေါ်မှာ ရှယ်ယာဈေးအမြင့်ဆုံးရောင်းတဲ့ စံချိန်တင်သွားတယ်ဆိုတဲ့သတင်းရယ်၊ ကုမ္ပဏီပိုင်ရှင် ဂျက်မား(Jack_Ma)ရဲ့ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ(၂၂)ဘီလီယံကြောင့်တရုတ်ပြည်ရဲ့အချမ်းသာဆုံးလူတယောက်ဖြစ်လာတယ် စတဲ့သတင်းတွေကိုအင်တာနက်နဲ့သတင်းစာတွေမှာတွေ့လာမိတော့စိတ်ဝင်စားလာတယ်။ ဒါကြောင့် အင်တာနက် မဂ္ဂဇင်းတွေ Youtube မှာရှာကြည့်မိတယ်။ ရှာကြည့်တော့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေတွေ့ရတယ်။ မြန်မာလူငယ်တွေအားကျအတုယူစရာတွေပါလို့ ရှယ်ပေးလိုက်ပါတယ်။

အလီဘာဘာကုမ္ပဏီဆိုတာရိုးရိုးလေးပြောရရင် အင်တာနက်ကပစ္စည်းကြော်ငြာပြီးပစ္စည်းရောင်းတဲ့ကုမ္ပဏီပါ။ အလီဘာဘာအကြောင်းပြောရင် ကုမ္ပဏီကိုထူထောင်ခဲ့တဲ့တက္ကသိုလ်ဆရာဂျက်မားအကြောင်းပြောမှပြည့်စုံမှာပါ။ ဂျက်မားကို(၁၉၆၄)ခုနစ်မှာ တရုပ်ရိုးရာကဇာတ်အဖွဲ့ကအဖွဲ့သားလင်မယား၂ယောက်က ဟန်ဇိုးမြို့လေးမှာ မွေးဖွားခဲ့ပါတယ်။ ကျောင်းနေတော့ လူကောင်သေးလေးမို့ အတန်းသားတွေရဲ့စနောက်တာတွေအမြဲခံရတယ်။ လူကောင်သာသေးပေမဲ့ ဂျက်မားဟာ ရန်ဖြစ်ရင် သူ့ထက်လူကောင်ကြီးတဲ့လူငယ်တွေကို မကြောက်မရွံတုံ့ပြန်တိုက်ခိုက်ရဲတယ်။

ဂျက်မားဟာ အင်္ဂလိပ်စာအရမ်းတတ်ချင်တယ်။ သူ့မြို့မှာ အင်္ဂလိပ်စာတတ်သူတယောက်မှ မရှိဘူး။ အင်္ဂလိပ်စာအုပ်တအုပ်တောင်မရှိဘူး။ ကျောင်းမှာလဲ အင်္ဂလိပ်စာမသင်ဘူး။ ဒီတော့သူဘာလုပ်သလဲ။ မနက်အစောကြီးထတယ်။ ကျောင်းမသွားခင်မှာ စက်ဘီးလေးစီးပြီး ဟန်ဇိုးမြို့လည်ကနိုင်ငံခြားသားတိုးရစ်တွေ တည်းခိုနေတဲ့ဟိုတယ်တခုကိုနေ့တိုင်းသွားတယ်။ တိုးရစ်တွေကို မြို့အနံှ့လိုက်ပြပေးတယ်။ ပိုက်ဆံမယူဘူး။ သူကို အင်္ဂလိပ်စကားပြောသင်ပေးဖို့ အပေးအယူလုပ်တယ်။ လူကောင်သေးသေးနဲ့ အရမ်းသွက်လက်တဲ့ဂျက်မားကို တိုးရစ်တွေကလဲအရမ်းခင်ကြတယ်။ မကြာခင်ဂျက်ဟာ ပိုက်ဆံစုပြီး ရေဒီယိုတလုံးဝယ်လိုက်တယ်။ ရေဒီယိုကလာတဲ့ အင်္ဂလိပ်စကားပြောတွေကို နေ့တိုင်းနားထောင်တယ်။ လိုက်ဆိုကျင့်တယ်။ တိုးရစ်တွေဆီက နေ့တိုင်းအင်္ဂလိပ်စာသင်ခဲ့တာ(၉)နှစ်ကြာခဲ့တယ်။

အဲဒီအချိန်တုံးက တရုတ်ပြည်မှာ အင်္ဂလိပ်စာတတ်သူ အင်္ဂလိပ်စကားပြောတတ်သူဆိုတာ အလွန်ကိုနည်းပါးတယ်။ ဂျက်မားတစ်ယောက် ဘာကြောင့်အင်္ဂလိပ်စာကိုတတ်ချင်ရတာလဲ။ ကွန်မြူနစ်အစိုးရအုပ်ချုပ်နေပြီး ကမ္ဘာကြီးနဲ့အဆက်ဖြတ်ထားတဲ့တရုတ်ပြည်ဟာ တချိန်တံခါးဖွင့်လိုက်ရင် သူလေ့လာထားတဲ့အင်္ဂလိပ်စာဟာ သူ့အတွက်အကျိုးပြုလိမ့်မယ်ဆိုတာ သူသိနေလို့ပါ။ ငွေကြေးမပြည့်စုံတဲ့ဂျက်မားဟာ ပညာရေးကသာ သူ့ကိုဆင်းရဲတွင်းကလွတ်မြောက်နိုင်စေမယ်ဆိုတာ ယုံကြည်တယ်။

ဂျက်မားဟာ အင်္ဂလိပ်စာတော်ပေမဲ့ သင်္ချာဘာသာမှာညံ့တယ်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေတော့ သင်္ချာဘာသာမှာကျလို့ဝင်ခွင့်မရဘူး။ နောက်တကြိမ်ထပ်ဖြေတယ်။ သင်္ချာကြောင့်ထပ်ကျတယ်။ သင်္ချာဘာသာကို အပြင်းအထန်ကြိုးစားပြီး တတိယအကြိမ်ထပ်ဖြေမှ ဝင်ခွင့်စာမေးပွဲအောင်သွားတယ်။ ဆရာဖြစ်သင်တက္ကသိုလ်တက်တယ်။
-၁၉၈၈ခုနှစ်မှာ ဘွဲ့ရတယ်။ ဘွဲ့ရပြီး ကုမ္ပဏီ(၃၀)မှာ အလုပ်လျှောက်တယ်။ ကုမ္ပဏီတခုမှသူ့ကိုမရွေးဘူး။ ကြက်သားကျော်ကုမ္ပဏီ KFC ဆိုင်တွေကိုတရုပ်ပြည်လာပြီး စဖွင်တော့ အင်တာဗျူးဖြေသူ(၂၄)ယောက်မှာ သူကလွဲပြီး (၂၃)ယောက်အရွေးခံရတယ်။ နောက်ဆုံးမှ တက္ကသိုလ်တခုမှာ တလကို(၁၂)ဒေါ်လာ (မြန်မာကျပ်တစ်သောင်းနှစ်ထောင်)နဲ့အင်္ဂလိပ်စာသင်တဲ့ဆရာအလုပ်ရတယ်။ အင်္ဂလိပ်စာအသင်အပြကောင်းတဲ့ သူ့ကို ကျောင်းသားကျောင်းသူတွေက အရမ်းချစ်ကြတယ်။

ဂျက်မားရဲ့ငယ်ဘဝကိုရေးပြရတာက သူဟာမိဘချမ်းသာလို့အမွေရပြီးချမ်းသာလာတာမဟုတ်ဖူးဆိုတာသိစေချင်လို့ပါ။ ဂျက်ဟာ လူကောင်လေးသေးပေမဲ့ ရည်မှန်းချက်က တောင်ကြီးတခုလိုကြီးတယ်။ ခါကျဉ်ကောင် မာန်ကြီးပြီး တောင်ကြီးဖြိုဖို့ကြံနေတယ်။ အခွင့်သာမဲ့အချိန်အခါကိုစောင့်နေတယ်။ ၁၉၉၀ခုနစ်နောက်ပိုင်း မှာ တရုပ်ပြည်ကြီးဟာ ကမ္ဘာကိုတံခါးဖွင့်ပေးလိုက်တယ်။ နိုင်ငံတကာကိုထုတ်ကုန်တွေတင်ပို့ရင်း တရုပ်ပြည်ဟာ စီးပွားရေးတဟုန်ထိုးတိုးတက်လာခဲ့တယ်။ ဂျက်မားဟာ ကျောင်းဆရာအလုပ်ကထွက်လိုက်ပြီး တရုပ်စာကိုအင်္ဂလိပ်ဘာသာပြန်ပေးတဲ့ကုမ္ပဏီတခုထောင်လိုက်တယ်။

၁၉၉၅ခုနှစ်မှာ ဂျက်မားဟာ အဝေးပြေးလမ်းမတခုဆောက်မဲ့စီမံကိန်းတခုအတွက် သူ့မြို့ကအစိုးရကိုကူညီဘာသာပြန်ပေးဖို့ အမေရိကန်နိုင်ငံကို ပထမဆုံးအကြိမ်ရောက်သွားတယ်။ သူ့သူငယ်ချင်းက ကွန်ပြူတာကနေ အင်တာနက်ဖွင့်ပြပြီး လိုချင်တဲ့ပစ္စည်းကိုအင်တာနက်ကဝယ်လို့ရတယ်လို့ပြောတယ်။ ဂျက်က Beer စာလုံးရိုက်လိုက်တယ်။ နိုင်ငံတကာက ဘီယာမျိုးစုံပေါ်လာတယ်။ ဒါပေမဲ့China_Beerရှာမတွေ့ပါဘူး။ နောက်ပြီး သူအံ့သြသွားတာက China စာလုံးရိုက်လိုက်တယ်။ ဘာမှပေါ်ုမလာဘူး။ China နဲ့ပတ်သက်တာ အင်တာနက်မှာလုံးဝမရှိဘူး။အမေရိကားကပြန်လာတယ်။ သူ့အိမ်ကိုပြန်ရောက်တော့ တရုတ်ပြည်ရဲ့တခုတည်းသောအင်တာနက်ကပစ္စည်းရောင်းတဲ့ China_Pages ဆိုတဲ့websiteကိုဝင်ကြည့်တယ်။ တင်ထားတဲ့ပစ္စည်းတွေက မစုံသလို အားလုံးတရုပ်စာနဲ့ရေးထာတယ်။ တရုတ်စာနဲ့ရေးထားတဲ့ပစ္စည်းကို တရုပ်စာမဖတ်တတ်တဲ့နိုင်ငံတွေက ဘယ်မှာဝယ်ပါ့မလဲဆိုတဲ့အတွေးတခု သူ့ခေါင်းထဲပေါ်လာတယ်။

အဲဒီမှာ ဂျက်မားတယောက် အခွင့်အလမ်းတခုကိုစပြီးစဉ်းစားလိုက်မိပြီ။ အခွင့်အလမ်း(opportunity)ဆိုတာအရံသင့်ရွှေလင်ပန်းနဲ့ပေးလာတာမဟုတ်ပါဘူး။ ဒါပေမဲ့စိတ်ရှည်ရှည်နဲနှစ်ပေါင်များစွာ့စောင့်နေခဲ့တဲ့ဂျက်အဖို့ကတော့ ဒါဟာကြီးပွားမယ့် လမ်းစတခုဆိုတာ သိနေတော ရတဲ့အခွင့်အလမ်းကိုအမိအရဖမ်းဆုတ်ဖို့ပြင်ဆင်တော့တယ်။ နောက်၄နှစ်အကြာ(၁၉၉၉)ခုနှစ် အောက်တိုဘာလမှာ ဂျက်မားဟာ သူ့သူငယ်ချင်း၁၇ယောက်ကို သူအိမ်ကိုခေါ် ထမင်းစားဖိတ်ကျွေးပြီး သူတည်ထောင်မယ့်အင်တာနက်ကုမ္ပဏီမှာ အစုငွေထည့်ဝင်ကြဖို့ပြောတယ်။ ပထမတော့ အားလုံးဟာ အင်တာနက်အကြောင်းနဲနဲလေးပဲသိတဲ့ဂျက်ရဲ့လုပ်ငန်းကိုမယုံကြဘူး။ ဒါပေမဲ့ စိတ်အားထက်သန်ပြီးရည်မှန်းချက်ကြီးတဲ့ဂျက်ရဲ့ဆွဲဆောင်မှုကြောင့် နောက်ဆုံးအစုငွေတွေထည့်ကြ တယ်။

ရင်းနှီးမတည်ငွေ အမေရိကန်ဒေါ်လာ၆သောင်းရလိုက်တယ်။ Websiteတခုထောင်တယ်။ ဂျက်မားဟာကွန်ပြူတာပရိုဂရမ်အကြောင်းဘာမှမသိသေးပါဘူး။ ဒါပေမဲ့သူ့ရဲ့အားသာချက်က တရုပ်စာကိုအင်္ဂလိပ်လိုကျွမ်းကျွမ်းကျင်ကျင်ဘာသာပြန်တတ်တယ်။ သူလိုချင်တဲ့ website ပုံစံရအောင် သူ့သူငယ်ချင်းကွန်ပြူတာကွျှမ်းကျင်သူတွေကို လုပ်ခိုင်းတတ်တယ်။ အလီဘာဘာနာမည်နဲ့ကုမ္ပဏီထောင်လိုက်တယ်။ သိတ်မကြာခင်မှာပဲ နိုင်ငံတချို့က သူတို့လိုချင်တဲ့ပစ္စည်းတွေလှမ်းမှာတယ်။ ဂျက်မားတို့က ပစ္စည်းရောင်းတဲ့ဆိုင်တွေကိုအကြောင်းကြားပြီး မှာတဲ့နိုင်ငံကိုပို့ခိုင်းတယ်။ အလုပ်ဖြစ်ရင်ဝန်ဆောင်ခ Commission ယူတယ်။

လအတန်ကြာမှာ အမေရိကန်ကရင်းနီးမြုပ်နံမှုဘဏ်ကြီး Goldman_Sachs က ဒေါ်လာ(၅)သန်းနဲ့ဂျပန်ဆက်သွယ်ရေးကုမ္ပဏီကြီးSoftBankကဒေါ်လာသန်း(၂၀)ကို အလီဘာဘာမှာ ထည့်ဝင်ကြတယ်။ -၂၀၀၅ခုနှစ်မှာ Yahooက ဒေါ်လာတစ်ဘီလီယံရင်းနှီးမြုပ်နှံလာပြန်လို့ အလီဘာဘာရဲ့ရင်းနှီးမြုပ်နှံငွေဟာ(၁၀)ဘီလီယံထိရှိလာခဲ့တယ်။ အလီဘာဘာဟာ ပစ္စည်းဝယ်စုထားပြီး အင်တာနက်ကအမြတ်နဲ့ပြန်ရောင်းနေတဲ့Amazonတို့ eBayတို့နဲ့မတူပါဘူး။ ပစ္စည်းဝယ်ချင်သူနဲ့ပစ္စည်းရောင်းသူချင်းဆက်သွယ်ပေးလိုက်ပြီး အလုပ်ဖြစ်ရင်ပွဲစားခယူတဲ့ပွဲစားကုမ္ပဏီမျိုးပါ။ ပွဲစားကုမ္ပဏီက ဘာလို့များ အခုလိုကမ္ဘာသိအောင်မြင်ခဲ့တာလဲ။ တရုတ်ပြည်က ဈေးသက်သာတဲ့ပစ္စည်းဝယ်ချင်တဲ့အနောက်ကမ္ဘာကြီးတခုလုံးရှိနေတယ်။ သဘောက ဘီလီယံချီတဲ့ဈေးကွက်ကြီးရှိနေတယ်။

ထိုနည်းတူ စီးပွားရေးကောင်းလာလို့ ချမ်းသာတဲ့တရုပ်လူမျိုးသန်းပေါင်းများစွာကလဲ အနောက်နိုင်ငံထုတ် Branded ပစ္စည်းအကောင်းစားတွေဝယ်ချင်တယ်။ စကားပြောမတူကြတဲ့ လူ၂မျိုးကို ကြားခံဆက်သွယ်ပေးနိုင်ပြီး ရောင်းသူရော ဝယ်သူပါစိတ်ကျေနပ်အောင်လုပ်ပေးနိုင်ခဲ့လို့ပါ။ ဂျက်မားရဲ့ Business ကျွမ်းကျင်မှုနဲ့ Risk ယူရဲတတ်တာတွေကလဲ ကုမ္ပဏီရဲ့အာင်မြင်မှုမှာအဓိကကျခဲ့ပါတယ်။ ယနေ့ အလီဘာဘာကုမ္ပဏီရဲ့ပိုင်ဆိုင်မှုဟာအမေရိကန်ဒေါ်လာ(၂၆၅)ဘီလီယံဖြစ်နေပါပြီ။ ၂၀၁၈ခုနှစ်မှာ ဂျက်မားရဲ့ကြွယ်ဝမှုဟာလည်း အမေရိကန်ဒေါ်လာ ၃၉.၈ဘီလီယံ အထိချမ်းသာလာခဲ့ပါပြီ။

နောက်ဆုံးအနေနဲ့ လူငယ်တွေအတွက်မှတ်သားစရာလေးတခုပြောပြချင်ပါတယ်။ မဂ္ဂဇင်းအင်တာဗျူးတခုမှာ တက္ကသိုလ်တက်တုံးက ဂျက်နဲ့ချစ်ကြိုက်ခဲ့ကြပြီး လက်ထပ်ခဲ့တဲ့သူ့မိန်းမချောချောလေး Zhang_Ying က အခုလိုပြောပြခဲ့ပါတယ်။ “မားဟာ ရုပ်မချောပါဘူး။ ဒါပေမဲ့ သူ့မှာရုပ်ချောသူတွေမလုပ်နိုင်တာတွေကိုလုပ်နိုင်တဲ့အရည်အချင်းရှိတယ်။ အဲဒီအရည်အချင်းကိုသဘောကျလို့ သူ့ကိုကျမလက်ထပ်ခဲ့တာပါ”တဲ့။ လူငယ်တွေကြားကြရဲ့လား။ သူမလက်ထပ်တုံးက ဂျက်ဟာ တနေ့ဒီလောက်ချမ်းသာလာမယ်လို့ မမျော်လင့်ခဲ့ပါဘူး။ ဒါပေမဲ့ဂျက်ရဲ့အရည်အချင်းကြောင့်အများကြီးတက်လမ်းရှိတယ်ဆိုတာ သူမ ကောင်းကောင်းသိနေခဲ့တယ်။

အလီဘာဘာနဲ့ဂျက်မားတို့ရဲ့စိတ်ဝင်စားဖွယ် အခြားအချက်များ။

၁။ ဂျက်မားရဲ့အရပ်ဟာ၅ပေပဲရှိတယ်။ လူရွှင်တော်ဗေလုဝနဲ့ရုပ်တူသလို ဗေလုဝလိုပဲလူကောင်သေးသေးလေးပါ။

၂။ အလီဘာဘာဆိုတာ Alibaba_Group ကိုပြောတာဖြစ်ပြီး အဲဒီ Group အောက်မှာ Taobao ရယ် Tmail ရယ် Alibaba ဆိုပြီး ကုမ္ပဏီ၃ခုနဲ့ဖွဲ့စည်းထားတာပါ။

၃။ အလီဘာဘာဆိုတဲ့နာမည်ကို ဂျက်မားက”အလီဘာဘာနဲ့ခိုးသားလေးဆယ်”ကမ္ဘာကျော်အာရပ်ပုံပြင်ထဲကယူလိုက်တာပါ။ သူ့ရည်ရွယ်ချက်က ကမ္ဘာကျော်ကုမ္ပဏီဖြစ်အောင်လို့ကမ္ဘာသိပုံပြင်ထဲကနာမည်ကိုယူသုံးလိုက်တာပါ။

၄။ အလီဘာဘာရဲ့ကုမ္ပဏီwebsiteတွေကို ဝင်ကြည့်သူတွေဟာ တနေ့လူပေါင်းသန်း(၁၀၀)လောက်ရှိပါတယ်။

၅။ ဂျက်မားဟာ ကမ္ဘာကျော်အမေရိကန်ဟားဗတ်တက္ကသိုလ်မှာတက်ခွင့်ရဖို့လျှောက်တာ(၁၀)ကြိမ်ရှိခဲ့ပြီး အကြိမ်တိုင်းအပယ်ခံခဲ့ရပါတယ်။ မကြာခင်ကပဲ ဟားဗတ်တက္ကသိုလ်က သူ့ကိုလက်မခံလိုက်တာမှားသွားတယ်လို့ဝန်ခံခဲ့ပါတယ်။

၆။ ဂျက်မားရဲ့နာမည်ရင်းက Ma_Yun(မားယွန်း)ပါ။ ဂျက်ဆိုတဲ့အင်္ဂလိပ်နာမည်ကို သူငယ်ငယ်ကဟန်ဇိုးမှာ မိတ်ဆွေဖြစ်ခဲ့တဲ့တိုးရစ်အမျိုးသမီးတယောက်ကပေးခဲ့တာပါ။ အဲဒီအမျိုးသမီးရဲ့ယောက်ျားနဲ့အဖေနာမည်တွေမှာ Jackပါနေတယ်။

၇။ ဂျက်ဟာ တရုပ်တိုင်ချီသိုင်းကစားတာကို အလွန်ဝါသနာပါလို့ နေ့တိုင်းလေ့ကျင့်ပါတယ်။

၈။ ဝန်ထမ်း(၁၅)ယောက်နဲ့စခဲ့တဲ့အလီဘာဘာဟာ အခုဝန်ထမ်းပေါင်းသုံးသောင်းကျော်ရှိနေပါပြီ။

၉။ အလီဘာဘာဟာ ပစ္စည်းမှာတဲ့ဖေါက်သည်တွေရဲ့ယုြံကည်မှုရစေဖို့ ပစ္စည်းအတုလုပ်တဲ့ လိမ်ညာတတ်တဲ့ကုမ္ပဏီတွေနဲ့အလုပ်မလုပ်ပါဘူး။

၁၀။ ဂျက်မားရဲ့အင်္ဂလိပ်စကားပြောဘယ်လောက်ကောင်းသလဲဆိုတာသိချင်ရင် Jack_Ma_Davos_ Interview ဆိုတဲ့စကားလုံးကို Youtubeမှာရိုက်ထဲ့ပြီး ဖွင့်ကြည့်လိုက်ပါ။ အံသြသွားလိမ့်မယ်။

ဂျက်မားဗီဒီယို

ဂျက်မားရဲ့ စကားတချို့

Tags: successfulworld people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!