တောင်းရမ်းစားသောက်သူတွေကို ကမ္ဘာအနှံ့က မြို့တိုင်းလိုလိုမှာတွေ့ရပြီး ဒါဟာသိပ်အထူးအဆန်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အင်ဒိုနီရှားက မြို့တိုင်းလိုလိုမှာတော့ တမူထူးတဲ့ တောင်းရမ်းသူ အမျိုးအစားတမျိုးရှိနေပါတယ်။ ဒါကတော့ ငွေရောင်လူသား လို့ခေါ်တဲ့ တောင်းရမ်းသူတွေဖြစ်ပြီး သူတို့ကို Manusia Silver လို့သိကြပါတယ်။
တခြားနေရာတွေမှာတော့ အထူးအဆန်းဖြစ်မှာဖြစ်ပေမယ့် အင်ဒိုနီးရှားမှာတော့ ဒီလိုမျိုး ခန္ဓာကိုယ်ကို ငွေမင်ရောင်ခြယ်သထားတဲ့ တောင်းရမ်းသူတွေကို မြို့တိုင်းလိုလိုမှာတွေ့ရလေ့ရှိတဲ့အတွက် ပုံမှန်တွေ့နေကြ အရာတခုဖြစ်နေပါပြီ။
တောင်းရမ်းသူတွေကတော့ ဒီလိုခြယ်သထားခြင်းအားဖြင့် သူတို့ကို လူတွေက ပိုမိုသတိထားမိပြီး ပိုက်ဆံများများပိုရနိုင်တဲ့အခွင့်အရေးရှိတယ်လို့ ဆိုကြပါတယ်။
သူတို့အတွက်တော့ ငွေရောင်လူသားအဖြစ်ပြောင်းလဲဖို့က လွယ်ကူပါတယ်။ ငွေမင်ရောင်ဆေးဘူး တဘူးကို ယူပြီး တကိုယ်လုံးကို သုတ်လိမ်းလိုက်တာနဲ့ ပြောင်းလဲပစ်နိုင်ပါတယ်။ အဲဒီနောက်တော့ လမ်းမပေါ်က ကားကြိုကားကြားမှာ ငွေရောင်တလက်လက်တောက်နေပြီး စက္ကပုံးကိုင်ကာ လိုက်လံတောင်းရမ်းနေတဲ့ သူတို့ကို မြင်ကြရမှာပါ။
အင်ဒိုနီးရှားမှာ ပြီးခဲ့တဲ့နှစ်အနည်းငယ်ကစလို့ ဒီအလေ့အထကို စတင်သုံးစွဲခဲ့ကြပြီး အခုအချိန်မှာတော့ တောင်းရမ်းသူအားလုံးလိုလိုဟာ ဒီနည်းနဲ့ တောင်းရမ်းနေကြပါတယ်။ အစပိုင်းမှာတော့ တမျိုးထူးခြားနေပေမယ့် ဒီလိုငွေရောင်လူသားတွေ အဆမတန်များပြားလာတဲ့အခါမှာတော့ သူတို့ကိုတွေ့တဲ့သူတွေအဖို့ မြင်တာနဲ့ စိတ်မသက်မသာဖြစ်ကြရပါတယ်။
ပြီးခဲ့တဲ့ လက ဆိုရှယ်မီဒီယာပေါ် ပျံနှံ့သွားတဲ့ ငွေမင်ရောင်ခြယ်သထားတဲ့ ၄နှစ် အရွယ် ကလေးငယ်ရဲ့ ဗီဒီယိုကြောင့် တခြားနိုင်ငံတွေက လူတွေကပါ သတိထားမိသွားခဲ့ကြပါတယ်။ တောင်းရမ်းသူ ၄နှစ်အရွယ်ကလေးငယ်ဟာ သွားလာနေတဲ့ ကားတွေကြားမှာ ပြေးလွှားနေလျက်ရှိတာပါ။ အချိန်အရွေး အန္တရာယ်ဖြစ်သွားစေနိုင်တဲ့အတွက် လူအများက ခိုင်းစားတဲ့သူတွေအပေါ်မှာ ဒေါသထွက်ခဲ့ကြပါတယ်။
ဒီဖြစ်ရပ်ဟာ သတင်းစာတွေထဲအထိတောင် ပါလာခဲ့ကြပြီး သူတို့ကို ဖမ်းဆီးခြင်း ၊ ဒါဏ်ရိုက်ခြင်း နဲ့ လမ်းတွေပေါ်မှာ လျော့ကျသွားစေဖို့ အင်ဒိုရဲတွေဟာ ကြိုးစားခဲ့ကြပါတယ်။ အဓိကအကြောင်းကတော့ လူတွေဆီက ငွေကို မပေးမချင်း နားပူနားဆာလုပ်ကာ တောင်းတတ်ကြလို့ပါ။
—- ———- ———
(Zawgyi)
အင္ဒိုက ေငြေရာင္လူသား ေတာင္းရမ္းသူမ်ား
ေတာင္းရမ္းစားေသာက္သူေတြကို ကမာၻအႏွံ႔က ၿမိဳ႕တိုင္းလိုလိုမွာေတြ႕ရၿပီး ဒါဟာသိပ္အထူးအဆန္းေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ အင္ဒိုနီရွားက ၿမိဳ႕တိုင္းလိုလိုမွာေတာ့ တမူထူးတဲ့ ေတာင္းရမ္းသူ အမ်ိဳးအစားတမ်ိဳးရွိေနပါတယ္။ ဒါကေတာ့ ေငြေရာင္လူသား လို႔ေခၚတဲ့ ေတာင္းရမ္းသူေတြျဖစ္ၿပီး သူတို႔ကို Manusia Silver လို႔သိၾကပါတယ္။
တျခားေနရာေတြမွာေတာ့ အထူးအဆန္းျဖစ္မွာျဖစ္ေပမယ့္ အင္ဒိုနီးရွားမွာေတာ့ ဒီလိုမ်ိဳး ခႏၶာကိုယ္ကို ေငြမင္ေရာင္ျခယ္သထားတဲ့ ေတာင္းရမ္းသူေတြကို ၿမိဳ႕တိုင္းလိုလိုမွာေတြ႕ရေလ့ရွိတဲ့အတြက္ ပုံမွန္ေတြ႕ေနၾက အရာတခုျဖစ္ေနပါၿပီ။
ေတာင္းရမ္းသူေတြကေတာ့ ဒီလိုျခယ္သထားျခင္းအားျဖင့္ သူတို႔ကို လူေတြက ပိုမိုသတိထားမိၿပီး ပိုက္ဆံမ်ားမ်ားပိုရႏိုင္တဲ့အခြင့္အေရးရွိတယ္လို႔ ဆိုၾကပါတယ္။
သူတို႔အတြက္ေတာ့ ေငြေရာင္လူသားအျဖစ္ေျပာင္းလဲဖို႔က လြယ္ကူပါတယ္။ ေငြမင္ေရာင္ေဆးဘူး တဘူးကို ယူၿပီး တကိုယ္လုံးကို သုတ္လိမ္းလိုက္တာနဲ႔ ေျပာင္းလဲပစ္ႏိုင္ပါတယ္။ အဲဒီေနာက္ေတာ့ လမ္းမေပၚက ကားႀကိဳကားၾကားမွာ ေငြေရာင္တလက္လက္ေတာက္ေနၿပီး စကၠပုံးကုိင္ကာ လိုက္လံေတာင္းရမ္းေနတဲ့ သူတို႔ကို ျမင္ၾကရမွာပါ။
အင္ဒိုနီးရွားမွာ ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္ကစလို႔ ဒီအေလ့အထကို စတင္သုံးစြဲခဲ့ၾကၿပီး အခုအခ်ိန္မွာေတာ့ ေတာင္းရမ္းသူအားလုံးလိုလိုဟာ ဒီနည္းနဲ႔ ေတာင္းရမ္းေနၾကပါတယ္။ အစပိုင္းမွာေတာ့ တမ်ိဳးထူးျခားေနေပမယ့္ ဒီလိုေငြေရာင္လူသားေတြ အဆမတန္မ်ားျပားလာတဲ့အခါမွာေတာ့ သူတို႔ကိုေတြ႕တဲ့သူေတြအဖို႔ ျမင္တာနဲ႔ စိတ္မသက္မသာျဖစ္ၾကရပါတယ္။
ၿပီးခဲ့တဲ့ လက ဆိုရွယ္မီဒီယာေပၚ ပ်ံႏွံ႔သြားတဲ့ ေငြမင္ေရာင္ျခယ္သထားတဲ့ ၄ႏွစ္ အ႐ြယ္ ကေလးငယ္ရဲ႕ ဗီဒီယိုေၾကာင့္ တျခားႏိုင္ငံေတြက လူေတြကပါ သတိထားမိသြားခဲ့ၾကပါတယ္။ ေတာင္းရမ္းသူ ၄ႏွစ္အ႐ြယ္ကေလးငယ္ဟာ သြားလာေနတဲ့ ကားေတြၾကားမွာ ေျပးလႊားေနလ်က္ရွိတာပါ။ အခ်ိန္အေ႐ြး အႏၲရာယ္ျဖစ္သြားေစႏိုင္တဲ့အတြက္ လူအမ်ားက ခိုင္းစားတဲ့သူေတြအေပၚမွာ ေဒါသထြက္ခဲ့ၾကပါတယ္။
ဒီျဖစ္ရပ္ဟာ သတင္းစာေတြထဲအထိေတာင္ ပါလာခဲ့ၾကၿပီး သူတို႔ကို ဖမ္းဆီးျခင္း ၊ ဒါဏ္ရုိက္ျခင္း နဲ႔ လမ္းေတြေပၚမွာ ေလ်ာ့က်သြားေစဖို႔ အင္ဒိုရဲေတြဟာ ႀကိဳးစားခဲ့ၾကပါတယ္။ အဓိကအေၾကာင္းကေတာ့ လူေတြဆီက ေငြကို မေပးမခ်င္း နားပူနားဆာလုပ္ကာ ေတာင္းတတ္ၾကလို႔ပါ။