သံလွင်ဆီဆိုတာ သံလွင်သီးကနေရရှိတဲ့ အဆီဖြစ်ပြီး သံလွင်သီးကို Olea europaea ; မျိုးရိုး Oleaceae လို့ မှတ် သားနိုင်ပါတယ် ။ သံလွင်ဆီကို ယေဘူယျအားဖြင့် ချက်ပြုတ်ခြင်း အလှအပရေးရာ ၊ ဆေးဝါးထုတ်လုပ်ခြင်း ၊ ဆပ်ပြာ နဲ့ လောင်စာဆီတွေ အဖြစ်လည်းအ သုံးပြုနိုင်ပါတယ် ။ ကမ္ဘာတဝှမ်းလုံးမှာ သံလွင်ဆီကို အသုံးပြုကြပြီး အထူး သဖြင့် မြေထဲပင်လယ်အနီးတဝိုက် ဒေသတွေမှာ အသုံးများကြပါတယ် ။
သံလွင်ဆီ ၌ ပါဝင်သော အရာများ
သံလွင်ဆီမှာ အဓိကအားဖြင့် ရောနှောနေတဲ့ triglyceride အစုအဝေးတွေဖြစ်တဲ့ oleic acid , palmitic acid နဲ့ တခြား fatty acids တွေနဲ့ ဖွဲ့စည်းထားပါ့တယ် ။ ဒါ့အပြင် squalene 0.7 % နဲ့sterols အနည်းငယ် လည်းပါဝင် ပါတယ် ။ သံလွင်ဆီက ပါဝင်ဖွဲ့စည်းမှုဟာ နေရာဒေသ ၊ စိုက်ပျိုး ရိတ်သိမ်းချိန် ၊ အဆီထုတ်ယူမှု နည်း နဲ့ ရာသီ ဥတုတွေအပေါ်မူတည်ပါတယ် ။ သံလွင်ဆီမှာ သဘာ၀ ထုတ်ကုန်တွေဖြစ်တဲ့ ဓါတ်တိုးဆန့်ကျင် ပစ္စည်း တွေပါဝင်ပြီး အချောမသတ်ရသေးတဲ့ အဆီ extra-virgin unprocessed olive oil ဟာ သူ့ရဲ့ ခါးသက် တဲ့ အရသာရယ် စူးရှတဲ့ အရသာရယ်ဟာ tyrosl , hydroxytyrosol , oleocanthal နဲ့ oleuropein စတဲ့ ဓါတ်တွေ ပါဝင်တဲ့အတွက်ဖြစ်ပါတယ် ။
အာဟာရနှင့် ကျန်းမာရေး အကျိုးကျေးဇူးများ
လေ့လာစမ်းသပ်မှုတွေအရ အစားအသောက်ထဲမှာ monunsaturated fats တွေ များများစားစား ပါဝင်နေခြင်းဟာ နှလုံးသွေးကြောကျဉ်းနဲ့ နှလုံးသွေးကြော အဆီဖုံးရောဂါတွေ ကို လျော့ ကျစေ တယ် လို့ သိရပါ တယ် ။ ဒါဟာ အရေးကြီးပါတယ် ။ ဘာလို့လဲဆိုတော့ သံလွင်ဆီမှာ monounsaturated fats တွေအများ အပြားပါ ဝင်နေပြီး အထူးသဖြင့် oleic acid ပဲဖြစ်ပါတယ် ။ US မှာဆိုရင် သံလွင်ဆီထုတ် ကုန်တွေမှာ ထုတ် လုပ်သူတွေက အောက်ပါတိုင်း ကျန်းမာရေး အကြောင်းတွေရေးထားလေ့ရှိတယ် ။
– သံလွင်ဆီ ၂၃ ဂရမ် နေ့ စဉ်ပေးခြင်းဇြင့် နှလုံးသွေးကြော အဆီဖုံးနှင့် နှလုံးသွေးကြော ကျဉ်းရောဂါအားလျော့ နည်းစေနိုင် ပါတယ် ။ ဒါဟာ သံလွင်ဆီမှာပါတဲ့ monounsaturated fats ကြောင့်ဖြစ်ပါတယ် ။ ဒီလို ကောင်း ကျိုးတွေကို ရရှိဖို့အတွက် သံလွင်ဆီဟာ saturated fat တွေနေရာမှာ အစားထိုးနိုင်ပြီး သင်တစ်နေ့တာ စားသောက် တဲ့ကယ်လီရီ အရေအတွက်ကိုလည်း မများစေပါဘူး ။
ဒီလို ဆုံးဖြတ်ချက်ကို ၂၀၀၄ ခုနှစ် နိုဝင်ဘာ ၁ရက်နေ့မှာ FDA ကကြေငြာခဲ့ပြီး ဒီလို အလားတူ စာတမ်းမျိုးကို omega-3 fatty acids တွေပါဝင်တဲ့ မက်မွန်စေ့နဲ့ ဘန်လျှောင်ပင်စေ့တို့မှာလည်း ကြော်ငြာဖို့ ခွင့်ပြုခဲ့ပါတယ် ။
သံလွင်ဆီဟာ နှလုံးကျန်းမာရေးကို အလွန်အထောက်အကူပြုကြောင်း စမ်းသပ်မှုတွေအများကြီးရှိခဲ့ပါတယ် ။ အထူး သဖြင့် ကိုလက်စထရော ကိုပုံမှန် လည်ပတ်စေပြီး LDL cholesterol ကို ဓါတ်တိုးစေပါတယ် ။ ဒါ့အပြင် သံလွင် ဆီမှာ အရောင်ကျစေတယ် ၊ သွေးခဲတာကို ဆန့်ကျင်ခြင်း ၊ သွေးတိုးရောဂါကို သက်သာစေခြင်း နဲ့ သွေးကြောကျယ်စေခြင်းစတဲ့ စွမ်းရည်တွေရှိပါတယ် ။
အချို့သောလေ့လာမှုတွေအရ သံလွင်ဆီရဲ့ Phenolic ပါဝင်မှုဟာ နှလုံးကိုကာကွယ်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိ တယ်လို့ ဆိုပါတယ် ။ သံလွင်ဆီကို ရေရှည်သာအသုံးပြုမယ်ဆိုရင် သွေးလွှတ်ကြောနံရံတွေရဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်း အားကို များစေပြီး သွေးကြောတွေရဲ့ stress ကိုနည်းစေပါတယ် ။ ဒါကြောင့် နှလုံး တိုက်ခိုက်ခံရ မှုနဲ့ လေဖြတ်ခြင်း ကိုလည်း ကာကွယ်ပေးနိုင်ပြန်ပါတယ် ။
အရေပြားနဲ့ သံလွင်ဆီ
သံလွင်ဆီရဲ့ ကောင်းကျိုးတွေအရ သံလွင်ဆီကို လိမ်းဆေးအလှဆီအနေနဲ့လည်း ထုတ်လုပ်လာကြပါပြီ ။ အထူးသဖြင့် Extra virgin olive oil ဟာ အရေပြားကို moisturizing စွမ်းရည်ပေးပြီးခြောက်သွေ့တဲ့ အရေပြား ပိုင်ရှင်တွေအတွက် သင့်လျှော်ပါတယ် ။ ဒါ့အပြင် OCM ဆိုတာဟာ Oil cleansing method ဖြစ်ပြီး မျက်နှာကို extra virgin olive oil , castor oil နဲ့တခြားနံသာဆီတွေ ပေါင်းပြီး သန့်စင်စေတဲ့ နည်းတစ်မျိုးလည်းဖြစ်ပါတယ် ။ နားအတွင်းပိုင်းသန့်စင်ဖို့ကို လည်းတစ်ချို့ အသုံးပြုကြပါသေးတယ် ။ သံလွင်ဆီကို မျက်နှာနဲ့ တခြားခန္ဓာကိုယ် က အမွှေးတွေဖယ်ရှားသုတ်သင်ဖို့အတွက် shaving oil အနေနဲ့လည်းအသုံးပြုနိုင်ပါသေးတယ် ။ စမ်းသပ်မှုတွေ အရ သံလွင်ဆီလိမ်းပေးခြင်းဖြင့် သံလွင်ဆီနဲ့ UVB rays တွေထိတွေ့ရင် ကျူမာနဲ့ အရေပြားကင်ဆာတွေကို ကာကွယ်ပေးနိုင်တဲ့အစွမ်းလည်း ရှိနေပြန်ပါတယ် ။
သံလွင်ဆီဟာ အလာ့ဂျစ် ဓါတ်မတည့်မှုတွေမဖြစ်စေနိုင်ပါဘူး ။ သံလွင်ဆီမှာ ဝမ်းပျော့စေတဲ့ laxative စွမ်းရည် ရှိပြီး ဒါကြောင့် သူ့ကို stool softener အဖြစ်သုံးနိုင်ပါတယ် ။ ဒါ့အပြင် အူတွေကျုံ့တာ ကိုလည်း တား ဆီးပေးနိုင်ပါတယ် ။ သံလွင်ဆီမှာပါတဲ့ Oleocanthal ဟာ cyclooxygenase (COX) အင်ဇိုင်းကို တား ဆီးပေး တဲ့ Non-selective inhibitor လည်းဖြစ်ပါတယ် ။ အကိုက်အခဲပျောက်ဆေးထဲက ibuprofen နဲ့သွားဆင် ပါတယ် ။
သံလွင်ဆီ၏ အသုံးဝင်ပုံ ခုနှစ်မျိုး
သံလွင်ဆီဟာ တခြားဆီတွေထက် ကျန်းမာရေးနဲ့ ညီညွတ်တာကြောင့် သံလွင်ဆီစားတဲ့ သူတွေက ယေဘုယျအားဖြင့် အသက်ရှည် ကျန်းမာကြတာကို တွေ့ရပါတယ်။ သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။ ဒါကြောင့် သံလွင်ဆီဟာ ကင်ဆာကို ကာကွယ်နိုင်ပြီး အယ်လ်ဇိုင်းမား ရောဂါ ရှိသူတွေမှာ ဝေဒနာ သက်သာစေတဲ့ အာနိသင်လည်း ရှိပါတယ်။ ဒါ့အပြင် သံလွင်ဆီဟာ အောက်ပါ အခြေအနေတွေမှာလည်း အသုံးဝင်မှု ရှိပါတယ်။
(၁) ချက်ပြုတ်ခြင်း
ဟင်းလျာတွေ ချက်ပြုတ်ရာမှာ တခြားဟင်းချက်ဆီအစား ဒါမှမဟုတ် ထောပတ်အစား အသုံးပြုပေးရင် ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီး ရှိပါတယ်။
(၂) အသားအရေ
ရေချိုးပြီးတဲ့အခါ ခန္ဓာကိုယ်ကို သံလွင်ဆီနဲ့ ညင်ညင်သာသာ လိမ်းပေးပါက အစိုဓာတ်ထိန်းတဲ့ အာနိသင်ကို ရရှိစေပါတယ်။ မျက်နှာသစ်ပြီးချိန်မှာ မျက်နှာကို လိမ်းပေးပါ။ အမွေးရိတ်ရာမှာ ဒါမှမဟုတ် မျက်ဝန်းအပါအဝင် မျက်နှာပေါ်က မိတ်ကပ်တွေ ဖျက်ရာမှာ သံလွင်ဆီက အသုံးဝင်ပါတယ်။
(၃) ဆံပင်သား၊ လက်သည်းခြေသည်း
ဆံပင်သားပေါ် သံလွင်ဆီ လိမ်းပေးရင် ဆံပင်သား ထိခိုက်ပျက်စီးတာ၊ ဖွာတာ၊ ကျိုးပဲ့တာ စတာတွေကို သက်သာစေပါတယ်။ ခေါင်းမလျှော်ခင်မှာ ညကတည်းက သံလွင်ဆီကို တစ်ခေါင်းလုံးအနှံ့ လိမ်းပေးပါ။ နောက်တစ်နေ့ နံနက်ခေါင်းလျှော်ပြီးချိန်မှာ ဆံပင်သား နူးညံ့ တောက်ပြောင်ပြီး သန်စွမ်းကျန်းမာ နေပါလိမ့်မယ်။ ဒါမှမဟုတ် သံလွင်ဆီ ထည့်သွင်း ပြုလုပ်ထားတဲ့ ခေါင်းလျှော်ရည်ကို သုံးပြီး ခေါင်းလျှော်ပါ။ သံလွင်ဆီကို ဆံပင်သားနဲ့ ဦးရေပြားပေါ် လိမ်းပေးတဲ့အခါ ကွန်ဒီရှင်နာလို အာနိသင် ပေးနိုင်ရုံသာမက ဗောက်ပျောက်စေတဲ့ အစွမ်းလည်း ရှိပါတယ်။ ဒါကြောင့် သံလွင်ဆီပါတဲ့ ခေါင်းလျှော်ရည်ကို သုံးသင့်သလို ခေါင်းလျှော်ပြီးချိန်မှာလည်း သံလွင်ဆီနဲ့ရေကို ဆတူရောပြီး ဆံပင်သားပေါ် လိမ်းပေးသင့်ပါတယ်။ ဒီလိုလုပ်ပေးတာကြောင့် ဆံပင်သားက ပိုတောက်ပြောင်သန်စွမ်းကာ လှပကြည့်ကောင်း နေပါလိမ့်မယ်။ လက်သည်း၊ ခြေသည်းတွေကို သံလွင်ဆီ လိမ်းပေးပါက သဘာဝကျကျ ကြည်လင် တောက်ပစေပါတယ်။
(၄) ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်း
သံလွင်ဆီ ထမင်းစားဇွန်း တစ်ဇွန်း စားပေးပါက ချောင်းခြောက်ဆိုးတာနဲ့ လည်ချောင်းနာတာတို့ကို သက်သာစေပါတယ်။
(၅) ဟင်းချက်အိုးများ
သံလွင်ဆီဟာ ဟင်းချက်အိုးတွေ အစင်းထင်တာ၊ ပွန်းပဲ့တာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
(၆) နှုတ်ခမ်းဆိုးဆေး
သံလွင်ဆီဟာ ခြောက်သွေ့ကွဲအက်နေတဲ့ နှုတ်ခမ်းသားတွေအတွက် အကောင်းဆုံး နှုတ်ခမ်းဆိုးဆေး ဖြစ်ပါတယ်။ အေးမြတဲ့ ရာသီမှာ လက်လိမ်းလိုးရှင်းအဖြစ် အသုံးပြုနိုင်ပါတယ်။
(၇) ရေချိုးဆီ
ရေထဲကို သံလွင်ဆီ အစက်အနည်းငယ် ထည့်ပြီး ရေချိုးပေးပါ။ အသားအရေက သိသိသာသာ တောက်ပြောင် လာပါလိမ့်မယ်။
Tip!
သံလွင်ဆီဟာ သွေးဖိအားကို လျော့ကျစေပါတယ်။
ကင်ဆာရောဂါ တချို့ရဲ့ ကြီးထွားမှုကို တားဆီးပေးနိုင်ပါတယ်။
ဆီးချိုသွေးချို ဖြစ်နိုင်ခြေ များသူတွေအတွက် သင့်တော်ပါတယ်။
ပန်းနာရင်ကျပ်ရောဂါနဲ့ အဆစ်ရောင်နာ ရောဂါပြင်းအားကို လျော့ကျစေပါတယ်။
ကိုယ်အလေးချိန် လျော့ကျအောင် ထိန်းထားနိုင်ပါတယ်။
သက်တန့်ချို
Good Health Journal