Saturday, April 17, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဟယ်လင်ကဲလ်လာ လို့ ဖြစ်လာစေခဲ့တဲ့ အဓိကအကြောင်းအရင်း (သို့) ဆရာမ Annie Sullavan Macy

by Thutamm
July 26, 2019
Reading Time: 1min read
0
ဟယ်လင်ကဲလ်လာ လို့ ဖြစ်လာစေခဲ့တဲ့ အဓိကအကြောင်းအရင်း (သို့) ဆရာမ Annie Sullavan Macy
Share on FacebookShare on Twitter

စုစည်းတင်ပြသူ – Win Pa Pa San

အခု မိတ်ဆွေဖတ်နေတဲ့စာတွေကို မြင်လည်းမမြင်ရ၊ ဖတ်ပြရင်လည်းမကြားရပဲ စကားလည်းပြောနိုင်မယ်၊ စာလည်းဖတ်တတ်မယ်၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့လည်း ပျော်ပျော်ပါးပါးဆွေးနွေးပြောဆိုနိုင်မယ်။ ကောလိပ်တက်ပြီး စာအုပ်ပေါင်း ၁၀ အုပ်ကျော်ရေးမယ်၊ ကမ္ဘာပတ်ပြီး အမေရိကန်သမ္မတနဲ့လည်းတွေ့ဆုံနိုင်မယ်။ စိတ်ချမ်းမြေ့ပျော်ရွှင်စွာနဲ့ အသက် ၈၇ ထိနေသွားမယ်။ သိပ်ကို အံ့သြစရာကောင်းတယ်မဟုတ်လား။ အဲဒီပုဂ္ဂိုလ်ရဲ့ အမည်က Helen Keller ပါ။ သူမကို ဒီလိုဖြစ်လာအောင် ပြုပြင်မြေတောင်မြှောက်ပေးသူကတော့ သူမရဲ့ ဆရာမ Anne Sullivan ပါ။ Anne Sullivan သာ မရှိခဲ့ရင် Helen ဆိုတာလည်း ရှိမလာနိုင်ပါဘူး။ နားမကြား မျက်စိလည်းမမြင်လို့ စကားလည်း ပြောဖို့ မသင်ယူနိုင်တဲ့ Helen ဆိုတဲ့ကလေးမလေး ကို သွေးသားရင်းလို ကြင်နာဖေးမပျိုးထောင်ပေးခဲ့တဲ့ Anne ရဲ့ အကြောင်းကို ရေးသားဖော်ပြပေး လိုက်ပါတယ်။

Annie ကို ၁၈၆၆ ခုနှစ် ဧပြီ ၄ရက်နေ့ Massachusetts ပြည်နယ် Feeding Hillsမှာ မွေးဖွားခဲ့ပါတယ်။ သူမရဲ့ မိဘတွေဖြစ်တဲ့ Thomas Sullivan နဲ့ Alice Cloesy Sullivan တို့ဟာ ဆင်းရဲနွမ်းပါးပြီး ပညာလည်းမတတ်ကြပါဘူး။ အမေဟာ တီဘီရောဂါသည်ဖြစ်ပြီး အဖေက အရက်သမားတစ်ယောက်ပါ။ သူမဘဝရဲ့ အစဦးအချိန်တွေမှာ သူမဟာ ဘာဆိုဘာမှ မသင်ယူခဲ့ရပါဘူး။ ကျောင်းမနေခဲ့ရတဲ့ အပြင် ဒေါသလည်းအရမ်းကိုကြီးတဲ့ ကလေးတစ်ယောက်ပါ။ ၇ နှစ်အရွယ်မှာ မျက်ခမ်းစပ်ရောဂါ ဖြစ်တာကို မကုသခဲ့ရတာကြောင့် မျက်စိကန်းမတတ်ဖြစ်ခဲ့ရပါတယ်။ ၈ နှစ်အရွယ်မှာ အမေဆုံးသွားပြီး ရက်စက်တတ်တဲ့ အဖေနဲ့နေခဲ့ရပါတယ်။ ၂ နှစ်အကြာမှာတော့ သူမရဲ့အဖေဟာ အိမ်က ထွက်သွားပါတယ်။

၁၈၇၆ ဖေဖေါ်ဝါရီ ၂၂ မှာ Anne နဲ့ သူမရဲ့မောင်လေး Jimmie တို့ဟာ Massachusetts ပြည်နယ် Tewksbury မှ လူအိုရုံသို့ပို့ခံခဲ့ရပြီး မောင်လေးဟာ တင်ပါးအကျိတ်ရောင်ရောဂါနဲ့ မကြာခင်မှာပဲ သေဆုံးသွားခဲ့ပါတယ်။ မောင်လေးကို လွမ်းဆွတ်တဲ့စိတ်နဲ့ မျက်လုံးခွဲစိတ်မှု မအောင်မြင်ခြင်းကို စိတ်ပျက်ကြေကွဲစိတ်နဲ့ ညှိုးချုံးစွာ ၄ နှစ်ကြာတွေဝေနေခဲ့ပါတယ်။ အဲဒီနောက်မှာ သူမဟာ စာသင်ခွင့်ရဖို့ ရုံးကို တိုက်ရိုက်လျှောက်ထားခဲ့ပြီး မကြာခင်မှာပဲ Massachusetts ပြည်နယ် Boston မြို့မှ Perkins မျက်မမြင်ကျောင်းမှာ စာသင်ခွင့်ရရှိခဲ့ပါတယ်။

သူမရဲ့ အသက် ၁၄နှစ်အရွယ် ၁၈၈၀ အောက်တိုဘာလမှာ ကျောင်းပညာကို စတင်သင်ယူခွင့် ရခဲ့ပြီးနောက် မကြာခင်မှာပဲ အလွန်လျင်မြန်စွာ တတ်မြောက်ခဲ့ပါတယ်။ မျက်မမြင်အက္ခရာတွေ သာမက ပုံမှန်အက္ခရာတွေကို ပါသင်ယူနိုင်ခဲ့ပြီး နားမကြားသူ၊ မျက်မမြင်သူတွေနဲ့ ဆက်သွယ် မိတ်ဖွဲ့နည်းတွေကို တတ်မြောက်နိုင်ခဲ့ပါတယ်။ အဲဒီပညာတွေနဲ့ပဲ သူမရဲ့အနာဂတ်အောင်မြင်မှု တွေကို တည်ဆောက်နိုင်ခဲ့တာပါ။

ကံကောင်းခြင်းတွေ စတင်ရရှိလာတဲ့ Anne ဟာ မျက်လုံးခွဲစိပ်မှု ကိုလည်း အောင်မြင်ခဲ့ပါတယ်။ ၁၈၈၆ ခုနှစ်မှာ ကျောင်းပြီးခဲ့ပြီး ကျောင်းဆင်းပွဲအမှတ်တရ စကား ပြောကြားသူအဖြစ် ဆောင်ရွက်ခဲ့ရပါတယ်။ ကျောင်းပြီးလို့ သိပ်မကြာခင်မှာပဲ Hellen Keller ရဲ့ ဆရာမအဖြစ် ကမ်းလှမ်းချက်ကို လက်ခံခဲ့ပါတယ်။ Anne ၂၂ နှစ်အရွယ် ၁၈၈၇ ခုနှစ်မှာ Helen Keller ရဲ့ တသက်တာဆရာမအဖြစ် လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Anne ဟာ ဒေါသတကြီးနဲ့ ပုန်ကန်တတ်တဲ့ကလေးဖြစ်တဲ့ Helen ကို ခဏတာအတွင်းမှာပဲ စည်းရုံးနိုင်ခဲ့ပြီး Helen ရဲ့ယုံကြည်အားကိုးမှုကို ရရှိခဲ့ပါတယ်။ Helen ကို ၁၃ နှစ်ကြာစာသင်ကြားပေးခဲ့ပြီး ၁၉၀၀ ပြည့်နှစ်မှာ Helen ဟာ Radcliffe ကောလိပ်မှာကျောင်းတက်ဖို့အတွက် Helen နဲ့အတူ Cambridge သို့သွားခဲ့ပါတယ်။ Anne ဟာ Helen တက်တဲ့အတန်းတိုင်းကို လိုက်တက်ပြီး သင်ခန်းစာတိုင်းကို Hellen လက်ဖဝါးပေါ် ရေးပြပြီး သင်ယူစေခဲ့ပါတယ်။ Hellen ဝိဇ္ဇာဘွဲ့ရတဲ့အခါ ဆရာတပည့် နှစ်ဦးလုံးအတိုင်းမသိ ပျော်ရွှင်ခဲ့ကြပါတယ်။ Annie အနေနဲ့ ကျောင်းအပ်စရာမလိုပဲ ကောလိပ်ပညာသင်ခဲ့ရပါတယ်။

Radcliffe မှာ နေခဲ့တဲ့နှစ်တွေအတွင်း Anne ဟာ John Albert Macy နဲ့ ခင်မင်ခဲ့ပြီး Helen ရဲ့ အတ္ထုပ္ပတ္တိကို ကူညီတည်းဖြတ်ပေးခဲ့ပါတယ်။ Anne နဲ့ John တို့ဟာ ချစ်ကြိုက်သွားကြပြီး Anne အသက် ၃၉နှစ်အရွယ် ၁၉၀၅ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ၁၉၁၄ မှာလမ်းခွဲခဲ့ကြပြီး တရားဝင်ကွာရှင်းခြင်းတော့ မရှိခဲ့ပါဘူး။ Anne ဟာ Massachusetts ပြည်နယ် Wrentham မှာ တော်တော်ကြာနေခဲ့ပြီးမှ Helen နဲ့ Polly Thomson တို့နေတဲ့ Forest Hills ကိုပြောင်းလာခဲ့ပါတယ်။ Polly ဟာ Helen ရဲ့အတွင်းရေးမှူးဖြစ်ပြီး သူတို့ သုံးဦးဟာ တတွဲတွဲနေထိုင်ခဲ့ကြပါတယ်။ ၁၉၁၆ ခုနှစ် Anne အသက် ၅၀ အရွယ်မှာ ကျန်းမာရေးချို့ယွင်းလာခဲ့ပါတယ်။ တီဘီရောဂါလို့ မှားယွင်းယူဆခံရပြီး Placid ကန်ရှိတဲ့ဒေသကို အပန်းဖြေအနားယူဖို့ သွားရန်ဆရာဝန်က ညွှန်ကြားခဲ့တဲ့အတွက် အမျိုးသမီး သုံးယောက်လုံး အတူသွားရောက်ခဲ့ကြပြီး ပထမကမ္ဘာစစ်စတင်လာတဲ့အခါကျမှ Forest Hills ကိုပြန်လည်ဝင်ရောက်ခဲ့ကြပါတယ်။

Anne ဟာ မကျန်းမာတဲ့ကြားက Helen ၊ Polly တို့နဲ့ အဖော်ပြုပြီး အမေရိကန်ပြည်ထောင်စု တစ်ခွင် လှည့်လည်ကာ ဟောပြောပွဲများ၊ သင်ကြားပို့ချမှုများ ပြုလုပ်ခဲ့ကြပြီး “Deliverance” လို့အမည်ရတဲ့ ရုပ်ရှင်တစ်ကားမှာလည်း ပါဝင်ရိုက်ကူးခဲ့ကြပါတယ်။ ၁၉၂၄ ခုနှစ်မှစတင်ပြီး အမေရိကန်မျက်မမြင်အသင်း (American Foundation for the Blind) မှာ အကြံပေးပုဂ္ဂိုလ်၊ ရှေ့နေ၊ ရံပုံငွေစုဆောင်းရေးတာဝန်ခံများ အနေနဲ့ ဆောင်ရွက်ခဲ့ကြပါတယ်။

၁၉၃၀- ၃၁ မှာ Philadephia တက္ကသိုလ်မှ Anne နဲ့ Helen တို့ရဲ့ လုပ်ဆောင်ချက်များကို ဂုဏ်ပြုတဲ့အနေနဲ့ ဘွဲ့များ ချီးမြှင့်တဲ့အခါ Helen က လက်ခံခဲ့ပေမဲ့ Anne က ငြင်းခဲ့ပါတယ်။ တစ်နှစ်ခန့်အကြာမှာတော့ Helen နဲ့တခြားမိတ်ဆွေများရဲ့ တိုက်တွန်းမှုကြောင့် ဘွဲ့ကို လက်ခံခဲ့ပါတယ်။ ၁၉၃၆ ခုနှစ် အောက်တိုဘာ ၂၀ ရက်နေ့ Anne အသက် ၇၀ အရွယ်မှာ New York မှ Forest Hills မှာ ကွယ်လွန်သွားခဲ့ပါတယ်။

VIDEO

Win Pa Pa San

Tags: world people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!