Monday, April 19, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

သမိုင်းကြောင်းထဲက မာယာလူမျိုးတို့ရဲ့ ယဉ်ကျေးမှုများ

by Thutamm
August 10, 2019
Reading Time: 1min read
0
သမိုင်းကြောင်းထဲက မာယာလူမျိုးတို့ရဲ့ ယဉ်ကျေးမှုများ
Share on FacebookShare on Twitter

ရေးသားသူ – Academy

မာယာ ဆိုသည်မှာ မီဆို အမေရိကန် ယဉ်ကျေးမှု လူ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကိုလံဘီယာခေတ်မတိုင်ခင် အမေရိကတွင် အပြည့်စုံဆုံး စာအရေးအသားကို တီထွင်ခဲ့ခြင်းအတွက် အသိအမှတ်ပြုခြင်း ခံခဲ့ရယုံသာမက သူတို့၏ အနုပညာ၊ ဗိသုကာပညာ၊ သင်္ချာပညာနှင့် နက္ခတ္တဗေဒပညာတို့အတွက်လည်း ထင်ရှား ကျော်ကြားခဲ့သည်။

မာယာ ယဉ်ကျေးမှု လူ့အဖွဲ့အစည်းကို ဂန္တဝင်ခေတ်မတိုင်မီ (Pre-Classic period) (ဘီစီ ၂၀၀၀ မှ အေဒီ ၂၅၀ အတွင်း) စတင်တည်ထောင်ခဲ့သည်။

မာယာလူမျိုးများသည် ရှည်လျှားသည့် သမိုင်းကြောင်းရှိခဲ့သည့် အနောက်ကမ္ဘာခြမ်းဒေသ မှ ယဉ်ကျေးမှု အတိုးတက်ဆုံး ဒေသခံလူမျိုးများ ဖြစ်သည် ။

မာယာလူမျိုးများသည် ယခု မက္ကဆီကို အရှေ့နှင့် တောင်ပိုင်းဒေသများ ၊ ဂွာတီမာလာ ၊ ဘီလစ် ၊ အယ်ဆာဗေးဒိုး ၊ ဟွန်ဒူးရပ် အနောက်ပိုင်းဒေသများတွင် ဘီစီ ၂၀၀၀ ခန့် အချိန်မှစ၍ နေထိုင်ခဲ့ကြသည် ။

မယာလူမျိုးများ ၏အမြင့်ဆုံး (Classic period ) အချိန်သည် အေဒီ ၃၀၀ စုမှ အေဒီ ၉၀၀ အကြား ရှိ ခဲ့သည် ဟုမှတ်တမ်းများမှဆိုသည် ။

မာယာလူမျိုးများသည် ထိုအချိန်က ကြီးမားသည့်နန်းတော်များ ၊ လူနေအဆောက်အဦးများ ၊ ပိရမစ်ပုံ ဘာသာရေး အဆောက်အဦးများကို တည်ဆောက်ခဲ့ကြသည် ။

၁၆- -ရာစု တွင် စပိန် များရောက်ရှိ ၊ နယ်မြေချဲ့ထွင် သိမ်းပိုက်ပြီး နောက် မာယာယဉ်ကျေးမှုပျောက်ကွယ် ခဲ့ရသည် ။

လွတ်လပ်သည့်မြို့တော်

ရှေးခေတ်အချိန်က မာယာလူမျိုးများသည် လွတ်လပ်သည့် သူ့ဒေသနှင့်သူ နေထိုင်ခဲ့ကြကာ သူ့ဘုရင်နှင့်သူ အုပ်ချုပ်ခဲ့ကြသည် ။

မယာများ၏ အစောပိုင်းအချိန်က အကြီးဆုံးမြို့များထဲတွင် Palenque, Tikal, Copán, နှင့် Chichén Itzá စသည့်မြို့များပါဝင်ခဲ့သည် ။

ထိုမြို့များအားလုံး၏ အလယ်တွင် အုပ်ချုပ်ရေးစင်တာ တည်ဆောက်ကာ ထိုအထဲတွင် ကြီးမားသည် ပိရမစ်များ ၊ နန်းတော်များ ၊ ကစားကွင်းများပါဝင်သည် ။

မာယာများသည်သူတို့၏ အဆောက်အဦးများကိုတောက်ပသည့် အရောင်များ နှင့် ခြယ်သလေ့ရှိကြကာ ကြီးမားသည့် ကျောက်တုံးနန်းတော်များ အဆောက်အဦးများ ကျောက်ဆစ်ရုပ်တု များစွာကို တည်ဆောက်ခဲ့ကြသည်။

ဘာသာရေးယုံကြည်မှု

မာယာများ၏ ဘာသာရေးတွင် ဘုရားများစွာရှိသည် ။ ထိုဘုရားများတွင် Itzamna ( sky god ) နှင့် Yum Kaax ( Food god) တို့ ပါဝင်သည် ။
ပိရမစ်များတွင်ဘာသာရေးပွဲတော်များကို ကျင်းပခဲ့ကြသည် ။

မာယာများသည် ဘာသာရေးပွဲတော်များတွင် သူတို့၏ ဘုရားအတွက် ယဇ်ပူဇော်လေ့ရှိသည် ။ ခွေးများ ၊ သားကောင်ငယ်များသာမက တချို့ဘာသာရေးပွဲများတွင်လူတဦးကို လဲ ရွေးချယ် ယဇ်ပူဇော်လေ့ရှိတတ်သည် ။

ကျွမ်းကျင်သည့် ပညာရှင်များ

မယာမြို့ကြီးများတွင် အဆောက်အဦး ဆောက်လုပ်နိင်သော ကျွမ်းကျင်သည့် လုပ်သား ၊ ပညာရှင်များစွာနေထိုင်ကြသည် ။

ကုန်သည်များလည်း များစွာရှိခဲ့ကာ အဝတ်အထည်များ ၊ ဖယောင်း ၊ ပျားရည် ၊ ငှက်မွှေးများ နှင့် ကုန်စည်များကို ဝေးလွန်သည့်နေရာမှရယူကာမြို့တွင် ရောင်းဝယ်ခဲ့ကြသည် ။

မြို့ရွာပါတ်ဝန်းကျင်တွင် လယ်မြေများကိုစိုက်ပျိုးခဲ့ကြသည် ။ လယ်သမားများသည်ဟင်းသီး ၊ ဟင်းရွက်နှင့် အသီးအနှံမျိုးစိတ်များစွာကို စိုက်ပျိုးထုတ်လုပ်နိင်ကြသည် ။

ငရုတ်ကောင်း ၊ ငရုတ်သီး ၊ ခရမ်းချည်သီး ၊ အာလူး ၊ ဖရဲသီး ၊ ပဲတောင့် ၊ သခွားမွှေး ၊ သင်္ဘောပင် ၊ ကိုကိုးပင်များသည် ဤဒေသမှ စတင်ကာ ကမ ္ဘာတလွှားသို့ပြန့်နှံ့လာခဲ့သည်ဟုဆိုသည် ။

မြင့်မားသည့်ဉာဏ်ရည်

မာယာများသည် သင်္ချာ နှင့် နက္ခပညာရပ်များတွင်မြင့်မားသည့် အတွေးအခေါ်ရှိသူများဖြစ်သည် ။ သူတို့ကောင်းကင်ရှိကြယ်များ ၊ ဂြိုလ်များကိုသေချာလေ့လာခဲ့ကြသည် ။

သူတို့သည်နေကိုလေ့လာကာ ပြက္ခဒိန်ကိုတည်ထွင်ခဲ့ကြပြီး တနှစ်လျှင် ၃၆၅ရက်ဟု သတ်မှတ်ခဲ့သည် ။ မာယာများ၏ပြက္ခဒိန်တွင် တစ်လလျှင်ရက် ၂၀ -ရှိပြီး တနှစ်လျှင် ၁၈ – လရှိသည် ။

မာယာလူမျိုးတို့အတွက်မူ နှစ်ကုန်ခါနီး ၅ – ရက်သည် “unlucky” ကံမကောင်းသည့် နေ ရက်များဖြစ်သည် ။

မယာများ၏ပြက္ခဒိန်ကို အထူးကျွမ်းကျင်သူများသာဖတ်နိင်သည် ။ မယာများ၏ပြက္ခဒိန်သည် ရာစုနှစ်များစွာကမ္ဘာပေါ်တွင် အမှန်ဆုံးပြက္ခဒိန်ဖြစ်ခဲ့သည် ။

မာယာတို့၏ မှတ်တမ်း

မာယာများသည်အရုပ်စာများကိုလည်း တီထွင်ခဲ့ကြသည် ။ သူတို့၏သမိုင်း ၊ ဘာသာ ၊ ယုံကြည်ရာများ ၊ သင်္ချာပညာရပ်များ ၊ နက္ခပညာ ရပ်များနှင့်ရှာဖွေတွေ့ရှိ မှုများကိုမှတ်တမ်းအဖြစ် ကျောက်စာများတွင်ထွင်းထု ထားခဲ့ကြသည် ။

မာယာများသည် ခေါက်ထားသည် ပေရွက်များဖြင့်စာအုပ်ပြုလုပ်ခဲ့ကြပြီး ၎င်းကို codices ဟုခေါ်သည် ။ မာယာခေတ် codices စာအုပ် ၄ – အုပ်သည် ယနေ့အချိန်အထိသမိုင်းမှတ်တမ်း အဖြစ်တည်ရှိနေဆဲဟုဆိုသည် ။

မာယာခေတ် ပျောက်ဆုံးခြင်း

အေဒီ ၉၀၀ ခန့်တွင် မာယာလူမျိုးများသည် Palenque, Tikal, နှင့် Copán မြို့များကို စွန့်ခွာသွားခဲ့ကြသည် ။ ထိုမြို့များသည် ယနေ့ဂွာတီမာလာဒေသ မြေနိမ့် ပိုင်းတွင်တည်ရှိပြီး မာယာများစွန့်ခွာခဲ့သည့်အကြောင်းကိုမူ ယနေ့တိုင်မည်သူမျှ မသိကြချေ။

သို့သော်လည်း ပညာရှင်အချို့ကမူ ရေရှားပါ၍ ဟုခန့်မှန်းကြသည်။ သို့သော် အကောင်းပကတိကျန်ရစ်ခဲ့သော မြို့ကြီးများကို ဘာတစ်ခုမှ မယူပဲ ဒီအတိုင်းပစ်သွားခဲ့သည်ကတော့ စဉ်းစားဖို့ကောင်းလှသည်။

ထိုနေရာမှ မာယာအမျိုးအနွယ်များသည် မြောက်ဖက် မက္ကဆီကိုဒေသ Yucatán ကျွန်းဆွယ် သို့ ပြောင်းရွှေ့လာကြပြီး Chichén Itzá နှင့် Mayapán မြို့များကိုထူထောင်ခဲ့ကြသည်ဟု ဆိုကြသည်။

ဤဒေသ သို့ စပိန်များရောက်ရှိ လာပြီးနောက် အေဒီ ၁၅၂၇ခုနှစ်အချိန်တွင် စပိန်လူမျိုး Francisco de Montejo မှ မာယာမျိုးနွယ်တို့၏ Yucatán ဒေသကို သိမ်းယူခဲ့သည် ။

အေဒီ ၁၆၉၇ ခုနှစ်တွင် စပိန်များသည် ကုန်းမြင့်ဒေသတွင်နေထိုင်ကြသည့် မာယာဒေသများကို သိမ်းယူခဲ့ပြီးနောက် မာယာ ခေတ်ပျောက်ကွယ်ခဲ့ရသည် ။

နောက်ပိုင်းမာယာလူမျိုးအများအပြားသည် ဥရောပတိုက်သားများရန်ကြောင်၎င်း ၊ ရောဂါဘယ များကြောင့်လည်ကောင်း အများပြား သေဆုံးခဲ့ကြသည် ။

သို့သော်လည်း တချို့မာယာအုပ်စုများ ကျန်ရှိနေခဲ့သည်ကာ ယနေ့အချိန်ထိ သန်းချီ သည့် မာယာလူမျိုး များမှ ဆင်းသက်လာသူများသည် သူတို့၏ ရိုးရာဝတ်စုံများကိုဝတ်ဆင်ကာ သူတို့၏ ဘာသာစကားများကို ပြောဆိုနေကြဆဲဖြစ်သည် ။

မာယာယဉ်ကျေးမှုအကြောင်းကို ရိုက်ကူးထားသည့်ရုပ်ရှင်များလည်း အများအပြားရှိသည် ။

Academy

Tags: historyknowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!