Monday, March 8, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

သူရဲကောင်း ဗိုလ်မြတ်ထွန်း ဆိုသည်မှာ

by Thutamm
August 6, 2019
Reading Time: 1min read
0
သူရဲကောင်း ဗိုလ်မြတ်ထွန်း ဆိုသည်မှာ
Share on FacebookShare on Twitter

ဗိုလ်မြတ်ထွန်း နာမည်ကိုတော့ အားလုံးကြားဖူးကြမှာပါ။ လမ်း ၊ တံတား ၊ အဆောက်အဦ အချို့ကို ဗိုလ်မြတ်ထွန်းနာမည် ပေးထားတာကြောင့်ပါ။ သူ့ကို ဒီလိုဂုဏ်ပြုရခြင်းအကြောင်းကတော့ သူဟာ လက်ရုံးရည် နှလုံးရည် နဲ့ပြည့်စုံကာ စိတ်ဓာတ်ကြံခိုင်ပြီး နောက်ဆုံးအချိန်အထိ ဗြိတိသျှတပ်များနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရင်း အသက်ပေးသွားခဲ့တဲ့ သူရဲကောင်းတစ်ဦး ဖြစ်ခဲ့တာကြောင့်ပါ။

ဗိုလ်မြတ်ထွန်းသည် ဧရာဝတီတိုင်း ၊ ဓနုဖြူမြို့နယ် ၊ သပြူရွာသားဖြစ်သည်။ အရပ်ပု၍ အသားမည်းကာ ကြံခိုင်တောင့်တင်းသော ကိုယ်ခန္ဓာရှိသည်။ ဓားခုတ် ၊ လှံထိုး နှင့် မြင်းစီးခြင်းတို့ကို ငယ်စဉ်ကလည်းက ဝါသနာထုံ၍ အချိန်ရတိုင်းလေ့ကျင့်သည် ။ အရွယ်ရောက်သောအခါ သာယာဝတီမင်း ၊ ပြီးနောက်ပုဂံမင်းထံတွင် အမှုထမ်းခဲ့သည်။ ဘုရင့်လှေတပ်မတော်တွင် ပဲ့နင်းကြီးအဖြစ် တာဝန်ယူခဲ့သည်။ သူသည် နိုင်ငံစစ်ရေး ၊ စက်မှုရေး နှင့် ကာကွယ်ရေးတို့တွင် အထူးအားကိုးရသူ ဖြစ်သည်။

ဦးမြတ်ထွန်းသည် ပုဂံမင်းလက်ထက် တိုင်းပြည်ရေး ရှုပ်ထွေးစအချိန်တွင် ဓနုဖြူသို့ပြန်ကာ မွန် ၊ မြန်မာ ၊ ကရင် တိုင်းရင်းသား မျိုးချစ်များကို စုဆောင်းကာ “လေးမြို့ဝန်” ဘွဲ့ကိုခံယူသည်။ အိမ်ထောင်ရှင်တစ်ဦးဖြစ်ပြီး သား ၃ ယောက်ရှိသူဖြစ်သည်။

အင်္ဂလိပ်-မြန်မာ စစ်ပွဲကာလ ၁၈၅၃ ၊ ဇန်နဝါရီ ၁၇ ရက်နေ့တွင် ဗိုလ်မြတ်ထွန်းဦးဆောင်သော တော်လှန်ရေး အင်အားစုများနှင့် ဗြိတိသျှစစ်ဗိုလ် ဝီလျံအိပ်လော်ဘီ ဦးဆောင်သော အင်အား ၁၈၀ ခန့် ရှိ တပ်တို့သည် ဓနုဖြူအနီးတွင် ပထမအကြိမ်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲတွင် ဗြိတိသျှ တိုက်ရေယာဉ်များ အသည်းအသန်ဆုတ်ခွာသွားခဲ့ရကာ လက်ဖတင်နင် မက်ချီစင်လည်း အပြင်းအထန်ဒဏ်ရာရသွားခဲ့သည်။ ဗိုလ်မြတ်ထွန်း၏ ပထမဆုံးအောင်ပွဲ ပင်ဖြစ်သည်။

ဆုတ်ခွာသွားခဲ့ရသည်ကို မကျေနပ်သော အင်္ဂလိပ်တို့က ၁၈၅၃ ဖေဖော်ဝါရီလတွင် နောက်တစ်ကြိမ် ထပ်မံစစ်ချီခဲ့ပြန်သည်။ အင်အား ၆၀၀ နီးပါးရှိသော ကြည်းရေ တပ်စုကြီးဖြင့် ဓနုဖြူမှ တစ်ဆင့် ဗိုလ်မြတ်ထွန်းတပ်စခန်းသို့ ချေမှုန်းရန်လာခဲ့သည်။ သို့သော် ဗိုလ်မြတ်ထွန်းတို့၏ ဆီးကြိုတိုက်ခိုက်မှုကိုသာ ခံလိုက်ရပြီး ကစင့်ကလျား ဆုတ်ခွာခဲ့ရပြန်သည်။ တိုက်ပွဲဦးဆောင်သူ အင်္ဂလိပ်စစ်ဗိုလ် ကပ္ပတိန်လုပ်ချ် အပြင် အခြား ၁၁ ယောက်လည်းကျဆုံးသွားခဲ့ပြီး ၇၁ ယောက်ဒဏ်ရာရသွားခဲ့သည်။

စစ်သင်္ဘောတစ်စီးလည်း မီးလောင်ဆုံးရှုံးခဲ့သည့်အပြင် အမြှောက်ကြီးနှစ်လက် နှင့် ကျည်ဆန်အများအပြားကိုလည်း ဗိုလ်မြတ်ထွန်းတို့ ရရှိခဲ့ကြသည်။ ထိုအချိန်မှ စ၍ ဗိုလ်မြတ်ထွန်း၏ အမည်ကျော်ကြားလာခဲ့သည်။ ဗိုလ်မြတ်ထွန်းအား အင်္ဂလိပ်ဗိုလ်ချုပ် ကော်မိုဒိုလင်းဘတ်က ဆုငွေ ၂၀၀၀ ကျပ် ၊ ဝန်ရှင်တော်မင်းကြီး ဆာအာသာဖယ်ယာကလည်း ဆုတော်ငွေ ၂၀၀၀ ကျပ် ထုတ်ပြန်ခဲ့ကြသည်။

နှစ်ကြိမ်တိုင်တိုင် ရှုံးခဲ့သော အင်္ဂလိပ်တို့မှာ ဗိုလ်မြတ်ထွန်းအား အထင်မသေးရဲတော့ပေ။ သို့ဖြစ်၍ တတိယအကြိမ်တွင် တိုက်ခိုက်မှုစွမ်းရည် ပြည့်ဝသော ဗိုလ်မှူးချုပ် ဆာဂျွန်ချိပ်သည် နံပါတ်(၁၈) အိုင်းရစ်တပ်မှ တပ်သား(၂၀၀) ၊ နံပါတ်(၅)တပ်မှ တပ်သား(၂၀၀) ၊ နံပါတ်(၆၇) တပ်မှ တပ်သား(၂၀၀) ၊ ဆပ္ပါမိုင်းနားတပ်မှ တပ်သား (၇၀) တို့ကို စုစည်းကာ လက်နက်အင်အား အပြည့်အစုံဖြင့် ၁၈၅၃ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ဗိုလ်မြတ်ထွန်း၏ ဓနုဖြူခံတပ်ကို သွားရောက် တိုက်ခိုက်ကြပြန်သည်။ ဒီတစ်ပွဲမှာလည်း အင်္ဂလိပ်တို့ပဲ အထိနာခဲ့ရပြန်သည်။ ထိုတိုက်ပွဲမှာ ဗိုလ်မြတ်ထွန်း၏ သားနှစ်ယောက်ဒဏ်ရာရ၍ အဖမ်းခံခဲ့ရသလို အင်္ဂလိပ်တို့ဘက်မှလည်း အရာရှိ ၊ တပ်သား ၂၅၀ ကျဆုံးကာ ၊ အယောက် ၁၀၀ကျော် ဒဏ်ရာရခဲ့သည်။ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ အပြီး အင်္ဂလိပ်တို့ရဲ့ အကျအဆုံးအများဆုံးတိုက်ပွဲလည်း ဖြစ်သည်။

ထိုအချိန်မှစ၍ တစ်နေရာတည်းတွင် မနေသင့်မှန်းသိသော ဗိုလ်မြတ်ထွန်းသည် ဓနုဖြူခံတပ်မှခွာကာ သာယာဝတီ ၊ မိုးညို ၊ ကနောင် ၊ အုတ်ဖိုမြို့နယ် တစ်ဝိုက်မှနေ၍ ဗြိတိသျှတို့ကို နည်းပေါင်းစုံနှင့်တိုက်ခိုက်ခဲ့သည်။ ထို့နောက် ဗိုလ်ဂေါင်းကြီး ၊ ဗိုလ်ဂေါင်းကလေး ညီအစ်ကိုတို့နှင့် ပူးပေါင်းကာ အင်္ဂလိပ်တို့အား ဆက်လက်တိုက်ခိုက်ခဲ့ ပြန်သည်။ ကရင်တိုင်းရင်းသားခေါင်းဆောင် ဖူကံကလေး ဆိုသူနှင့် ပူပေါင်းပြီး ဟင်္သာတမြို့နယ် ၊ ဒူးယားကျေးရွာအနီးတွင် ဗြိတိသျှတပ်များနှင့်တိုက်ခိုက်ရင်း တိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့ရပါတယ်။

ဗိုလ်မြတ်ထွန်းနှင့် ပတ်သတ်၍ အင်္ဂလိပ်အရာရှိများက “မဟာဗန္ဓုလ ဝိညာဉ် ဝင်ရောက်ပူးကပ်နေသော ထက်မြက်သည့် စစ်ဗျူဟာ ကျွမ်းကျင်သူ” ဟု တလေးတစား အသိအမှတ်ပြုခဲ့ရသည်။ ဗိုလ်မြတ်ထွန်းသည် လူသေသော်လည်း နာမည်မသေသော လူ တစ်ယောက်ပင် ဖြစ်ပါတော့သည်။

Ref:
သိသင့်သိစရာ သမိုင်းဝင်ဖြစ်ရပ်များစွာ – နန္ဒာမိုးကြယ်
ဓနုဖြူနယ်မြေမှ နယ်ချဲ့တော်လှန်ရေးခေါင်းဆောင်ကြီး ဗိုလ်မြတ်ထွန်း – မောင်ယင်းမာ
မြန်မာ့စွယ်စုံကျမ်း

Tags: myanmar historymyanmar people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!