မူရင်းရေးသားသူ – Eaint Myat Chel
နာဇီ အဖွဲ့ဝင်များ ဟာ အမြဲတမ်း သဘာဝလွန် ဖြစ်ရပ်များကို အမြဲ အစဉ်တစိုက် လေ့လာခဲ့ကြပြီး ဟစ်တလာ ကိုယ်တိုင် ကလည်း အမျိုးမျိုးသော လျှို့ဝှက်နက်နဲတဲ့ မှော်ဝိဇ္ဇာ ဂမ္ဘီရ အတတ် ပညာရပ်များ နှင့် မှော်ရှေ့ဖြစ်အဟော အမျိုးမျိုး ကို အလွန် အမင်း ယုံကြည်သူ ဖြစ်ပါတယ်။ ဟစ်တလာ ဟာ နာဇီ အက်စ်အက်စ် အကြီးအကဲ ဟိန်းနရစ် ဟင်းမလား – Heinrich Himmler ကို သခင်ရေရှု့၏ နောက်ဆုံး ညစာ စားပွဲတွင် အသုံးပြုခဲ့သော သန့်စင်သော သောက်တော် ရေခွက် – Holy Grail ကို သုတေသနပြု ရှာဖွေဖို့ အမိန့်ပေးခဲ့ ပါတယ်။
ဟိန်းနရစ် ဟင်းမလား ဟာ အလယ်ခေတ် မိစ္ဆာ အယူဝါဒ ကိုးကွယ်မူ့များကို အလွန်တရာ စိတ်ဝင်စာ ကြောင်း နဲ့ပတ်သက်ပြီးတော့ လူပြောများ ခဲ့ပါတယ်။
ဟင်းမလား ဟာ စုန်းကဝေများ နှင့် စုန်းကဝေတို့ ရဲ့ သက်သေ အထောက်အထားများ ကို ရှာဖွေရန် နဲ့ ဂျူး လူမျိုးတို့အား မျိုးသုဉ်းပျောက်ကွယ် သွားရန် အမဲဖျက်ဖို့ အတွက် အက်စ်အက်စ် အဖွဲ့ ဌာနခွဲ တစ်ခု ကို ထူထောင်ခဲ့ ပါတယ်။
ဒီအကြောင်း ဟာ ကြောက်မက်ဘွယ် ကောင်းအောင် လုပ်ကြံ ပြီး ပြောခဲ့တဲ့ လုပ်ဇတ် တစ်ခု မဟုတ်ပါဘူ နာဇီ အက်စ်အက်စ် အဖွဲ့ရဲ့ စုန်းကဝေ ဋ္ဌာန ဟာ အမှန်တကယ် ရှိခဲ့တာ ဖြစ်ပါတယ်။
ဟင်းမလား တည်ထောင်ခဲ့တဲ့ အဆိုပါ ဌာနခွဲရှိ အဖွဲ့ဝင်များ ဟာ ဒုတိယ ကမ္ဘာစစ် အတွင်း ပညာရှင် အမျိုးသမီးများ လို့သူတို့က နာမည်ပေးထားတဲ့ စုန်းပညာရှင်များ ကို အရှေ့ ဥရောပ တစ်ခွင် ပိုက်စိပ်တိုက် လိုက်ရှာခဲ့ ပါတယ်။ ထို့နောက် အဆိုပါ စုန်းကဝေ များကို ဂျူးလူမျိုးများ အား ခြေရာခံ လိုက်လံနှောက်ယှက်ဖို့နှင့် ရန်သူတို့၏ အထောက် အထားများ ရှာဖွေပေးဖို့အတွက်လို့ဆိုပါတယ်။
နာဇီတို့က သူတို့ရှာဖွေနေခဲ့တဲ့ စုန်းကဝေများဟာ ဂျာမန်သွေးနှောတယ် လို့ယုံကြည် ကြပြီး ၎င်းတို့၏ လူမျိုးရေး မုန်းတီးမှု့များ ကို အကြောင်းပြပြီး ဂျူး လူမျိုးများ မျိုးသုဉ်း ပျောက်ကွယ်ရေး အတွက်လည်း တစ်ဖက်တစ်လမ်း က အသုံချခဲ့ ကြပါတယ်။
သမိုင်းပညာရှင် အဲရစ် ခါလန်ဒါ – Eric Kurlander ဟာ ယခင် ကတည်းက သူ၏ စာအုပ်တွင် “ ဟစ်တလာ ၏ Monsters များ သို့မဟုတ် တတိယ ရိုက်ချ် ၏ သဘာဝလွန် ဖြစ်ရပ် သမိုင်းကြောင်း တစ်ခု ” – Hitler’s Monsters: A Supernatural History of the Third Reich ဆိုပြီး နာဇီတို့၏ စိတ်မချမ်းမြေ့ဖွယ် အယူသီးမှု့များကို နက်နက်နဲနဲ ရေးသား ဖော်ပြခဲ့ပါတယ်။
အဆိုပါ စာအုပ်ထဲတွင် နာဇီများ ရဲ့လွဲမှားသော အသိဟာ Wacky အယူဝါဒ World Ice သီအိုရီ ကနေ လာပြီး အဲ့ဒါကို နောက်ပိုင်းတွင် ဟစ်တလာ က ပါတီရဲ့ စကြာဝဋ္ဌာဗေဒ – Cosmology အဖြစ် မွေးစား အသုံးပြုခဲ့တယ် လို့ဆိုပါတယ်။
ကမ္ဘာ့ဖြစ်တည်မှု့အခင်းအကျင်း ကို ယုံကြည်သူများ က “အာရိယန်” လူသား ဟာ အခြား လူသားများ ကဲ့သို့တဖြည်းဖြည်း တိုးတက်ပြောင်းလဲလို့ မရ အာကာသ ရှိ နတ်ဘုရား ကသာ သန္ဓေတည် ပေးပြီး ဖန်းတီးနိုင်တယ် လို့ အခိုင်အမာ ပြောဆို ကြတယ်။
ဂျေးဇက် ဟာ အာရိယန် အနွယ် ဖြစ်ပြီး ဂျာမန်များ ဟာ အဆိုပါ အမြင့်မြတ်ဆုံးသော သွေးနှောတဲ့ အတွက် နာဇီတို့ ဟာလည်း သူတို့ ကို သူတို့အာရိယန်များ ဖြစ်တယ် လို့ လက်ခံ ယုံကြည်ကြ ပါတယ်။ ထို့နောက် အဆိုပါ သဘောတရားကို သဘာဝလွန် သီအိုရီ တစ်ခုအဖြစ် ဆက်လက် ချဲ့ထွင်ခဲ့ ကြ ပါတယ် ။
ရုဒေါဖ် ဟက်စ် – Deputy Fuehrer Rudolf Hess က သူနဲ့အတူ နာဇီ အင်ပါယာ တည်ထောင်မှု့မှာ ကြီးမားတဲ့ အခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် ဗေဒင်ဆရာ ကိုလည်း သူ့ဇာတာခွင် ဆွဲပေးဖို့ ကိုယ်ရေးအရာရှိ ဗေဒင်ဆရာ တစ်ယောက် အဖြစ် ခန့်အပ်ခဲ့ ပါတယ်။
ဟစ်တလာ၏ ဝင်ရိုးတန်း မဟာမိတ်ကြီး ဖြစ်တဲ့ မူဆိုလီနီ ဖမ်းဆီးခံခဲ့ရချိန် နာဇီတွေဟာ မူဆိုလီနီ ကို ကယ်တင်ဖို့ နှင့် မူဆိုလီနီ ကို ဖမ်းထားတဲ့နေရာ ကို ခြေရာခံ သိရှိနိုင်ဖို နက္ခတ်ဗေဒ၊ တာရော့ နဲ့ မှော်ပညာရှင် အယောက် ၄၀ ပါဝင်တဲ့ အဖွဲ့တစ်ခု ကို ဖွဲစည်း လုပ်ဆောင်စေခဲ့ပါတယ်။
ဝါဒရေးရာ ဦးစီးချုပ် ဂျိုးစပဗ် ဂိုလ်ဘဲ ဟာလည်း အယူသီးသူ တစ်ယောက်ဖြစ်ပါတယ်။ သူသည် ပြင်သစ် ရှေ့ဖြစ်ဟောဆရာကြီး နော်စတာဒမပ်စ် – Nostradamus ရဲ့ ဟောကိန်း ကို အရင်ဆုံး ဖတ်ပြီးမှာ့ သာ ဗြိတိန်တို့ စစ် ရှုံးနိမ့်ခါ နီးပြီ ဖြစ်ကြောင်း သူ့၏ ခန့်မှန်းချက် အဆိုကို ယုံကြည်စိတ်ချစွာ ထောက်ပြခဲ့ ပါတယ် ။
ဟစ်တလာ ၏ ရိုက်ချ် – Reich သက်တမ်း ကာလ တစ်လျှောက်လုံး ဂျာမန် ရေတပ် ကပ္ပတိန်များ အတွက် ဗြိတိန် စစ်သင်္ဘောများ ကို ရှာဖွေရန် “မှော်” ချိန်သီး သုံးစွဲခြင်း အတတ် အပါဝင် အခြား ဂမ္ဘီရဆိုင်ရာ အတတ်ပညာများကို လေ့လာခဲ့ကြ ပါတယ်။
ဂျာမန်တို့ဟာ အဆိုပါ မှော်ချိန်သီး ကို မြေပုံတစ်ခု ပေါ်မှာ တွဲလဲချိတ် ကိုင်ထားချိန် ထူးခြား ပြင်းထန်စွာ လှုပ်ရှားတဲ့ အရိပ်လက္ခဏာ ပြမယ်ဆိုပါ က ဗြိတိသျှ စစ်သဘောၤ တစ်စင်းဟာ သူတို့ ရောက်ရှိနေတဲ့ ရေပြင် အနီးမှာ ပုန်းကွယ်ပြီး စောင့်နေတယ် လို့ ယုံကြည်ပေသည်။ ထိုအချိန် က ဗြိတိသျှ တို့ဟာ ရေဒါ နည်းပညာကို ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။
ဒုတိယ ကမ္ဘာစစ် ကာလ နာဇီ သိပ္ပံပညာရှင်များ အခိုင်အမာ ပြောဆိုခဲ့သော လပေါ်တွင် အခြေစိုက် စခန်း ဖွင့်လှစ်မည် ဆိုတဲ့ ပြောကြားချက်များကို ထိုအချိန်က အဓိပ္ပါယ် မရှိတဲ့ လက္ခဏာရပ် တစ်ခု အဖြစ်သာ သတ်မှတ်ခဲ့ကြ ပြီး ………………
ဂက်စတာပို ခေါင်းဆောင် ဟိန်းနရစ် ဟင်းမလား ရဲ့ မိစ္ဆာ တစ်ကောင် အစီအမံဖြင့် ရောင်စုံခြည်ထိုး ဘေရွတ် ပန်ချီကား ကို ခိုးယူဖို့ ဆိုတာလည်း လုပ်ဇတ် တစ်ခုသာ ဖြစ်ကြောင်း ထို အချိန်က ပြောကြားခဲ့ ကြပါတယ် ………….. ။
Ref: How Hitlar’s evil nazi were obsessed with the occult By George Harrison
EΛIɴт MYΛт CнEʟ