Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

သီးခြားနိုင်ငံတစ်ခုဖြစ်ခဲ့ဖူးတဲ့ အမေရိကန်ပြည်နယ်

by Thutamm
February 4, 2020
Reading Time: 1min read
0
သီးခြားနိုင်ငံတစ်ခုဖြစ်ခဲ့ဖူးတဲ့ အမေရိကန်ပြည်နယ်
Share on FacebookShare on Twitter

အမေရိကန်ပြည်ထောင်စုရဲ့ဒုတိယမြောက်အကြီးဆုံးပြည်နယ်ဖြစ်တဲ့ Texas ပြည်နယ် ဟာဆိုရင် အမေရိကန်ပြည်ထောင်ရဲ့ပြည်နယ်အဖြစ် သတ်မှတ်ခြင်းမခံရသေးတဲ့ (၁၈၃၆)ခုနှစ်ကနေ (၁၈၄၆)ခု နှစ်အထိ သီးခြားအချုပ်အခြာအာဏာပိုင်ဆိုင်ခဲ့တဲ့ နိုင်ငံအဖြစ်ရပ်တည်ခဲ့ဖူးပါတယ်။ တိတိကျကျပြောရရင် (၁၈၄၆)ခုနှစ်၊ဖေဖော်ဝါရီ(၁၉) ရက် မတိုင်ခင်အထိ Texas ဟာ တက္ကဆက်ပြည်သူသမ္မတနိုင်ငံအဖြစ်နဲ့သာ ရပ်တည်နေခဲ့တာဖြစ်ပါတယ်။

တက္ကဆက်ပြည်သူသမ္မတနိုင်ငံဟာ (၁၈၃၆)ခုနှစ်၊ မတ်လ(၂)ရက်နေ့ကတည်းက လွတ်လပ်တဲ့အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံအ ဖြစ်ရပ်တည်ခဲ့တာဖြစ်ပါတယ်။ တက္ကဆက်ရဲ့အိမ်နီးချင်းနယ်မြေတွေကတော့ မြောက်ဘက် မှာဆိုရင် Wyoming Colorado ၊ Kansas နဲ့ Oklahoma နယ်မြေတွေ အနောက်တောင်ဘက်မှာဆို ရင် Arkansaပြည်နယ်၊ အရှေဘက်မှာဆိုရင် Louisiana ၊အရှေတောင်ဘက်ပိုင်းမှာဆိုရင် မက္ကဆီကိုပင်လယ်အော်၊အနောက်ဘက်နဲ့အနောက် တောင်အရပ်မှာဆိုရင် မက္ကဆီကိုနိုင်ငံတွေနဲ့နယ်နိမိတ်ချင်းထိစပ်နေပါတယ်။ တက္ကဆက်ပြည်သူ့သမ္မတနိုင်ငံသားတွေကိုတော့ Texians တွေလို့ခေါ်ဆိုကြပါတယ်။

လွတ်လပ်ရေးမရခင်က တက္ကဆက်ပြည်နယ်ရဲ့သမိုင်း

လွတ်လပ်ရေးမရခင်တုန်းကတော့ Texas ပြည်နယ်ဟာစပိန်တွေရဲ့လက်အောက်မှာကျရောက်ခဲ့ပြီး Spanish- Texas ဒေသအဖြစ်လူသိများပါတယ်။ စပိန်တွေဟာ Texas ဒေသကို ပြင်သစ်တွေနဲ့အပြိုင်သိမ်းယူအခြေချနိုင်ခဲ့တာဖြစ်ပြီး (၁၇၆၂)ကာလကတည်း ကပြင်သစ်တွေဟာ Texas ပြည်နယ်အပါအဝင် Spanish Louisiana နယ်တစ်ခုလုံးကို စပိန်တွေလက်ထဲ ထည့်ပေးခဲ့ရတာဖြစ်ပါတယ်။

ဒါပေမဲ့ နပိုလီယံဦးဆောင်မှုနဲ့ပြင်သစ်စစ် တပ်ဟာ အင်အားကြီးမားလာခဲ့တဲ့ (၁၇၉၉)ခုနှစ်ကနေ (၁၈၀၃)ကာလတွေမှာတော့ ပြင်သစ်တွေဟာ စပိန်တွေလက်ထဲက Louisiana နယ်ကိုပြန်လည်သိမ်းယူနိုင်ခဲ့ပြီး နောက်ပိုင်းမှာ အမေရိကန်ပြည်ထောင်စုကိုရောင်းစားခဲ့ပါတယ်။ ယင်းအရောင်းအဝယ် မှာတော့ Texas ဟာ မပါဝင်ခဲ့ပဲ နောက်ပိုင်းမှာ စပိန်တွေဟာ ဖလော်ရီဒါပြည်နယ်ကိုအမေရိကန်တော်လှန်ရေးသမားတွေထံ ပေးအပ်ခဲ့ရချိန်မှာချုပ်ဆိုခဲ့ကြတဲ့ Adam-Onis စာချုပ် အရ Texas ဟာ သူနဲ့ကပ်လျက်တည်ရှိနေတဲ့ Louisiana နယ်နဲ့တိကျတဲ့ နယ်နိမိတ်စည်းမျဉ်းကိုချမှတ်နိုင်ခဲ့ပါတယ်။

သဘောကတော့စပိန်ပိုင်ဖြစ်တဲ့ Texas နဲ့ အမေရိကန်ပိုင် Louisiana နယ်တို့ဟာသီးခြားဖြစ်တည်နေတယ်ဆိုတဲ့သဘောကိုသက်ရောက်ပါတယ်။ (၁၈၂၁)ခုနှစ်၊ သြဂုတ်လ(၂၄)ရက်နေ့မှာတော့ Cordoba သဘောတူစာချုပ်အရ Texas ဟာအိမ်နီးချင်း မက္ကဆီကိုနိုင်ငံနဲ့အတူ စပိန်တွေဆီကနေလွတ်လပ်ရေးရခဲ့ပြီး ကိုယ်ပိုင် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုဖြစ်လို့လာခဲ့ပါတယ်။

မက္ကဆီကိုရဲ့အသွင်ပြောင်းလဲရေးကာလအတွင်းမှာတော့ အမေရိကန်နိုင်ငံသား Stephen Austin ဟာ မက္ကဆီကိုနိုင်ငံတွင်းကပြောင်းရွေ့အခြေချနေထိုင်သူများစွာကို Texas မှာအခြေချနေထိုင်စေဖို့ကြိုးစားခဲ့ပါတယ်။ သူဟာ Texas ပြည်နယ်ကိုစတင်တည် ထောင်ခဲ့သူဖြစ်ပြီး အမေရိကန်သမိုင်းမှာတော့တက္ကဆက်ပြည်နယ်ရဲ့ဖခင်အဖြစ်သတ်မှတ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။

သူဟာ (၁၈၂၅)ခုနှစ်အတွင်းမှာပဲ အမေရိကန်မိသားစု (၃၀၀)လောက်ကိုစုစည်းပြီး Texas ပြည်နယ် အတွင်းကိုခေါ်ဆောင်လာခဲ့ပါတယ်။ ယင်းပြောင်းရွေ့နေထိုင်သူတွေကိုတော့ Mexican Texas တွေလိုခေါ်ဆိုပြီး နယ်သစ်ကိုပြောင်းရွေအခြေချနေထိုင်သူတွေနဲ့မက္ကဆီကိုအစိုး ရအကြားမှာတော့ ပဋိပက္ခများစွာဖြစ်ပွားခဲ့ကာ နောက်ဆုံးမှာတော့ Mexican Texas များစွာဟာ Texas ပြည်နယ်အတွင်းပြောင်းရွေ့အခြေချကာနိုင်ငံတစ်နိုင်ငံအဖြစ်တည်ထောင်နိုင်ခဲ့ပါတော့တယ်။

Austin ဟာ Texas ပြည်နယ်အစိုးရအဖွဲ့ရဲ့အတွင်းရေးမှူးတာဝန်ကို (၂)လအကြာထမ်း ဆောင်ပြီး (၁၈၃၆)ခုနှစ်၊ဒီဇင်ဘာ(၂၇)ရက်နေ့မှာတော့ ကွယ်လွန်ခဲ့ပါတယ်။ ယင်းနှစ်ထဲမှာပဲ Columbia ၊ Velasco ၊ Harrisburg ၊ Galveston နဲ့ Washington -0n- Brazos မြို့ တွေဟာ Texas သမ္မတနိုင်ငံရဲ့မြို့တော်တွေအဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ (၁၈၃၇) Texas ရဲ့ပထမဆုံးသောသမ္မတ Sam Houston လက်ထက်ရောက်ချိန်မှာတော့ မြို့တော်ကို Texas ရဲ့ဖခင် Austin ရဲ့မွေးရပ်မြေဖြစ်တဲ့ Houston မြို့ကိုပြောင်းရွေခဲ့ပါတယ်။

Texas ရဲ့ပထမဆုံးသောအလံကတော့ Burnet banner ဖြစ်ပြီး (၁၈၃၉)ခုနှစ်ရောက်ချိန် မှာတော့ the Lone star အလံနဲ့အစားထိုးခဲ့ပါတယ်။ Texas ပြည်သူသမ္မတနိုင်ငံရဲ့အဓိကနိုင်ငံရေးပါတီ(၂)ခုကတော့ Lamar ဦးဆောင်တဲ့အမျိုးသားစည်းလုံးညီညွတ်ရေး ပါတီနဲ့ Houston ဦးဆောင်တဲ့ အမေရိကန်ပြည်ထောင်စုနဲ့ပေါင်းစည်းရေးကိုလိုလားတဲ့ ပါတီတို့ဖြစ်ကြပါတယ်။

လွတ်လပ်ရေးရရှိပြီးနောက်မှာတော့ Texas သမ္မတနိုင်ငံဟာ ရွေးကောက်ခံကိုယ်စား လှယ် (၂၉)ယောက်နဲ့ အထက်လွှတ်တော်အမတ် (၁၄)ယောက်ပါဝင်တဲ့လွှတ်တော် တစ်ရပ်ကို (၁၈၃၆)ခုနှစ်ကစတင်ဖွဲ့စည်းခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရလူပုဂ္ဂိုလ် တစ်ဦးဟာ သမ္မတအဖြစ် (၂)ကြိမ်တိုင်တာဝန်ထမ်းဆောင်ခွင့်ပြုထားပြီး ပထမအကြိမ် သမ္မတသက်တမ်းက (၂)နှစ်ဖြစ်ကာ ဒုတိယကြိမ်မြောက်သက်တမ်းကတော့ (၃)နှစ် ဖြစ်တယ်လို့ ဥပဒေအရပြဆိုထားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ (၁၈၃၆)ခုနှစ်၊ မတ်လ(၂)ရက်နေ့ကနေစတင်နေထိုင်သူအားလုံးကို Texas ရဲ့နိုင်ငံသားတွေအဖြစ် တရားဝင်သတ်မှတ်ပေးခဲ့ပြီး မဲပေးခွင့်ပြုထားတာကိုတွေ့ရပါတယ်။

သမ္မတ Jackson ဟာရွေးကောက်ပွဲကနေသမ္မတဖြစ်လာတဲ့ Texas နိုင်ငံရဲ့ပထမဆုံး သမ္မတဖြစ်ပြီး (၁၈၃၇)၊မတ်လ(၃)ရက်နေ့ကနေစတင်ပြီးတရားဝင်တာဝန်ထမ်းဆောင် ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံကတော့ (၁၉၃၉)ခုနှစ်၊စက်တင်ဘာ (၂၅)ရက်နေ့ရောက်မှသာ Texas နိုင်ငံကို တရားဝင်အသိအမှတ်ပြုပြီး Texas ဟာ အခြားသောဥရောပနိုင်ငံတွေဖြစ် တဲ့နယ်သာလန်နဲ့ ဘယ်ဂျီယံတို့ရဲ့အသိအမှတ်ပြုခြင်းကိုလည်းခံခဲ့ရပါသေးတယ်။

နိုင်ငံတစ်ခုဖြစ်လာတယ်ဆိုပေမဲ့ Texas ဟာအမေရိကန်ပြည်ထောင်စုရဲ့သြဇာလွှမ်းမိုးခြင်းခံခဲ့ရပြီး ကဏ္ဍတော်တော်များများဟာ ဆက်နွယ်နေခဲ့ပါတယ်။ Texas ပြည်သူတွေအတွင်းမှာလည်း အမေရိကန်ထောက်ခံသူတွေများပြားလာခဲ့ပြီးပေါင်းစည်းနေထိုင်ဖို့အတွက် တောင်းဆိုမှုတွေဟာ အရှိန်နဲ့မြင့်တက်လာနေခဲ့တာကိုတွေ့ရပါတယ်။

(၁၈၄၅)ခုနှစ်၊ဖေဖော်ဝါရီလ(၂၈)ရက်နေ့မှာတော့ အမေရိကန်ကွန်ဂရက်က Texas ကို ပြည်ထောင်စုအတွင်း သွတ်သွင်းဖို့အဆိုကိုအတည်ပြုခဲ့ပြီး မတ်လ(၁)ရက်နေ့မှာတော့ သမ္မတ Tyler က ဥပဒေတစ်ရပ်အဖြစ်တရားဝင်လက်မှတ်ရေးထိုးအတည်ပြုခဲ့ပါတယ်။ Texasနိုင်ငံအတွင်း ယင်းအဆိုကို မဲခွဲခဲ့ရာမှာလည်း ကျွန်စနစ်ကိုဆက်လက်ခွင့်ပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နဲ့အုပ်ချုပ်ခွင့်ပြုမဲ့ အမေရိကန်နဲ့ပေါင်းစည်းဖို့ဘက်ကသာ ထောက်ခံမဲပိုရခဲ့ပါတယ်။ ဒါကြောင့် (၁၈၄၅) ခုနှစ်၊ဒီဇင်ဘာ (၂၉)ရက်နေ့မှာတော့ Texas သမ္မတနိုင်ငံဟာ နိုင်ငံတစ်ခုအဖြစ်ကနေ အမေရိကန်ပြည်ထောင်စုရဲ့တရားဝင်ပြည်နယ်တစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပါတော့တယ်။

Tags: countries

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!