Saturday, April 10, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

သရဖူမဆောင်းခဲ့သော မြန်မာပြည်၏ ရှင်ဘုရင် (သို့) သမ္မတဦးချစ်လှိုင်

by Thutamm
August 6, 2019
Reading Time: 1min read
0
သရဖူမဆောင်းခဲ့သော မြန်မာပြည်၏ ရှင်ဘုရင် (သို့) သမ္မတဦးချစ်လှိုင်
Share on FacebookShare on Twitter

မြန်မာနိုင်ငံရေးသမိုင်းတွင် ထင်ရှားသော ခေါင်းဆောင်ကြီး တစ်ဦးဖြစ်ခဲ့သည့် ဦးချစ်လှိုင်သည် မော်လမြိုင်မြို့သစ်ကုန်သည် သူဌေး ဦးသာညှင်း ဒေါ်ရင်တို့၏ ဒုတိယသား ဖြစ်၍ ၁၂၄၁ ခုနှစ် နယုန်လပြည့်ကျော် ၆ ရက် တနင်္လာနေ့တွင် ဖွားမြင်ခဲ့လေသည်။

ဦးချစ်လှိုင်သည် အသက် ၂ဝ အရွယ်တွင် အင်္ဂလန်သို့ သွား၍ ဝတ်လုံပညာကို သင်ကြားအောင်မြင်လာခဲ့သည်။ မြန်မာပြည်သို့ ပြန်ရောက်သောအခါမှစ၍ ဝိုင်၊ အမ်၊ ဘီ၊ အေ၊ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းကို ငွေအား လူအားဖြင့် ကူညီခဲ့သည်။ ခရစ် ၁၉၁၇ ခုနှစ်မှစ၍ မော်လမြိုင်မြို့ ဝိုင်၊ အမ်၊ ဘီ၊ အေ၊ အသင်း၏ ဥက္ကဋ္ဌအဖြစ်ဖြင့် ဆောင်ရွက်၏။ ၁၉၁၉ ခုနှစ်တွင် ပုသိမ်မြို့၌ ကျင်းပသော မြန်မာနိုင်ငံလုံး ဆိုင်ရာ ဝိုင်၊ အမ်၊ ဘီ၊ အေ၊ နှင့် အလားတူ အသင်းများ အစည်းအဝေးပွဲ၌ ဦးချစ်လှိုင်အား ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့သည်။

နောက်နှစ်တွင် ပြည်မြို့၌ကျင်းပသော အစည်းအဝေး က ဆုံးဖြတ်ခဲ့သည့်အတိုင်း ဂျီ၊ စီ၊ ဘီ၊ အေ၊ ခေါ် မြန်မာ အသင်းချုပ် ပေါ်ပေါက်လာရာ ဦးချစ်လှိုင်ပင် ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံခဲ့ရသည်။ ဦးချစ်လှိုင်သည် မိမိစီးပွားဥစ္စာများကို အနစ်နာခံလျက် မြန်မာနိုင်ငံရေးတွင် ရဲဝံ့စွာ ခေါင်းဆောင်မှု ပေးခဲ့သည်။

နောင်အခါ အဋ္ဌမအက်ဒွပ်ဘုရင်ဖြစ်လာသော အင်္ဂလိပ် ဝေလမင်းသားသည် ၁၉၂၁ ခု၌ တိုင်းခမ်းလှည့်လည်ရာ၊ ရန်ကုန်သို့ မရောက်မီတွင် အင်္ဂလိပ်အစိုးရက ဦးချစ်လှိုင်အား အခြားမြန်မာခေါင်းဆောင်အချို့နှင့်အတူ ဖမ်းဆီး၍ အကျယ်ချုပ် ထားခဲ့လေသည်။ နိုင်ငံရေးကို ဆောင်ရွက်ရာ၌ ပြည်သူ ပြည်သားများ၏ ကြည်ညိုလေးစားခြင်းကို ခံရသဖြင့် ၁၉၂၂ ခုနှစ်နှင့် ၁၉၂၄ ခုနှစ်တွင် သရက်၊ ပေါင်းတည်မြို့များ၌ ကျင်းပသော ပြည်လုံးကျွတ်ညီလာခံကြီးက သမ္မတဥက္ကဋ္ဌဘွဲ့ကို အပ်နှင်းကြ၏။ ယင်းအခါမှ အစပြု၍ ‘သမ္မတဦးချစ်လှိုင်’ဟု တွင်သည်။

ထိုစဉ်က ဦးချစ်လှိုင်အား သရဖူမဆောင်းရသော မြန်မာပြည်၏ ရှင်ဘုရင်ဟုပင် ခေါ်ကြသည်။ နိုင်ငံရေးတရားများကို လှည့်လည်ဟောပြောစဉ် ရောက်လေရာအရပ်တိုင်း၌ အမျိုးသားများက ရွှေထီးများ ထီးဖြူများမိုးပေးခြင်း၊ အမျိုး သမီးများက ဆံပင်ကို ဖြန့်၍ လမ်းခင်းပေခြင်း၊ ကရဝိက်ဖောင်များဖြင့် ကြိုဆိုခြင်းများကို ပြုလုပ်ကြသည်။

ခရစ် ၁၉၂၂ ခုနှစ်၌ ဗြိတိသျှအစိုးရက မြန်မာပြည်အား ဒိုင်အာခီအုပ်ချုပ်ရေး ပေးသောအခါ၊ လက်ခံသင့် မခံသင့် အရေးနှင့် စပ်လျဉ်း၍ ၁၉၂၃ ခုနှစ်တွင် ဂျီ၊ စီ၊ ဘီ၊ အေ နှစ်ခြမ်းကွဲသွားသည်။ ဦးချစ်လှိုင်သည် သပိတ်မှောက်ဝံသာနု ဂျီ၊ စီ၊ ဘီ၊ အေ၊ ကို ခေါင်းဆောင်သည်။ ဦးချစ်လှိုင်သည် မြန်မာပြည်၏ ရှေ့ရေးနှင့်သက်ဆိုင်၍ ကျင်းပသော ဗိလတ်မျက်နှာစုံညီ အစည်းအဝေးများကို ၁၉၃၁ ခုနှစ် နိုဝင်ဘာလတွင် တစ်ကြိမ်၊ ၁၉၃၃ ခုနှစ် အောက်တိုဘာလတွင်တစ်ကြိမ်၊ ၂ ကြိမ်တိုင်တိုင် တက်ရောက်ခဲ့သည်။

၁၉၃၅ ခုနှစ် ရွေးကောက်ပွဲ၌ အိန္ဒိယပြည်နှင့် ခွဲရေး တွဲရေးပြဿနာ ပေါ်ပေါက်ခဲ့ရာ တွဲရေးဖက်မှ အရွေးခံရသည်။ ဗြိတိသျှခေတ် ဥပဒေပြုကောင်စီဥက္ကဋ္ဌအဖြစ်ဖြင့် ၁၉၃၂ ခုနှစ်၌ တစ်ကြိမ်၊ ၁၉၃၅ ခုနှစ်၌ တစ်ကြိမ် ပေါင်း ၂ ကြိမ်တိုင်တိုင် ရွေးကောက်တင်မြှောက်ခြင်းလည်း ခံရသည်။ ၁၉၃၇ ခုနှစ်တွင် အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် တင်မြောက်ခြင်း ခံရသည်။ အင်္ဂလန်ပြည် လန်ဒန်မြို့တွင်ကျင်းပသော ဆဋ္ဌမဂျော့ဘုရင် နန်းတက်ပွဲသို့ ၁၉၃၇ ခုနှစ်၌ တက်ရောက်ခဲ့သည်။

ဦးချစ်လှိုင်သည် နိုင်ငံရေးကို ဆောင်ရွက်ရာတွင် ဦးပု၊ ဦးထွန်း အောင်ကျော်၊တို့နှင့်အတူ ‘လှိုင်၊ ပု၊ ကျော်ပါတီ’ကို၎င်း၊ ဦးမြတ်သာထွန်း၊ ဆာပေါ်ထွန်း နှင့်အတူ ‘လှိုင်း၊ မြတ်၊ ပေါ် ပါတီ’ကို၎င်း ဖွဲ့စည်းတည်ထောင်ခဲ့ဘူးသည်။ ထို့ပြင် ဦးချစ်လှိုင်သည် စစ်အတွင်း လွတ်လပ် သောခေတ် ၁၉၄၃ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့၌ အဓိပတိ၏ အတိုင်ပင်ခံအမတ်တစ်ဦးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရဘူးသည်။

စစ်ပြီး လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံခေတ်၌ လည်း ဦးချစ်လှိုင်သည် နိုင်ငံရေးကိုပင် ဆက်လက်ဆောင်ရွက် ပြန်သည်။ မော်လမြိုင်မြို့နယ်မှ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်၍ အရွေးခံ အနိုင်ရခဲ့သည်။ ပါလီမန် ပြည်သူ့လွှတ်တော်၌ အတိုက်အခံခေါင်းဆောင်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည်။ မကွယ်လွန်မီ ၁၉၅၂ ခုနှစ် ဗတ်ဂျက်အစည်း အဝေးအထိ ပါလီမန်လွှတ်တော်သို့ တက်ရောက်ခဲ့၏။

ထိုသို့ နိုင်ငံရေးကို ဆောင်ရွက်ယင်း ဦးချစ်လှိုင်သည် ၁၉၅၂ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့ (၁၃၁၄ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့) နံနက် ၆ နာရီခွဲအချိန် တွင် ရန်ကုန်မြို့ ဘောင်ဒရီလမ်း (အမှတ် ၁၈၅) နေအိမ်၌ ကွယ်လွန်အနိစ္စရောက်သည်။ ဦးချစ်လှိုင်၌ ဖြောင့်မှန်ရိုးသား သော စိတ်ဓာတ်နှင့် အလှူပေးရက်ရောသော စေတနာများ ရှိသည်။ ကွယ်လွန်သွားသောခါတွင် ဇနီးဒေါ်အိနှင့် သမီး ၂ ယောက် ကျန်ရစ်ခဲ့သည်။

ကိုးကား
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)

 

Tags: myanmar people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!