Tuesday, April 20, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

သမုဒ္ဒရာရေအောက်က ဝံပုလွေငါးရှဉ့်အကြောင်း တစေ့တစောင်း

by Thutamm
July 25, 2019
Reading Time: 1min read
0
သမုဒ္ဒရာရေအောက်က ဝံပုလွေငါးရှဉ့်အကြောင်း တစေ့တစောင်း
Share on FacebookShare on Twitter

ဝံပုလွေငါးရှဉ့်(wolf eel ) တွေဟာ ဝံပုလွေငါး( wolffish) မျိုးနွယ်ဝင်ဖြစ်ပြိး ပစိဖိတ်သမုဒ္ဒရာမြောက်ပိုင်းမှာ တွေ့ရလေ့ရှိပါတယ်။ ငါးမျိုးနွယ်ဝင်ဖစ်ပေမယ့် အလွန်ရှည်လျားတဲ့ ခန္ဓာကိုယ်ရှိတာကြောင့် ငါးရှဉ့်နဲ့ပိုတူပြီး Wolf Eel လို့ပေးထားရခြင်းဖြစ်ပါတယ်။

ပုံမှန်အားဖြင့် ၄ပေဝန်းကျင်ခန့်ရှိတတ်ပြီး အရှည်ဆုံးကောင်တွေကတော့ ၇ပေအထိရှိတတ်ပါတယ်။ ပျမ်းမျှအလေးချိန်က ၄၁ပေါင်ဖြစ်ပြီး သူတို့ရဲ့သက်တမ်းကတော့ ၂၅နှစ် ဖြစ်ပါတယ်။ ငါးအများစုကဲ့သို့ သိသာတဲ့အကြေးခွံတွေမရှိပါဘူး။ သူတို့ရဲ့အကြေးခွံတွေဟာ အလွန်သေးပြီး ခန္ဓာကိုယ်ထဲမှာနစ်မြုပ်နေကာ ချောမွေ့နေလေ့ရှိပါတယ်။

ရေအောက်က ဂူတွေထဲ ၊ ကျောက်ဆောင်တွေကြား နဲ့ သန္တာကျောက်တန်းတွေကြားမှာနေထိုင်ကြပြီး ရေအောက် အနက်ပေ ၇၀၀ကျော် အထိသွားရောက်နိုင်ကြပါတယ်။ ဂျပန်ပင်လယ် ၊ Aleutian နဲ့ ကယ်လီဖိုးနီးယားတောင်ပိုင်းတွေမှာ ရံဖန်ရံခါတွေ့ရတတ်ပါတယ်။ ပုံမှန်အားဖြင့်တော့ လူတွေကို အန္တရာယ်ပြုလေ့မရှိပါဘူး။ ဒါပေမယ့် ရံဖန်ရံခါတော့ ကိုက်တတ်ပြီး အဲဒီအခါမျိုးမှာ အလွန်အမင်းနာကျင်စွာခံစားရတတ်ပါတယ်။

ကူးခေတ်ရာမှာ အလွန်နှေးကွေးပြီး ရေငုပ်သူတွေနဲ့ အကျွမ်းတဝင်ရှိတဲ့ငါးတွေဖြစ်ပါတယ်။ အထီး အမ နှစ်ကောင်အမြဲတပူးပူးတတွဲတွဲနေလေ့ရှိပါတယ်။ ဥတွေဥတဲ့အခါမျိုးမှာတော့ တစ်ကောင်က ဥတွေကိုစောင့်ရှောက်ပြီး ကျန်တစ်ကောင်က အစာသွားရှာလေ့ရှိပါတယ်။ တစ်ခါဥရင် ဥပေါင်း ၁သောင်းဝန်းကျင်ခန့်ဥတတ်ပြီး ဥပေါက်ဖို့တော့ ၁၃ပတ်ကနေ ၁၆ပတ်ခန့်ကြာလေ့ရှိပါတယ်။

ပုဇွန်ထုပ် ၊ သံပခြုပ်ကောင် ၊ ဂုံး နဲ့ ငါးအသေးစားလေးတွေဟာ သူတို့ရဲ့အစာဖြစ်ပါတယ်။ အလွန်သန်မာတဲ့သွားနဲ့ ခိုင်ခန့်တဲ့မေးရိုးတွေနဲ့ အစာတွေကို ကြိတ်ချေစားလေ့ရှိပါတယ်။ ဒီငါးတွေရဲ့ပုံစံဟာ အလွန်ကြောက်မက်ဖွယ်ရာဖြစ်ပေမယ့် လူတွေကတော့ အစားအစာတစ်ခုအဖြစ် ချက်ပြုတ် စားသောက်လေ့ရှိပါတယ်။

အမေရိကအနောက်မြောက်ပိုင်းကမ်းရိုးတန်းက လူမျိုးစုတွေကတော့ ဒီငါးတွေကို ဆရာဝန်ငါးလို့ခေါ်လေ့ရှိပါတယ်။ သူတို့ရဲ့ရိုးရာဆေးဆရာတွေက ဒီငါးတွေဟာ ရောဂါတွေကို ပျောက်ကင်းဖို့ အထောက်အကူပေးတာကြောင့် များများစားဖို့ တိုက်တွန်းလေ့ရှိပါတယ်။

VIDEO

Tags: amazinganimals

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်
Amazing

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်

ကမ္ဘာပေါ်မှာ ကင်းမြီးကောက်မျိုးစိတ်ပေါင်း ၂၀၀၀ ခန့်ရှိပေမယ့် ဒီအထဲက မျိုးစိတ် ၄၀ ခန့်ကသာ အဆိပ်ပြင်းထန်ပါတယ်။ တချို့ကင်းမြီးကောက်တွေရဲ့ အဆိပ်ကတော့ လူကို အသက်အန္တရာယ် ရှိစေနိုင်တဲ့အထိပြင်းထန်ပြီး ဒီအထဲမှာ deathstalker ကင်းမြီးကောက်တွေလည်း ပါဝင်ပါတယ်။ သူတို့ရဲ့အဆိပ်ရည်က အလွန်တန်ဖိုးရှိပြီး...

မြင်ရခဲတဲ့ ကမ္ဘာတလွှားက ရောင်စုံပုံရိပ်များ
Amazing

မြင်ရခဲတဲ့ ကမ္ဘာတလွှားက ရောင်စုံပုံရိပ်များ

ဒီတခါမှာလည်း လွန်ခဲ့တဲ့ ၁၀ စုနှစ်များစွာက ကမ္ဘာတလွှားမှာ ရိုက်ကူးခဲ့တဲ့ ရှားပါးပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ်။ ဒီဓာတ်ပုံတွေဟာ မူရင်းက အဖြူအမည်းသာဖြစ်ပေမယ့် ဒီဘက်ခေတ်ဓာတ်ပုံနည်းပညာတွေနဲ့ မွမ်းမံလိုက်တဲ့အခါမှာတော့ ရောင်စုံဓာတ်ပုံတွေဖြစ်လာပါတယ်။ အဖြူ အမည်းနဲ့ ဆိုရင် ထင်ထင်ရှားရှား မြင်ရမှာ မဟုတ်ပဲ...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!