Sunday, April 11, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

သဘာဝကို ထိန်းသိမ်းဖို့ ယန်ဇီမြစ်အတွင်း ငါးဖမ်းခွင့်ပိတ်လိုက်တဲ့ တရုတ်နိုင်ငံ

by Thutamm
January 4, 2020
Reading Time: 1min read
0
သဘာဝကို ထိန်းသိမ်းဖို့ ယန်ဇီမြစ်အတွင်း ငါးဖမ်းခွင့်ပိတ်လိုက်တဲ့ တရုတ်နိုင်ငံ
Share on FacebookShare on Twitter

မိုင်ပေါင်း ၃၉၀၀ ကျော်ရှည်လျားတဲ့ယန်ဇီမြစ်ဟာ အာရှတိုက်ရဲ့အရှည်ဆုံးမြစ်ဖြစ်ပြီး ကမ္ဘာမှာတော့ တတိယအရှည်ဆုံး ဖြစ်ပါတယ်။ တိဘက်ကုန်းပြင်မြင့် ရေခဲမြစ်များမှ မြစ်ဖျားခံကာ တရုတ်နိုင်ငံကို ဖြတ်သန်းပြီး အရှေ့တရုတ်ပင်လယ်အတွင်းသို့ စီးဝင်တဲ့ ယန်ဇီမြစ်ဟာ တရုတ်နိုင်ငံ သမိုင်း ၊ ယဉ်ကျေးမှုနှင့် စီးပွားရေး တို့မှာ အရေးပါတဲ့ မြစ်ကြီးတစ်စင်းအဖြစ် နှစ်ပေါင်း ၂၀၀၀ ကျော် ရပ်တည်ခဲ့ပြီးဖြစ်ပါတယ်။

ရေနေသယံဇာတတွေ ဆုံးရှုံးကာ တဖြည်းဖြည်းညစ်ညမ်းလာတဲ့ ဒီမြစ်ကြီးကို ထိန်းသိမ်းတဲ့အနေနဲ့ ဇန်နဝါရီလ ၁ရက်နေ့က စလို့ ဒီမြစ်အတွင်း ငါးဖမ်းခွင့်ကို ပိတ်ပင်လိုက်ပြီဖြစ်ပါတယ်။ အဓိကအကြောင်းကတော့ ယန်ဇီမြစ်အတွင်းရှိ ဇီဝမျိုးကွဲများအား ကာကွယ်ရန်ဖြစ်ပြီး ငါးဖမ်းခွင့်ကို ၁၀နှစ်ကြာ ပိတ်ပင်လိုက်တာဖြစ်ပါတယ်။

ယန်ဇီမြစ်အတွင်းမှာ နေရာပေါင်း ၃၃၂ခု ခွဲကာ စောင့်ကြည့်သွားမှာဖြစ်ပြီး လာမယ့်နှစ်မှာတော့ ယန်ဇီမြစ်ရဲ့မြစ်လက်တက်များပါမကျန် စောင့်ရှောက်နိုင်ဖို့ ငါးဖမ်းခွင့်ပိတ်ပင်မှုဧရိယာကို တိုးချဲ့သွားမယ်လို့ ဆိုပါတယ်။ ဒါအပြင် ယန်ဇီမြစ်နဲ့ တဆက်တည်းရှိနေတဲ့ Dongting ကန် နဲ့ Poyang ကန်များကိုလည်း နောက်အကျဆုံး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မတိုင်ခင် ငါးဖမ်းခွင့်ကိုပိတ်ပင်သွားဦးမှာ ဖြစ်ပါတယ်။

လူသားတွေဟာ ဒီမြစ်ကြီးအတွင်းမှာ အလွန်အကျွံ့ငါးဖမ်းတာအပြင် မြစ်ထဲမှာအခြေချနေထိုင်မှုတွေကြောင့် ညစ်ညမ်းမှု နဲ့ ပျက်စီးမှုတွေ ဆိုးရွားစွာဖြစ်ပေါ်လာခဲ့ပြီး ရေနေ ဇီဝသက်ရှိများဟာ တဖြည်းဖြည်းနည်းပါးလာခဲ့တာကြောင့် ဒါကိုတားဆီးနိုင်ဖို့အတွက် ငါးဖမ်းတာကို ခုလိုပိတ်ပင်လိုက်ခြင်းဖြစ်တယ်လို့ စိုက်ပျိုးရေး နဲ့ ကျေးလက်ဝန်ကြီး Yu Kanhzhen က ဆိုပါတယ်။

တရုတ်အစိုးရ တာဝန်ရှိသူတွေဟာ ငါးဖမ်းခွင့်ကို ပိတ်ပင်လိုက်ပေမယ့် ဒီပိတ်ပင်မှုအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဆုံးရှုံးသွားမယ့် တံငါသည်တွေအတွက်လည်း ကြိုတင်စဉ်းစားထားပြီးဖြစ်ပါတယ်။ ယန်ဇီမြစ်တလျှောက်မှာရှိတဲ့ ပြည်နယ် ၁၁ခု က ငါးဖမ်းလှေပေါင်း ၁သိန်းကျော် နဲ့ တံငါသည် ၃သိန်းနီးပါးအပေါ်မှာ ဒီပိတ်ပင်မှုဟာ အကျိုးသက်ရောက်မှုရှိမှာဖြစ်ပါတယ်။ ဒီအတွက် အလုပ်အကိုင်များဖန်တီးပေးရုံသာမက ငွေကြေးထောက်ပံ့မှု နဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာသင်တန်းများပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

မူလက ငါးဖမ်းကာ အသက်မွေးဝမ်းကြောင်းပြုကြတဲ့ တံငါသည်များကို ကမ်းပေါ်သို့ရွှေ့ပြောင်းကာ ငါးဖမ်းမှုပိတ်ပင်ရာမှာ စောင့်ကြည့်ဝန်ထမ်းတွေ ၊ မြစ်ကြောင်းမှာကင်းလှည့်ရတဲ့ဝန်ထမ်းတွေအဖြစ် လုပ်ကိုင်နိုင်မှာဖြစ်တယ်လို့ ဝန်ကြီးက ထပ်ပြောခဲ့ပါသေးတယ်။

၂၀၁၈ခုနှစ် သဘာ၀၀န်းကျင် အစည်းအဝေးတစ်ခုမှာ တရုတ်သမ္မတ Xi Jinping က အချိန်ကြာလာရင် ယန်ဇီမြစ်ကြီးဟာ ငါးမရှိတော့တဲံ အခြေအနေအထိရောက်သွားနိုင်တာကြောင့် ထိန်းသိမ်းဖို့လိုအပ်နေပြီဖြစ်ကြောင်း သတိပေးပြောကြားခဲ့ပြီး ၂၀၂၀ခုနှစ် အစမှာတော့ စတင်အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။

တံငါသည်တစ်ယောက်ဖြစ်သူ ယန်ကျိမင်ကတော့ “အခုလိုပိတ်ပင်တာကို စိတ်မပူပါဘူး။ ငါးမဖမ်းရလည်း တခြားစီးပွားရေးကို ကျွန်တော်တို့ လုပ်နိုင်ပါတယ်။ Dongting ကန်ဟာ ကျွန်တော်တို့အိမ်ဆိုလည်း မမှားပါဘူး။ ကိုယ့်အိမ်ကို ကာကွယ်ဖို့အတွက် ငါးဖမ်းခြင်းကို ရပ်တန့်လိုက်ပါပြီ” လို့ ဆိုပါတယ်။

ယန်ဇီမြစ်ပိတ်ပင်ခြင်း ယခင်နှစ်တွေကလည်း ၃လကြာ ၄လကြာ ပိတ်ပင်တာတွေ ရှိခဲ့ဖူးပေမယ့် ဒီတခါမှာတော့ အကြာဆုံးအဖြစ် ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

Ref : China Xinhua News

Tags: world news

Related Posts

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ
news

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ

ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။ Liz Madaras။ ။ “ကျမတို့က Poliloop ကုမ္ပဏီကို...

သံမဏိလူသား ပြိုင်ပွဲမှာ နောက်ဆုံးပန်းဝင်တဲ့အထိ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ဒေါင်း လူငယ်လေး
Amazing

သံမဏိလူသား ပြိုင်ပွဲမှာ နောက်ဆုံးပန်းဝင်တဲ့အထိ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ဒေါင်း လူငယ်လေး

ဒေါင်း(Down) ဆိုတာကတော့ Down Syndrome(ဒေါင်းဆင်ဒရုန်း) ကိုပြောတာဖြစ်ပါတယ်။ မြန်မာမှာတော့ ဒေါင်းဆင်တုံး လို့ပဲ အလွယ်တကူခေါ်ဝေါ်နေကြတဲ့ ရောဂါဖြစ်ပါတယ်။ အဖြစ်အများဆုံး မျိုးရိုးဗီဇဆိုင်ရာ ရောဂါတမျိုးဖြစ်ပြီး ဒီရောဂါခံစားနေရသူတွေရဲ့ မျက်နှာသွင်ပြင်တွေဟာ တူညီနေလေ့ရှိပါတယ်။ စာရေး စာဖတ် သင်ကြားဖို့ ခက်ခဲလေ့ရှိပြီး...

နာဆာရဲ့ အာကာသ သန့်စင်ခန်းဒီဇိုင်းပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ ၉နှစ်သား
Amazing

နာဆာရဲ့ အာကာသ သန့်စင်ခန်းဒီဇိုင်းပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ ၉နှစ်သား

အမေရိကန်ရဲ့ အမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန (နာဆာ) က ကျင်းပတဲ့ ၂၀၂၀ ခုနှစ် Lunar Loo Challenge ပြိုင်ပွဲမှာ ချန်ပီယံအဖြစ် အနိုင်ရရှိသွားသူကတော့ Zyson Kang Zy Sun...

ကိုဗစ် ကူးစက်ခံလိုက်ရတဲ့ သမ္မတ ဒေါ်နယ်ထရမ့်
news

ကိုဗစ် ကူးစက်ခံလိုက်ရတဲ့ သမ္မတ ဒေါ်နယ်ထရမ့်

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နဲ့ Melania Trump တို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတယ်လို့ သောကြာနေ့ မနက်ပိုင်းမှာ ထုတ်ဖော် ကြေငြာသွားခဲ့ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ဟာ အသက် ၇၄နှစ်ရှိပြီဖြစ်တာကြောင့် ကိုရိုနာဗိုင်းရပ်စ်တိုက်ခိုက်မှုကို ခံရတဲ့ အစိုးရိမ်ရဆုံး အသက်အပိုင်းအခြားမှာ...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!