Sunday, April 11, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

သိပ္ပံနည်းပညာနဲ့ အမီမလိုက်နိုင်တဲ့ ဖြစ်ရပ် ၅ ခု

by Thutamm
October 24, 2019
Reading Time: 1min read
0
သိပ္ပံနည်းပညာနဲ့ အမီမလိုက်နိုင်တဲ့ ဖြစ်ရပ် ၅ ခု
Share on FacebookShare on Twitter

သိပ္ပံပညာရှင်တွေဟာ လူသားတွေနေထိုင်ရာကမ္ဘာကြီးဖြစ်ရပ်သာမက စကြာဝဠာရဲ့ ခက်ခဲ နက်ရှိုင်းတဲ့ ဖြစ်ရပ်တော်တေ်ာများများကို ဖော်ထုတ်နိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် လူသားတွေရဲ့ အနီးစပ်ဆုံးသော အချို့သောဖြစ်ရပ်တွေကိုတော့ယခုအချိန်ထိ ဖော်ထုတ်နိုင်ခဲ့ခြင်းတော့မရှိပါဘူး။

ဒီလိုထူးဆန်းတဲ့အရာတွေဟာ ယနေ့ထက်တိုင် ပုစ္ဆာတွေအနေနဲ့ တည်ရှိပြီး သိပ္ပံနည်းပညာနဲ့ အမီမလိုက်နိုင်တဲ့ ဖြစ်ရပ်တွေလို့ပဲခေါင်းစဉ်တပ်ရမှာပါ။ ဒီနေရာမှာ သုတဇုန် မိတ်ဆွေတွေကို မျှဝေပေးချင်တာကတော့ သိပ္ပံပညာရှင်တွေ ဖော်ထုတ်နိုင်ခဲ့ခြင်းမရှိတဲ့၊ ဝေခွဲရခက်ခဲနေတဲ့ ဖြစ်ရပ်(၅)ခုရဲ့ အကြောင်းပဲဖြစ်ပါတယ်။

(၁) နဂါးဂူ

အမေရိကန်ပြည်ထောင်စုရဲ့ တောင်ဘက်အစွန်ဆုံးက ပြည်နယ်တစ်ခုဖြစ်တဲ့ Akansas ပြည်နယ် ကကျောက်ဂူတစ်ခုကတော့ ထူးဆန်းအံ့သြဖွယ်ရာ အလွန်ကောင်း နေပြီး ယနေ့တိုင်ဒေသခံတွေနဲ့သိပ္ပံပညာရှင်တွေအကြား အငြင်းပွားစရာတွေဖန်တီး နေဆဲပါ။ ဒီဂူကြီးရဲ့အောက်ခြေမှာ နဂါးသတ္တဝါကဲ့သို့သော တောကောင်ကြီးတွေရှိနေ နိုင်တယ်လို့ အရင်ကတည်းက ဒဏ္ဍာရီလို၊ ပုံပြင်တွေလိုအကြောင်းအရာတွေရှိနေခဲ့ပါတယ်။

မှတ်တမ်းမှတ်ရာတွေ တိတိကျကျမရှိပေမယ့် ၁၉၀၀ပြည့်နှစ်အစောပိုင်းကာလက အမေရိကန်ဘူမိဗေဒပညာရှင်အချို့နဲ့ဒေသခံတွေပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ဟာ Dragon’ Cave လို့နာမည်ကြီးနေတဲ့ အဆိုပါဂူရဲ့အောက်ခြေပိုင်းကို ကြိုးတွေပိုက်တွေ ကိုအသုံးပြုပြီးဆင်းသက်ခဲ့ကြပါတယ်။ ဒီဒေသရဲ့မြေပြင်ဆိုင်ရာအချက်အလက်တွေနဲ့ ဘူမိဗေဒပညာရပ်ဆိုင်ရာလေ့လာမှုတွေပြုလုပ်ချင်တဲ့ရည်ရွယ်ချက်နဲ့ပါ။ လေ့လာရေး အဖွဲ့ဟာ Dragon’ Caveရဲ့အောက်ခြေဘက် ပေ(၂၀၀)လောက်ကို ရောက်တဲ့အခါ မှာတော့ သတ္တဝါတစ်ကောင်ရဲ့ ကြောက်မက်ဖွယ်ရာအလွန်ကောင်းတဲ့ ရှူးရှူးရှဲရှဲ နှာမှုတ်သံတွေ၊ လှုပ်ရှားသံတွေကို မိုးခြိမ်းသံအလား အတိုင်းသာကြားခဲ့ရပါတယ်။

ဒါကြောင့်သူတို့ရဲ့လေ့လာရေးခရီးစဉ်ကို ပြန်လည်ရုတ်သိမ်းခဲ့ပြီး ဂူအပေါ်ပိုင်းကို ပြန်လာခဲ့ကြပါတယ်။ လိုက်ပါလာတဲ့ပညာရှင်အချို့ကတောဒေသခံတွေပြောသလို Dragon’ Cave ထဲမှာ နဂါးကဲ့သို့ သောကြောက်မက်ဖွယ် သတ္တဝါမျိုးစိတ်တွေ အမှန်တစ်ကယ်ရှိနေကြောင်း ဝန်ခံခဲ့ပါတယ်။ အမေရိကန်အစိုးရကတော့ ဒီကြောက်မက်ဖွယ်ရာသတင်းကို အတိအလင်းထုတ်ပြန်ကြေငြာခဲ့ခြင်းတော့မရှိပါဘူး။

နောင်နှစ်များစွာကြာတဲ့အခါမှာတော့ အခြားလေ့လာရေးအဖွဲ့တွေဟာ ခေတ်မီမြေအောက်တိုင်းတာရေးစက်တွေ ကိုအသုံးပြု ပြီး ဒုတိယမြောက်အနေနဲ့ Dragon’ Cave ရဲ့အောက်ခြေကိုထပ်မံလေ့လာခဲ့ပြန်ပါတယ်။ ပထမအဖွဲ့တုန်းကလို ကြောက်မက်ဖွယ်ရာ အသံတွေတော့မကြားခဲ့ရပေမယ့် ဒီနက်ရှိုင်းလှတဲ့ ဂူအောက်ခြေမှာ သက်ရှိသတ္တဝါတွေရှိနေနိုင်တယ်ဆိုတဲ့ အချက်ကိုတော့ အတည်ပြုပေးခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုနယ်မြေအတွင်းမှာရှိနေပေမယ့် ဝေးလံခေါင်ဖျားတဲ့ဒေသ မှာရှိတဲ့ Akansas ပြည်နယ်ဒေသခံတွေကတော့ ဒီဂူဟာ ဒဏ္ဍာရီလာနဂါးသတ္တဝါတွေရဲ့အသိုက် ဖြစ်တယ်လို့ ယုံကြည်နေကြဆဲ ဖြစ်ပါတယ်။ အမေရိကန်အစိုးရကတော့ လိုအပ်တဲ့ လေ့လာမှုတွေကိုပြုလုပ်နေပေမယ့် တိကျတဲ့ သတင်းထုတ်ပြန်ခြင်းတော့ ယနေ့တိုင်မရှိသေးပါဘူး။

(၂) အမေရိကန်သမ္မတတွေရဲ့ သေမယ့်အချိန်ကိုကြိုတင်သိရှိမှု

ကမ္ဘာပေါ်ကအချို့သောပုဂ္ဂိုလ်တွေကတော့ သဘာဝလွန်ကိစ္စရပ်တွေကို မဖြစ်မီတည်း ကကြိုတင်သိရှိကြပါတယ်။ အချို့သောတိရိစ္ဆာန်တွေ သဘာဝဘေးကိုကြိုတင်သိရှိ ကြသလိုမျိုးပါ။ ဒီအဖြစ်အပျက်တွေဟာ မသိစိတ်ကနေနှိုးဆော်နေတဲ့ ကံကြမ္မာဆိုးတွေ အတွက်ရှေပြေးနိမိတ်လိုဖြစ်နေပြီး ရှင်းပြဖို့တော့ခက်ခဲပါတယ်။ ဒီလိုရှေပြေးနိမိတ်တွေဟာ ကျွန်တော်တို့ မြန်မာတွေအတွက်တော့ရင်းနှီးပြီးသားဖြစ်မှာပါ။

အမေရိကန်နိုင်ငံက ကမ္ဘာကျော်သမ္မတ အေဗရာဟင်လင်ကွန်းဟာ သူမသေဆုံးမီတစ်ရက်အလိုက သူရဲ့သေဆုံးပြီးသား ရုပ်အလောင်းကို အိမ်မက်မြင်မက်ခဲ့ပါတယ်။ ဒီအကြောင်းကို သူဇနီးအပါအဝင်အိမ်ဖြူတော် တာဝန်ရှိသူတော်တော်များများကိုပြောပြခဲ့ပါတယ်။ ဒီနိမိတ်ဆိုးဟာ အပြင်မှာလည်းမှန်ကန်ခဲ့ပြီး နောက်တစ်နေ့မှာတော့ သမ္မတကြီး လင်ကွန်းဟာ လုပ်ကြံသတ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။ (ဒီအကြောင်းကို အရှည်ဖတ်ချင်ရင်တော့ ဒီမှာ https://wp.me/p92H0W-El ရေးခဲ့ဖူးတာရှိပါတယ်)

လျှပ်စစ်နဲ့သံလိုက်စွမ်းအင် သီအိုရီတွေမှာတော့ Fourth Dimension အရ ရှေ့ကိုဆက်သွားရမယ့်အချိန်ဟာ အခြေအနေတစ်ရပ်မှာကွေးပြီးနောက်ကို ပြန်လာနိုင်တယ်ဆိုတဲ့ အယူအဆရှိတာကြောင့် ရှေမှာကြိုဖြစ်မယ့် အရာကိုဖျတ်ခနဲမြင်လိုက်ရတာဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ကောတ်ချက်ချကြပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီးအမေရိကန် အိမ်ဖြူတော်က ကန့်သတ်မှုတွေရှိခဲ့တာ ကြောင့်အကျယ်တဝင့်မဖြစ်ခဲ့တာပါ။ဒီလိုဖြစ်ရပ်မျိုးဟာ နာမည်ကျော်အမေရိကန်ရုပ်ရှင်မင်းသား John Garfield ၊(၂၅)ဦးမြောက် အမေရိကန် သမ္မတ William Mckinley တို့လည်းမသေဆုံးမီ ဒီလိုနိမိတ်ကိုကြုံတွေ့ခဲ့ရတာပါ။

နောက်ထပ်ထင်ရှားတဲ့ဖြစ်ရပ်တစ်ခုကတော့ အမေရိကန်နိုင်ငံရဲ့ ဒုတိယမြောက် သမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ John Adamဟာ အသက်(၉၀)အရွယ်မှာ သေဆုံးခဲ့ပြီး၊ သူမသေဆုံးခင်မှာတော့ အမေရိကန်ရဲ့ တတိယမြောက်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Thomas Jefferson လည်းမကြာခင်ကွယ်လွန်မှာဖြစ်ကြောင်း နိမိတ်ပေးပြောကြားခဲ့ပါတယ်။

အံ့သြစရာကောင်းလောက်အောင်ပဲ သူဒီလိုနိမိတ်ပေးပြီး နောက် (၅)နာရီအကြာမှာတော့ သူရဲ့နိုင်ငံရေးပြိုင်ဘက် Thomas Jeffersonဟာလည်း ကွယ်လွန်သွားခဲ့တာမို့ ၁၈၂၆ ခုနှစ် ဇူလိုင်လ(၄)ရက်နေ့ဟာ အမေရိကန်သမ္မတနှစ်ဦး တစ်ပြိုင်တည်းကွယ်လွန်ခဲ့တဲ့ နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။ ကမ္ဘာနည်းပညာလောကကို ဦးဆောင်နေတဲ့ အမေရိကန်နိုင်ငံအတွက် ဖော်ပြပါဖြစ်ရပ်တွေဟာ ယခုချိန်ထိ ဝေခွဲမရ ဖြစ်နေရတုန်းပါပဲ။

(၃) ဝိညဉ်များရဲ့စံအိမ်တော် (သို့)Hatley ရဲတိုက်

Hatley ရဲတိုက်ကိုတော့ ၁၉၀၈ခုနှစ်က စကော့တလန်နိုင်ငံသား၊ဗြိတိန်အဆင့်မြင့်အရာရှိတစ်ဦးဖြစ်တဲ့ Robert Dunsmuri က ကနေဒါနိုင်ငံ အရှေဘက်ကမ်းရိုးတန်းဒေသဖြစ်တဲ့ Vancouver ကျွန်းစုမှာစတင်တည်ဆောက်ခဲ့ပါတယ်။ သူဟာဒီရဲတိုက်ကိုနာမည်ကျော် ရဲတိုက်တစ်ခုဖြစ်အောင် ပုံဖော်တည်ဆောက်ခဲ့လို့ထင်ရှားပေမယ့် ဒီရဲတိုက်တည်ဆောက်တဲ့မြေနေရာဟာ ပရလောကသားတွေ ပျော်မွေ့တဲ့နေရာအဖြစ် ဒေသခံတွေက ယူဆတာကြောင့်ဝေဖန်မှုအချို့ရှိခဲ့တာပါ။

ယခုအခါမှာတော့ Royal Road University နယ်မြေအတွင်းမှာတည်ရှိတဲ့ Hatley ရဲတိုက်ဟာ ရှင်းပြလို့မရနိုင်တဲ့ ဖြစ်စဉ်တွေအများ အပြားဖြစ်ခဲ့ပြီး တစ္ဆေတွေရဲ့ ခြောက်လှန့်ခြင်းကိုခံရတယ်လို့ပဲအများစုကသတ်မှတ် ထားကြတာပါ။ ဒေသခံတွေရဲ့အဆိုအရတော့ ဒီနေရာမှာမကျွတ်မလွတ်တဲ့မိသားစု တစ်စုရှိနေပြီး နည်းမျိုးစုံနဲ့ခြောက်လှန့်ကြတယ်လို့ဆိုပါတယ်။ ဒီအကြောင်းကို မယုံကြည်သူအများအပြားလည်းရှိကာ ထိုသူတွေဟာ အဲဒီနေရာကို သွားရောက်လေ့လာတတ်ကြပါတယ်။

အရဲစွန့်ပြီးသွားကြသူတွေကတော့ ဒီရဲတိုက်ရဲ့ တစ်ချို့နေရာတွေရောက်ရင် ကျောရိုးတောက်လျောက် ချမ်းစိမ့်လာတက်ပြီး တစ်စုံတစ်ဦးက စောင့်ကြည့်နေသလိုခံစားခဲ့ရတယ်လို့ဆိုကြပါတယ်။ ဒါအပြင် ဒီရဲတိုက်ရဲ့ ပြတွင်းပေါက်တွေမှာ အဖြူရောင်အရိပ်တစ်ခုဟာ ပြေးလွှားနေတာကိုတွေ့ရတတ်ပြီး တစ်ခါတစ်ရံ ငိုသံ ၊အော်ဟစ်သံနဲ့၊ အိုးသံခွက်သံတွေကိုပါ ကြားရ လေ့ရှိတယ်လို့ဆိုကြပါတယ်။ ဒီလိုမျိုးကြုံတွေ့ခဲ့ရသူဟာ တစ်ဦးတစ်ယောက်သာမက အများအပြားဖြစ်တာကြောင့်လည်း သိပ္ပံနည်းပညာရဲ့ အယူအဆတွေကို ဒွိဟဖြစ်စေနေခဲ့တာပါ။

(၄) ဥရောပရဲ့ရှေးဟောင်း DNA

ဥရောပရဲ့ယဉ်ကျေးမှုအမွေအနှစ်တွေဟာယင်းဒေသမှာရှိတဲ့လူမျိုးနွယ်စုတွေရဲ့တစ်ဆင့် ပြီးတစ်ဆင့် လက်ဆင့်ကမ်းခဲ့ရာမှ ဖွံဖြိုးတိုးတက်လာခဲ့ပါတယ်။ ကမ္ဘာပေါ်က တီထွင်မှု တော်တော်များများဟာ ဥရောပကနေပဲစတင်ခဲ့တာမို့လို့ဒါဟာလက်ဆင့်ကမ်း တီထွင်ဖန်တီးမှုရဲ့ အကျိုးကျေးဇူးလို့ပဲဆိုရမှာပါ။ ဒီလိုတီထွင်မှုတွေအနက်က လူတွေရဲ့ မျိုးရိုးဗီဇကိုအသေးစိတ်ဖော်ထုတ်နိုင်တဲ့ DNA ကဲ့သို့သော လူခန္ဓာကိုယ်အစိတ်အပိုင်းတွေကနေ ခွဲခြားပြတဲ့နည်းပညာကို ဥရောပတိုက် သြစတီးယားအလယ်ပိုင်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၅၀၀)လောက်ကတည်းကအသုံးပြုနေခဲ့လို့သိရပါတယ်။

ကျောက်ခေတ်အကြောင်း ကိုလေ့လာနေတဲ့ မနုသဗေဒပညာရှင် Dr. Alan Copperရဲ့အဆိုအရတော့ “ဒီလိုခေတ် မျိုးမှာ အမှန်တကယ်တည်ရှိခဲ့တဲ့နည်းပညာဟာ ဘယ်ကနေဘယ်လို သူတို့ရရှိကျင့်သုံးနေခဲ့ရတာလဲဆိုတာ သိပ္ပံပညာရပ်နဲ့လိုက်လံတိုင်းတာနေမယ်ဆိုရင်တော့ အလှမ်းဝေးနေအုန်းမှာပါ။ ဖြစ်နိုင်တာကတော့ ကျောက်ခေတ်တည်းက ခေတ်မီနည်းပညာအားလုံးကိုတတ်ကျွမ်းပြီးဖြစ်တဲ့ လူမျိုးစုတစ်ခုရှိနေတာဖြစ်ပြီး သူတို့ ဟာတစ်ချိန်တည်းမှာပျောက်ကွယ်သွားတာလား၊ကမ္ဘာကိုစွန့်ခွာသွားခဲ့ကြတာလား ဆိုတာတော့ ဝေခွဲမရပါဘူး” လို့ဆိုခဲ့တာပါ။

သူ့အယူအဆနဲ့ပတ်သတ်ပြီး ဝေဖန်မှုတွေ ရှိနေခဲ့ပေမယ့် ဥရောပရဲ့ရှေးအကျဆုံးမျိုးရိုးဗီဇခွဲခြမ်းခြင်း အတတ်ပညာကတော့ သိပ္ပံနည်း ပညာအရ ဝေခွဲရခက်နေတဲ့ ဖြစ်စဉ်တွေအမှန်တစ်ကယ်ရှိနေကြောင်းကို မီးမောင်းထိုး ပြသနေပါတယ်။

(၅) ဂြိုလ်သားတွေတစ်ကယ်ရှိမရှိ

ဂြိုလ်သားတွေဟာ ဒီကမ္ဘာမြေပေါ်မှာအမှန်တစ်ကယ်ပဲလာရောက်လေ့ရှိလား ဆိုတဲ့မေးခွန်းအပေါ် လက်ခံသူ ၊ လက်မခံသူ အများအပြားရှိနေတယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ ကမ္ဘာကျော်နာဆာအဖွဲ့ရဲ့မှတ်တမ်းတွေအရပုဂံပြားပျံ(UFO) တွေကိုမျက်မြင်တွေ့ရှိပါတယ်ဆိုတဲ့ လူစာရင်းဟာသောင်းနဲ့ချီပြီးရှိနေပါတယ်။ ဒီမှတ်တမ်းတွေက တစ်ခုကိုဖော်ပြရမယ်ဆိုရင် ၁၉၉၃ခုနှစ်က သြစတေးလျနိုင်ငံမှာဖြစ်ပွားတဲ့ ပုဂံပြားပျံ နဲ့ပတ်သတ်ပြီးထူးဆန်းတဲ့အကြောင်းအရာပါ။

Cahill နဲ့သူမရဲ့အမျိုးသားဖြစ်သူဟာ Victoria မြို့ကနေ ညအချိန်ခရီးထွက် လာခဲ့ပြီးတစ်နေရာအရောက်မှာတော့ အမျိုးအမည်မသိတဲ့ယာဉ်ပျံတစ်စီးဟာ သူတို့ရဲ့ကားရှေကနေပေါ်လာခဲ့ပါတယ်။ ဒီထဲ ကနေ ကို့ယို့ကားယားနိုင်တဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံနဲ့သတ္တဝါတွေဟာ ထွက်ပေါ်လာခဲ့ပြီးသူတို့ကားဆီကိုလာရောက်ခဲ့ပါတယ်။ Cahillတို့ဇနီးမောင်နှံလည်း ကားရဲ့အနီးဆုံးနေရာက မြတ်ခင်းမှာ အချိန်တော်တော်ကြာပုန်းအောင်းနေခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ အမည်မသိသတ္တဝါတွေဟာ လက်လျော့သွားခဲ့ပြီး သူတို့ယာဉ်ပျံ နဲ့အတူပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။

ထူးဆန်းတဲ့အလင်းတန်းတွေဖြာထွက်တဲ့ အဲဒီ ပုဂံပြားပျံကို အမြန်လမ်းမပေါ်မှာရှိတဲ့ ကားအတော်များများကမြင်တွေ့ခဲ့ရပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သတ်လို့ သြစတေးလျအစိုးရက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပေမယ့် တိုက်လေယာဉ်တစ်စီးအရွယ်အစားရှိတဲ့ ယာဉ်တစ်စီးဆင်းသက်သွားတယ်ဆိုတဲ့ အချက်အလက်ကလွဲလို့ ဘာကိုမှရေရေရာရာမဖော်ပြနိုင်ခဲ့ပါဘူး။ သြစတေးလျ လေကြောင်းကာကွယ်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရလည်း ယင်းအချိန်က Victoria မြို့ ရဲ့ကောင်းကင်မှာမည်သည့်ယာဉ်မျှမရှိခဲ့ကြောင်းဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် မျက်မြင်သက် သေအများအပြားရှိခဲ့တာကြောင့် သိပ္ပံနည်းပညာ လိုက်မမီတဲ့ဖြစ်ရပ်လို့ ခေါင်းစဉ်တပ်ရမှာပါ။

Tags: amazingkaung htetworld knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!