Monday, March 8, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အစ္စရေးတို့ ၏ လက်သည်းဝှက် ဆီးရိမက်ကယ်(သို့) အထူးကင်းထောက်ချေမှုန်းတပ်ဖွဲ့

by Thutamm
July 27, 2019
Reading Time: 1min read
0
အစ္စရေးတို့ ၏ လက်သည်းဝှက် ဆီးရိမက်ကယ်(သို့) အထူးကင်းထောက်ချေမှုန်းတပ်ဖွဲ့
Share on FacebookShare on Twitter

Written By Htet Swe Oo

Sayeret Matkal ဆိုသည် မှာ အင်္ဂလိပ် ဘာသာဖြင့် စစ်ဦးစီး အထူး ကင်းထောက် ချေမှုန်းရေး တပ်ဖွဲ့ဟု အဓိပ္ပါယ်ရ ပါသည်။ အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့ IDF ၏ ပထမဆုံးသော စစ်မြေပြင် သတင်း ထောက်လှမ်းရေး တပ်ဖွဲ့ တစ်ခုလည်း ဖြစ်သည်။ ၎င်းတို့သည် ရန်သူ့ နယ်မြေ အတွင်းသို့နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက် ကာ မဟာဗျူဟာ မြောက် စစ်မြေပြင် သတင်း စုဆောင်းရေး တာဝန် ကို အလေးပေး ထမ်းဆောင်ရ ပါသည်။

ထို့အပြင် အခြားသော တာဝန် တစ်ရပ် မှာ အစ္စရေး နိုင်ငံ ပြင်ပ တွင် အကြမ်းဖက် နှိမ်နင်းရေး စစ်ဆင်ရေး၊ ဓားစာခံ ကယ်တင်ရေး စစ်ဆင်ရေးများအား ဆောင်ရွက်ရန် ဖြစ်သည်။

Sayeret Makal သည် ဗြိတိသျှ လေတပ် အထူးတပ်ဖွဲ့ SAS အား စံနမူနာယူ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့၏ ဆောင်ပုဒ် မှာလည်း SAS ၏ ဆောင်ပုဒ်ဖြစ်သည့် စွန့်ဝံ့သူသာ အောင်ကြောင်းဖြာ – WHO DARES WINS ပင် ဖြစ်သည်။

Sayeret Makal အား အစ္စရေး တပ်မတော် ထောက်လှမ်းရေး ညွန်ကြားရေးမှူးရုံး မှ တိုက်ရိုက် ကိုင်တွယ် ပါသည်။

သမိုင်းကြောင်း အနေဖြင့် ၁၉၅၇ ခုနှစ် တွင် အစ္စရေး ကျောင်းသား နှင့် မျိုးချစ် တိုက်ခိုက်ရေးသမား ဖြစ်သူ အာဘရဟမ်အာနန် သည် ပတ်ဝန်းကျင် ရန်သူနိုင်ငံများ၏ ရှေ့တန်း စစ်မျက်နှာပြင်များ နောက်ပိုင်းသို့ ထိုးဖောက်စိမ့်ဝင် ထောက်လှမ်းရေး သတင်း စုဆောင်းမည့် အစီအမံ တစ်ရပ်အား ဝန်ကြီးချုပ် ဒေးဗစ်ဘင်ဂူရီယံ နှင့် ကာကွယ်ရေး ဝန်ကြီး ရစ်ဇက်ရာဘင် တို့ထံ စာရေးသား တင်ပြ ခဲ့သည်။

၎င်းတို့သည် အာနန် ၏ အစီစဉ် အား သဘောကျ လက်ခံခဲ့ကာ ထူးချွန် ထက်မြက် သော အစ္စရေး ကျောင်းသား လူငယ်လူများ ဖြင့် တပ်ဖွဲ့အား စတင် ဖွဲ့စည်းခဲ့ကာ ၎င်းတို့ အား မော့ဆက် ထောက်လှမ်းရေး တပ်ဖွဲ့နှင့် SAS တပ်ဖွဲ့ဝင်ဟောင်းများ က လေ့ကျင့် ပေးခဲ့သည်။

ထိုတပ် ဖွဲ့အား အာနန်တပ်ဖွဲ့ အမှတ် ၁၅၇ ဟု အမည်ပေးခဲ့သည် တစ်နှစ်ကြာ အပြင်းအထန် လေ့ကျင့်ခဲ့ပြီး Sayeret Makal ဟု အမည်ပြောင်းခဲ့ကာ စစ်ဆင်ရေးများ စတင်ခဲ့သည်။

တပ်ဖွဲ့၏ သင်တန်းကျောင်း အား အထူးလျှို့ဝှက်ထားပြီး တပ်ဖွဲ့ဝင်များ နှင့် အရာရှိများအား နည်းပြဆရာများ ကိုယ်တိုင် အစ္စရေး တပ်ရင်းတပ်ဖွဲ့များ သို့ သွားရောက်ကာ ကိုယ်တိုင် ရွေးချယ် ပါသည်။

သင်တန်းအား တစ်နှစ် လျင် ၂ ကြိမ် ဖွင့်လှစ်ကာ သင်တန်းသား အဖြစ် ရွေးချယ် ထားသူများ အား Gubbush ဟု ခေါ်သည့် သင်တန်းကျောင်း တွင် လ နှင့် ချီကာ ဆန်းစစ်မှုများ ဆောင်ရွက် ပါသည် ။

အဆိုပါကာလသည် ခက်ခဲ ကြမ်းတမ်းလှ ကာ ဆန်းစစ် ကာလတွင် ဆရာဝန်များ နှင့် စိတ်ပညာ ကျွမ်းကျင်သူများ နည်းပြများ မှ ဆန်းစစ်ခံ သင်တန်းသားလောင်း များ၏ ကိုယ်ကာယပိုင်း စိတ်ဓာတ်ပိုင်းများ အား ၂၄ နာရီ စောင့်ကြည့်မှုများ ပြုလုပ်ကာ အောင်မြင်သူများ သာ သင်တန်း သို့ဆက်လက် တက်ရောက်ခွင့် ရရှိ ပါသည်။

သင်တန်းကာလ သည် ၁၈ လ အထိ ကြာမြင့်ကာ လက်နက်ငယ် ကျွမ်းကျင်မှု ၊ ကိုယ်ခံပညာ၊ ပုံဖျက် ဖုံးကွယ်ခြင်း၊ ကင်းထောက်ခြင်း၊ ရန်သူ့နယ်မြေ အတွင်း အသက်ရှင် သန်ရပ်တည်ခြင်း စသည့် သင်ခန်းစာ များ အပါအဝင် အထူး တပ်ဖွဲ့ လေ့ကျင့်ခန်း များစွာ အား လေ့ကျင့်ပေးပါသည်။

သင်တန်းကာလ၏ ၄ လ သည် ခြေလျင် တိုက်ခိုက်ရေး ပညာရပ်၊ လေကြောင်းချီ ပညာရပ်များ အား လေထီးတပ်ဖွဲ့ သင်တန်းကျောင်းတွင် လေ့ကျင့်ကြရပြီး ၂ လ အား အဆင့်မြင့် ခြေလျင် တိုက်ခိုက်ရေး သင်တန်းအား ကွန်မင်ဒို လေ့ကျင့်ရေးကျောင်း တွင် လည်းကောင်း၊ ၅ ပတ် ကို အကြမ်းဖက် တိုက်ဖျက်ရေး သင်တန်းကျောင်းတွင် အကြမ်းဖျက် နှိမ်နင်းရေး လေ့ကျင့်ခန်းများ ကို လည်းကောင်း တက်ရောက်ကြရသည်။

၁၈ လ တာ သင်တန်းပြီးဆုံး သည့်နောက် ကီလိုမီတာ ၁၂၀ ခရီးကြမ်း တိုက်ခိုက်ရေး ခရီးရှည် ချီတက်မှု ပြီးဆုံးသည့်နောက် တပ်ဖွဲ့ ၏ အမှတ်အသားဖြစ်သည့် ဘယ်ရီ ဦးထုပ် အနီရောင်အား အပ်နှင်းကာ Sayeret Makal တပ်ဖွဲ့ဝင်များ အဖြစ် အသိအမှတ်ပြု ပါသည်။

တပ်ဖွဲ့၏ အရွယ်အစားနှင့် ဖွဲ့စည်းပုံကိုမူ အထူးလျှို့ဝှက်ထားကာ Sayeret Makal တပ်ဖွဲ့ သည် စစ်ဆင်ရေး ဆင်နွဲချိန်များတွင် သာ လူထု မျက်မှောက်ရောက်လာလေ့ ရှိပြီး ကျန် အချိန်များတွင် သိုသိပ်စွာ နေထိုင်လေ့ ရှိသည်။

စစ်ဆင်ရေးများ မြောက်များစွာ ဆင်နွဲခဲ့ကာ စစ်ဆင်ရေးတိုင်း ကို အောင်မြင်ခဲ့ ပါသည်။

– ၁၉၆၈ စစ်ဆင်ရေးလက်ဆောင် ဘေရွတ်လေဆိပ်တွင် အာရပ် လေကြောင်းလိုင်း လေယာဉ် အား စီးနင်းခြင်း
– ၁၉၆၉ စစ်ဆင်ရေး Bulmus အီဂျစ်နိုင်ငံ Greenland ခံစစ်အား စီးနင်းခြင်း
– ၁၉၇၂ စစ်ဆင်ရေး အိုက်ဆိုတုပ် အပိုင်စီးခံ ရသည့် အစ္စရေး လေကြောင်းလိုင်းခရီးစဉ် ၅၇၁ အား ကယ်တင်ခြင်း
– ၁၉၇၂ စစ်ဆင်ရေး Crate ဆီးရီးယား ထောက်လှမ်းရေး အရာရှိ ၅ ဦး အား ဖမ်းဆီးခြင်း

– ၁၉၇၃ စစ်ဆင်ရေး လူငယ်များ အနက်ရောင် စက်တင်ဘာ အကြမ်းဖက် ခေါင်းဆောင်များ အား လက်ဘနွန်နိုင်ငံ အတွင်း ဝင်ရောက် သုတ်သင်ခြင်း
– ၁၉၇၃ ယွန်ကစ်ပူး စစ်ပွဲ ဟာမွန်တောင်ကုန်း အား ဆီးရီး ကွန်မန်ဒိုများ ထံမှ ပြန်လည်သိမ်းပိုက်ခြင်း
– ၁၉၇၄ မာလော့ကျောင်း အပိုင်စီးမှုအား ကယ်တင်ခြင်း
– ၁၉၇၅ ဟိုတယ် အပိုင်စီးမှုအား ကယ်တင်ခြင်း

– ၁၉၇၆ မိုးကြိုးသွား စစ်ဆင်ရေး ယူဂန္ဒာနိုင်ငံ အင်တက်ဘီ လေဆိပ်တွင် ဖမ်းဆီးခံ ရသော အစ္စရေး ခရီးသည်များအား ကယ်တင်ခြင်း
– ၁၉၇၈ ဘတ်စ်ကား အပိုင်စီးမှုအား ကယ်တင်ခြင်း
– ၁၉၈၀ မူကြိုကျောင်း အပိုင်စီးမှုအား ကယ်တင်ခြင်း
– ၁၉၈၂ လက်ဘနွန်စစ်ပွဲ

– ၁၉၈၈ တူးနစ် စီးနင်းမှု တူးနီးရှားနိုင်ငံ တူးနစ်မြို့တွင် ပုန်းအောင်းနေသည့် အကြမ်းဖက်ခေါင်းဆောင် အဘူဂျီဟတ်အား လုပ်ကြံ သတ်ဖြတ်ခြင်း
– ၁၉၉၂ စစ်ဆင်ရေး Bramble Bush အီရတ်ခေါင်းဆောင် ဆတ်ဒမ်ဟူစိန် အား လုပ်ကြံသတ်ဖြတ် ရန် ဆောင်ရွက်ခြင်း
– ၂၀၀၆ ဒုတိယ လက်ဘနွန် စစ်ပွဲ
– ၂၀၀၇ ဆီးရီးယားနိုင်ငံ၏ အနုမြူဓာတ်ပေါင်းဖိုအား ဗုံးကြဲရန် အတွက် သတင်းထောက်လှမ်းခြင်း

Sayeret Makal သည် ကမ္ဘာကျော် စစ်ဆင်ရေးပေါင်း မြောက်များစွာ ဆောင်ရွက်ခဲ့ သော်လည်း လူသိ နည်းပါးသည့် လူသိ မခံသည့် ထက်မြက်လှသော အထူးတပ်ဖွဲ့ တစ်ရပ်ဖြစ်ပါသည်။

အချုပ်အားဖြင့် အထူးတပ်ဖွဲ့များသည် အမျိုးသား အကျိုးစီးပွား နိုင်ငံတော်လုံခြုံရေး အတွက် သမရိုးကျ တပ်ဖွဲ့များ ဆောင်ရွက်နိုင်ခြင်းမရှိသည့် စစ်ဆင်ရေးများ အတွက် ဖြစ်ပါသည်။ အထူး တပ်ဖွဲ့တစ်ခုသည် ရန်သူ့နိုင်ငံ တစနိုင်ငံ၏ ခေါင်းဆောင် အပြောင်းအလဲ နိုင်ငံရေး အပြောင်းအလဲ စစ်ပွဲတစ်ခု ၏ အဖြေကို ပြောင်းလဲနိုင်စွမ်း ရှိသည် ဆိုပါ က လွန်မည် မထင်ပါ။

ထို့ကြောင့် အထူး လေ့ကျင့်ထားသော အထူးတပ်ဖွဲ့များအား အထူးပင် အသုံးချခြင်း သည် ထိရောက်သော နည်းလမ်း တစ်ခု အဖြစ် ထည့်သွင်း စဉ်းစားနိုင်ပါကြောင်း တင်ပြလိုက်ပါသည်။

Htet Swe Oo

Tags: world knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!