Sunday, April 11, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

သိမှတ်ဖွယ်ရာ ဗဟုသုတ အချက်အလက်တချို့

by Thutamm
August 13, 2019
Reading Time: 1min read
0
သိမှတ်ဖွယ်ရာ ဗဟုသုတ အချက်အလက်တချို့
Share on FacebookShare on Twitter

ရေးသားသူ – လွမ်းသူမေ(အဝေးရောက်)

(၁) ၁၉၂၄ ခုနှစ်မှာ ဗြိတိသျှတို.က ၆၂ ဒီဂရီဖာရင်ဟိုက်မှာရှိတဲ့ ရေ ၁၀ ပေါင် နှင့် ညီမျှသောပမာဏ အလေးချိန်ကို ” ဂါလံ ” လို့ သတ်မှတ်ခဲ့ပါတယ် ။

(၂) ဟိုးအရင်က စစ်ပွဲတွေမှာ တပ်ဖွဲ့တွေ မပျက်မစီး မဆုံးရှုံးပဲ ကိုယ့်ရပ်ရွာကိုပြန်လာနိုင်ရင် ” 0 killed” လို့ရေးပြီးပြန်လာကြပါတယ်တဲ့.အဲဒီကနေ ယခုကျွန်မ တို့တွေ ပြောနေတဲ့ “OK “ဆိုတဲ့ စကားဖြစ်လာခဲ့ပါတယ်။

(၃) Cupid ဆိုတာ ဂရိ ပုံပြင်များမှ အချစ်နတ်သမီး Venus ရဲ့သားတော် ဖြစ်ပါတယ် ။ ပျော်ပျော်နေတတ်ပြီး သူ့ ရဲ့ မြားချက်ထိမှန်ခံရသူဟာ ပထမဦးဆုံးတွေ့ တဲ့ သူ ကို ချစ်မိသွားတယ်လို့ ယုံကြည်ကြပါတယ် ။ ဒါကြောင့် သူ့ ကို မြန်မာလို အချစ်နတ်သားလေး ခေါ်( မြားနတ်မောင် ) လို့သတ်မှတ်ကြတာပါ ။

(၄) ” ဘီလူး ” ဟူသောစကားဟာ ဘီရု ဟူသော ပါဠိစကားမှ ဆင်းသက်လာခြင်းဖြစ်သည် ။
” ကြောက်ရွံ့ဖွယ်ကောင်းသော သတ္တဝါ ” ဟု အဓိပ္ပါယ်ရပါသည် ။

(၅)”ပုဏ္ဏကတိုက်ခြင်း” ကို အင်္ဂလိပ်လို ” Poltergeist “(ပိုတာဂျိုက်စ်)လို့ ခေါ်ပါတယ် ။ ဂျာမန်ဘာသာစကားမှ ဆင်းသက်လာတာပါ ။”Noisy ghost ” ( ဆူညံသော သရဲ) လို့ အဓိပ္ပါယ်ရပါတယ် ။

(၆) အင်္ဂလိပ်တွေ သြစတေးလျကို စပြီးခြေချကြတော့ သားပိုက်ကောင်ကို ဘယ်လိုခေါ်သလဲလို့ စမေးကြပါတယ် ဒေသခံ သြစတေးလျန်းတွေက “Kan Ghu Ru” လို့ဖြေကြပါတယ် ။ ဒါနဲ့ပဲ…တိုးဘော့ကြီးတွေက သားပိုက်ကောင်ကို “Kangaroo” လို့ခေါ်ဝေါ်သမုတ်ခဲ့ပါတယ် ။
အမှန်တော့ သြစတေးလျန်းတွေပြောတဲ့ “Kan Ghu Ru” ဆိုတာက “We don”t understand your words ” ( ခင်ဗျားပြောတာ ကျနော်နားမလည်ဘူး )လို့ပြောနေတာပါတဲ့ ဟုဖော်ပြပါသည်။

(၇) နံပါတ် 40 ကလွဲလို့ ကျန်တဲ့ တစ် ကနေ infinity ထိ ဘယ်ကိန်းကိုမဆို အင်္ဂလိပ်လို စာလုံးပေါင်းရေးရင် အစဉ်အတိုင်း မဖြစ်ပါဘူး ။ f – o – r – t – y .. ဆိုပြီး အင်္ဂလိပ်အက္ခရာ ငယ်စဉ် ကြီးလိုက် သွားတာကို ဆိုလိုပါတယ် ။

(၈) ” Cemetery” (သချိုင်း)ဆိုတာ ဂရိဘာသာစကား ” Koimetirion” ကလာတာပါတဲ့ .. အဓိပ္ပါယ်ကတော့ ” အိပ်ခန်း” ပါတဲ့လေ…

(၉) ” Hazard” ဆိုတဲ့ အင်္ဂလိပ် စကားလုံးက အာရေဗျဘာသာစကား ” အယ်လ်ဇား ” မှ ဆင်းလာတာဖြစ်ပြီး မူရင်းအဓိပ္ပါယ်မှာ ” အန်စာတုံး ” ဖြစ်ပါတယ်။

(၁၀) “သတ္တိ ဗျတ္တိ ” ဆိုတဲ့ စကားကို လူတော်တော် များများပြောတတ်ကြပါတယ် ။ ” ဗျတ္တိ ” ဆိုတာ ဘာလဲလို့ မေးကြည့်တော့ သေသေချာချာ မသိဘူးတဲ့ …ကျမ ဖတ်ဖူးတာကတော့ ” ဗျတ္တိ ” ရဲ့အဓိပ္ပါယ်က ” အသိအလိမ္မာတို့နဲ့ အားလးုံပြည့်စုံ၍ လူအများ၏ မှီခိုအားထားခြင်းတို့ကို ခံနိုင်ရည်စွမ်းရှိခြင်း ပင်ဖြစ်သည်” လို့ဆိုလိုပါတယ်။

(၁၁) အင်္ဂလိပ် – မြန်မာ ဒုတိယ စစ်ပွဲ အပြီး မှာ အောက်မြန်မာပြည်တဝှမ်းကို အင်္ဂလိပ်တွေ သိမ်းပိုက်ထားပြီးပါပြီ။ အဲဒီအချိန်ထဲက အင်္ဂလိပ် အစိုးရဟာ ” ထီ ” ကို စဖွင့်ပေးခဲ့တာပါ ။ အစကတော့ Lottery ကို မြန်မာတွေက ” လောထီ ” လို့ခေါ်ကြတယ် … နောက် တဖြေးဖြေးကြာလာတော့ ” လောထီ” ကနေ ” ထီ ” ဆိုပြီး ဖြစ်လာတာပါ။

(၁၂) တစ်စုံတစ်ယောက်က နှာချေတဲ့ခါ သုံးတဲ့” ဟတ်ချိုး .. ဘုရား ” ဆိုတဲ့ စကား အသုံးအနှုန်းဟာ ခရစ်နှစ် 590 မှာ ရောမ နိုင်ငံမှာ စတင်ပေါ်ပေါက်ခဲ့တယ်လို. သိရပါတယ် ။ အဲဒီအချိန်တုန်းက လူတိုင်း ရုတ်တရက် နှာချေတဲ့ရောဂါဆန်းတစ်မျိုးစွဲ ကပ်နေပြီး မြို့တော်ကြီး တစ်ခုလုံးမှာ ကပ်ဆိုးကြီး တစ်ခု အဖြစ် ပျံ့နှံ့ဖြစ်ပွားခဲ့ပါတယ် ။ ဒီတော့ ပုပ်ရဟန်းမင်းကြီး ဂရီကိုရီ က အမိန့်ဒီကရီ တစ်ခုချမှတ်ပြီး ထုတ်ပြန်ကြေငြာတယ် ။ မည်သူမဆို နှာချေတဲ့ခါ Dio Ti Benedica ( God Bless You ) လို့ရွတ်ဆိုရမယ်ဆိုတဲ့ အမိန့် ဒီကရီ ပါပဲ ။မြန်မာလိုကတော့ ” ဟတ်ချိုး .. ဘုရား ” ပါလိုခေါ်တွင်ခဲ့ပါတယ်။

အားလုံးဘဲ လေ့လာမှတ်သားနိုင်စေရန်ပြန်ပြီးဝေမျှပေးလိုက်ပါတယ်နော်…

ချစ်ခင်စွာဖြင့်
လွမ်းသူမေ(အဝေးရောက်)

Tags: factsknowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!