Sunday, April 11, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အလယ်ခေတ် (သို့) Medieval Times ဆိုသည်မှာ

by Thutamm
January 14, 2020
Reading Time: 2min read
0
အလယ်ခေတ် (သို့) Medieval Times ဆိုသည်မှာ
Share on FacebookShare on Twitter

ရေးသားသူ – မောင်မောင်စိုး (Academy Page)

Middle Ages ဆိုသည်မှာ ဥရောပဒေသတွင် အေဒီ ၃၅၀ အချိန်မှ အေဒီ ၁၄၅၀ အချိန်အထိ ဖြစ်ပေါ်ခဲ့သည့် သမိုင်းအဖြစ်အပျက်ကို ဆိုလိုသည် ။ Middle Ages ဆိုသည့် စကားလုံးကို အေဒီ ၁၄ ၊ ၁၅ ၊ ၁၆ – ရာစု အချိန်က ဥရောပဒေသတွင် စာပေ ၊ အနုပညာများ ထွန်းတောက်ခဲ့သည့် Renaissance ခေတ် အချိန်က သမိုင်းပညာရှင်များ မှ စတင် သုံးနှုံးခဲ့ကြခြင်းဖြစ်သည် ။

Middle Ages ဆိုသည့် စကားလုံးသည် medieval အမည်ရ စကားလုံးမှ ဆင်းသက်လာခြင်း ဖြစ်ကာ ၊ medium (middle) နှင့် aevum (age) ကို ပေါင်းစပ်ထားခြင်းဖြစ်သည် ။ ရှေးခေတ် ဥရောပသမိုင်းများသည် တဖြည်းဖြည်းပြောင်းလဲလာကာ Middle Ages အစ ဖြစ်လာခဲ့ သည်ဟု သမိုင်းပညာရှင်များမှ သတ်မှတ်ထားခြင်းဖြစ်သည် ။

Middle Ages အချိန်သည် အလွန်ရှည်လျှားသည့် အချိန်ကာလ တခုလည်းဖြစ်သည် ။ သမိုင်းပညာရှင်များမှ အေဒီ ၃၅၀ မှ ၁၀၅၀ အထိ ကို Early Middle Ages ၊ အေဒီ ၁၀၅၀ မှ ၁၃၀၀ အထိကို High Middle Ages ၊ အေဒီ ၁၃၀၀ မှ ၁၄၅၀ အချိန်အထိ ကို Late Middle Ages ဟု ၃-ပိုင်း ခွဲခြား သတ်မှတ်ထားကြသည် ။

Middle Ages အစ အချိန်က အနောက်ရောမအင်ပါယာ တဖြည်းဖြည်း အားနည်း ပြိုကွဲလာခဲ့ပြီး ဘုရင့်နိုင်ငံငယ်များအဖြစ် စတင် ပေါ်ထွက်လာခဲ့သည် ။ ဥရောပဒေသ၏ ယဉ်ကျေးမှု ၊ နိုင်ငံရေး ၊ စီးပွားရေး နှင့် အုပ်ချုပ်ရေး များသည် အေဒီ ၁၀၅၀ မှ ၁၃၀၀ အချိန်အတွင်း ထူးထူးခြားခြားပြောင်းလဲ ဖြစ်ပေါ်ခဲ့သဖြင့် High Middle Ages ဟု ခေါ်ဆို ကြခြင်း ဖြစ်သည် ။ Late Middle Ages ကုန်ဆုံးချိန်တွင် ဥရောပဒေသ၌ နိုင်ငံငယ်များစွာ ပေါ် ထွက်လာခဲ့ပြီး ဥရောပဒေသသည် လည်း ပြောင်းလဲလာခဲ့သည် ။

ရောမ ကမ္ဘာပြောင်းလဲလာခြင်း

ရောမ အင်ပါယာသည် ရှေးခေတ် အချိန်က ဥရောပဒေသတွင် အင်အားအကြီးဆုံး ၊ အချမ်းသာဆုံး နှင့် ယဉ်ကျေးမှု အတိုးတက်ဆုံး အင်ပါယာဖြစ်ခဲ့သည် ။ ရှေးခေတ် အချိန်က ရောမ အင်ပါယာဒေသတွင် ရော်မန် ဘုရင်များသည် ဘာသာရေးခေါင်းဆောင် များဖြစ်ကြပြီး ဘုရင်သည် God ( ဘုရား ) ဖြစ်သည် ။

အေဒီ ၃၁၂ – ခုနှစ်တွင် ရောမအင်ပါယာ၏ ဘုရင် Constantine သည် ဘာသာဝင်အဖြစ် ပြောင်းလဲ လိုက်သည် ။ ထိုအချိန်မှစ၍ ရောမအင်ပါယာသည် ခရစ်ယာန်အင်ပါယာ ဖြစ်လာခဲ့သည် ။ သို့သော်လည်း တချို့ရော်မန်များမှ ခရစ်ယာန် ဘာသာကို လက်ခံယုံကြည်ခြင်း မရှိခဲ့ ကြပေ ။

ရောမအင်ပါယာပြိုကွဲခြင်း

ရော်မန်ဘုရင် Constantine သေဆုံးပြီးနောက် ရောမအင်ပါယာ၏ အရှေ့ဘက် နှင့် အနောက်ဘက် ဒေသမှ တော်လှန်ပုံကန်မှုများကိုမထိန်းချုပ်နိုင်ဖြစ်လာခဲ့ပြီး အေဒီ ၃၉၈ တွင် အရှေ့ရောမအင်ပါယာ နှင့် အနောက်ရောမအင်ပါယာဟူ၍ နှစ်ခြမ်းကွဲသွားခဲ့သည် ။အေဒီ ၄၇၆ ခုနှစ်တွင် ရောမဘုရင် Romulus Augustulus နန်းချခံရပြီး ရောမအင်ပါယာပြိုကွဲခဲ့ သွားခဲ့သည် ။

ရောမန်များသည် တဖန် အရှေ့ဘက်ရှိ Constantinople မြို့(ယခုအစ္စတန်ဘူလ်)သို့ရွှေ့ပြောင်းလာခဲ့ကြပြီး သူတို့၏ မြို့တော်အဖြစ်တည်ဆောက်ခဲ့ကြသည် ။ ထိုအင်ပါယာသည်လည်း ရော်မန် လူမျိုး များ၏ အင်ပါယာ ဖြစ်ပြီး သမိုင်းတွင် Byzantine အင်ပါယာ ဟုခေါ်သည် ။

Early Middle Ages

ရောမ အင်ပါယာပြိုကွဲပြီးနောက် အနောက်ဥရောပဒေသတွင် ဘုရင့် နိုင်ငံငယ်များစွာပေါ်ထွန်းလာခဲ့သည် ။ ထို ဘုရင့်နိုင်ငံငယ်များကို Merovingian Kingdoms ဟုခေါ်သည် ။

Merovingian ဆိုသည်မှာ အေဒီ ၄ – ရာစုအချိန်က ရော်မန်စစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့ကြ သည့် ဥရောပ အနောက်ဘက်ဒေသမှပြင်သစ် ၊ ဂျာမန် နှင့် ဂျာမန် အနွယ်ဝင် လူမျိုးများကို ခေါ်ခြင်းဖြစ်သည် ။

Merovingians ဘုရင်များသည် အနောက်ဥရောပ ဒေသ တွင် အေဒီ ၄၈၁ မှ အေဒီ ၇၅၁ အချိန်အထိ ရှည်လျှားသည့် အချိန်များကိုအုပ်ချုပ်ခဲ့ကြသည် ။

ပြင်သစ် ဘုရင်များ၏ အင်ပါယာသည် အေဒီ ၅၃၇ အချိန်က ယနေ့ပြင်သစ် ၊ ဘယ်လဂျီယမ် ၊ ဆွစ်ဇာလန် နှင့် ဂျာမနီ နိုင်ငံ အနောက်မြောက်ဘက် ဒေသများအထိ ကျယ်ပြန့်ခဲ့သည် ။

ထိုခေတ်အချိန်က Merovingians ဘုရင်များ သည် သူတို့၏ ကျယ်ပြန့်သည့် နယ်မြေများကို ခွဲေ၀ အုပ်ချုပ်ခဲ့ကြသည် ။ သူတို့၏ သားသမီးများကို နယ်မြေခွဲေ၀ ပေးအပ်ပြီး အုပ်ချုပ်စေခဲ့သည် ။

Merovingians ဘုရင်များ၏ အုပ်ချုပ်ရေးပုံစံသည် ရှေးခေတ် ရော်မန်များ၏ အုပ်ချုပ်မှု နှင့်ဆင်တူသည် ။ Merovingians ဘုရင်များ ပုံပါသည့် ငွေကြေးကို သုံးစွဲရပြီး သာမန်ပြည်သူများသည် ဘုရင်ကို အခွန်ပေးဆောင်ရသည် ။

အေဒီ ၇၀၀ အချိန်ခန့်မှစ၍ သြစတြီးယားဒေသမှ Frankish ဘုရင် Carolingians သည် ဥရောပ အနောက်ဘက်ဒေသတွင် အင်အားကြီးထွားလာခဲ့သည် ။ Carolingians ၏ မျိုးဆက်များသည် အနောက်ဥရောပဒေသအနှံ့ကို သိမ်းယူနိုင်ခဲ့ပြီး Empire of Charlemagne(ရှားလမိန်း) ကို ထူထောင်ခဲ့ကြသည် ။

သည်ခေတ်၏ အထင်ရှားဆုံး ဘုရင်မှာ Charlemagne ( သို့ ) Charles the Great ဖြစ်သည် ။ သူသည် အေဒီ ၈ – ရာစု အချိန်ကအနောက်ဥရောပဒေသ၏ ကျယ်ပြန့်သည့် နယ်မြေများကို ထိန်းချုပ်ခဲ့သည် ။ ထို့ကြောင့် ထို အင်ပါယာကို Empire of Charlemagne ဟုခေါ်သည် ။

Charlemagne သည် ဥရောပ အနောက်ဘက်ဒေသ သမိုင်းတွင် ရှိခဲ့သည့် Holy Roman Empire ကို စတင် ထူထောင်ခဲ့သူလည်း ဖြစ်သည် ။ ( Holy Roman Empire ကို Charlemagne မှ အေဒီ ၈၀၀ ခန့်တွင် ထူထောင်ခဲ့ပြီး အေဒီ ၁၈၀၆ – ခုနှစ် ပြင်သစ် ဘုရင် Emperor Francis II လက်ထက်တွင် ကျရှုံးပျောက်ကွယ်ခဲ့ရသည် ။ )

Empire of Charlemagne

Carolingians မျိုးဆက်များ ထူထောင်ခဲ့သည့် Charlemagne ခေတ်သည် အနောက်ဥရောပဒေသ တွင် အေဒီ ၇ – ရာစုမှ ၁၀ – ရာစုအထိ တည်တန့်ခဲ့သည် ။ ၉ -ရာစု အချိန်မှစ၍ အနောက်ဥရောပဒေသသည်ဒေသ ၃ – ခုမှ ကျူးကျော်သူများကို ရင်ဆိုင် လာကြ ရသည် ။

တောင်ဘက်ဒေသတွင် မူဆလင်များ၏ နယ်မြေကျယ်ပြန့်လာမှု ၊ အရှေ့ဘက် ဟန်ဂေရီဒေသတွင် Magyars လူမျိုးများ၏ ချဲ့ထွင်လာမှု ၊ မြောက်ဘက်ဒေသတွင် နော်ေ၀ ၊ ဆွီဒင်ဒေသမှ Vikings လူမျိုး များ၏ နယ်မြေချဲ့ထွင်မှုများကို ရင်ဆိုင်လာရသည် ။

Carolingians အင်ပါယာသည် ထို ပြသနာများကိုရင်ဆိုင်လာရပြီး နယ်မြေများ တဖြည်းဖြည်း ဆုံးရှုံးမှု နှင့် ရင်ဆိုင်လာရခြင်းဖြစ်သည် ။ မူဆလင်များ၏နယ်မြေသည် ပြင်သစ် နှင့် အီတလီ တောင်ဘက် ဒေသအထိ ကျယ်ပြန့်လာခဲ့သည် ။

မြင်းစီးကျွမ်းကျင်သည့် Magyar လူမျိုးများသည် Rhine မြစ်ကြောင်းတလျှောက် သွားလာပြီး အီတလီ တောင်ပိုင်း နှင့် ဂျာမနီဒေသများကို တိုက်ခိုက်လာခဲ့ကြသည် ။ ရေကြောင်ကျွမ်းကျင်သည့် Vikings လူမျိုးများသည် အင်္ဂလန် ၊ အိုင်ယာလန် ဒေသကို သိမ်းယူပြီး ပြင်သစ်ဒေသကိုလည်းခြိမ်းခြောက်လေ့ရှိသည် ။

အေဒီ ၉၅၅ – အချိန်တွင် Magyars များသည် ဘုရင် Otto I ကို စစ်အောင်နိုင်ပြီး ဟန်ဂေရီဒေသ သည် Magyars ဒေသ ဖြစ်လာခဲ့သည် ။ Vikings လူမျိုးများသည်လည်း Magyars လူမျိုးများကဲ့သို့ အနောက်ဥရောပဒေသ တွင် အခြေချ နေထိုင်လာခဲ့ကြသည် ။ ရှေးအချိန်က လူနေထိုင်မှုနည်းပါးသည့် ရောမန်ဒေသဖြစ်ခဲ့ရာ အင်္ဂလန်ဒေသသည် တစည်းတလုံးထဲ ဖြစ်လာခဲ့သည် ။

Charlemagne Empire ပြိုကွဲပြီးနောက် ဥရောပ အနောက်ဘက်ဒေသတွင် ပြင်သစ် ၊ ဂျာမနီ ၊ နယ်သာလန် ၊ ဘယ်လဂျီယံ ၊ ဆွေဇလန် ၊ အီတလီ နှင့် Luxembourg စသည့် နယ်မြေများ ပေါ်ထွက်လာခဲ့သည် ။ အုပ်စုငယ်များစွာ ပေါ်ထွက်လာခဲ့သည် ။ ဒေသဆိုင်ရာ အုပ်ချုပ်ရေးများ မှာလည်း စစ်ခေါင်းဆောင်များအုပ်ချုပ်သည့် Feudalism နိုင်ငံရေးစနစ် ဖြစ်သည် ။

ခရစ်ယာန် အယူဝါဒ ထွန်းတောက်လာခြင်း

ယနေ့ခေတ် သမိုင်းပညာရှင်များမှ Middle Ages သည် ရောမအင်ပါယာ အားနည်း ပြိုကွဲမှုများ နှင့် အတူ အေဒီ ၃၅၀ မှ ၆၀၀ ခန့်အချိန်အတွင်း တဖြည်းဖြည်း ပြောင်းလဲ ဖြစ်ပေါ်လာခဲ့သည်ဟု မှတ်ယူထားကြသည် ။ ထိုအချိန်ကို Late Antiquity ခေတ် ဟု သတ်မှတ်ကြသည် ။

ရောမ အင်ပါယာပြိုကွဲ စအချိန်က ဥရောပဒေသ အနှံ့တွင် ခရစ်ယာန် ဘာသာရေးခေါင်းဆောင် များသည် ဒေသတည်ငြိမ်ရေးအတွက် အရေးပါသည့် အခန်းမှ ပါဝင်လာခဲ့သည် ။ ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များသည် Late Antiquity အချိန်က ဥရောပဒေသ များတွင် သြဇာအာဏာရှိသည့် ဘာသာရေးခေါင်းဆောင် နှင့် အုပ်ချုပ်သူများ ဖြစ်ကြသည် ။

လူမှုရေးပြောင်းလဲလာမှု နှင့်အတူ ခရစ်ယာန် ဘုရားကျောင်းများ၏ အခန်းကဏ္ဍသည်လည်း ပြောင်းလဲ လာခဲ့သည် ။ ပြင်သစ်ဒေသမှ ခရစ်ယာန် ဘုရားကျောင်းများသည် ဘုရင့်နိုင်ငံငယ်များ ၊ ဒေသ ဆိုင်ရာအုပ်ချုပ်သူ များကို စည်းရုံးနိုင်ခဲ့ပြီးနောက် ဘာသာရေးဆိုင်ရာ ပုပ်ရဟန်းမင်းများသည် သြဇာအာဏာ ကြီးထွား လာခဲ့သည် ။ သူတို့ပိုင်ဆိုင်သည့် နယ်မြေများကို ထူထောင်လာခဲ့ကြသည် ။

အစ္စလာမ် အယူဝါဒ အားကောင်းလာခြင်း

အစ္စလာမ်အယူဝါဒသည် အေဒီ ၆၃၀ – ခန့်အချိန်တွင် ယနေ့ဆော်ဒီအာရေဗျနိုင်ငံ မကာဒေသမှ စတင်ခဲ့သည် ။ အစ္စလာမ်ဘာသာဝင်မူဆလင်များသည် စစ်ပွဲများကို အလျှင်အမြန် အောင်နိုင်ကာ အေဒီ ၇၅၀-ခန့်တွင် အာရှအနောက်ဘက်ဒေသ ၊ အာဖရိကမြောက်ဘက်ဒေသများကို ထိန်းချုပ်လာနိုင်ခဲ့ကြသည် ။

အစ္စလာမ် အယူဝါဒ အင်အားကောင်းလာမှုနှင့်အတူ တချိန်က ရောမကမ္ဘာတွင် Byzantium အင်ပါယာ ၊ အစ္စလာမ် အင်ပါယာ နှင့် အနောက်ဥရောပဒေသ ဟူ၍ ကွဲလာခဲ့ကြသည် ။ ထိုဒေသ ၃ – ခု သည် အဓိက အားဖြင့် နိုင်ငံရေး နှင့် စီးပွားရေးနယ်ပါယ်များတွင်များစွာ ကွဲလွဲကာ ပြိုင်ဘက်သာမက ရန်ဘက်ဒေသများဖြစ်ကြသည် ။

အေဒီ ၇ -ရာစု အချိန်က ထိုဒေသ ၃ – ခုတွင် အနောက်ဥရောပဒေသသည် အဆင်းရဲဆုံးဒေသ ဖြစ်သည် ။ အင်္ဂလန်ဒေသသည် ဘုရင့် နိုင်ငံငယ်များစွာ အုပ်စုငယ်အဖြစ် တည်ရှိပြီး ၊ အီတလီကျွန်းဆွယ် ဒေသ ၏ မြောက်ဘက်တွင် ဘုရင်အုပ်ချုပ်ကာ ၊ တောင်ဘက်ဒေသကို စစ်ခေါင်းဆောင်များမှ အုပ်ချုပ် ထားကြသည် ။ အစ္စလာမ် ကမ္ဘာသည် တဖြည်းဖြည်း ကြီးမားသည့် ကုန်သွယ်ရေးနယ်မြေကို ပိုင်ဆိုင်လာခဲ့သည် ။

High Middle Ages

အေဒီ ၁၁ – ရာစု မှ ၁၃ – ရာစု အထိ အချိန်များကို High Middle Ages ခေတ်ဟု ခေါ် ဆိုကြသည် ။ ဤခေတ်တွင် အနောက်ဥရောပဒေသသည် မြို့ဟောင်းများကို ပြန်လည်အသက်သွင်းပြီး ၊ မြို့သစ်များကို ထူထောင်လာကြသည် ။ တက္ကသိုလ် ၊ ကောလိပ်များ စတင်ပေါ်ထွန်းလာခဲ့ပြီး ၊ ခရစ်ယာန် ဘုရားကျောင်းများ နှင့် အယူဝါဒများ လည်း တဖြည်းဖြည်း ပြုပြင် ပြောင်းလဲ လာကြသည် ။

စစ်ပွဲများအတွက် ကြေးစားစစ်သားများ ပေါ်လာခဲ့ပြီး ဘုရင်များ၏ သြဇာအာဏာသည်လည်း အပြောင်းအလဲ များဖြစ်လာခဲ့သည် ။ တချိန်တည်းမှာပင် အစ္စလာမ်ကမ္ဘာ နှင့် Byzantine Empire တို့၏ စစ်ပွဲ ပြိုင်ဆိုင်မှုများကြောင့် ၊ အနောက်ဥရောပဒေသသည် ကမ္ဘာပေါ်တွင် အင်အားကြီးဒေသတခု ဖြစ်လာခဲ့သည် ။

Crusade(ခရူးဆိတ်) စစ်ပွဲ

အစောပိုင်းအချိန်က Byzantine Empire သည် ချမ်းသာကြွယ်ဝသည့် အင်ပါယာတခုဖြစ်သော်လည်း ၊ မူဆလင် အင်အား ကြီးထွားလာမှု အချိန်မှ စ၍ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်လာခဲ့ရသည် ။ အနောက်ဥရောပ ဒေသ နှင့် Byzantine Empire သည် ခရစ်ယာန်ဘာသာ တူညီသော်လည်း ဘာသာရေးဆိုင်ရာ အယူဝါဒ ခြားနားမှုများစွာ ရှိကြသည် ။

သို့သော်လည်း အေဒီ ၁၁ – ရာစု အရောက် တွင် ထိုဒေသ နှစ်ခု၏ ရန်ဘက်အသွင်သည် ပြီးဆုံးသွားခဲ့သည် ။ အကြောင်းမှာ ထိုအချိန်က မူဆလင် အင်အားကြီးထွားလာမှု နှင့်အတူ ၊ မူဆလင်များ၏ ရန်ကို ပူးပေါင်းကာကွယ်ရန် လိုအပ်ကြောင်း နားလည်လာခဲ့ကြသည် ။ Byzantine Empire ဘုရင်သည် ဥရောပ အနောက်ဘက်ဒေသမှ စစ်ရေးအကူအညီ တောင်းခံခဲ့သည် ။

အေဒီ ၁၀၉၆ – ခုနှစ်တွင် ပုပ်ရဟန်းမင်ကြီး Urban II သည် မူဆလင် တို့အား ဘာသာရေးစစ်ပွဲ ဆင်နွဲရန် ဂျေရုဆလင်သို့စစ်ချီကာတိုက်ခိုက်ခဲ့သည် ။ ထိုစစ်ပွဲကို ခရူးဆိတ်စစ်ပွဲဟု ခေါ်သည် ။


ပုပ်ရဟန်းမင်းခေါင်းဆောင်သည့် Crusaders စစ်သည်များသည် ပထမ ခရူးဆိတ်စစ်ပွဲကို အောင်နိုင်ခဲ့ကြ သည် ။ သို့သော် လည်း မူဆလင်များ၏ ပြန်လည်တွန်းလှန်မှု နှင့်အတူ နောက်ပိုင်း စစ်ပွဲများတွင်အရှုံး နှင့် ရင်ဆိုင်ခဲ့ရသည် ။

မှတ်တမ်းများအရ ခရူးဆိတ်စစ်ပွဲသည် ၅ -ကြိမ်ဖြစ်ပွားခဲ့ပြီး ခရစ်ယာန် များသည် ကန္တာရ စစ်ပွဲများကို မဆင်နွဲ နိုင်ပဲ အရှုံး နှင့် ရင်ဆိုင်ခဲ့ရသည် ။

Byzantine Empire ပြိုကွဲခြင်း

ခရူးဆိတ်စစ်ပွဲရှူံးနိမ့်မှု နှင့်အတူ Byzantine Empire သည် အင်အား အလွန်ကျဆင်းသွားခဲ့သည် ။ Byzantine Empire သည် အောက်ဘက်မှ တာကီအနွယ်ဝင် အော်တိုမင်များ၏ ခြိမ်းခြောက်မှု နှင့် အတူ အပေါ်ပိုင်းမှ ရုရှားလူမျိုးများ၏ နယ်မြေချဲ့ထွင်လာမှုများကြောင့် နယ်မြေ ကျဉ်းမြောင်း လာခဲ့ သည် ။

နောက်ဆုံး အေဒီ ၁၄၅၃ – ခုနှစ်တွင် အော်တိုမင် များသည် Byzantine Empire ၏ မြို့တော် Constantinople ကို သိမ်းယူခဲ့ပြီးနောက် Byzantine Empire သည်လည်း ကျရှုံးပျောက်ကွယ်ခဲ့ရသည် ။

အနောက်ဥရောပ ပြောင်းလဲလာခြင်း

အေဒီ ၁၀ မှ ၁၂ – ရာစု အချိန်အတွင်း အနောက်ဥရောပဒေသမှ ဘုရင်များသည် တခြားဒေသ သို့နယ်မြေသစ်ချဲ့ထွင်သည့် စစ်ပွဲများမရှိသဖြင့် ဒေသတွင်း လူဦးရေ သည်လည်း တိုးတက်များပြား လာခဲ့သည် ။ ထို့အတူ စိုက်ပျိုးရေး ၊မွေးမြူရေး စနစ်များ ပြောင်းလဲလာခဲ့ကာမြို့ပြယဉ်ကျေးမှု ထွန်းကား လာခဲ့သည် ။ ပြင်သစ် ၊ အီတလီ ၊ ဂျာမနီ နှင့် နယ်သာလန် ဒေသများတွင်မြို့၊ ရွာများစွာ ပေါ်ထွန်း လာခဲ့သည် ။

ကူးသန်းရောင်းဝယ်ရေး ထွန်းကားလာမှု နှင့်အတူ ကြီးကျယ်ခန်းနားသည့် နန်းတော်များ ၊ ဘုရားကျောင်းများကို ဆောက်လုပ်လာခဲ့ကြသည် ။ ၁၁ -ရာစု အချိန်က အဓိကကျသည့် ကူးသန်းရောင်းဝယ်ရေးမြို့များသည် ေြမြထဲပင်လယ် ကမ်းခြေဒေသ ၊ Baltic Sea ပင်လယ်ကမ်းခြေဒေသရှိမြို့များဖြစ်သည့် Lübeck, Hamburg, Gdańsk, နှင့် Stockholm စသည့်မြို့များဖြစ်သည်ဟုဆိုသည် ။

၁၂ – ရာစု အချိန်တွင် အီတလီဒေသမှ Genoa, Florence, Venice စသည့် မြို့များသည် အဓိကကျသည့် ကူးသန်းရောင်းဝယ်ရေးမြို့များဖြစ်လာသည် ။ သို့သော်လည်း ထိုခေတ် အချိန်ကမြို့ကြီးများသည် ယနေ့ခေတ် အချိန် နှင့် နှိုင်းယှဉ်လျှင် များစွာနည်းပါးသည် ။

၁၃ – ရာစုအချိန်က ပြင်သစ်နိုင်ငံ ပဲရစ်မြို့လူဦးရေသည် လူဦးရေ ၁ – သိန်းအောက်သာရှိသည် ။ ထို့အတူ အီတလီဒေသမှ မြို့ကြီးများဖြစ်သည့် Genoa, Florence,Venice, စသည့်မြို့များသည် လူဦးရေ ၂၅၀၀၀ ခန့်သာရှိပြီး ၊ ဂျာမန်မြို့များမှာ လူဦးရေ ၁၀၀၀၀ ခန့်သာရှိခဲ့သည် ။

ကုန်သည် ၊ အလုပ်သမား လူတန်းစား ကြီးထွားလာခြင်း

အလယ်ခေတ် အစောပိုင်း အချိန်က မြို့အများစုသည် ဒေသ တခု နှင့် တခု ထုတ်ကုန်များ ခြားနားမှုရှိသည် ။ အမဲသားရောင်းသည့် နေရာက တနေရာ ၊ အဝတ်အစားရောင်းသည့်နေရာက တနေရာ ၊ ရှူးဘိနပ် ရောင်းသည့်နေရာက တနေရာ စသည်ဖြင့် နယ်မြေခြားနားမှုရှိသည် ။

သို့သော်နောက်ပိုင်း ထိုလူသုံးကုန်ပစ္စည်းများ ကို တနေရာထဲတွင် ရရှိနိုင်သည့် ဈေးကွက်များ ပေါ်လာပြီး ကုန်သည်များ ၊ အလုပ်သမား လူတန်းစားများပေါ်လာခဲ့သည် ။ ကုန်စည်ကူးသန်းရောင်းဝယ်ရန် ငွေကြေးများ ပေါ်လာသည် ။

ဒေသဆိုင်ရာဘုရင်များ ၊ မြို့ရွာများကို အုပ်ချုပ်သည့် သူများသည် ကုန်စည်ကူးသန်း ရောင်းဝယ် ရာတွင် ကုန်စည်တခု နှင့်တခု ဈေးနှုန်းညီမျှ အောင် လုပ်ဆောင်လာကြသည် ။ အခွန်အကောက်များ ကောက်ခံပြီး ကုန်သည် ၊ ပွဲစား များ နှင့် ရောင်းဝယ်ဖေါက်ကားမှုများကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်လာ ကြသည် ။

လွတ်လပ်မှုကြီးထွားလာခြင်း

ကုန်သည် ၊ ပွဲစားများ အားကောင်းလာပြီး ၊ နယ်မြေများ ၊ ဈေးများကို သူတို့ဘာသာ သူတို့ ထိန်းချုပ်ခွင့်ရအောင် ဘုရင်ထံမှတောင်းဆိုလာကြသည် ။ ဤသို့ဖြင့် ပြည်သူများ၏ လွတ်လပ်မှုသည် တဖြည်းဖြည်း ကြီးထွားလာခဲ့သည် ။

ပညာရေးစနစ်ပြောင်းလဲလာခြင်း

အစောပိုင်းအချိန်က ခရစ်ယာန် ဘုရားကျောင်းများသည် ပညာရေး ကို ထိန်းချုပ်ထားသည် ။ ပညာသင်ယူလိုသည့် လူငယ်များသည် ခရစ်ယာန်ကျောင်းသို့သွားရောက်ရသည် ။ အေဒီ ၁၁ – ၁၂ ရာစု အချိန်များတွင် တချို့မြို့များတွင် ပညာရေးကျောင်းများသည်ခြားနားသည့် ပုံစံဖြင့် ပေါ်ပေါက်လာခဲ့သည် ။

ထိုကျောင်းများတွင် အဓိက အားဖြင့် အတွေးအခေါ် ၊ ဆေးပညာ နှင့် ဥပဒေ ပညာများ ကိုသင်ကြားကြသည် ။ ထိုကျောင်းများတွင်သင်ယူခဲ့ကြသည့် ပညာရှင်များသည် အောင်မြင်ကျော်ကြားသည့် ဆရာဝန်များ ၊ ကုန်သည်များ ၊ ရှေ့နေများ နှင့် ချမ်းသာသည့် မိသားစုများဖြစ်လာခဲ့ကြသည် ။

တချို့မှာ ဘုရင်ကို အလုပ်အကြွေးပြုသည့် အစိုးရဝန်ထမ်းဖြစ်လာခဲ့ကြသည် ။ ထိုကျောင်းများသည် တဖြည်းဖြည်း ကျော်ကြားလာပြီး ဆရာ နှင့် ကျောင်းသားများမှာလည်း ဥရောပ တလွှားမှ ဖြစ်လာခဲ့ကြသည် ။

ပြင်သစ် ၊ အီတလီ ဒေသရှိ ကျောင်းများသည် တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာခဲ့သည် ။ အီတလီ နှင့် ပြင်သစ် တောင်ဘက် ဒေသ ရှိ ကျောင်းများသည် ဥပဒေ နှင့် ဆေးပညာ တွင်ထင်ရှားပြီး ၊ ပြင်သစ် မြောက်ဘက်ဒေသရှိ ကျောင်းများသည် အတွေးအခေါ် နှင့် သီအိုရီ ပညာရပ်များတွင် ထင်ရှားသည် ။

၁၃ – ရာစု အချိန်တွင် ထိုကျောင်း ငယ်ကလေးများ စုပေါင်းပြီး တက္ကသိုလ်အဖြစ် ပေါ်ထွန်းလာခဲ့သည် ။ အလယ်ခေတ် ကုန် ခန့်အချိန်တွင် ဥရောပဒေသ အနှံ့တွင် ထင်ရှားသည့် တက္ကသိုလ်ပေါင်း ၈၀ – ခန့် အထိရှိလာခဲ့သည် ။

တက္ကသိုလ်များသည်လည်း ကိုယ်ပိုင် ၊ စီမံ အုပ်ချုပ်ခွင့် ရလာခဲ့ကြသည် ။ တက္ကသိုလ်များသည် ပိုမိုကောင်းမွန်သည့် သင်ရိုး ညွှန်းတမ်းများ ၊ သင်ကြားနည်းများကို ကြံဆ လာကြသည် ။ ထူးချွန်သည့်ကျောင်းသားများကို ပညာသင်ထောက်ပံ့ကြေးပေးသည့် အစီအမံများ ပေါ်ထွန်း လာခဲ့သည် ။ တက္ကသိုလ်အချင်းချင်းပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲများ ပေါ်ထွန်းလာခဲ့သည် ။

Late Middle Ages

Last Middle Ages အချိန်သည် အေဒီ ၁၃၀၀ မှ အေဒီ ၁၄၅၀ ထိ အချိန်ဖြစ်သည် ။ ထိုအချိန်က ဥရောပဒေသ အနှံ့တွင် ငတ်မွတ် ခေါင်းပါးမှု ပြသနာ ၊ ရောဂါဘယ ဖြစ်ပွားမှု ၊ စစ်မက်ဖြစ်ပွားမှု စသည့် ပြသနာများစွာ ကြုံတွေ့ခဲ့ရသည် ။ အေဒီ ၁၄ – ရာစု အချိန်က ငတ်မွတ်ခေါင်းပါးမှု နှင့်အတူ Black Death ကပ်ဘေး ဖြစ်ပွားခဲ့သည် ။

Black Death သည် ကမ္ဘာ့သမိုင်းတွင် အထင်ရှားဆုံး ကပ်ရောဂါ ဖြစ်ပြီး အေဒီ ၁၃၄၆ – မှ ၁၃၅၃ – ခုနှစ် အတွင်း ထိုရောဂါကြောင့် ဥရောပတိုက်ရှိ လူ ၄ ပုံ ၁ ပုံ ခန့်( ၇၅ – သန်းကျော် ) သေဆုံးခဲ့ရ သည် ။

အေဒီ ၁၃၃၇ မှ ၁၄၅၃ – ခုနှစ် အချိန်အထိ အင်္ဂလန် နှင့် ပြင်သစ်တို့ စစ်ပွဲဆက်များစွာ ဖြစ်ပွားခဲ့သည် ။ ထို စစ်ပွဲဆက်များ သည် နှစ် ပေါင်း ၁၀၀ ကျော်ကြာခဲ့သဖြင့် ထိုစစ်ပွဲကို နှစ်တစ်ရာစစ်ပွဲ Hundred Years’ War ဟုခေါ်သည် ။

ပုပ်ရဟန်း မင်း၏ သြဇာကျဆင်းလာခြင်း

Late Middle Ages အချိန်တွင် ဘာသာရေးဆိုင်ရာ ပဋိပက္ခ ပြသနာများစွာ ဖြစ်ပွားခဲ့သည် ။ ပုပ်ရဟန်းမင်းများသည် ဘုရင်၏ သြဇာအာဏာကို လွန်ဆန်လာခဲ့သည် ။ ၁၃ -ရာစု အကုန် ၊ ၁၄ -ရာစု အစတွင် ပုပ်ရဟန်းမင် Pope Boniface VIII သည် အင်္ဂလန် ဘုရင် ၊ ပြင်သစ် ဘုရင်သြဇာကို ဆန့်ကျင်လာခဲ့သည် ။

ထိုအချိန်က ခရစ်ယာန် ပုပ်ရဟန်းမင်းသည် နယ်မြေများစွာကို ပိုင်ဆိုင်သည် ။ ပုပ်ရဟန်းမင်များသည် ဘုရင်ကို အခွန်ပေးဆောင်ရန် ငြင်းဆိုပြီး ပုပ်ရဟန်းမင်းကြီး ပိုင်ဆိုင်သည့် Papal States ပြည်နယ်များ ပေါ်ထွက်လာခဲ့သည် ။ ဘာသာရေးကြောင့် ဥရောပဒေသ အနှံ့တွင် ပြည်တွင်းစစ် ဖြစ်လာခဲ့သည် ။

နောက်ဆုံး ပုပ်ရဟန်းမင်း ပိုင်ဆိုင်သည့် Papal State ပြည်နယ်များ တဖြည်းဖြည်းပျောက်ကွယ်ပြီး ပုပ်ရဟန်းမင်း၏ သြဇာအာဏာများလည်း ကျဆင်းလာခဲ့ရသည် ။

အေဒီ ၅ – ရာစု အချိန်ကတည်းက ပြင်သစ်တောင်ပိုင်း Avignon ဒေသတွင် နေလာခဲ့သည့် ပုပ်ရဟန်းမင်းကြီးသည် အေဒီ ၁၅ – ရာစုအချိန်တွင် အီတလီနိုင်ငံ Vatican ဒေသ သို့ ပြောင်းရွှေ့လာခဲ့ကြရသည် ။

ယနေ့တည်ရှိနေသည့် အီတလီနိုင်ငံထဲ ရှိ Vatican City သည် ပုပ်ရဟန်းမင်းကြီး၏ နောက်ဆုံး ကျန်ရှိနေဆဲ Papal State ပြည်နယ်ဖြစ်သည် ။

စာပေ အနုပညာ ( Renaissance ) ဉာဏ်သစ်အရေးတော်ပုံခေတ်

အလယ်ခေတ် ကုန်ဆုံးချိန်တွင် ဥရောပဒေသ အနှံ့စစ်ပွဲများ ၊ ရောဂါဘယများ ၊ ငတ်မွတ် ခေါင်းပါးမှုများ နှင့်အတူ ခံစားမှုကို အခြေခံသည့် စာပေ အနုပညာများလည်း ပေါ်ထွက် လာခဲ့သည် ။ ထိုစာပေ အနုပညာများ ထွန်းကားလာသဖြင့် ထိုအချိန်ကို ဥရောပ တွင် Renaissance ခေတ် အစ အချိန်ဟု ခေါ်သည် ။

အေဒီ ၁၃၀၀ – နှစ်လယ်ပိုင်း အချိန်က အီတလီ ကဗျာဆရာ Petrarch သည် အစောဆုံး လက်တင် ဘာသာဖြင့် ကဗျာရေးသားခဲ့သူ ဖြစ်သည် ။ စာပေပညာ နှင့်အတူ ပန်ချီပညာ ၊ လက်မှုပညာများ ထွန်းကား လာခဲ့သည် ။

ထိုကဲ့သို့ခံစားမှုကို အခြေခံသည့် အနုပညာတိုးတက်ထွန်းကားလာမှု နှင့်အတူ လူများသည် လူသားဆန်မှု ( Humanism ) ကို ပိုမို မြတ်နိုးလာခဲ့ သည် ။ အီတလီနိုင်ငံ Florence နှင့် Milan မြို့ များသည် ထင်ရှားသည့် စာပေ ၊ အနုပညာရှင်များ ပေါ်ထွန်းရာနေရာ ဖြစ်သည် ။

အလယ်ခေတ် အချိန်က တည်ရှိခဲ့သည့် Gothic စတိုင် ဗိသုကာလက်ရာများ ၊ ရုပ်ထုများ ၊ ပန်းချီကားများ ကို ယနေ့အချိန်ထိ ဥရောပဒေသ အနှံ့တွင် မြင်တွေ့နေရဆဲဖြစ်သည် ။ ထိုခေတ် ထိုအချိန်က စာပေ ၊ အနုပညာ ၊ ပန်းချီကားများ ၊ ရုပ်တုများ ၊ Gothic စတိုင် ဗိသုကာ လက်ရာများကို ဥရောပဒေသတွင် Renaissance Art and Architecture ဟု တင်စား ခေါ်ဆိုကြ သည် ။

နိဂုံး

ယနေ့အချိန်အထိ အလယ်ခေတ်အား Medieval ဟု လူအများမှ ခေါ်ဆိုကြသည် ။ အမှန်တော့ Medieval ဆိုသည်မှာ ကမ္ဘာ့သမိုင်း၏ ရက်စက် ၊ ခက်ထန် ၊ ကြမ်းတမ်း ခဲ့သည့် အချိန်များဟု ဆိုလို သည် ။ အလယ်ခေတ်အချိန်က စစ်ပွဲများ ၊ လက်နက်ကိုင် ပဋိပက္ခများ ၊ ပလိပ်ရောဂါကဲ့သို့ကုထုံးမရှိသည့် ရောဂါများ သည် လူသားများကို များစွာတုန်လှုပ် ခြောက်ခြားစေခဲ့သည် ။

သမိုင်းပညာရှင်များမှ ယနေ့ခေတ် လူ့ယဉ်ကျေးမှုများ ဖြစ်ပေါ်လာအောင် အလယ်ခေတ် အချိန်က ရှိခဲ့သည့် တက္ကသိုလ် ၊ ကောလိပ် ကျောင်းများသည် များစွာ အရေးပါခဲ့သည်ဟု ဆိုသည် ။

ထိုအချိန်က ဥရောပဒေသမှ တက္ကသိုလ် ၊ ကောလိပ်များသည် သမိုင်းဆိုင်ရာ မှတ်တမ်း ၊ မှတ်ရာများကို စုဆောင်း သိမ်းဆည်းထား ခဲ့ကြသည် ။ ယဉ်ကျေးမှု ၊ အနုလက်ရာ ၊ ဗိသုကာ ပညာများကို လက်ဆင့်ကမ်း မျှဝေခဲ့ကြသည် ။ သိပ္ပံပညာရပ်ဆိုင်ရာများကို တိုးတက်ထွန်းကား လာအောင် သုသေသနပြု့ခဲ့ကြသည် ။

ရှေးအချိန်ကတည်းကတည်ရှိခဲ့သည့် ပြင်သစ် ၊ အင်္ဂလန် ဒေသမှ တက္ကသိုလ်ကောလိပ်များမှ တဆင့် သမိုင်းဆိုင်ရာ အထောက်အထားများစွာကို လူများ သိရှိလာခဲ့ရသည် ။ ထို့အတူ သမိုင်းဆိုင်ရာ အထောက်အထားများစွာကို ဖေါ်ထုတ်ရန် လမ်းစ များစွာကို ထိုတက္ကသိုလ်များရှိ မှတ်တမ်းများမှ ကူညီပေးခဲ့သည် ။

အလယ်ခေတ် မတိုင်မီအချိန်က တည်ရှိခဲ့သည့် ရှေးခေတ်မြို့များသည် စီးပွားရေးကို အခြေမခံဘဲ နိုင်ငံရေး နှင့် ဘာသာရေးကို အခြေခံခဲ့သည် ။

အလယ်ခေတ်အချိန်တွင်း စီးပွားရေးကို အခြေခံသည့် ခေတ်သစ်မြို့ပြ ယဉ်ကျေးမှု စတင်လာခဲ့သည် ။ အလယ်ခေတ်ကုန်ဆုံးချိန် ၁၆ -ရာစုအစတွင် ခရစ်ယာန်ဘာသာအတွင်း အယူအဆကွဲလွဲမှု နှင့်အတူ ရိုမန်ကက်သလစ် ၊ ပရိုတက်စတစ် စသည့် ခရစ်ယာန် ဘုရာကျောင်းများ ကွဲထွက် လာခဲ့သည် ။

အလယ်ခေတ် အချိန်က ဥရောပဒေသကို ထိန်းချုပ်ခဲ့ကြသည့် အုပ်စုများမှာ ရော်မန်လူမျိုးများ ၊ Franks နှင့် Visigoths စသည့် အုပ်စုများ ဖြစ်ကြသည် ။ ယနေ့အချိန်တွင် ရော်မန် လူမျိုးဟူ၍ မရှိတော့ဘဲ Rome မြို့သာ ကျန်ရှိတော့သည် ။

ထို့အတူ Franks များ နှင့် Visigoths စသည့် လူမျိုးများသည်လည်း တဖြည်းဖြည်း ပြောင်းလဲကာ ပျောက်ကွယ်ခဲ့ပြီ ဖြစ်သည် ။ ထို့အတူ အလယ်ခေတ် အချိန်က တည်ရှိခဲ့သည့် Medieval states ပြည်နယ်များသည် ပြိုကွဲ ကျရှုံး ပျောက်ကွယ်မှု နှင့်အတူ ပြည်နယ်အသစ်များ ပေါ်ထွက်လာခဲ့သည် ။

သို့သော်လည်း အလယ်ခေတ်အချိန်က ဥရောပဘုရင်များ၏ ကြီးကျယ်ခမ်းနားခဲ့သည့် နန်းတော်များ ၊ ရဲတိုက်များ ၊ အနုလက်ရာများသည် ဥရောပဒေသ အနှံ့တွင် ယနေ့အချိန်အထိ သမိုင်းမှတ်တမ်း အဖြစ် ရှိနေဆဲ ဖြစ်သည် ။

အလယ်ခေတ် ကုန်ဆုံးချိန်တွင် အနောက်ဥရောပဒေသ မှ အင်္ဂလန် ၊ ပြင်သစ် ၊ ပေါ်တူဂီ ၊ စပိန် လူမျိုးများသည် နယ်မြေသစ် ရှာဖွေမှုများ လုပ်ဆောင်လာခဲ့ကြသည် ။ ဥရောပ တိုက်သားများသည် အနောက်ဥရောပဒေသမှ အမေရိက ၊ အာရှ ဒေသ များ သို့ သွားလာသည့် ရေလမ်းကြောင်းကို တွေ့ရှိလာခဲ့ကြပြီးနောက် ကမ္ဘာကြီးသည် ကိုလိုနီခေတ် သို့ ပြောင်းလဲသွားခဲ့သည် ။

မောင်မောင်စိုး (Academy Page)

Tags: world history

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!