Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အချစ်အတွက်နဲ့ ထီးနန်းကို ပျော်ပျော်ကြီးစွန့်ခဲ့လေသူ (သို့) အဋ္ဌမမြောက် အက်ဒွပ်ဘုရင်

by Thutamm
July 31, 2019
Reading Time: 1min read
0
အချစ်အတွက်နဲ့ ထီးနန်းကို ပျော်ပျော်ကြီးစွန့်ခဲ့လေသူ (သို့) အဋ္ဌမမြောက် အက်ဒွပ်ဘုရင်
Share on FacebookShare on Twitter

အဋ္ဌမအက်ဒွပ်ဘုရင်သည် ပဉ္စမဂျော့ဘုရင်နှင့် မေရီမိဖုရားကြီးတို့၏ သားတော်အကြီးဆုံး ဖြစ်၏။ ၁၈၉၄ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် ဖွားမြင်လေ သည်။

၁၉၃၆ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့တွင် ခမည်း တော် ပဉ္စမဂျော့ဘုရင်၏ အရိုက်အရာကို ဆက်ခံရလေသည်။ ထိုအခါတွင် သက်တော် ၄၂ နှစ်ခန့် ရှိနေပြီဖြစ်၏။ ၁၉၁၁ ခုနှစ်တွင် ဝေလမင်းသားဘွဲ့ကို ခံယူခဲ့သည်။ သူ၏နာမည်အပြည့်အစုံမှာ အက်ဒွပ် အဲလဗတ် ခရစ် စတီယန်ဂျော့ အင်ဒရူးပက်ထရစ် ဒေးဗစ် (ED.Ward Albert Christian George Andrew Patrick David) ဟူ၍ ဖြစ်လေသည်။ မင်းသားဘဝနှင့် အော့စဗွန်းနှင့် ဒါ့တမတ်ရေကြောင်း အတတ်သင် ကောလိပ်ကျောင်းများတွင် ရေကြောင်းအတတ်ကို လေ့လာဆည်းပူးခဲ့သည်။

၁၉၁၂ ခုနှစ်တွင် ရေကြောင်းအတတ်သင် ကောလိပ် ကျောင်းမှထွက်၍ အောက်စဖို့တက္ကသိုလ် မော့ဒလင်းကောလိပ် တွင် နှစ်နှစ်ခန့်မျှ ပညာဆက်လက်သင်ကြားခဲ့သည်။ ဘိုးတော် သတ္တမ အက်ဒွပ်ဘုရင်ကဲ့သို့ နိုင်ငံတကာသို့ ခရီးထွက်လိုသူဖြစ်သည်။ ထို့ကြောင့် ပထမကမ္ဘာစစ် ပြီးဆုံးပြီးသည့်နောက် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဗြိတိသျှတို့၏ ကုန်သွယ် ရေးကိုရှေးရှုကာ ကနေဒါနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနိုင်ငံ၊ တောင်အမေရိကတိုက်၊ အိန္ဒိယ၊ မြန်မာ၊ ဩစတြေးလီး ယားတိုက်နှင့် နယူးဇီလန်ကျွန်းများသို့ အလည်အပတ် သွား ရောက်ခဲ့သည်။

ဝေလမင်းသားမှာ ၁၉၂၂ ခုနှစ် ဇန်နဝါရီလ ၂ ရက်မှ ၁ဝ ရက်အထိ ၉ ရက်တိုင်တိုင် မြန်မာနိုင်ငံအတွင်း နေထိုင်သွားစဉ်အတွင်း မန္တလေးမြို့လည်း သွားလိုက်သေးသည်။ သာစည်မြို့သို့ဝင်ကာ မိတ္ထီလာဒီဝီဇံတပ်၏ အလေးပြုခြင်းကိုလည်း ခံယူလိုက်သေးသည်။ ရန်ကုန်မြို့နေစဉ်အတွင်း၌ ဆရာတော် သံဃာတော် ၁၂ ပါး တို့ကိုလည်း ဆွမ်းကပ်လိုက်သေးသည်။ ရန်ကုန်ယူနီဗာစီတီ ကောလိပ်သို့လည်း လှည့်လည်ကြည့်ရှုခဲ့သည်။

ဝေလမင်းသား စာပေဆုကို ၁၉၂၂ ခုနှစ်မှ ၁၉၃၂ ခုနှစ်အတွင်း နှစ်စဉ် စိစစ်ရွေးချယ် ချီးမြှင့်ခဲ့လေသည်။ ဆုကြေးငွေမှာ ကျပ် ၁ဝဝဝ ဖြစ်သည်။ ထိုစဉ်က စာပေအတွက် အစိုးရက ဆုငွေချီးမြှင့်သည်ကို မြန်မာတို့ နားတွင် စိမ်း၍ နေသေးသဖြင့် ရဟန်းရှင်လူအပေါင်းတို့ကြား၌ တအံ့တသြ ဖြစ်ခဲ့ကြရ၏။ ဝေလမင်းသား ဆုငွေမှာ ကျင်ငွေ ၁ဝဝဝ ဖြစ်ရာ ကိုလိုနီခေတ်တွင် မျက်နှာငယ်လှသော မြန်မာစာပေ၏ အခြေအနေအရဆိုလျှင် ဆုငွေမှာ အတော်မြင့်မားသော ဆုငွေပင် ဖြစ်သည်။

၁၉၂၇ ခုနှစ်တွင် ဗြိတိန်ကျွန်းရှိ စက်မှု လက်မှုထွန်းကားရာနှင့် သတ္တုတွင်းများရှိရာ အရပ်ဒေသများသို့ လှည့်လည်ကြည့်ရှုခဲ့လေသည်။အပေါင်းအသင်းဆံ့သူ တစ်ယောက်ဖြစ်သည့်အလျောက် မင်းသားသည် လူချစ်လူခင်ပေါ၏။ သာမန်လူတန်းစားတို့နှင့် ပွန်းပွန်းတီးတီး ပေါင်းသင်းဆက်ဆံတတ်သူလည်း ဖြစ်သဖြင့်၊ လူတိုင်း၏ ချစ်ကြည်ညိုခြင်းကို ခံရလေသည်။ သူသည် အထူး သဖြင့် စစ်ပြန်ရဲဘော်များနှင့် လူငယ်များအရေးတွင် ပိုမိုစိတ်ဝင် စားခဲ့လေသည်။

၁၉၃၆ ခုနှစ်ဦးတွင် ခမည်းတော်ဂျော့ဘုရင် ကွယ်လွန် သည့်အခါ အဋ္ဌမအက်ဒွပ်ဘွဲ့ကိုခံယူလျက် နန်းတက်ခဲ့သည်။ သို့သော် ထိုနှစ်မလွန်မီ အမေရိကန်သူ မစ္စစ်ဝေါလစ် ဝါဖီး ဆင်မဆင်ကို တွေ့ရှိမေတ္တာသက်ဝင်ခဲ့သဖြင့် မိဖုရားမြှောက်လို သောဆန္ဒ ပြင်းပြခဲ့သည်။ သို့ရာတွင် အင်္ဂလန်နိုင်ငံ အစိုးရအဖွဲ့ နှင့်တကွ ဒိုမီနီယန်နိုင်ငံများကပါ ဘုရင်၏အလိုသို့ မလိုက် လျောနိုင်ကြပေ။

မစ္စစ်ဆင်မဆင်မှာ အိမ်ထောင်နှစ်ဆက် ရှိခဲ့ဖူးရုံမျှမက၊ ဒုတိယအိမ်ထောင်သည် ခင်ပွန်းနှင့်လည်း ပြတ် စဲသည်ဟု မဆိုသာသေးသဖြင့်၊ အင်္ဂလန်ထီးနန်း အသရေနှင့် ထုံးတမ်းစဉ်လာကိုငဲ့ကွက်ကာ ဘုရင်အလိုသို့ မလိုက်လျောနိုင် ခြင်း ဖြစ်လေသည်။ သို့သော် အဋ္ဌမအက်ဒွပ်ဘုရင်သည် အမေရိကန်သူကို မစွန့်နိုင်သဖြင့် ၁၉၃၆ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် အင်္ဂလိပ်ထီးနန်းကို ကျေနပ်စွာ စွန့်လွှတ်လိုက်လေသည်။

အက်ဒွပ်ဘုရင် သည် ၁၉၃၆ခုနှစ် ဇန်နဝါရီ ၂၀ တွင် နန်းတက်ခဲ့ပြီး ၁၉၃၆ ခုနှစ် ဒီဇင်ဘာ ၁၁ရက်နေ့တွင် ထီးနန်းကိုစွန့်လွှတ်ခဲ့ပေရာ ဗြိတိသျှအင်ပါယာကို ရက်ပေါင်း ၃၂၅ရက်သာ အုပ်ချုပ်ခဲ့သည်။ အက်ဒွပ်ဘုရင်စွန့်လိုက်သောထီးနန်းကို ညီတော် ယော့နယ်စားက ရယူခဲ့ပြီး ဆဋ္ဌမ ဂျော့ဘွဲ့ ကိုခံလျက် နန်းတက်လေသည်။ ထီးနန်းကို ဆက်ခံသိမ်းပိုက်ရသည်နှင့် တစ်ပြိုင်နက် နောင်တော်အက်ဒွပ်အား ဝင်ဆာမြို့စားရာထူးကို ချီးမြှင့်ခဲ့လေသည်။

အက်ဒွပ်ဘုရင်တစ်ဖြစ်လဲ ဝင်ဆာမြို့စားသည် ၁၉၃၇ ခုနှစ်ဇွန်လ ၃ ရက်နေ့တွင် ပြင်သစ်နိုင်ငံ၌ မစ္စစ် ဆင်မဆင်နှင့် လက်ထပ်လိုက်လေသည်။ ၁၉၄ဝ ပြည့်နှစ်မှ ၁၉၄၅ ခုနှစ်အထိ ဝင်ဆာ မြို့စားသည် ဗဟားမားကျွန်းစုတွင် ဘုရင်ခံအဖြစ်ဖြင့် ဆောင် ရွက်ခဲ့သည်။ ဘုရင်ခံအဖြစ်ဖြင့် ဆောင်ရွက်နေစဉ် ဝင်ဆာမြို့ စားသည် ကျွန်းသူကျွန်းသားတို့၏ စီးပွားရေးဖွံ့ဖြိုးမှုကို အထူးတလည် ကြိုးပမ်းခဲ့လေသည်။၁၉၄၆ ခုနှစ် အောက်တိုဘာလတွင်မြို့စား နှင့် မြို့စားကတော်တို့သည် အင်္ဂလန်နိုင်ငံသို့ နန်းစွန့်ပြီးနောက် ပထမဆုံးအကြိမ် သွားရောက်ခဲ့ကြလေသည်။

ထို့နောက်တွင် ဝင်ဆာမြို့စား ဇနီးမောင်နှံတို့သည် ပြင်သစ်နိုင်ငံ ပါရစ်မြို့၌ အခြေချနေထိုင်ခဲ့သည်။ ၁၉၇၂ ခုနှစ် မေလ ၂၈ ရက်နေ့တွင် အသက် ၇၇ နှစ်အရွယ်ရှိ ဝင်ဆာ မြို့စားသည် ပါရစ်မြို့ရှိ မိမိစံအိမ်၌ ကွယ်လွန်သွားသည်။

ချစ်သူကို လက်ထပ်ခွင့်မရလို့ ထီးနန်းစွန့်ခဲ့စဉ်က အက်ဒွပ်ဘုရင်ပြောခဲ့သော စကားမှာ-
“ဒီလိုကြီးလေးတဲ့ တာဝန်ကြီးကိုထမ်းဆောင်နိုင်ဖို့ နဲ့ ဘုရင်တစ်ယောက်ရဲ့ ဝတ္တရားတွေကိုထမ်းဆောင်နိုင်ဖို့ ကျွနု်ပ်ချစ်သူရဲ့ ဖေးမကူညီမှုမပါပဲနဲ့တော့ ကျွနု်ပ်ထမ်းဆောင်ဖို့ မဖြစ်နိုင်ပါ”
ဟူ၍ ဖြစ်လေသည်။

ကိုးကား

မြင့်ဆွေ ‘ဝေလမင်းသားဆု’ ငွေတာရီ မဂ္ဂဇင်း အမှတ် ၁ဝ၁၊
မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၅

Tags: world people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!