Saturday, April 17, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အင်္ဂလန်အား အောင်နိုင်ခဲ့သူ ဝီလီယံ

by Thutamm
August 14, 2019
Reading Time: 1min read
0
အင်္ဂလန်အား အောင်နိုင်ခဲ့သူ ဝီလီယံ
Share on FacebookShare on Twitter

ယနေ့ အင်္ဂလန်တွင် အုပ်စိုးနေသော မင်းဆက်အား အစပြုခဲ့သည့် အောင်နိုင်သူ ဝီလီယံ (William the Conqueror) ကို ပြင်သစ်နိုင်ငံအနောက်မြောက်ပိုင်းရှိ နော်မန်ဒီမြို့စားကြီး ပထမရောဘတ် မှဆင်းသက်လာသူဖြစ်သည်။အချို့က မြို့စားကြီး၏ တိတ်တိတ်ပုန်းမယားမှ ဆင်းသက်လာသည်ဟုဆိုကြသည်။ သို့သော် မြို့စားကြီးထံတွင် ထိုသားတစ်ဦးတည်းသာရှိသဖြင့် အဖအမွေကိုဆက်ခံရရှိသည်။ ကွယ်လွန်ချိန် ၁၀၃၅အရောက်မှီကပင် ဝီလီယံအား ဆက်ခံသူအဖြစ်ရွေးပြီးဖြစ်သောကြောင့် အသက်ရှစ်နှစ်သာရှိသေးသည့် ဝီလီယံမှာ မြို့စားဖြစ်လာခဲ့သည်။

သို့သော် လူလားမမြောက်သေးသည့် အုပ်ချုပ်သူအား အမှုထမ်းတို့က အလေးမစိုက်ပဲ မင်းမဲ့တိုင်းပြည်ကဲ့သို့ ထင်ရာစိုင်းခဲ့ကြသည်မှာ ဝီလီယံ၏ အထိန်းတော် သုံးယောက်ဆက်တိုက် လုပ်ကြံခံခဲ့ရသည်အထိဖြစ်သည်။ ငယ်ဆရာလည်း လုပ်ကြံခံရသည့် ဘေးမှ မလွတ်ခဲ့ပေ။ မိမိအား အစောင့်အရှောက်ခံအဖြစ် တာဝန်ယူထားသည့် ဘုရင် ပထမဟင်နရီ ကိုယ်တိုင် ဩဇာမရှိသဖြင့် အသက်မသေသည့် ဝီလီယံမှာ များစွာကံကောင်းသည်ဟု ဆိုနိုင်သည်။

အသက် ၁၅နှစ်အရွယ် ၁၀၄၂တွင် ဘုရင်က သူကောင်းပြုသဖြင့် နိုင်ငံရေးတွင် ထဲထဲဝင်ဝင် ပါဝင်လှုပ်ရှားလာသည်။ ပြည်တွင်းစစ်သဖွယ် နော်မန်ဒီနယ်ရှိ မြို့စားများကို တိုက်ခိုက်ပြီးနောက် ထိုနယ်တွင် ဩဇာအကြီးဆုံးအုပ်စိုးသူဖြစ်လာသည်။ ထိုမျှမက ၁၀၆၃တွင် အိမ်နီးချင်း မိန်းနယ် ကိုရယူပြီး ၁၀၆၄တွင် ဗြိတိန်နီနယ်က ဩဇာခံကြောင်းဝန်ခံကာ၊ အကြီးအကဲအဖြစ် အသိအမှတ်ပြုသည်။

အင်္ဂလန်ကျွန်းကို အောင်နိုင်ခြင်း

၁၀၄၂ မှ ၁၀၆၆ထိ အင်္ဂလန်တွင် အုပ်ချုပ်သည့် ဘုရင်မှ ဝန်ခံသူ အက်ဒွပ် ဖြစ်ပြီး သားသမီးမထွန်းကားသဖြင့် ဆက်ခံလိုသူ များပြားနေခဲ့ရသည်။ ဝီလီယံ၏ အဖိုး၏ နှမမှာ အက်ဒွပ်၏ မိခင်ဖြစ်သဖြင့် ဆွေမျိုးနီးစပ်တော်သည်ဟု ဆိုနိုင်သည်ကြောင့် တစ်ကြောင်း၊ ဝီလီယံ၏ အရည်အချင်းကို အက်ဒွပ်က သဘောကျသည်ကြောင့် တစ်ကြောင်း ၁၀၅၀တွင် မိမိအားဆက်ခံသူမှာ ဝီလီယံဖြစ်ကြောင်း အက်ဒွပ်က ကြေညာသည်။ အက်ဒ်ဝပ်၏ ယောက်ဖလည်းဖြစ် တန်ခိုးဩဇာအကြီးဆုံးလည်းဖြစ်သည့် ဟာရိုး ဂေါ်ဒွန်ဆင် ကို ဝီလီယံက ဖမ်းဆီးကာ အကျပ်ကိုင်ပြီး မိမိကို အင်္ဂလန်ထီးနန်းဆက်ခံသူဖြစ်ကြောင်း ထောက်ခံစေသည်။

ထိုနောက် ဟာရိုးအား ကျမ်းကျိန်စေပြီး ပြန်လွတ်စေသည်။ ၁၀၆၆တွင် အက်ဒ်ဝပ် ကွယ်လွန်သော် ဟာရိုးအား ဘုရင်ရွေးကောက်သည့် ဝီတန်မြို့စားကြီးများအဖွဲ့က ထောက်ခံပြီး နန်းတင်ကြသဖြင့် အင်္ဂလန်ကျွန်းအား သိမ်းရန် စစ်ပြင်တော့သည်။ ရှေးဦးစွာ ရေတပ်ဖွဲ့ပြီး ၁၀၆၆ဩဂုတ်လဆန်းတွင် ရေလက်ကြားကို ဖြတ်သန်းရန် စီစဉ်သော်လည်း မြောက်လေပြင်း တိုက်သဖြင့် ပင်လယ်ပြင်ကို မဖြတ်သာသောကြောင့် လပေါင်းများစွာ စောင့်ဆိုင်းနေခဲ့ရသည်။ သို့သော် ထိုသို့စောင့်ဆိုင်းနေချိန်အတွင်း နော်ဝေဘုရင် ဟာရိုးဟာဒရာအေ့က မြောက်ပင်လယ်ကိုဖြတ်ကာ အင်္ဂလန်ကို ကျူးကျော်သည်။

ထို့ကြောင့် ဟာရိုးဂေါ်ဒွန်လည်း ဝီလီယံ၏ ကျူးကျော်စစ်ကို တွန်းလှန်ရန် တောင်ပိုင်းတွင် အသင့်စောင့်နေသောတပ်များကို ခေါ်ယူပြီး မြောက်ဖက်သို့ စစ်မျက်နှာလှည့်ပြီး တိုက်ခိုက်ရသည်။ ၂၅၊ စက်တင်ဘာ၊ ၁၀၆၆ စတန်းဖို့ဒ် တံတားတိုက်ပွဲတွင် နောဝေဘုရင် ဟာရိုးကျဆုံးပြီး သူ့တပ်များလည်း ပျက်စီးဆုတ်ခွာသွားသည်။

ထိုနေ့မှ ၂ ရပ်အကြာတွင် လေကြောင်းပြောင်းသဖြင့် ဝီလီယံလည်း အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ကူးပြီး တပ်များချသည်။ ဟာရီုးလည်း မြောက်ပိုင်းမှ တပ်များကို တောင်ပိုင်းသို့ ပြန်လည်ချီတက်စေပြီး ဝီလီယံတပ်များကို ရင်ဆိုင်စေသည်။ သို့ဖြင့် ၁၄ ၊အောက်တိုဘာ ၊၁၀၆၆ တွင် ဟက်စတင်းစ်တိုက်ပွဲတိုက်ခိုက်ကြပြီး ထိုနေ့ညနေတွင်ပင် ဟာရိုးဂေါ်ဒွန်ဆင် နှင့် သူ့ညီတော်နှစ်ပါး ကျဆုံးသည်။ ထိုနောက် လန်ဒန်မြို့သို့ ဆက်လက်ချီတက်သိမ်းပိုက်ပြီး ၁၀၆၆၊ ခရစ္စမတ်နေ့တွင် ဘိသိက်သွန်းကာ ဘုရင်အဖြစ် ခံယူသည်။ သို့ဖြင့် အင်္ဂလန်တွင် အင်္ဂလိုဆက်ဇွန် မင်းဆက်ပျက်ပြီး နော်မန်မင်းဆက် စတင်ပေါ်ထွန်းလာသည်။

အုပ်ချုပ်ရေး နှင့် အခြားအရေးပါသည့် အချက်များ

ဝီလီယံနန်းတက်လျှင် သူပုန်ထမှုငယ်များကို ရင်ဆိုင်ရသည်။ ငါးနှစ်ကြာနှိမ်နှင်းချိန်အတွင်း ရန်သူ အင်္ဂလန်မြို့စားများ၏ ပိုင်ဆိုင်မှုများကိုပါ သိမ်းယူလိုက်ပြီး မိမိ၏နောက်လိုက်များကို ဝေပေးခဲ့သည်။ ထိုနောက် လယ်ယာမြေစနစ်တွင် ကံကျွေးချစနစ်ကို ထူထောင်ပြီး အုပ်ချုပ်သည်။ ပြည်သူများအဖို့မူ အရှင်သခင်ပြောင်းသည်ဟုသာ အမှတ်ထားရလောက်အောင် ညှင်သာစွာကိုင်တွယ်ပြီး လယ်ပိုင်ရှင်များ နှင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို အတိအကျစာရင်းကောက်ယူစေသည်။ ထိုစာရင်းမှာ ဒွန်းမ်စတေးကျမ်း ဟုခေါ်ပြီး ယနေ့တိုင် လန်ဒန်ပြည်သူ့မှတ်တမ်းရုံးတွင် တွေ့နိုင်သည်။

ဝီလီယံ၏ နော်မန်ကျူးကျော်မှုကြောင့် အင်္ဂလန်တွင် ပြင်သစ်-အင်္ဂလိုဆက်ဇွန် ရောနှောဓလေ့ပေါ်ထွန်းလာရပြီး အင်္ဂလိပ်ဘာသာစကား ဟူ၍ ဘာသာစကားအသစ်ပေါ်ထွန်းလာပြီး ကျယ်ပြန့်စွာ သုံးစွဲလာခဲ့သည်။နောက်ရာစုနှစ် ၃ခုကျော်၊ ၄ခုအတွင်းတွင် အင်္ဂလိပ်လူမျိုးတို့၏ သဒ္ဒါသုံးစွဲပုံမှာလည်း ပြောင်းလဲလာသည်။ ထူးခြားချက်မှာ ဝီလီယံ၏ နော်မန်ကျူးကျော်စစ် အပြီးတွင် အခြားမည်သူကမှ အင်္ဂလိပ်ကျွန်းကို အောင်မြင်အောင် မကျူးကျော်နိုင်တော့ခြင်းဖြစ်သည်။ ထို့ပြင် နော်မန်တို့၏ ဗဟိုအုပ်ချုပ်ရေးမှာ အလွန်ခိုင်ခံကောင်းမွန်ကြောင်း ယနေ့ အင်္ဂလိပ်ပုံစံ ဗျူရိုကရေစီအုပ်ချုပ်ရေးက သက်သေခံလျက် ရှိနေသည်။ ယနေ့တိုင် အင်္ဂလန်တွင် အုပ်စိုးနေသည့် မင်းဆက်မှာ ဝီလီယံ မှဆင်းသက်လာသူများဖြစ်သည်။

မိသားစု နှင့် ဘဝနိဂုံး

အိမ်ထောင်ရှိပြီး သားငါးဦး ၊သမီးငါးဦးရှိသည်။အင်္ဂလန်ဘုရင်ဖြစ်သော်လည်း ပြင်သစ်လူမျိုးတစ်ဦးအနေဖြင့် ကွယ်လွန်ချိန်ထိ ပြင်သစ်တွင်သာ အချိန်အများစု နေထိုင်သွားခဲ့သည်။ ဘာသာစကားအားဖြင့်လည်း ပြင်သစ်ဘာသာတစ်မျိုးကိုသာ ပြောဆိုတတ်ပြီး စာမတတ်ပေ။ ပြင်သစ်မြောက်ပိုင်း ရိုအန်းမြို့တော်တွင် ၁၀၈၇၌ ကွယ်လွန်သွားခဲ့သည်။

ရည်ညွှန်းကိုးကား
ကျော်စွာ၁၀၀-ဒေါက်တာသန်းထွန်း
Myanmar Wikipedia

Tags: world historyworld people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!