Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အင်ပါယာစတိတ် အဆောက်အဦးကြီး အကြောင်း

by Thutamm
January 19, 2021
Reading Time: 3min read
0
အင်ပါယာစတိတ် အဆောက်အဦးကြီး အကြောင်း
Share on FacebookShare on Twitter

အင်ပါယာစတိတ်အဆောက်အဦးဟာ အမေရိကန်နိုင်ငံရဲ့ အထင်ရှားဆုံး အဆောက်အဦးတခုဖြစ်သလို အမေရိကန်မြို့ပြအင်ဂျင်နီယာအသင်းက ရွေးချယ်ထားတဲ့ အင်ဂျင်နီယာလောကရဲ့ အံ့ဖွယ် ၇ ခုထဲမှာ တခု အပါအဝင်လည်းဖြစ်ပါတယ်။ ဒီတခါတော့ အမေရိကန် နယူးယောက်မြို့မှာ တည်ရှိတဲ့ ဒီအဆောက်အဦးကြီးရဲ့ အကြောင်းကို ဗဟုသုတ အနေနဲ့ ဝေမျှလိုက်ပါတယ်။

အင်ပါယာစတိတ်အဆောက်အဦးဟာ နယူးယောက်မြို့ မန်ဟက်တန်နယ်မြေက ရိပ်သာ ၅ လမ်း နဲ့ အနောက် ၃၃ ၊ ၃၄ လမ်းကြားမှာ တည်ရှိပါတယ်။ ဒီအဆောက်အဦးကို ၁၉၃၀ ခုနှစ် မတ်လမှာ စတင်တည်ဆောက်ခဲ့ပြီး ၁၉၃၁ ခုနှစ် ဧပြီမှာ ပြီးစီးခဲ့ပါတယ်။ အဆောက်အဦးရဲ့ ဒီဇိုင်းကိုတော့ အမေရိကန်ရဲ့ အထင်ကရ ဗိသုကာ ကုမ္ပဏီဖြစ်ခဲ့တဲ့ Shreve, Lamb & Harmon ကုမ္ပဏီက ရေးဆွဲပါတယ်။

အဆောက်အဦးရဲ့ ဧရိယာဟာ စတုရန်းပေ ၂.၂ သန်းကျော်ရှိပြီး အမြင့်က ၁၄၅၄ ပေ ဖြစ်ပါတယ်။ အထပ်ပေါင်း ၁၀၂ ထပ် ရှိတဲ့ ဒီအဆောက်အဦးကြီး တည်ဆောက်ပြီးစီးခဲ့ချိန်မှာ ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦးဖြစ်ခဲ့ပြီး အဲဒီဂုဏ်ပုဒ်ကို ၁၉၇၂ ခုနှစ်တိုင်အောင် ထိန်းထားနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ၄၉ခု မြောက် ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦးဖြစ်ပါတယ်။ အလွန်ကြီးမားပြီး မြင့်မားလွန်းတဲ့ ဒီအဆောက်အဦးကြီးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀ ခန့်ကတည်းက တည်ဆောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ပိုပြီး အံသြဖို့ကောင်းတာက ဒီလို အထင်ကရ အဆောက်အဦးကြီးရဲ့ တည်ဆောက်ချိန်ဟာ ၁နှစ်ခန့် သာ ကြာမြင့်ခဲ့တာဖြစ်ပါတယ်။

အဆောက်အဦးကြီးကို ပေးထားတဲ့ အင်ပါယာစတိတ် Empire State (အင်ပါယာပြည်နယ်) ဆိုတာဟာ နယူးယောက်ပြည်နယ်ကို တင်စားခေါ်ဝေါ်တာကနေ လာတာဖြစ်ပါတယ်။ အင်ပါယာစတိတ် ကုမ္ပဏီကနေ တည်ဆောက်ခဲ့တာဖြစ်ပြီး စုစုပေါင်း ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၄၁ သန်းခန့်ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ငွေကြေးတန်ဖိုးနဲ့ တွက်မယ်ဆိုရင်တော့ ဒေါ်လာ ၅၆၄သန်းကျော် ကုန်ကျခဲ့တာဖြစ်ပါတယ်။

မူလက အထပ်ပေါင်း ၅၀ ခန့်ထိသာ တည်ဆောက်ဖို့ ရည်ရွယ်ခဲ့ပေမယ့် အကြိမ်ပေါင်း ၁၅ ကြိမ်ထက်မနည်း ဒီဇိုင်းပြောင်းလဲပြီးနောက်မှာမှ ဒီလောက်အမြင့်ထိ ဖြစ်လာခဲ့တာပါ။ ဒီဇိုင်းဆွဲစဉ်က လေသင်္ဘောကြီးတွေပါ ဆိုက်ကပ်နိုင်အောင် စီစဉ်ထားပေမယ့် တကယ်တမ်းမှာတော့ လေသင်္ဘောတွေ ဆိုက်ကပ်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ အောက်ခြေ ဖောင်ဒေးရှင်းကတင် ၅၅ပေ ဖြစ်ပြီး လုပ်သားပေါင်း ၃၀၀ ခန့်ဟာ ၂၄နာရီမပြတ် အလှည့်ကျ တူးဖော်တည်ဆောက်ခဲ့ကြတာပါ။ အဆောက်အဦးတည်ဆောက်စဉ်မှာတော့ လုပ်သားပေါင်း ၃၀၀၀ ကျော်ပါဝင်ပြီး ၁ပတ်ကို ၄ထပ်ခွဲ ပြီးစီတဲ့အထိ မြန်ဆန်ခဲ့ပါတယ်။

Art Deco ဗိသုကာစတိုင်တည်ဆောက်ထားတဲ့ ဒီအင်ပါယာစတိတ် အဆောက်အဦးကြီးတည်ဆောက်ရာမှာ စတီးတန်ချိန်ပေါင်း ၆သောင်း ၊ အင်ဒီယားနားထုံးကျောက် နဲ့ ဂရန်နိုက် ကုဗပေ ၂သိန်း ၊ အုတ်ချပ်ပေါင်း ၁၀ သန်း ၊ အလူမီနီယံ နဲ့ stainless steel တန်ချိန်ပေါင်း ၇၃၀ ခန့်အထိ အသုံးပြုခဲ့ရပါတယ်။ ၁၉၃၁ ခုနှစ် မေလ ၁ ရက်နေ့မှာတော့ တည်ဆောက်ပြီးစီးခဲ့တဲ့ ဒီအဆောက်အဦးကြီးကို အမေရိကန်သမ္မတ Herbert Hoover ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့ပါတယ်။

Photo : Credit

၁၉၄၅ ခုနှစ် ဇူလိုင်လမှာတော့ အမေရိကန် ဗုံးကြဲလေယာဉ် ဘီ ၂၅ တစီးဟာ အဆောက်အဦးကြီးရဲ့ ၇၉ထပ်မြောက်ကို ဝင်တိုက်မိလို့ အထပ် ၂ထပ် ပျက်စီးခဲ့ရသလို လူပေါင်း ၁၄ ဦး ေ_ ဆုံး ခဲ့ရပါတယ်။ ဒီအဆောက်အဦးကြီးကို လက်ရှိပိုင်ဆိုင်သူကတော့ ရှယ်ယာရှင်ပေါင်း ၂၈၀၀ခန့် ပါဝင်တဲ့ Empire State Realty Trust အိမ်ခြံမြေ ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီဖြစ်ပါတယ်။

အဆောက်အဦးရဲ့ ၈၆ထပ် နဲ့ ၁၀၂ထပ်တွေမှာ နက္ခတ်တာရာကြည့် မျှော်စင်တွေကို ဖွင့်လှစ်ထားပြီး ဒီနေရာတွေဟာ နှစ်စဉ် လူသန်းနဲ့ချီပြီး လာရောက်လည်ပတ်တဲ့ နေရာလည်းဖြစ်ပါတယ်။ အဲဒီနေရာတွေက လှမ်းကြည့်ရင် နယူးယောက်ရဲ့ ပတ်လည် မိုင် ၈၀ အကွာအဝေးထိ လှမ်းမြင်နိုင်စွမ်း ရှိပါတယ်။ ပြတင်းပေါက်ပေါင်း ၆၅၀၀ကျာ် ပါဝင်သလို ဓာတ်လှေကား ၇၃ စီး ၊ မြန်နှုန်းမြင့် စက်လှေကား ၆ခု တို့ ပါဝင်ပါတယ်။ ကြီးမားလွန်းပြီး ရုံးခန်းပေါင်းများစွာ ပါဝင်တာကြောင့် သူ့အတွက် သီးသန့် zip code တခုသတ်မှတ်ပေးထားရပြီး နံပါတ်က ၁၀၁၁၈ ဖြစ်ပါတယ်။

အဆောက်အဦးကြီးရဲ့ ထိပ်ပိုင်းမှာ LED မီးတွေအပြည့်ထွန်းထားပြီး အရောင်ပေါင်း သန်းနဲ့ချီ ပါဝင်နေကာ အထိမ်းအမှတ်နေ့တွေမှာ အရောင်မတူပဲ ပြောင်းလဲထွန်းညှိနိုင်ပါတယ်။ အဆောက်အဦးရဲ့ ထိပ်ပိုင်းမှာတော့ ရုပ်သံ နဲ့ ရေဒီယို စတေရှင်တွေရဲ့ အင်တန်နာတိုင်ပေါင်းများစွာ ရှိနေပါတယ်။ အဆောက်အဦးတခုလုံးကို တင်းကျပ်တဲ့ လုံခြုံမှုစောင့်ကြည့်ရေးစနစ်တွေနဲ့အတူ ၂၄နာရီ မပြတ် ကြည့်ရှု့လျှက်ရှိပါတယ်။

အင်ပါယာစတိတ်အဆောက်အဦးကြီးဟာ ၁၉၈၆ ခုနှစ်မှာတော့ နိုင်ငံရဲ့ သမိုင်းအမွေအနှစ် အဆောက်အအုံတခုအဖြစ် ထည့်သွင်းသတ်မှတ်ခံခဲ့ရသလို ၁၉၉၄ ခုနှစ် အမေရိကန်မြို့ပြအင်ဂျင်နီယာအသင်းက ရွေးချယ် ထုတ်ပြန်တဲ့ အင်ဂျင်နီယာလောက်ရဲ့ အံဖွယ် ၇ ခု စာရင်းမှာလည်း ထည့်သွင်း သတ်မှတ်ခံခဲ့ရပါတယ်။ ဒီအဆောက်အဦးကြီးဟာ ရုပ်ရှင်တွေ နဲ့ တီဗီဇာတ်လမ်း ၊ ရုပ်သံစီးရီး ၊ တီဗီရှိုး များစွာမှာလည်း မကြာခဏ ထည့်သွင်းရိုက်ကူးခံခဲ့ရပြီး ဒီအဆောက်အဦးပါဝင်တဲ့ ရုပ်ရှင်ကားပေါင်း ၂၅၀ ထက်မနည်း ရှိနေပါတော့တယ်။

Tags: world places

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!