Sunday, April 11, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

သမိုင်းတွင်ခဲ့သော အမှား ၉ ခု

by Thutamm
January 2, 2020
Reading Time: 1min read
0
သမိုင်းတွင်ခဲ့သော အမှား ၉ ခု
Share on FacebookShare on Twitter

အမှားဆိုတဲ့အရာနဲ့တော့ ကင်းအောင်နေနိုင်ဖို့ဆိုတာ လူသားတွေအတွက်တော့ မဖြစ်နိုင်လောက်ပါဘူး။ အဲဒီအမှားတွေကို သင်ခန်းစာယူပြီးရှေဆက်သွားနိုင်ပါမှ တိုးတက် အောင်မြင်တဲ့ ဘဝတွေကိုပိုင်ဆိုင်ကြရတာပါ။ ဒါပေမဲ့ တစ်ချို့သောအမှားတွေကတော့ ပြန်လည်ပြင်ဆင်နိုင်ဖို့ အခွင့်အရေးပေးမှာမဟုတ်ပဲ တိုက်ဆိုင်ချိန်တိုင်း ကြီးစွာသောဆုံး ရှုံးမှုတွေအကြောင်းကို တမြေ့မြေ့တွေးတောနေရမှာပါ။

ဒီနေရာမှာ မျှဝေပေးချင်တာ ကတော့ ကမ္ဘာပေါ်မှာ ဖြစ်ပွားခဲ့တဲ့လူသားတွေရဲ့ အကြီးမားဆုံးမှားယွင်းမှုတွေ အကြောင်းပဲဖြစ်ပါတယ်။ တစ်ဦးတစ်ယောက် မှသည်အဖွဲ့အစည်းအလိုက် မှားယွင်းတဲ့ အတွေးအေခေါ်ကြောင့် လူ့အသက်များစွာ၊သမိုင်းဝင်အမွေအနှစ်များစွာ၊ငွေကြေး တန်ဖိုးများစွာ ဆုံးရှုံးပျက်ဆီးခဲ့ရပါတယ်။

(၉) သြစတီးယားစစ်တပ်ရဲ့ အချင်းချင်းမှားယွင်းပစ်ခတ်မှု

၁၇၈၇ ကနေ ၁၇၉၁ ခုနှစ်အထိ အော်တိုမန်အင်ပါယာနဲ့ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေ အတွင်း Karansbes စစ်ပွဲမှာတော့ သြစတီးယားစစ်သည်တွေဟာ အချင်းချင်းမှားယွင်းပစ်ခတ်ခဲ့တာကြောင့် စစ်သည်(၁၂၀၀)လောက်ကျဆုံးခဲ့ရပါတယ်။ ၁၇၈၈ခုနှစ်၊စက်တင်ဘာလ(၂၂)ရက်နေ့ ည သန်းခေါင်အချိန်မှာ တူရကီတွေထိန်းချုပ် ထားတဲ့ Timis မြစ်ကမ်း အနီးရှိ Karansbes(ယခု ရိုမေးနီးယားနိုင်ငံ Caransedesမြို့) ပတ်ဝန်းကျင်မှာ မြို့သိမ်းတိုက်ပွဲဝင်ရန် တပ်ဖြန့်ထားတဲ့ သြစတီးယားစစ်သည်တွေဟာ မှားယွင်းတဲ့ပစ်ခတ်မှုတစ်ခုကနေ စတင် ပြီး အချင်းချင်းပြန်လည် တိုက်ခိုက်ခဲ့ကြတာကြောင့် ကမ္ဘာစစ်သမိုင်းမှာ အဆိုးရွားဆုံး သောဖြစ်ရပ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

(၈) Alexandria စာကြည့်တိုက်မီးလောင်ခဲ့မှု

အီဂျစ်နိုင်ငံမှာတည်ရှိတဲ့ Alexandria စာကြည့်တိုက်ဟာ ရှေးခေတ်ကာလရဲ့ အကြီးမား ဆုံးနဲ့ အစုံလင်ဆုံးသော စာပေဗိမာန်တစ်ခုအဖြစ် သမိုင်းပညာရှင်တွေအားလုံး က သတ်မှတ်ခဲ့ကြပါတယ်။ ရှေးအီဂျစ်မင်းဆက်ရဲ့ နောက်ဆုံးမင်းဆက် Ptolemaic မင်းဆက်ရဲ့ ဘုရင် Ptolemy I Soter လက်ထက်က စတင်တည်ထောင်ခဲ့တဲ့ Alexandria စာကြည့်တိုက်ဟာ သမိုင်းပြခန်းတစ်ခုလို့ဆိုရလောက်အောင် ကမ္ဘာအမွေအနှစ်စာအုပ်၊စာပေ၊မှတ်တမ်း လက်ရာ၊ ပန်းချီကားတွေကို ထိန်းသိမ်းထားတာဖြစ်ပြီး ၊စာလိပ်/ပေလိပ်(ယင်းကာလ က စာအုပ်မပေါ်သေး) (၄၀၀၀၀၀)လောက်ကို စာအုပ်စင်တွေအပြည့် ထားရှိတာပါ။

အဲဒီစာကြည့်တိုက်ကြီးဟာ မတော်တဆလောင်ကျွမ်းတဲ့ မီးကြောင့် ပျက်စီးခဲ့ရပါတယ်။ စာပေလောကသားတွေအတွက် အစားထိုးမရတဲ့ဆုံးရှုံးမှုဖြစ်ခဲ့ရပြီး မီးလောင်ကျွမ်းမှု ဖြစ်စဉ်ဟာ ရောမစာရေးဆရာတစ်ယောက်ရဲ့ အခန်းကနေစတင်လောင်ကျွမ်းခဲ့ပြီး အတွင်းပိုင်းမှာ လှိုက်လှောင်နေတာကြောင့်လူမသိပဲ မီးတောက်ကြီးမားလာမှ သိရှိခဲ့ ကြပါတယ်။ အများစုဟာ မီးကိုငြိမ်းသတ်ဖို့ မကြိုးစားပဲ ထွက်ပြေးခဲ့တာကြောင့် အခြေအနေ အလွန်ဆိုးရွားခဲ့တာဖြစ်ပါတယ်။

အချို့သောသမိုင်းပညာရှင်တွေကတော့ ၄၈ ဘီစီမှာ ဂျူးလီယက်ဆီဇာရဲ့ လက်ချက် ကြောင့် ပျက်စီးခဲ့ရတာလို့ဆိုပါတယ်။ ဒါကလည်းဂျူးလီးယက်ဆီဇာရဲ့ မှတ်တမ်းတစ်ခု အရဖြစ်ပြီး Alexandriaမြို့သားတွေနဲ့တိုက်ခိုက်ခဲ့တဲ့ ရေတပ်တိုက်ပွဲမှာ သူရဲ့ရေတပ်ကို Alexandriaမြို့သားတွေက ပြိုကွဲသွားဖို့အားထုတ်ရာမှ ဂျူးလီးယက်ဆီဇာတပ်က မီးကို အသုံးပြုပြီး တန်ပြန်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။ ဒါကြောင့် ကမ်းနားမှာရှိတဲ့ ဒေါက်ရုံက နေလောင်ကျွမ်းတဲ့မီးဟာ Alexandria စာကြည့်တိုက်ကို ကူးစက်ခဲ့တာလို့ဆိုပါတယ်။ ဂျူးလီးယက်ဆီဇာအနေနဲ့ Alexandria စာကြည့်တိုက်ရဲ့ တန်ဖိုးကိုနားလည်ပေမဲ့ စစ်ပွဲ ကာလအတွင်းမှာဖြစ်နေတာ အခွင့်မသာခဲ့ကြောင်း ရေးသားထားခဲ့ပါတယ်။

(၇) စောင်းနေတဲ့ ပီဆာမျှော်စင်

အီတလီနိုင်ငံ Pisa မြို့မှာရှိတဲ့ ကမ္ဘာကျော်ပီဆာမျှော်စင်ဟာ (၁၈၃.၃)ပေအထိ အမြင့် ရှိပြီး ၁၁၇၃ ကနေစတင်တည်ဆောက်ခဲ့ရာ ၁၃၇၂ ခုနှစ်ရောက်မှအပြီးသတ် ဆောက် လုပ်ပြီးစီးနိုင်ခဲ့ပါတယ်။ ယခုအချိန်မှာတော့ ယူနက်စကိုရဲ့ ကမ္ဘာအမွေ အနှစ်အဖြစ် အသိအမှတ်ပြု ထိန်းသိမ်းစောင့်ရှောက်ခြင်း ခံနေရပြီးဖြစ်တဲ့ ပီဆာမျှော်စင်ဟာ အီတလီ နိုင်ငံရဲ့ ပြယုဒ်တစ်ခုပမာဖြစ်လို့ နေတာပါ။ စကျင်ကျောက်တွေကိုအသုံးပြုပြီး တည်ဆောက်ထားတဲ့ ပီဆာမြို့စင်ဟာ Romanesque စတိုင်တည်ဆောက်ထားတာ လည်းဖြစ်ပါတယ်။

အံ့သြသင့်စရာကောင်းတဲ့ အချက်ကတော့ ပီဆာမျှော်စင်ကိုစတင် တည်ဆောက်ဖို့ဆုံးဖြတ်ချက်ချချိန်မှာ အီတလီတာဝန်ရှိသူတွေက ပီဆာမျှော်စင်ကို (၁၀)နှစ်အတွင်းပြီးစီးအောင် တည်ဆောက်နိုင်မယ်လို့ ယုံကြည်ခဲ့ပါတယ်။ အမှန် တကယ်တည်ဆောက်ခဲ့ချိန်မှာတော့ (၁၉၉)နှစ်ကြာမြင့်ခဲ့ပါတယ်။ စောင်းသွားတုန်းကတကြိမ် ၊ စစ်ပွဲကာလတွေတုန်းကတစ်ကြိမ် ၂ကြိမ်ရပ်နားခဲ့ရလို့ဖြစ်ပါတယ်။

(၆) ပုလဲဆိပ်ကမ်းကိုတိုက်ခိုက်အောင်နိုင်ခဲ့တဲ့ ဂျပန်တွေရဲ့အမှားများ

၁၉၄၁ ခုနှစ်၊ဒီဇင်ဘာ(၇)ရကနေ့က ဂျပန်စစ်တပ်ရဲ့အလစ်အငိုက်ထားတိုက်ခိုက်မှု ကြောင့် အမေရိကန်ရဲ့ ပစိဖိတ်ရေတပ်ကြီးအတော်အထိနာခဲ့ပါတယ်။ ဂျပန်တွေဟာ ဒီအကြံကို ကာလအတန်ကြာထဲကစီစဉ်ခဲ့တာဖြစ်ပေမဲ့ သူတို့ဟာ ကြီးမားတဲ့ အမှားကို လွန်ခဲ့တယ်လို့ဆိုရပါမယ်။ ဘာကြောင့်လဲဆိုတော့ဂျပန်တွေဟာ တိုက်ခိုက်တဲ့နေ့ကို အလုပ်ပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့ကို ရွေးခဲ့တာကြောင့် အမေရိကန်စစ်သည် ၂၃၀၀ လောက်ရဲ့ အသက်ကိုသုတ်သင်နိုင်ခဲ့တာပါ။

တစ်ခြားဂျူတီထမ်းဆောင်နေချိန်ကို ရွေးမယ်ဆိုရင် ယခုသေဆုံးတဲ့ အရေအတွက်ထက် (၁၀)ဆမက ပိုနိုင်တယ်လို့ အမေရိကန်အဆင့်မြင့်အရာရှိကြီးတွေကိုယ်တိုင် ဝန်ခံထားတာပါ။ ဒါအပြင် အမေရိကန်ရေငုပ် သင်္ဘောနေရာ၊ လောင်စာဆီတွေသိုလှောင်တဲ့နေရာ၊ သဘောၤဒေါက်ကျင်းတွေကို မဖျက်ဆီးနိုင်ခဲ့ပါဘူး။ ဂျပန်စစ်တပ်ဟာ အဲဒီအဆောက်အအုံနဲ့ နေရာတွေရဲ့တည်နေရာ ကိုသိရှိနေပေမဲ့ မလိုအပ်ဘူးထင်လို့ ချန်ထားခဲ့တဲ့သဘောဖြစ်နေပါတယ်။ ပိုဆိုး တာက အမေရိကန်သင်္ဘောဒေါက်ကျင်းတွေကို မဖျက်ဆီးခဲ့တာဖြစ်ပြီး ဒီထက်ပိုဆိုးတာက အမေရိကန်လေယာဉ်တင်သင်္ဘော (၃)စီးဟာ ပုလဲဆိပ်ကမ်းတိုက်ခိုက်ခံနေရချိန်မှာ မရှိနေတာဖြစ်ပါတယ်။

ဒါကြောင့်ဂျပန်တွေဟာ တိုက်ပွဲတစ်ပွဲကိုနိုင်လိုက်သလို ဖြစ်နေ ပြီး စစ်ပွဲတစ်ခုလုံးနဲ့တော့ မသက်ဆိုင်ပဲ အထက်မှာဖော်ပြခဲ့တဲ့ မလိုအပ်ဘူးထင်တဲ့ အဆောက်အအုံတွေကို အသုံးပြုပြီး အမေရိကန်စစ်တပ်ဟာ ဂျပန်ကျွန်းဆွယ်တစ်ခုပြီး တစ်ခုကို ထိုးစစ်ဆင်နိုင်ခဲ့ပါတယ်။တကယ်လို့ ဂျပန်တွေအနေနဲ့ ပုလဲဆိပ်ကမ်းကို မတိုက်ခိုက်ပဲ တစ်ခြားနည်းနဲ့ ဒုတိယကမ္ဘာစစ်ထဲကို ဝင်ခဲ့ရင်တောင် စစ်ပွဲရဲ့ အခြေအနေဟာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်ပါတယ်။

(၅) ထရိုဂျန်မြင်းရုပ် နဲ့ ထရွိုင်းမြို့

ဟိုးယခင်ကာလတွေတုန်းကတော့ ထရိုဂျန်မြင်းရုပ်ထဲကို များစွာသော ဂရိစစ်သည် တွေကိုဝင်ရောက်စေပြီး အထိမ်းအမှတ်ပစ္စည်းတစ်ခုကိုပဲ ဂရိစစ်တပ်ကကျန်ခဲ့သယောင် ပြုလုပ်ကာ ပရိရာယ်ကိုသုံးပြီး ထရွိုင်းမြို့ကိုသိမ်းပိုက်ခဲ့တဲ့ ဖြစ်စဉ်ဟာ ဒဏ္ဍာရီ ပုံပြင်တစ်ခုလို့ပဲ အားလုံးကယူဆခဲ့ကြပါတယ်။ ဒါပေမဲ့ (၁၈၆၀)ခုနှစ်မှာတော့ တူရကီနိုင်ငံရဲ့ ကမ်းရိုးတန်းဒေသတစ်ခုမှာ ရှေးခေတ်ဟောင်း မြို့တစ်မြို့ကိုတူးဖော်တွေ့ရှိခဲ့ပါတယ်။

ပညာရှင်တွေရဲ့ လေ့လာချက်တွေအရ လွန်ခဲ့တဲ့ နှစ်ပေါင်း(၄၀၀၀)လောက်ကတည်းက ထရွိုင်းမြို့ဟာ အမှန်တကယ်တည်ရှိနေခဲ့ပြီး၊ ဂရိနဲ့ထရိုဂျန်တို့ရဲ့စစ်ပွဲကာလအတွင်းမှာလည်း ဂရိတွေဟာ အလွန်ကြီးမားတဲ့ သစ်သား မြင်းရုပ်ကြီးကို အသုံးပြုပြီး ဒီစစ်ပွဲကို အနိုင်တိုက်ခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်ဟာ မှန်ကန်ကြောင်း အဖြေထွက်ခဲ့ပါတယ်။

(၄) ပြည်နယ်တစ်ခုလုံးကို ရောင်းချမိလိုက်တဲ့ရုရှား

ရုရှားနဲ့ အမေရိကန်ပြည်ထောင်စုဟာ စစ်အေးတိုက်ပွဲကာလမှသည် ယနေ့အချိန်ထိ နယ်ပယ်ပေါင်းစုံမှာ ပြိုင်ဆိုင်လျက်ရှိနေပါတယ်။ ဒါပေမဲ့ သမိုင်းကြောင်းအရတော့ ရုရှား တွေဟာ သူတို့ရဲ့ နယ်မြေဖြစ်တဲ့ Alaska ပြည်နယ်တစ်ခုလုံးကိုတော့ အသုံးမလိုတဲ့ ရေခဲပြင်ကြီးဖြစ်တယ်လို့ယူဆပြီး အမေရိကန်ပြည်ထောင်စုထံကို (၁၈၆၇)ခုနှစ်မှာတော့ အမေရိကန်ဒေါ်လာ (၇.၂)သန်းနဲ့ရောင်းချခဲ့ပါတယ်။

၂၀၁၇ ခုနှစ်ကစာရင်းတွေအရတော့ Alaska ပြည်နယ်ရဲ့လူဦးရေဟာ(၇၄၀၀၀၀)ကျော် လောက်သာရှိပေမဲ့ ရေနံနဲ့သဘာဝဓာက်ငွေ့အလွန်ပေါကြွယ်ဝပြီး ပင်လယ်ငါးဖမ်းလုပ် ငန်းလုပ်ကိုင်နိုင်တဲ့ဒေသ ဖြစ်နေတာကြောင့် အမေရိကန်ပြည်ထောင်စုအတွက် များစွာ အကျိုးဖြစ်ထွန်းခဲ့ပါတယ်။ ရုရှားနိုင်ငံအတွက်တော့ နည်းပညာနဲ့ လေ့လာဆန်းစစ် ပိုင်းအားနည်းမှုတွေကြောင့် Alaska ပြည်နယ်ကိုရောင်းချလိုက် တာဟာ အလွန်ကြီးမားတဲ့အမှားကိုကျူးလွန်လိုက်သလို ဖြစ်ခဲ့ရပါတယ်။

(၃)သြစတေးလျတိုက်ကို အရင်ဆုံးရှာတွေ့ခဲ့တဲ့ ဒတ်ချ်တွေရဲ့မဟာအမှား

အင်္ဂလိပ်နဲ့ဒတ်(ချ်)တွေဟာ ကမ္ဘာသမိုင်းမှာအပြိုင်အဆိုင် ကိုလိုနီနယ်ချဲ့ခဲ့တဲ့ လူမျိုးတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ကိုလိုနီနယ်တွေကနေ အကျိုးအမြတ်များစွာကိုရယူ နိုင်ခဲ့ ပြီး နေမဝင်အင်ပါယာကဲ့သို့သော နယ်မြေကျယ်ကြီးတွေကိုပိုင်ဆိုင်ခဲ့ကြပါတယ်။ အထူးသဖြင့်ဒတ်(ချ်)လူမျိုးတွေဟာ ပင်လယ်ရေကြောင်းသွားလာရေးလမ်းကြောင်း ကို အင်္ဂလိပ်၊ပြင်သစ်တို့ထက် ပိုမိုခြေလှမ်းသွတ်ခဲ့ပြီး သြစတေးလျတိုက်ကို အရင်ဦးဆုံး ရှာတွေ့နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဒတ်(ချ်)တွေဟာ သြစတေးလျတိုက်ကြီးကို အသုံးမဝင်တဲ့ ကန္တာရဒေသတစ်ခုလို့လွဲမှားစွာသတ်မှတ်ခဲ့တာကြောင့် အကျိုးခံစားခွင့်များစွာကို လက်လွှတ်ခဲ့ရပါတယ်။ သူတို့သြစတေးလျတိုက်ကိုတွေ့ရှိပြီး နောက်နှစ်ပေါင်း(၁၀၀) လောက်အကြာမှာ အင်္ဂလိပ်တွေဟာ သြစတေးလျတိုက်ကို တွေ့ရှိခဲ့ပြီး ရေခံ/မြေခံ နဲ့ သဘာဝတွင်းထွက်များစွာကို ရယူပိုင်ဆိုင်တော့မှ ဒတ်(ချ်)တွေဟာ သူတို့ရဲ့ အမှားကို ပြန်လည် ဆင်ခြင်မိပါတယ်။

(၂) နပိုလီယန်ရဲ့ မဟာအမှား

စစ်ဘုရင်နပိုလီယံ ဘိုနာဘတ်အကြောင်းကိုတော့ မသိသူအလွန်ရှားပါတယ်။ တိုက်တဲ့ စစ်ပွဲတိုင်းကို အောင်နိုင်တာကြောင့် စစ်ပွဲတွေရဲ့ဘုရင်လို့တောင်တင်စားခေါ်ဝေါ်ခြင်းခံ ရတဲ့ ပြင်သစ်စစ်ဘုရင်ဟာ ၁၈၁၅ခုနှစ်၊ဇွန်လ(၁၈)ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဝါတာလူးတိုက်ပွဲအပြီးမှာတော့ ပြန်လည်နလန်ထူနိုင်ခြင်း မရှိတော့ပဲ တစ်ခန်းရပ်ခဲ့ရပါတယ်။

အမှန်တော့ နပိုလီယန်ရဲ့အဓိက ကျရှုံးရခြင်းဟာ ရုရှားပြည်ကို ချီတက် တိုက်ခိုက်ခဲ့လို့ဖြစ်ပါတယ်။ ရုရှားက ပြင်သစ်တပ်တွေပြန်ရောက်လာချိန်မှာတော့ နပိုလီ ယန်ရဲ့အဓိကအားထားရတဲ့ အရာရှိ/စစ်သည်အများအပြားဟာ ကျဆုံးခဲ့ရပြီးလည်း ဖြစ်ပါတယ်။ နပိုလီယန်ဟာ ရုရှားနိုင်ငံရဲ့ ပြင်းထန်တဲ့ဆောင်းရာသီကို ပေါ့ပေါ့တန်တန် စဉ်းစားခဲ့တဲ့ အမှားဟာ အလုံးစုံပျက်သုဉ်းခြင်းနဲ့ အဆုံးသက်ခဲ့ပါတယ်။

(၁) ဟစ်တလာရဲ့အမှား

ဒုတိယကမ္ဘာစစ်ကိုမွှေးပြီး လူသန်းနဲ့ချီအောင်သေဆုံးစေခဲ့တဲ့ အဓိကလက်သည် နာဇီခေါင်းဆောင် ဟစ်တလာရဲ့အမှားဟာလည်း နပိုလီယန်လိုပါပဲ။ စစ်လက်နက် နိုင်ငံ တစ်ခုကိုအလျှင်အမြန်ဆုံးတည်ဆောက်ပြခဲ့ပြီး ဥရောပတစ်တိုက်လုံးနီးပါးကို စိုးမိုး ထားခဲ့ပြီးမှ ဟစ်တာလဟာ ရုရှားကို သိမ်းပိုက်ရန် အကြံပေါ် ခဲ့ပါတယ်။ ဟစ်တလာဟာ ခေတ်မီဂျာမနီတပ်မတော်ရဲ့ စွမ်းရည်ကိုယုံကြည်ပြီး နပိုလီယန်လို မဖြစ်လောက်ဘူးလို့ ထင်ခဲ့ပေမဲ့ နဖူးတွေ့/ဒူးတွေ့ရင်ဆိုင်ခဲ့ရချိန်မှာတော့ ရုရှားမြေမှာ အလဲအကွဲနဲ့ဖြစ်ခဲ့ရပါတယ်။

ရုရှားကိုချီတက်တဲ့တိုက်ပွဲအပြီးမှာတော့ စစ်မြေပြင်အနေအထားဟာ မဟာမိတ်တပ်တွေအတွက် ပြန်လည်အလေးသာခဲ့ပြီး နော်မန်ဒီကမ်းတပ်တိုက်ပွဲကနေစတင်ပြီး ဂျာမန်တွေဟာ ခံစစ်အသွင်ဖြစ်လာခဲ့ရပါ တယ်။ အကျိုးဆက်အနေနဲ့ ဂျာမန်တွေစစ်ရှုံးခဲ့ပြီး ရုရှားတပ်နီတွေက ဂျာမန်ပြည်ကို ဝင်ရောက်လာခဲ့ပြီး ဘာလင်တံတိုင်းကို ကာရံခဲ့တဲ့အထိဖြစ်လာခဲ့ပါတယ်။ ဟစ်တလာ သာ ရုရှားကိုချီတက်တိုက်ခိုက်ခဲ့ခြင်းမရှိခဲ့ဘူးဆိုရင်တော့ ဒုတိယကမ္ဘာစစ်ရဲ့ သက်တမ်း ဟာ အလွန်ကြာမြင့်သွားနိုင်တာကြောင့်လည်း ဟစ်တလာရဲ့အမှားဟာ ကမ္ဘာကြီး အတွက်တော့ အကျိုးရှိတယ်လို့ဆိုရမှာပါ။

သုတဇုန်

Tags: kaung htetworld historyworld knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!