Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

သမိုင်းထဲက ကမ္ဘာကျော်စစ်ဗိုလ်ချုပ်ကြီး (သို့) ဟန်နီဘော်

by Thutamm
July 27, 2019
Reading Time: 1min read
0
သမိုင်းထဲက ကမ္ဘာကျော်စစ်ဗိုလ်ချုပ်ကြီး (သို့) ဟန်နီဘော်
Share on FacebookShare on Twitter

ဟန်နီဘော် သည် ရှေးကားသေ့နိုင်ငံမှ စစ်ပညာ၌ အထူးကျွမ်း ကျင်သော ဗိုလ်ချုပ်ကြီး ဖြစ်သည်။ စစ်ရေးစစ်ရာနှင့် စပ်လျဉ်း၍ ဆိုင်ပြိုင်ရသောအခက် အခဲတို့ကို စစ်ပရိယာယ် ဆင်လျက် ကျော်နင်းခဲ့ပုံများမှာ အံ့ချီး ဖွယ်ရာ ဖြစ်လေသည်။ ဟန်နီဘော် အကျပ်အတည်းနှင့် တွေ့ကြုံ နေရသည့်အခါ မိမိဘက်သို့ အရေးသာလာအောင် ထိုအခြေ အနေကို ပြောင်းလဲနိုင်သော အရည်အချင်းရှိသူ ဖြစ်၏။ မိမိတို့ ဘက်ကထက် အင်အားပို၍ ကြီးမားသော ရန်သူတပ်များကို လည်း နိုင်အောင်တိုက်နိုင်သော စစ်သူရဲကောင်းဖြစ်သည်။

ထိုကြောင့် ဟန်နီဘော် သည် သူရသတ္တိရှိသော ဗိုလ်ချုပ်ကြီး ဖြစ်ရုံ မျှမက သေနင်္ဂဗျူဟာအရာ၌လည်း ထက်မြက်သူ ဖြစ်ပေသည်။ ဟန်နီဘော် သည် ရောမတို့၏ ကြီးစိုးမှုကို ချိုးနှိမ်ရန် ရည်ရွယ် ချက် မအောင်မြင်ခဲ့သော်လည်း သူ၏ ဇွဲသတ္တိကိုမူကား ကမ္ဘာ့သမိုင်းတွင် ရှေးခေတ် စစ်ခေါင်းဆောင်တို့နှင့် ယှဉ်ပြိုင် ၍ မှတ်တမ်းတင်ခဲ့ကြရလေသည်။

ထိုအချိန်က မြေထဲပင်လယ်ဒေသတွင် ရောမတို့နှင့် ကားသေ့တို့ အားပြိုင်နေကြသည်။ ရောမတို့က အီတလီ ကျွန်းဆွယ်တစ်ခုလုံးကို သိမ်းပိုက် အုပ်စိုးလျက်ရှိသည်။ ကားသေ့တို့က အာဖရိကတိုက်မြောက်ပိုင်းနှင့် မြေထဲပင်လယ် အနောက်ပိုင်းတွင် ကြီးစိုးလျက် ရှိသည်။ ပထမ ပျူးနစ်စစ်ပွဲ (ဘီစီ ၂၆၄-၂၄၃)တွင် ကားသေ့တို့ အရေးနိမ့်ခဲ့ကြသည်။

ကားသေ့တို့သည် ရောမတို့ကို အခဲမကြေသဖြင့် ကားသေ့ ဗိုလ်ချုပ်ကြီး ဟမီးလကားဗားကားသည် စပိန်ကို နယ်သစ် အဖြစ် သိမ်းသွင်းရန် စစ်ချီလေသည်။ ဗိုလ်ချုပ်ကြီး ဟမီး လကား၏ သား ကိုးနှစ်သားအရွယ်ရှိ ဟန်နီဘော် ကလည်း နောင် တစ်နေ့တွင် ရောမတို့ရန်စွယ်ကို အပြီးအပိုင် ချိုးနှိမ်ပါမည်ဟူ သော အဓိဋ္ဌာန်ဖြင့် စစ်ရေးစစ်ရာကို လေ့လာရန် ဖခင်နှင့်အတူ လိုက်ပါခဲ့လေသည်။

ဟန်နီဘော် သည် ဖခင်ဗိုလ်ချုပ်ကြီး လက်အောက်တွင် စစ် ပညာကို စေ့စေ့စုံစုံ လေ့လာခဲ့ရလေသည်။ ဖခင် ကွယ်လွန်လေ သော် ယောက်ဖတော်သူ ဟက်ဇဒြူးဗော လက်အောက်တွင် ဆက်လက်၍ စစ်မှုထမ်းသည်။ တစ်ဖန် ဘီစီ ၂၂၁ ခုနှစ်တွင် ဟက်ဇဒြူးဗော ကွယ်လွန်သဖြင့် အသက် ၂၅ နှစ်အရွယ်မျှသာ ရှိသော ဟန်နီဘော်ကို ကားသေ့စစ်ဗိုလ်ချုပ်အဖြစ် တင်မြောက်ကြ သည်။

ဟန်နီဘော် သည် ငယ်စဉ်ကတည်းက စစ် တိုက်ခိုက်ရေး ဘက်တွင် အတွေ့အကြုံများခဲ့သူဖြစ်သည့်အပြင် ပင်ကိုယ် တိုက်ရည်ခိုက်ရည်လည်း ရှိသူဖြစ်၍ မိမိပြုခဲ့သော အဓိဋ္ဌာန် အတိုင်း ရောမတို့ကို နှိမ်နင်း တိုက်ခိုက်ရန် ဒုတိယ ပျူးနစ် စစ်ပွဲ(ဘီစီ ၂၁၈-၂ဝ၁)ကို ပြင်ဆင်လေသည်။

ဟန်နီဘော် သည် ရောမတို့ကို အီတလီမြေပေါ်တွင် နှိမ်နင်း အောင်မြင်ရမည်ဟု စွဲမြဲစွာ ယုံကြည်သူဖြစ်ရာ ရာဇဝင်တွင် သည့် စစ်ကြောင်းဖြင့် ရောမမြို့သို့ ချီတက်ခဲ့လေသည်။ ဗိုလ်ချုပ်ကြီး ဟန်နီဘော် သည် ခြေလျင် စစ်သား ၅ဝဝဝဝ၊ မြင်းသည်တပ်သား ၉ဝဝဝ နှင့် ဆင်များလည်း ပါဝင်သော ကားသေ့စစ်တပ်ကို ဦးစီးလျက် စပိန်အရှေ့ဘက်ကမ်းခြေ တစ်လျှောက်မှ ပီးရနီးတောင်တန်းကို ဖြတ်ကျော်၍ ဂေါလ (ပြင်သစ်)နိုင်ငံသို့ ဝင် ရောက်ခဲ့သည်။ ထိုအရပ်မှတစ်ဖန် ရုန်းမြစ်ကို ဖြတ်ပြီးလျှင် အီတလီမြောက်ပိုင်း အဲ့လပတောင် ခြေသို့ ဆောင်းရာသီတွင် ဆိုက်ရောက်လေသည်။

အပူပိုင်း အရပ်များတွင် နေသားကျခဲ့သော ကားသေ့စစ်သား တို့သည် နှင်းဖုံး၍ မြင့်မားမတ်စောက်သော အဲ့လပတောင်တန်းကို ခဲယဉ်းပင်ပန်းစွာ ဖြတ်ကျော်ကြရလေသည်။ ထိုသို့သော ခရီး ကြမ်းကို ချီတက်လာကြရာ၌ ရာသီဥတု အအေးဒဏ်ကြောင့် သော်လည်းကောင်း၊ တောင်စောင်းမှ မတော်တဆ ခြေချော် လက်ချော် ကျဆုံးခြင်းကြောင့်သော်လည်းကောင်း၊ အနာရောဂါ ကြောင့်သော်လည်းကောင်း ခြေချမိသောအခါ ဟန်နီဘော် တွင် တပ်သားပေါင်း သုံးပုံတစ်ပုံမျှလောက်သာ ကျန်တော့သည်။

ဗိုလ်ချုပ်ကြီး ဟန်နီဘော် သည် မြင်းတပ်သားများကို တွင်ကျယ်စွာ အသုံးချ၍ ရောမတပ်များကို ထရက် ဗီယာ မြစ်တိုက်ပွဲနှင့် ထရပ်စီးမီးနပ်အိုင် တိုက်ပွဲတို့တွင် တိုက်ခိုက် အောင်မြင်ခဲ့လေသည်။ ထိုအခါ ရောမတို့သည် ကားသေ့ စစ်တပ်၏ ရန်ကို ဖြိုဖျက်ရန်အတွက် ကွင်းတပ်ဖေးဗီးယပ် မက်ဆီမပ်ဆိုသူကို ခေါင်းဆောင် အပ်နှင်းခဲကြသည်။ ဖေးဗီး ယပ်သည် တောင်ဘက်သို့ ဆင်းလာသော ကားသေ့တို့၏ တပ်နှင့် ရင်ဆိုင်တိုက်ခိုက်ခြင်း မပြုဘဲ နောက်ဆွယ်မှလိုက်၍ အနှောင့်အယှက် အမျိုးမျိုးဖြင့် ရန်သူ ပန်းရိနွမ်းနယ်လာအောင် ပြုလုပ်သည်။

ဘီစီ ၂၁၆ ခုနှစ်တွင် တပ်သားပေါင်း ခုနစ် သောင်းနီးပါးမှ တစ်သိန်းနီးပါးမျှ ပါဝင်သော ရောမစစ်တပ်နှင့် ဟန်နီဘော် ၏ တပ်တို့သည် အီတလီ အရှေ့တောင်ဘက် ကမ်းခြေ အနီးရှိ ကန္နီးမြို့၌ ရင်ဆိုင် တိုက်ခိုက်ကြလေသည်။ ဟန်နီဘော် ၏ တပ်များသည် လူအင်အားချင်း မမျှသော်လည်း ကန္နီးတိုက်ပွဲ တွင် ရောမ တို့ကို တပ်လုံးနီးပါးမျှပြုတ်အောင် ချေမှုန်းနိုင်ခဲ့ ကြသည်။ ထိုတိုက်ပွဲ၌ ရောမတို့ဘက်တွင် ထိပ်တန်းအရာရှိ များ၊ သူကောင်းမျိုးနွယ်များ မြောက်မြားစွာ ကျဆုံးခဲ့လေသည်။

ရောမသမိုင်းပညာရှင် လီဗီ(Livy) က ဟန်နီဘောအား”သူသည် ခြေလျှင်စစ်သည်တွေနှင့် မြင်းစီးစစ်သည်တွေထဲမှာ အကောင်းဆုံးအတော်ဆုံးဖြစ်သည်။ တိုက်ပွဲမှာ ရှေ့ကနေ၍ နောက်ဆုံးမှ ဆုတ်ခွာသူဖြစ်သည်” ဟု ဆိုသည်။ ဟန်နီဘော်သည် တိုက်ပွဲများစွာတွင် အင်အားသာလွန်သောရောမတို့အပေါ် အောင်ပွဲဆင်နိုင်ခဲ့သည်။ ရောမအင်ပါယာတစ်ခုလုံးကို သိမ်းပိုက်ရန် ပထမဆုံး အစွန်အဖျားဒေသများကို စတင်သိမ်းပိုက်ခဲ့သည်။ အင်အားနှစ်ဆ ရှိသော ရောမတပ်တို့အပေါ်အောင်ပွဲဆင်ခဲ့သည် တိုက်ပွဲအပြီးတွင် ညီဖြစ်သူ မဟာဘော်က ရောမအင်ပါယာတစ်ခုလုံးကို သိမ်းပိုက်သင့်ကြောင်းအကြံပေးခဲ့သည်။ သို့သော် ထိုအကြံကိုလက်ခံခြင်း မပြုခဲ့ပဲ နှုတ်ဆက်နေခဲ့ခြင်းသည် ဟန်နီဘော်၏ မဟာအမှားပင်ဖြစ်သည်။ ရောမကို သိမ်းပိုက်နိုင်ပါလျှက်မသိမ်းပိုက်နိုင်ခဲ့တော့ပေ။

နောက်ပိုင်းတွင်ရောမတို့ အင်အားပြန်ကောင်းလာကာ ပင်လယ်ကို ကြီးစိုးလျက်ရှိသဖြင့် ဟန်နီဘော် ထံသို့ ကားသေ့မှ စစ်ကူမပို့နိုင်တော့ချေ။ ဘီစီ ၂ဝ၈ ခုနှစ်တွင် ဟန်နီဘော် ၏ညီ ဟက်ဇဒြူး ဘော်သည် စပိန်ဘက်မှ စစ်ကူလာခဲ့သော်လည်း ရောမတို့က ဆီးကြို တိုက်ခိုက်သဖြင့် တပ်ပျက်သွားလေသည်။ ရောမတို့သည် စစ်ပရိယာယ်ကိုပြောင်း၍ အာဖရိကတိုက်ရှိ ကားသေ့နိုင်ငံဘက်သို့ စစ်ဦးလှည့်ကြသည်။ ရောမတပ်များကို ဗိုလ်ချုပ် ဆစ်ပီယိုက ခေါင်းဆောင်သည်။

ထိုအခါ အီတလီ နိုင်ငံ၌ရှိနေသေးသော ဗိုလ်ချုပ် ဟန်နီဘော်ကို ကားသေ့သို့ ပြန် ခေါ်ရသည်။ ဘီစီ ၂ဝ၂ ခုနှစ်တွင် ရောမတပ်များနှင့် ဇေးမား အရပ်၌ ယှဉ်ပြိုင် တိုက်ခိုက်ရာ ကားသေ့တို့ အရေးနိမ့်၍ စစ် ရှုံးလေသည်။ ကားသေ့တို့သည်လည်း ရောမတို့ထံ၌ အညံ့ခံ၍ စစ်ပြေငြိမ်းရလေသည်။ ထိုသို့အားဖြင့် ဒုတိယ ပျူးနစ်စစ်ပွဲ ပြီးဆုံးသည်။

ဗိုလ်ချုပ် ဟန်နီဘော် သည် စစ်မှုထမ်းအဖြစ်မှ ထွက်၍ ကားသေ့နိုင်ငံ ပြန်လည် ထူထောင်ရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်လေသည်။ ဟန်နီဘော် ၏ ကြိုးပမ်းမှုကြောင့် ကားသေ့ နိုင်ငံသည် စီးပွားရေး တိုးတက်လာပြန်ရာ ရောမတို့က မိမိ တို့အား အန်တုမည်ကို စိုးရွံ့ကြသည်။ ထိုကြောင့် ခေါင်းဆောင် ဟန်နီဘော် ကို ယင်းသို့ လက်သို့ ပေးအပ်ရန် တောင်းဆိုသည်။ ထိုအခါ ဟန်နီဘော် သည် အာရှမိုင်းနားသို့ ထွက်ပြေး တိမ်းရှောင် ခဲ့ရလေသည်။

ဦးစွာ၌ ဆီရီးယားဘုရင်နှင့် ပူပေါင်း၍ ရောမ တို့၏ ရန်ကို တိုက်ဖျက်ရန် အားထုတ်သည်။ သို့ရာတွင် အရေးမသာသောကြောင့် ဗစ်သီးနယားနိုင်ငံသို့ ထွက်ပြေးရ ပြန်သည်။ တစ်ဖန် ရောမတို့သည် ဟန်နီဘော် ကို လက်ရဖမ်း မိရန် ကြိုးစားကြလေသည်။ ဟန်နီဘော် လည်း လွတ်မြောက်ရန် လမ်းမရှိတော့သဖြင့် မိမိလက်စွပ်၌ဝှက်၍ အစဉ်ဆောင်ထား သည့် အဆိပ်ကို သောက်ကာ သူ၏ဘဝကို အဆုံးသတ်သွား လေသည်။
(ဟန်နီဘော်၏ ကာသေ့ပြည်သည် လက်ရှိ တူနီးရှားနိုင်ငံဖြစ်သည်။)

Tags: world historyworld people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!