အီတလီလူမျိုး၊အမေရိကန်နိုင်ငံသားဂိုဏ်းစတားတစ်ယောက်ဖြစ်တဲ့ Al Capone ဟာ အမေရိကန်ပြည်ထောင်စုရဲ့ Prohibition era ကာလဖြစ်တဲ့ (၁၉၂၀) ကနေ (၁၉၃၃) အတွင်း နာမည်ကျော်ဒုစရိုက်ဂိုဏ်းတစ်ခုဖြစ်တဲ့ Chicago Outfit ကိုပူးတွဲတည်ထောင် သူဖြစ်ပါတယ်။ အမေရိကန် သမိုင်းတလျှောက် အကျော်ကြားဆုံး လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်လည်းဖြစ်ပါတယ်။ ဒုစရိုက်လောကမှာ Al Capone ရဲ့နာမည်ပြောင်ကတော့ ကြောက်မက်ဖွယ်မျက်နှာပိုင်ရှင် Scarface ဖြစ်ပြီး အပြင်ပန်းကြည့်ရင်တော့ Al Capone ဟာစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လို အသွင်ဖမ်းထားလေ့ရှိပါတယ်။
Al Capone ဟာ တရားမဝင်အရက်ထုတ်လုပ်ရောင်းချ ခြင်း၊မှောင်ခိုတင်သွင်းခြင်းအပြင် ဥပဒေမဲ့လုပ်ရပ်များစွာကိုကျူးလွန်ခဲ့သူဖြစ်ပြီး အမေရိကန်သမိုင်းမှာ မှတ်တမ်းတင်ရလောက်အောင် မိုက်ဂုဏ်ပြခဲ့တဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။ ဒုစရိုက်မှုတွေကနေ ရလာတဲ့ငွေကြေးတွေကို ငွေဖြူဖြစ်အောင် ပင်မင်းလုပ်ငန်း(ခဝါသည်လုပ်ငန်း) ကို ဗန်းပြတည်ထောင်ခဲ့ကာ ငွေကြေးခဝါခြခြင်း ( Money Laundering ) စကားလုံးကို ပေါ်ပေါက်လာစေခဲ့သူလည်း ဖြစ်ပါတယ်။
Al Capone ကိုတော့ (၁၈၉၉)ခုနှစ် ဇန်နဝါရီ(၁၇)ရက်နေ့မှာ New Tork က Brooklyn မှာ အီတလီကနေပြောင်းရွေအခြေချတဲ့မိဘတွေက မွေးဖွားခဲ့ပါတယ်။ ငယ်စဉ်ကတည်းက မကောင်းမှုမှာသာ အာရုံများတဲ့ Al Capone ဟာ(၆)တန်းအရွယ်မှာပဲကျောင်းကနေ ထွက်ပြီး လမ်းဘေးဂိုဏ်းတစ်ခုနဲ့ပူးပေါင်းခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ လက်စလက်န ရှိတဲ့ လူဆိုးလေး Al Capone ဟာ ယင်းကာလကနာမည်ကျော်လူဆိုးတစ်ယောက်ဖြစ် တဲ့ Johnny Torrio ရဲ့ဂိုဏ်းသားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ယင်းဂိုဏ်းမှာပဲ နောင် တစ်ချိန်မှာ သူလိုအကြမ်းဖက်ဂိုဏ်းခေါင်းဆောင်ဖြစ်လာမဲ့ Lucky Luciano နဲ့တွေ့ဆုံ ရင်းနှီးခဲ့ပြီး ဥပဒေနဲ့ဆန့်ကျင်တဲ့အရာမှန်သမျှကို လက်ထက်သင်ယူခဲ့ပါတယ်။
၁၉၂၀ ခုနှစ်လောက်မှာတော့ Johnny Torrio ရဲ့အားထားရတဲ့လက်ရုံးဖြစ်လာခဲ့ပြီး Illinois ပြည်နယ်၊ ရှီကာဂိုမှာအခြေစိုက်ပြီး သူရဲ့ဦးလေးဖြစ်သူ Giacomo နဲ့ပူးပေါင်းပြီး ပြည့်တန်ဆာလုပ်ငန်းတွေအပါအဝင် ဥပဒေမဲ့ကိစ္စတွေကိုလုပ်ဆောင်ခဲ့ပါတယ်။ ယင်းနှစ်ထဲမှာပဲ သူရဲ့ဦးလေး Giacomo နဲ့ သူလက်ဦးဆရာ Johnny Torrio အကြားမှာပြသာ နာဖြစ်ပွားခဲ့ပြီး ပါးနပ်လွန်းတဲ့Al Capone ကတော့ အင်အားကြီးတဲ့ သူဆရာဟောင်း ဘက်ကရပ်တည်ကာ ဦးလေးအရင်းဖြစ်သူကိုသတ်ဖြတ်နိုင်ဖို့အကူအညီပေးခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ရှီကာဂိုရဲ့အရက်တုနဲ့မှောင်ခိုဖြန့်ဖြူးရေးလောကဟာ Torrio ရဲ့ အထူးလူယုံလိုဖြစ်နေတဲ့ Al Capone လက်ထဲကိုကျရောက်သွားခဲ့ပြီး ယင်းလုပ်ငန်းတွေ ကနေ Al Capone ဟာတပည့်တပန်းများစွာ၊အဆက်အသွယ်များစွာနဲ့ ငွေကြေးများစွာ ကိုစုစည်းနိုင်ခဲ့ပြီး ဂိုဏ်းစတားပေါက်စတစ်ယောက်ဖြစ်လာပါတော့တယ်။ (၁၉၂၅)ရောက်ချိန်မှာတော့ သူရဲ့ဆရာ Torrio ဟာဒုစရိုက်ဖြစ်စဉ်တစ်ခုမှာ အပြင်းအထန်ဒဏ်ရာရရှိသွားခဲ့ပြီး သူရဲ့ဂိုဏ်းအတွင်းမှာသြဇာအာဏာလျော့ကျလာခဲ့ပါတယ်။ အချိန်ကောင်းကိုစောင့်နေတဲ့ Al Capone ကတော့အနှစ်နှစ်အလလစုစည်း ထားတဲ့ သူရဲ့အင်အားကိုထုတ်ဖော်ပြီး ရက်ရက်စက်စက်လူသတ်ပွဲတွေဆင်နွှဲပြီး မိမိသာ ဂိုဏ်းစတားတစ်ယောက်ဖြစ်ကြောင်း ဘဝတူလူဆိုးတွေအကြား မိုက်ရုပ်ပြပါတော့တယ်။
Al Capone ဟာမကြာခင်မှာပဲ ဂိုဏ်းစတားအချို့နဲ့ပူးပေါင်းပြီး နာမည်ကျော်ဒုစရိုက်ဂိုဏ်း ကြီးဖြစ်လာမဲ့ Chicago Outfit လို့အမည်ရတဲ့အဖွဲ့ကိုထူထောင်နိုင်ခဲ့ပါတယ်။ Chicago Outfit ဟာ မင်းမဲ့ဆန်ဆန်လူသတ်မှု၊မှောင်ခိုပစ္စည်း(အထူးသဖြင့် အရက်) တင်သွင်းမှုတွေကိုအဓိကထားလုပ်ဆောင်နေခဲ့ပြီး ခဏချင်းကို အမေရိကတစ်ခွင်မှာလူ သိများတဲ့ ဒုစရိုက်အဖွဲ့ကြီးဖြစ်လာခဲ့ပါတယ်။ အချို့ဖြစ်ရပ်တွေမှာဆိုရင် Chicago Outfit ဂိုဏ်းသားတွေဟာ ရဲတပ်ဖွဲ့ဝင်တွေကိုယ်တောင် ပြန်လည်တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်တွေလည်း ရှိနေခဲ့ပါတယ်။
(၁၉၂၉)ခုနှစ်၊ဖေဖော်ဝါရီ(၁၄)ရက်နေ့မှာ ဆိုရင် အမေရိကန် သမိုင်းမှာ Saint Valentine Day Massacre လို့နာမည်ကျော်တဲ့ လူသတ် လူသတ်ပွဲတစ်ခုဖြစ်ခဲ့ပြီး ယင်းဖြစ်ရပ်ကိုဦးဆောင်ခဲ့သူကတော့ Al Capone ဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ဂိုဏ်းစတားကြီး Capone ကတော့ ယင်းအချိန်က ဖလော်ရီဒါပြည်နယ်မှာရှိနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုထွက်ချက်ပေးခဲ့ပါတယ်။ (အမှန်လည်းရှိနေခဲ့တာဖြစ်ပါတယ်)
၁၉၂၀ ခုနှစ် ကနေ ၁၉၃၀ခုနှစ် ကာလအတွင်း FBI ရဲ့စစ်ဆေးချက်တွေအရဆိုရင်တော့ ယင်း ကာလကဖြစ်ခဲ့တဲ့ Chicago Outfit ဂိုဏ်းစတားတွေရဲ့ဥပဒေမဲ့လုပ်ရက်တော်တော်များများဟာ (၁၉၃၀)နောက်ပိုင်းကနေ ယနေ့အချိန်ထိ ဖြစ်ပွားခဲ့တဲ့ပြစ်မှုသမိုင်းထက် ပိုမိုများပြားနေခဲ့တယ်လို့သိရပြီး အထူးသဖြင့် မူးယစ်ဆေးဝါး၊အရက်၊လက်နက်မှောင်ခိုလုပ်ငန်းတွေကနေ တိုက်ပွဲအငယ်စား လေးတွေ ရဲတပ်ဖွဲ့နဲ့ ဒုစရိုက်ဂိုဏ်းတွေအကြား၊ ဒုစရိုက်ဂိုဏ်းအချင်းချင်းအကြားဖြစ်ပွား ခဲ့တာလို့ထုတ်ပြန်မှုတွေလည်းရှိနေခဲ့ပါတယ်။
(၁၉၂၉)ခုနှစ်မတ်လ(၅)ရက်နေ့မှာတော့ Capone မူးယစ်မှုတစ်ခုအတွက် FBI ရဲ့ဖမ်းဆီးထိန်းသိမ်းမှုကိုခံခဲ့ရပြီး မီယာမီ မှာချုပ်နှောင်ခြင်းခံခဲ့ရပါတယ် ။ ထိန်းသိမ်းထားစဉ်မှာပဲ သူဟာပန်းနာရပ်ကြပ်ရောဂါခံစားခဲ့ရပြီး မတ်လ(၂၇)ရက်နေ့မှာပဲ တရားရုံးက ထောင်ဒဏ်တစ်နှစ်နဲ့ အမေရိကန်ဒေါ်လာ (၁၀၀၀)ဒဏ်ရိုက်ခဲ့ပါ တယ်။ ယင်းနောက်မှာတော့ Al Capone ဟာအမေရိကန်ဒေါ်လာ (၅၀၀၀)အာမခံနဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
(၁၉၂၉)ခုနှစ်၊မေလ(၁၇)ရက်နေ့မှာလည်း Al Caponeနဲ့သူရဲ့သက်တော်စောင့်ဖြစ်သူတို့ ဟာတရားမဝင်လက်နက်သယ်ဆောင်မှုနဲ့ Philadelphia မှာဖမ်းဆီးစစ်ဆေးခြင်းခံခဲ့ရပြီး (၁၆)နာရီအတွင်းမှာပဲ စွဲချက်တင်ကာထောင်ဒဏ်တစ်နှစ်ချမှတ်ခံခဲ့ရပါတယ်။ Al Capone ကတော့ ထောင်တွင်းမှတ်တမ်းကောင်းတွေကြောင့် (၉)လအကြာ (၁၉၃၀) မတ်လ(၁၇)ရက်နေ့မှာပြန်လွတ်လာခဲ့ပြန်ပါတယ်။ ဒါပေမဲ့ မရေမတွက်နိုင်တဲ့ ဥပဒေ ချို့ဖောက်မှုဖြစ်ရပ်တွေကို ကျူးလွန်သူရာဇာကြီး Al Capone အတွက်တော့ ဥပဒေကို နည်းမျိုးစုံနဲ့လှည့်စားပြီး ထောင်တွင်းမှာသာမက ရာဇဝတ်တရားရုံးတွေ ကိုပါအိမ်ဦးနဲ့ ကြမ်းပြင်ပမာသွားရောက်နေရတဲ့အနေအထားဖြစ်ပါတယ်။
ဒါပေမယ့် ဒီလိုထောင်ထဲကို ဝင်လိုက်ထွက်လိုက်လုပ်နေတဲ့ Al Capone ဟာအဲလိုအခြေအနေမှာတောင် မှောင်ခိုပစ္စည်းတင်သွင်းမှု၊လူသတ်ခြိမ်းခြောက်မှုစတဲ့ မကောင်းမှုလုပ်ငန်းတွေကို ပုံမှန်အစီစဉ်ဆွဲထားနိုင်ခဲ့သလို သူရဲ့ဂိုဏ်းသားတွေကိုလည်း အကောင်းဆုံးကိုင်တွယ်ထားနိုင်ဆဲဖြစ်ပါတယ်။
သူရဲ့ဒုစရိုက်လုပ်ငန်းပေါင်းစုံကနေ ရရှိတဲ့ဝင်ငွေကြောင့် ၁၉၂၀ခုနှစ်မှာတင် သူ့ရဲ့ကြွယ်ဝမှုက ဒေါ်လာသန်း ၁၀၀ ကျော်နေပါပြီ။ သူ့အပေါ် မမှန်မကန်လုပ်သွားသူတွေကိုလည်း သဲသဲမဲမဲ လိုက်လံသတ်ဖြတ်လေ့ရှိပါတယ်။ ကိုယ်တိုင်က အမေရိကန်တပြည်လုံးရဲ့ နံပတ်တစ် ရန်သူအဖြစ် သတ်မှတ်ခံထားရသော်လည်း သူ့ကိုယ်သူ ဘယ်တုန်းကမှ လူဆိုးတစ်ဦးဟု မထင်ခဲ့။ လူထုကိုပျော်ရွှင်အေင်လုပ်ပေးသူ ၊ သက်သာချောင်ချိစွာ နေနိုင်ရန်ကူညီပေးသူ တပြည်လုံးရဲ့ကျေးဇူးရှင်လို့ ခံယူထားသူဖြစ်ပါတယ်။
၁၉၃၁ခုနှစ် ၊ဖေဖော်ဝါရီ(၂၈)မှာတော့အမေရိကန် Federal တရားရုံးကနေ Al Capone ကို တရားရုံးမထီမဲ့မြင်ပြုလုပ်မှုနဲ့ အီလီနိုက်ပြည်နယ်ထဲက Cook ကောင်တီထောင်မှာ ထောင်ဒဏ်(၆)လအပြစ်ပေးခဲ့ပါတယ်။ Al Capone ဘက်က အယူခံတင်သွင်းခဲ့ပေမဲ့ တရားရုံးကတော့ပယ်ချခဲ့ပါတယ်။
ထောင်ဒဏ်ကျခံနေစဉ် ဂျွန်(၁၆)ရက်နေ့မှာပဲ အခွန် ရှောင်လွှဲခြင်းနဲ့တရားမဝင်ကုန်ပစ္စည်းဖြန့်ဖြူးမှုတွေနဲ့ထပ်မံစွဲချက်တင်ခံခဲ့ရပါတယ်။ အောက်တိုဘာ(၁၇)ရက်နေ့ရောက်ချိန်မှာတော့ ပြစ်မှုတွေအတွက်ထောင်ဒဏ် (၁၁) နှစ်၊ဒဏ်ငွေအမေရိကန်ဒေါ်လာ(၅)သောင်း၊ တရားစရိတ် အမေရိကန်ဒေါ်လာ(၇၆၉၂) ကို ကျခံရန်အမိန့်ချမှတ်ခြင်းခဲ့ရပါတယ်။ Al Capone ရဲ့ရှေ့နေတွေကတော့ အသနား ခံစာဆက်လက်တင်ခဲ့ပြီး ယင်းအချိန်ထိ Al Capone ဟာ Cook ကောတ်တီထောင်မှာ ပဲပြစ်ဒဏ်ကျခံနေရတာဖြစ်ပါတယ်။
သူရဲ့အယူခံကိုတရားရုံးကပယ်ချပြီးနောက်မှာ တော့ Al Capone အတ္တလနာအကျဉ်းထောင် ယင်းကနေ အယ်ကာရတ်အကျဉ်း ထောင်တွေဆီ ပြောင်းရွေအကျဉ်းချခံခဲ့ရပါတယ်။ (၁၉၃၉)ခုနှစ်၊နိုဝင်ဘာ(၁၆)ရက်နေ့မှာတော့ Al Capone ဟာထောင်ကနေပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ အကျဉ်းထောင်တွင်းမှာ (၇)နှစ်၊(၆)လ နဲပ(၁၅)ရက်ကြာ ဖြတ်သန်းပြီးတဲ့နောက် Al Capone ဟာဒုစရိုက်လောကထဲကိုပြန်လည်ဝင်ရောက် လာခဲ့ ပေမဲ့ နဂိုလောက်သြဇာအာဏာသက်ရောက်မှုမရှိပဲ (၁၉၃၃)မှာဖြစ်ပွားခဲ့တဲ့ သူရဲ့ဂိုဏ်း အတွင်း ပုန်ကန်မှုတွေကြောင့်လည်း သူရဲ့ဂိုဏ်းဟာပြိုကွဲသလောက်ဖြစ်နေခဲ့ပါပြီ။
အကျဉ်းထောင်ကာလကြာကျခံနေရစဉ်မှာပဲ Al Capone ဟာကျန်းမာရေးယိုယွင်းလာ ခဲ့ပြီး Baltimore ဆေးရုံမှာတက်ရောက်ပြီး ဦးနှောက်ဆိုင်ရာကျန်းမာရေးစောင့်ရှောက် မှုတွေကိုရယူခဲ့ရပါတယ်. ဆေးရုံကဆင်းချိန်မှာတော့ Florida ကသူနေအိမ်မှာပဲနားနေ ခဲ့ပြီး နောက်ပိုင်းမှာတော့ လူမြင်ကွင်းကိုတောင်ထွက်ပေါ်လာခြင်းမရှိတော့ပါဘူး။ (၁၉၄၆)ခုနှစ်မှာတော့ Al Capone ကိုတာဝန်ယူကုသပေးနေတဲ့ အထူးကုဆရာဝန်တွေ က သူရဲ့မှတ်ဉာဏ်ဟာ (၁၂)အရွယ်ကလေးတစ်ယောက်သာသာ သာရှိနေတော့ ကြောင်းအတည်ပြုခဲ့ပါတယ်။
ယင်းနောက်မှာတော့ Al Capone ဟာသူရဲ့မိသားစုနဲ့အတူ Palm Island ကနေအိမ်မှာသူရဲ့လက်ကျန်အချိန်တွေကိုဖြတ်သန်းခဲ့ပြီး (၁၉၄၇)၊ ဇန်နဝါ ရီ(၂၅)ရက်နေ့မှာတော့ လေဖြတ်တဲ့ရောဂါ၊အဆုတ်ရောင်ရောဂါတွေနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ခဲ့ချိန်မှာတော့ Al Capone ဟာအသက် (၄၈)နှစ်အရွယ်သာရှိသေး ပါတယ်။ သူရဲ့ကြွင်းကျန်တဲ့ရုပ်အလောင်းကိုတော့ မူလက ရှီကာဂိုက Mount Olivet Cemetery မှာမြုပ်နှံထားခဲ့ပြီး နောက်ပိုင်းမှာတော့ အီလီနွိုက်ပြည်နယ် က Mount Carmel Cemetery မှာပြောင်းရွေသဂြိုလ်ခဲ့ပါတယ်။