Sunday, April 11, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အဆိပ်ပြင်းတဲ့ မြားဆိပ်ပင် အကြောင်း

by Thutamm
August 17, 2019
Reading Time: 1min read
0
အဆိပ်ပြင်းတဲ့ မြားဆိပ်ပင် အကြောင်း
Share on FacebookShare on Twitter

မြားဆိပ်ပင်များသည် အမြင့်ပေ ၆၀ မှ ၁၃၀ခန့်အထိ ရှိတတ်သော အပင်ကြီးမျိုးဖြစ်၍ ပေ ၆၀ခန့်အတွင်း အကိုင်းအခက်အရွက်များ မထွက်ပဲ ဖြောင့်ဖြောင့်မတ်မတ် တက်သွားသော ပင်စည်ကြီးများရှိကြသည်။ မြားဆိပ်ပင်သည် မိုရေးစီအီးမျိုးရင်း(Moraceae) တွင် ပါဝင်၍ ယင်း၏ ရုက္ခဗေဒ အမည်မှာ အန်တီအေးရစ် တော့ဆီကေးရီးယား(Antiaris toxicaria) ဖြစ်သည်။

မြားဆိပ်ပင်၏ မူလပေါက်ရာဒေသသည် အရှေ့အိန္ဒိယကျွန်းစုများတွင် အပါအဝင်ဖြစ်သော ဂျာဗားကျွန်းဖြစ်သည်။ အပူပိုင်းဇုန်တွင်ပေါက်ရောက်တတ်လေ့ရှိပြီး သြစတြေးလျ ၊ အာဖရိက၊ ဖိလစ်ပိုင် ၊ တွန်ဂါတို့အပြင် မြန်မာနိုင်ငံအထက်ပိုင်း နှင့် အောက်ပိုင်း တောင်ကုန်းသစ်တောများ၌ အနည်းအကျဉ်းပေါက်ရောက်တတ်သည်။

မြားဆိပ်ပင်သည် ယင်း၏အခေါက်မှ ထွက်သောအစေးများကြောင့် လူသိများ၍ ထင်ရှားကျော်ကြားသည်။ အခေါက်သည် ဖြူတူတူရှိ၍ တစ်လက်မခန့် ထူသည်။ အခေါက်ကို အနည်းငယ်ထွင်းဖောက်လိုက်သည့်အခါ ဝါတာတာ နို့ရည်ကဲ့သို့ အစေးများ ယိုစီးထွက်လာ၍ လေသလပ်ခံလိုက်ရာတွင် အညိုရောင်ဖြစ်လာပြီးလျှင် မာသွားလေသည်။

ဤအစေးကို ငရုတ်စေ့ နှင့် တခြားပစ္စည်းများနှင့် ရောစပ်လိုက်သည့်အခါ သေလောက်သောအဆိပ်ဖြစ်လာတော့၏။ ထိုအဆိပ်သင့်သော သူသည် ပထမတွင် ဝမ်းဆင်း၍ အော့အန်ပြီးလျှင် ထိုင်းမှိုင်းသွားကာ နောက်ဆုံးအကြောများဆွဲ၍ သေဆုံးသွားမည်ဖြစ်သည်။

မြားဆိပ်ပင်ကို ခုတ်လှဲလိုက်သောအခါဖြစ်စေ ၊ အခေါက်များကို ခွာလိုက်သောအခါ၌ ဖြစ်စေ ယင်းမှ ဘေးအန္တရာယ် ဖြစ်စေသော အခိုးအငွေ့များ ထွက်လာသည်။ ထိုအခိုးအငွေ့များကို ရှုရှိုက်မိပါက အရေပြားတွင် အဖုအပိန့်များ ထွက်လာတတ်သည်။ အပင်ကို မီးရှို့လျှင် ထွက်လာသောမီးခိုးသည်လည်း ထိုနည်းတူ အန္တရာယ်ဖြစ်စေနိုင်သည်။

မြားဆိပ်ပင် တမျိုးမှ ဂုံနီအိတ်ကဲ့သို့သော အိတ်မျိုးပြုလုပ်နိုင်သည်။ ထိုအပင်မှ အခေါက်ကို ရေဆွတ်၍ ထုရိုက်လိုက်သည့်အခါ အတွင်းသားကို မဆုတ်ဘဲနှင့် ခွာထုတ်နိုင်၍ ယင်းကို ဂုံနီအိတ်ကဲ့သို့ ပြုလုပ်အသုံးချနိုင်သည်။

မြားဆိပ်ပင်၏ အတွင်းခေါက်မှ လျှော်မျှင်များကို အထည်ကြမ်းပြုလုပ်နိုင်၍ ထိုအထည်ကြမ်းကို ဆင်းရဲသားလူတန်စားတို့ ဝတ်ဆင်ကြသည်။ သို့သော် ထိုအထည်ကြမ်းရေစိုသွားပါက ဝတ်ဆင်သူ၏ အရေပြားပေါ်တွင် မခံမရပ်နိုင်သည့် ယားနာများဖြစ်ပေါ်လာတတ်သည်ဟု ဆိုသည်။

ဂျားဗားကျွန်းမှ တိုင်းရင်းသားလူမျိုးများသည် မြားဆိပ်ပင်မှ ထွက်လာသော အဆိပ်စေးကို မြားများတွင် လူး၍ပစ်ရာတွင် အလွန်ထွက်မြက်သောကြောင့် ရှေးကနိုင်ငံခြားသားနှင့် နယ်မြေသစ်ရှာသူများ အလွန်ကြောက်လန့်ကြသည်။

ဤမျှ အစွမ်းသတ္တိထက်မြက်သောကြောင့် အချို့ကမြားဆိပ်ပင်နှင့် စပ်လျဉ်း၍ အမျိုးမျိုးချဲ့ထွင်ပြောဆိုတတ်ကြသေးသည်။ ဤသစ်ပင်၏ ၁၅မိုင်ပတ်လည်အတွင်းသို့ ရောက်ရှိလာသော တိရစ္ဆာန်ဟူသမျှ သေကြရ၍ ဤနေရာတဝိုက်တွင် မည်သည့်အပင်မှ မပေါက်နိုင်ဟူ၍လည်ကောင်း ၊ မြားဆိပ်ပင်သို့ ရာဇဝတ်ဘေးသင့်သူများကို အဆိပ်စေးထုတ်ရန်စေလွှတ်ရာ အနည်းငယ်မျှသာ အသင်မသေပဲ ကျန်ရစ်သည်ဟူ၍လည်ကောင်း ဒဏ္ဍာရီသဖွယ်ပြောဆိုကြလေ့ရှိသည်။ သို့သော်လည်း တကယ်တမ်းတွင်မှု မြားဆိပ်ပင်သည် အဆိပ်ပြင်းသည်မှန်သော်လည်း ထိုမျှလောက် ဆိုးရွားခြင်းမရှိပါချေ။

Antiaris toxicaria – WIkipedia
စွယ်စုံကျမ်း အတွဲ ၉

Tags: plants

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!