Tuesday, April 13, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဟိမဝန္တာတောင် အကြောင်း သိကောင်းစရာ

by Thutamm
July 25, 2019
Reading Time: 1min read
0
ဟိမဝန္တာတောင် အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

ဟိမဝန္တာတောင် ဆိုတာ မြန်မာတွေနဲ့တော့ အတော်ရင်းနှီးတဲ့ တောင်ဖြစ်ပါတယ်။ ဇာတ်တော်တွေ ၊ ပုံပြင်တွေထဲမှာသာ မက စာအုပ်တွေမှာပါ မကြာခဏတွေ့ရလေ့ရှိတဲ့တောင်ဖြစ်ပါတယ်။ တောင်လို့ဆိုပေမယ့် တောင်တစ်တောင်တည်းမဟုတ်ပဲ တောင်များစွာကို စုပေါင်းခေါ်ခြင်းဖြစ်ပါတယ်။ဧဝရက်တောင်လို ကမ္ဘာ့အမြင့်ဆုံးတောင်တွေစုပေါင်းတည်ရှိရာ တောင်အုပ်စုလည်းဖြစ်ပါတယ်။ နီပေါ ၊ တရုတ် ၊ အာဖကန်နစ္စတန် ဘူတန် ၊ ပါကစ္စတန် ၊ အိန္ဒိယ စတဲ့နိုင်ငံတွေပါဝင်ပါတယ်။ နှင်းများဖုံးအုပ်ထားရာ ကမ္ဘာ့အမြင့်ဆုံးနေရာလည်းဖြစ်ပါတယ်။ သုတဇုန်မိတ်ဆွေများအတွက် ဟိမဝန္တာတောင်ရဲ့ အချက်အလက်တချို့ကို ဗဟုသုတအနေနဲ့ မျှဝေလိုက်ပါတယ်။

– ဟိမဝန္တာရဲ့ အဓိပ္ပါယ်ဟာ နှင်းဗိမ္မာန်ဖြစ်ပါတယ်။ ဧဝရက်တောင်ရဲ့အမြင့်ပိုင်းမှာ ဖုံးလွှမ်းနေတဲ့ နှင်းတွေဟာ ဘယ်တော့မှခဲခြင်းမရှိပါဘူး။ အန္တာတိက နဲ့ အာတိတ်ဒေသ တို့ပြီးရင် ဟိမဝန္တာဟာ ရေခဲစုပုံမှုအများဆုံးနေရာဖြစ်ပါတယ်။

– ဟိမဝန္တာတောင်ရဲ့သက်တမ်းဟာ နှစ်သန်းပေါင်း ၇၀ ခန့်ရှိပြီး ကမ္ဘာပေါ်မှာ သက်တမ်းအနုဆုံးတောင်အုပ်စု ဖြစ်ပါတယ်။ စုစုပေါင်းတောင်ပေါင်း ၃၀ကျော်ပါဝင်ပြီး အဲဒီထဲက တောင် ၉လုံးဟာ ကမ္ဘာ့အမြင့်ဆုံးတောင်တွေဖြစ်ပါတယ်။ မီတာ ၈၀၀၀ အနည်းဆုံးမြင့်တဲ့ တောင်က ၁၄လုံးဖြစ်ပါတယ်။

– ဟိမဝန္တာလို့အားလုံးသိကြပေမယ့် နေရာအလိုက်အခေါ်အဝေါ်ကွဲပြားပါတယ်။ နီပေါတွေက Sagarmatha(စကြဝဠာရဲ့နတ်ဘုရားမ) ၊ တိဘက်တွေက Chomolungma(ကမ္ဘာ့မိခင်နတ်ဘုရားမ) ၊ ဟိန္ဒူတွေက Giri-raj (တောင်တွေရဲ့ဘုရင်) စသည်ဖြင့် အသီးသီးခေါ်ဝေါ်ကြပါတယ်။

– ဧဝရက်တောင်ရဲ့အမည်ဟာ ဗိုလ်မှူးကြီး Sir George Everest ကို ဂုဏ်ပြုတဲ့အနေနဲ့ ပေးထားခြင်းဖြစ်ပါတယ်။

– ဟိမဝန္တာတောင်မှာ နေထိုင်ရှင်သန်တဲ့ တိရစ္ဆာန်တွေကတော့ တောရိုင်းဆိတ် ၊ တိဘက်သိုး ၊ ပန်ဒါဝက်ဝံ ၊ နှင်းကျားသစ် ၊ တောင်ဆိတ် ၊ ဝက်ဝံနက် ၊ ကျား ၊ ကတိုး ကောင် စတာတွေနဲ့ ငှက်မျိုးစိတ်ပေါင်းများစွာ တို့ဖြစ်ပါတယ်။

– ဟိမဝန္တာတောင်ဟာ ကမ္ဘာ့ဧရိယာရဲ့ ဝ.၄% ကို ပိုင်ဆိုင်ပြီး အကျယ်အဝန်းအားဖြင့် ၂၃၀၀၀၀ စတုန်ရန်းမိုင်ခန့် ရှိပါတယ်။

– ရာသီဥတုအပြောင်းအလဲမြန်တတ်ပြီး မုတ်သုန်လေ ၊ နှင်းမှုန်တိုင်း ၊ ငလျှင် ၊ မြေကြောပြတ်ရွေ့မှု ၊ ရေကြီးမှု ၊ လေပြင်းများ မကြာခဏဖြစ်ပေါ်လေ့ရှိပါတယ်။

– ဟိမဝန္တာရဲ့ ဧရိယာအများဆုံးကို နီပေါနိုင်ငံမှ ပိုင်ဆိုင်ပြီး ဧရိယာရဲ့ ၇၅% ကို ပိုင်ဆိုင်တာဖြစ်ပါတယ်။

– ဟိမဝန္တာတောင် ဧရိယာအတွင်းမှာ လူမျိုးပေါင်း ၃၀ခန့် နေထိုင်ကြပြီး အရေအတွက်အားဖြင့် လူဦးရေ သန်း ၄၀ ခန့် ရှိပါတယ်။

– ဟိမဝန္တာမှာ အဓိကသယ်ယူပို့ဆောင်ရေးအရာကတော့ တရုတ်နွားမွှေးရှည်တွေဖြစ်ပါတယ်။

Tags: world places

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး
Places

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး

ရေးသားသူ - Wai Lin Photo - Sar Aung Marphang မြန်မာပြည်အစွန်အဖျားမှာ ဆီနှင်းတွေ အမြဲဖုံးလွှမ်းနေတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ သွားရေလာရေးခက်ခဲပေမယ့် ဥရောပလို လှပတဲ့ ဆီနှင်းတွေရှိတဲ့ ရွာလေးပါ။ ရွာနာမည်က ရှိန်းခေါင်ဖြစ်ပြီး လူဦးရေ ၁၅၀၀...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!