Saturday, April 10, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့သမိုင်းထဲက စုန်းအဖြစ်စွပ်စွဲကာ ေ_ ဒဏ်အပေးခံရတဲ့သူများ

by Thutamm
November 20, 2020
Reading Time: 1min read
0
ကမ္ဘာ့သမိုင်းထဲက စုန်းအဖြစ်စွပ်စွဲကာ ေ_ ဒဏ်အပေးခံရတဲ့သူများ
Share on FacebookShare on Twitter

ပထမဆုံး တင်ပြချင်တာက စုန်းမအဖြစ်နဲ့ သေဒဏ်ပေးခံခဲ့ရတဲ့ အမျိုးသမီးကြီး တစ်ဦးအကြောင်း ဖြစ်ပါတယ်။ သူကတော့ အိုင်ယာလန်နိုင်ငံက “လေဒီ အဲလစ် ကိုက်တလာ” (Lady Alice Kyteler) ဖြစ်ပါတယ်။

14 ရာစုအတွင်း အိုင်ယာလန်နိုင်ငံမှာ ကြွယ်ဝချမ်းသာတဲ့ ဂုဏ်သရေရှိ အမျိုးသမီးကြီး ဖြစ်ပါတယ်။ အိမ်ထောက်ဆက် 4 ဆက် ထူခဲ့ရာမှာ ပထမအိမ်ထောင် 3 ဆက်စလုံး ထူးဆန်းစွာ သေဆုံးသွားခဲ့ကြပါတယ်။ စတုတ္ထ အိမ်ထောင်ဘက် ဆာဂျွန်လယ်ပိုးဝါး လည်း 1324 ခုနှစ်မှာ နာမကျန်း ဖြစ်လာတော့ ဇနီးသည်ကို သင်္ကာမကင်းဖြစ်ပြီး ဇနီးရဲ့ အခန်းထဲကို ဇွတ်ဖွင့်ဝင်ကြည့်ပါတယ်။ အခန်းထဲမှာ အောက်လမ်းပညာနဲ့ စီမံထားတဲ့ ဆေးဝါးအမျိုးမျိုးတွေနဲ့ ပစ္စည်းမျိုးစုံကို တွေ့ရတယ်လို့ ဆိုပါတယ်။

ခင်ပွန်း ဆာဂျွန်က ဘစ်ရှော့ သြစရီရဲ့ ရုံးတော်ကို တိုင်ကြားပါတယ်။ ဘစ်ရှော့က ပြင်သစ်နိုင်ငံက ပြန်ရောက်စ ဖြစ်ပါတယ်။ အဲဒီ့အချိန်က ပြင်သစ်နိုင်ငံမှာ စုန်းမလို့ စွပ်စွဲခံရသူကို ရုံးတင်စစ်ဆေးပြီး သေဒဏ်အပြစ်ပေးတဲ့ ဖြစ်ရပ်တွေ စတင် ပေါ်ပေါက်နေပါပြီ။ ဒီတော့ ဘစ်ရှော့က လေဒီအဲလစ်အပြင် သားဝီလျံ၊ အစေခံ ပက်ထရိုနယ်လာ တို့ကိုပါ ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။ လေဒီအဲလစ်ဟာ လူသေရဲ့ ခြေသည်း၊ လက်သည်းတွေ၊ မွေးကင်းစ ကလေးငယ်ရဲ့ ဦးနှောက်နဲ့ ဆံပင်တွေ၊ အူ အသည်းတွေကို အဆိပ်ဖြစ်စေတဲ့ အရွက်တွေနဲ့ ရောပြီး လူ့ခေါင်းခွံထဲ ထည့်ပြုတ်ပြီး အောက်လမ်းဆေးဝါးတွေ ဖော်စပ်တယ်လို့ စွပ်စွဲခံရပါတယ်။

ချမ်းသာကြွယ်ဝပြီး သြဇာတိက္ကမ ကြီးမားတဲ့ လေဒီအဲလစ်က အိုင်ယာလန် နန်းရင်းဝန်ကြီးကို ချဉ်းကပ်ပြီး လွတ်အောင် လုပ်နိုင်ခဲ့ပါတယ်။ နောက်တော့ အင်္ဂလန်ကို ထွက်ပြေးလွတ်မြောက်သွားပါတယ်။ သူ့အစေခံ ပက်ထရိုနယ်လာကတော့ ကံဆိုးရှာပါတယ်။ 1324 နိုဝင်ဘာ 3 ရက်နေ့မှာ မီးရှို့ အ _တ် ခံခဲ့ရပါတယ်။ သူဟာ စုန်းအဖြစ် စွပ်စွဲခံရပြီး ပထမဆုံး အ _တ် ခံသွားရသူ ဖြစ်ပါတယ်။

ရှေးခေတ်ကတော့ စုန်းအတတ်ပညာကို မကောင်းမှုကြီး တစ်ခုရယ်လို့ မသတ်မှတ်ပါဘူး။ ရှေ့ဖြစ်ဟောတာ၊ နိမိတ်ဖတ်တာ၊ ရောဂါကုသပေးတာ စတဲ့ အလုပ်တွေ လုပ်ပေးလို့ စုန်းပညာ တတ်တယ် ဆိုသူတွေကို လူတွေက ရိုသေလေးစားမှုတောင် ပြုကြပါတယ်။

7 ရာစုလောက် ရောက်တော့မှ စုန်းအတတ်ပညာကို မကောင်းမှု တစ်ခုအဖြစ် ယူဆပြီး ဥပဒေနဲ့ နှိပ်ကွပ်မှု ပြုခဲ့ပါတယ်။ နှိပ်ကွပ်တယ်ဆိုတာ ခေတ္တဖမ်းထားပြီး အစာငတ် ရေငတ် ထားတာလောက်သာ ဖြစ်ပါတယ်။ _တ် ပစ် တဲ့အထိ မရှိသေးပါဘူး။ 10 ရာစု နှောင်းပိုင်းလောက်ကျတော့ စုန်းလို့ စွပ်စွဲခံရသူတွေကို ရပ်ရွာကနေ နှင်ထုတ်ပစ်လိုက်ပါတယ်။ စုန်းလို့ စွပ်စွဲပြီး ပထမဆုံး ညှင်းပန်းနှိပ်စက်ခံရသူက အဂ္ဂနက် ဖြစ်ပါတယ်။ 1209 ခုနှစ်မှာ ဖမ်းဆီးစစ်ဆေးခံရပြီး သံပူကပ် ပြစ်ဒဏ်ပေးခဲ့ပါတယ်။ သေဒဏ်တော့ မရှိသေးပါဘူး။

1563 ခုနှစ် ကျတော့မှ အင်္ဂလန်နိုင်ငံနဲ့ စကော့တလန်မှာ စုန်းအတတ်ပညာကို ရာဇဝတ်မှုအဖြစ် သတ်မှတ်တဲ့ ဥပဒေ ပြဋ္ဌာန်းပြီး ေ_ ဒဏ် သတ်မှတ်ခဲ့ပါတယ်။ အဲဒီ့ ဥပဒေ ပြဋ္ဌာန်းပြီး ပထမဆုံး သေဒဏ်ပေးခံရသူက 1566 ခုနှစ်မှာ ကြိုးဆွဲချ အ_တ်ခံလိုက်ရတဲ့ အဂ္ဂနက်စ် ဝါးတားဟောက်စ် (Agnes Waterhouse) ဖြစ်ပါတယ်။ သူက ကြောင်တစ်ကောင် မွေးထားပြီး အဲဒီ့ကြောင်နဲ့ လူတွေကို _တ်လေ့ရှိတယ်လို့ စွပ်စွဲခံခဲ့ရတာပါ။ သူ့ခင်ပွန်းကိုလည်း _တ်ခဲ့တယ်လို့ ဆိုပါတယ်။

စကော့တလန်မှာတော့ စုန်းမအဖြစ် စွပ်စွဲခံရသူကို မီးရှို့ _တ် လေ့ရှိပါတယ်။ စုန်းမလို့ အစွပ်စွဲခံရပြီး နောက်ဆုံး ကြိုးဆွဲချ အ_တ်ခံခဲ့ရတဲ့ အင်္ဂလိပ် အမျိုးသမီးက 1684 ခုနှစ်မှာ အ _တ်ခံခဲ့ရတဲ့ အဲလစ်မော်လန် (Alice Molland) ဖြစ်ပါတယ်။

အဲဒီ့နောက်တော့ စုန်းလို့ စွပ်စွဲပြီး _တ်ဖြတ်တာမျိုး မရှိတော့ပါဘူး။ စကော့တလန်မှာတော့ 1727 ခုနှစ်က မီးရှို့အ_တ်ခံခဲ့ရတဲ့ ဂျဲနက်ဟွန်း (Janet Horne) ဟာ နောက်ဆုံး ဖြစ်ပါတယ်။

လူထုစိန်ဝင်း

Via : ဗဟုသုတကြယ်စင် Group

 

Tags: world people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!