Tuesday, April 13, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

သမိုင်းတလျှောက် ကမ္ဘာ့အရပ်အရှည်ဆုံးလူသား ရဲ့ ဘဝဇာတ်ကြောင်း

by Thutamm
September 4, 2019
Reading Time: 1min read
0
သမိုင်းတလျှောက် ကမ္ဘာ့အရပ်အရှည်ဆုံးလူသား ရဲ့ ဘဝဇာတ်ကြောင်း
Share on FacebookShare on Twitter

လက်လှမ်းမိခဲ့သမျှ သမိုင်းတလျှောက် အရည်အရှည်ဆုံးလူသားအဖြစ် သတ်မှတ်ခံရသူကတော့ အမေရိကန်က Robert Wadlow ဆိုသူဖြစ်ပါတယ်။ ကြီးမားတဲ့ ခန္ဓာကိုယ်အရွယ်အစားကြောင့် သူ့ကို အော်တင်က လူ့ဘီလူး (သို့) အီလီနွိုက်က လူ့ဘီလူးလို့ ခေါ်ကြပါတယ်။

ကလေးငယ်ဘဝ

သူ့ကို ၁၉၁၈ခုနှစ် ဖေဖော်ဝါရီလ ၂၂ရက်နေ့တုန်းက အမေရိကန် အီလီနွိုက်ပြည်နယ် အော်တင်မြို့မှာ မွေးဖွားခဲ့ပါတယ်။ မွေးစတုန်းက ဒီကလေးဟာ တချိန်မှာ ကမ္ဘာ့အရပ်အရှည်ဆုံးလူသားဖြစ်လာခဲ့မယ်လို့ ဘယ်သူမှ မထင်ခဲ့ကြပါဘူး။ ပုံမှန်မိဘနှစ်ပါးက ပုံမှန်အတိုင်းမွေးဖွားလာတဲ့ ကျန်းမာသန်စွမ်းတဲ့ ကလေးတစ်ယောက်ဖြစ်နေလို့ပါ။

ဆော့လွန်းကဲလွန်းတဲ့ ဒီကလေးရဲ့ ရောဂါဟာ ၂နှစ်အရွယ်မှာ စတင်ခဲ့ပါတယ်။ ဦးနှောက်အောက်ခြေရှိ အဆီကျိတ်ကြီးထွားလာခဲ့ရာက ကြီးထွားဟော်မုန်းလွန်ကဲလာခဲ့ပြီး ခန္ဓာကိုယ်ကလည်း အဆမတန်ကြီးထွားလာခဲ့ပါတယ်။ ၅နှစ်အရွယ် သူဝတ်တဲ့အင်္ကျီဟာ ပုံမှန်ဆိုရင် ၁၇နှစ်အရွယ်လူငယ်တစ်ယောက်ရဲ့အင်္ကျီဆိုဒ်ဖြစ်လာပါတယ်။ ၅နှစ်သား Wadlow ရဲ့ အရပ်ဟာ ၅ပေ ၄လက်မ ရှိခဲ့ပါတယ်။

၁၀နှစ်သား အရွယ်
မိဘ ညီအစ်ကိုမောင်နှမများနှင့်

အသက် ၆နှစ်အရွယ်မှာ ၆ပေ ရှိလာပြီး ၈နှစ်အရွယ်မှာတော့ ၆ပေ ၂လက်မအထိရှိလာပြီး သူ့ဖခင်အရပ်ထက်တောင် ပိုရှည်နေပါပြီ။ ကိုယ်ခန္ဓာအလေးချိန်ကလည်း ၂၀၀ပေါင် အထိရှိလာပါတယ်။ သူု့ရဲ့မိဘတွေဟာ Wadlow ကို ပုံမှန်ကလေးတစ်ယောက်အတိုင်း အသက်ရှင်နိုင်စေဖို့ အစွမ်းကုန်ကြိုးစားခဲ့ကြပါတယ်။ ဂရုတစိုက်ကုသပေးခဲ့ကြပေမယ့် သူ့ရဲ့ကြီးထွားဟော်မုန်းက ရပ်တန့်မသွားခဲ့ပါဘူး။

အထက်တန်းကျောင်းကို တက်တဲ့အခါမှာတော့ အရပ်က ၈ပေ ကျော်သွားပြီး ဒီအရပ်ကြောင့်ပဲ သူ့ကို ကမ္ဘာက သတိထားမိခဲ့ကြပါတယ်။ အရပ်ကြောင့် သူ့ဘဝရှင်သန်မှုဟာလည်း ခက်ခဲပြီး အဆင်မပြေဖြစ်ခဲ့ပါတယ်။ နိမ့်တဲ့အမိုးအောက်ဝင်တဲ့အခါ ၊ အိပ်ယာပေါ်မှာ အိပ်တဲ့အခါမျိုးတွေမှာပေါ့။ အဝတ်အစား နဲ့ ဖိနပ်တွေကိုလည်း သူ့အတွက် သီးသန့်ချုပ်လုပ်ပေးပြီး ဝတ်ဆင်ခဲ့ရပါတယ်။

ထမင်းစားရတဲ့အခါ

သူဟာ အော်တင်အထက်တန်းကျောင်းကနေ အောင်မြင်ပြီးတဲ့နောက် Shurtleff ကောလိပ်မှာ ဥပဒေဘာသာကို ဆက်လက်တက်ရောက်ခဲ့ပါတယ်။ အသက် ၁၈နှစ်အရွယ်မှာတော့ သူ့ရဲ့အရပ်ဟာ ၈ပေ ၄လက်မအထိရှိလာပြီး သူ့အရင် ကမ္ဘာ့အရပ်အရှည်ဆုံးလူသား ဂျွန်ရော်ဂန်တင်ထားတဲ့ ၈ပေ ၄လက်မ စချိန်ကို မီခဲ့ပြီး မကြာခင်မှာပဲ ကျော်သွားခဲ့ပါတယ်။

ဒါပေမယ့် သူ့ရဲ့ကျန်းမာရေးကတော့ တနေ့တခြားဆိုးရွားလာခဲ့ပါတယ်။ ခန္ဓာကိုယ်အဆမတန် ရှည်ထွက်လာခြင်းကြောင့် အရိုးအားနည်းရောဂါပါ ထပ်ရလာပြီး ကောင်းကောင်းလမ်းမလျှောက်နိုင်တော့ပါဘူး။ လမ်းလျှောက်တဲအခါ ခြေထိမ်းကိရိယာနဲ့ ကြိမ်လုံံးတွေရဲ့အကူအညီကို ယူရပါတယ်။

ဒါပေမယ့် သူ့ကို အကူအညီပေးတဲ့ ဒီခြေထိမ်းကိရိယာကြောင့်ပဲ သူဟာ သေဆုံးခဲ့ရပါတယ်။ ၁၉၄၀ခုနှစ် မှာ ခြေထိမ်းကိရိယာကို အမြဲဝတ်ရာကနေ သူ့ရဲ့ခြေကျင်းဝတ်တွေဟာ မီးလောင်သလို အပူဖုတွေဖြစ်လာခဲ့ပါတယ်။ အဲဒီအပူဖုတွေက တစ်ဆင့် ဆိုးရွားစွာပိုးဝင်ခဲ့တာကြောင့် ဆရာဝန်တွေက အရေးပေါ်ကုသပေးခဲ့ပါတယ်။

ဒါပေမယ့် ရောဂါက သက်သာလာခြင်းမရှိပဲ ၁၉၄၀ခုနှစ် ဇူလိုင်လ ၁၅ရက်နေ့ အသက် ၂၂နှစ် အရွယ်မှာ သူဟာ သေဆုံးခဲ့ရပါတယ်။ သူကွယ်လွန်ခဲ့တဲ့အချိန်မှာ သူ့ရဲ့အရပ်ဟာ ၈ပေ ၁၁.၁လက်မ အထိရှိခဲ့တာကြောင့် သမိုင်းတလျှောက် အရပ်အရှည်ဆုံးလူသားအဖြစ် စာရင်းဝင်ခဲ့ပါတယ်။

ဆေးရုံတက်နေရင်း သူမကွယ်လွန်မီ နောက်ဆုံး ဝမ်းနည်းစွာ ပြောခဲ့တဲ့ စကားအနေနဲ့ “ဆရာဝန်တွေက ကျွန်တော့်ကို အိမ်ပြန်လို့မရတော့ဘူးလို့ပြောတယ်။ ကျွန်တော်သွားချင်တဲ့ မင်္ဂလာပွဲကို သွားလို့မရတော့ပါဘူး” လို့ပြောခဲ့ပါတယ်။ သူအရမ်းချစ်ရတဲ့ အဘိုးအဘွားတွေရဲ့ ရွှေရတုပွဲကို သူအရမ်းတက်ချင်ပေမယ့် တက်ခွင့်မရတော့ပဲ အသက် ၂၂နှစ်အရွယ်မှာပဲ ကမ္ဘာ့အရပ်အရှည်ဆုံးလူသားဟာ အိပ်ပျော်နေရင်း ကွယ်လွန်သွားခဲ့ပါတော့တယ်။

သူ့ရဲ့အခေါင်းဟာ အရှည် ၁၀ပေ ၉လက်မ ၊ အနံ ၂ပေ ၈လက်မ ၊ ဇောက် ၂ပေ၆လက်မ ရှိပြီး ပေါင် ၁၀၀၀ ခန့်လေးတာကြောင့် သူ့ဈာပနပွဲပြုလုပ်တဲ့အခါမှာ အခေါင်းထမ်းဖို့ လူ အယောက် ၂၀ ရဲ့ အကူအညီကို ယူခဲ့ရပါတယ်။ သူ့ကို အော်တင်မြို့က Oakwood သင်္ချိုင်းမှာ မြုပ်နှံခဲ့ပါတယ်။ သူ့ရဲ့ဖိနပ်ကို အမှတ်ရအနေနဲ့ အော်တင်ပြတိုက်မှာ ပြသထားလျှက်ရှိပါတယ်။

VIDEO

စ်ာပန 
ပြတိုက်မှာ ပြသထားတဲ့ သူ့ရဲ့ဖိနပ်

Tags: world people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်
Amazing

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်

ကမ္ဘာပေါ်မှာ ကင်းမြီးကောက်မျိုးစိတ်ပေါင်း ၂၀၀၀ ခန့်ရှိပေမယ့် ဒီအထဲက မျိုးစိတ် ၄၀ ခန့်ကသာ အဆိပ်ပြင်းထန်ပါတယ်။ တချို့ကင်းမြီးကောက်တွေရဲ့ အဆိပ်ကတော့ လူကို အသက်အန္တရာယ် ရှိစေနိုင်တဲ့အထိပြင်းထန်ပြီး ဒီအထဲမှာ deathstalker ကင်းမြီးကောက်တွေလည်း ပါဝင်ပါတယ်။ သူတို့ရဲ့အဆိပ်ရည်က အလွန်တန်ဖိုးရှိပြီး...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!