Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

သင်မမြင်ဖူးလောက်သေးတဲ့ ကမ္ဘာကျော် တိုက်တန်းနစ်နဲ့ဆိုင်တဲ့ ပုံရိပ်များ

by Thutamm
July 27, 2019
Reading Time: 1min read
0
သင်မမြင်ဖူးလောက်သေးတဲ့ ကမ္ဘာကျော် တိုက်တန်းနစ်နဲ့ဆိုင်တဲ့ ပုံရိပ်များ
Share on FacebookShare on Twitter

တိုင်တန်းနစ် သင်္ဘော ခေါ် RMS Titanic မှာ ဗြိတိသျှ သင်္ဘော ဖြစ်ပြီး ကြယ်ဖြူလိုင်း သင်္ဘောလိုင်း အတွက် ဟာလန်းနှင့် ဝုဖ် သင်္ဘော ဆောက်လုပ်ရေးက ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုကြယ်ဖြူလိုင်းတွင် ရှယ်ယာအများဆုံးထည့်ဝင်ခဲ့သူမှာ အမေရိကန်သူဌေးကြီး ဂျေပီမော်ဂန် ဖြစ်သည်။ တိုင်တန်းနစ် သင်္ဘောမှာ ခရီးသည်များ ပို့ဆောင်ရန် နှင့် စာပို့ခြင်း အတွက် တည်ဆောက်ထားသော ပင်လယ်ပြင်သွား သင်္ဘောကြီး ဖြစ်သည်။

တည်ဆောက်ပုံ

မည်သည့်အခါမျှ မနစ်မြုပ်နိုင်အောင် တည်ဆောက်ထားပြီး တစ်နာရီတွင် ရေမိုင် ၂၃-မိုင်မှ ၂၅-မိုင် အမြန်နှုန်းသွားနိုင်သည်။ သင်္ဘောအရှည် (၈၈၂)ပေ ရှိပြီး အသက်ကယ်လှေ ၂၀ ပါသည်။ မြင်းကောင်ရေ ၅၀၀၀၀ အား ကိုအသုံးပြုထားပြီး ပန်ကာ သုံးလုံးတပ် သင်္ဘောဖြစ်ပြီး သင်္ဘောတွင် ရေလုံခန်း ၁၅ခန်းပါသည်။ မထွက်ခွာခင် အချိန်ထိ လူအများစု က ဘယ်တော့မှ မနစ်မြုပ်နိုင်သော သင်္ဘောဟု အထင် ရောက်ခဲ့ကြသည်။

နစ်မြုပ်ခြင်း

၁၉၁၂ ခုနှစ် ဧပြီလ ၁၀ ရက်တွင် အင်္ဂလန် နိုင်ငံ ဆောက်သန်တန်မှ ထွက်ခွါခဲ့ပြီး ခရီးသည် ၂၂၀၀ ပါရှိပြီး ၄ ရက်မြောက်နေ့ ၁၉၁၂ ခု ဧပြီ၁၄ ရက် ည ၁၁နာရီ၄၀ မိနစ်အချိန်တွင် တိုင်တန်းနစ်သည် အတ္တလန္တိတ်သမုဒ္ဒရာ အတွင်း၌ မြောပါနေသော ဧရာမရေခဲတုံးဖြင့် ဝင်တိုက်မိခဲ့သည်။ ထိုဖြစ်ရပ်ကြောင့် တိုင်တန်းနစ် ၏ ရေလုံခန်း အတွင်းသို့ ရေများဝင်ရောက်ခဲ့သည်။ ၂ နာရီ နှင့် မိနစ် ၄၀ အကြာ ဧပြီ ၁၅ ရက် မနက် ၂ နာရီ ၂၀ မိနစ်တွင် သင်္ဘော နစ်မြုပ်ခဲ့သည်။

သင်္ဘောမှာ နှစ်ပိုင်းထက်ခြမ်းဖြစ်သွားခဲ့ပြီး လူပေါင်း ၁၅၀၀ နှင့် အထက် သေဆုံးခဲ့ရသည်။ ၇၀၅ ယောက်သာ အသက်ရှင် ကျန်ရစ်ခဲ့သည်။ငြိမ်းချမ်းသော ကာလ (စစ်အတွင်းမဟုတ်သော) အတွင်း အဆိုးရွားဆုံး သင်္ဘောမှောက်မှု တစ်ရပ်ဖြစ်သည်။

အသက်ကယ်လှေများ လုံလောက်စွာ မရှိမှုကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးရခြင်း ဖြစ်သည်။ အသက်ကယ်လှေများ အတွင်းသို့ အမျိုးသမီးများ နှင့် ကလေး သူငယ်များ အရင် တက်ရောက်စေပြီး အထက်တန်းမှ ခရီးသည် များလည်း အခြားအဆင့် မှ ခရီးသည်များ ထက်ပို၍ ဦးစားပေး ခံခဲ့ရသည်။

အခြားအကြောင်းတစ်ရပ်မှာ ကယ်ဆယ်ရန် အဖြစ်နိုင်ဆုံးနှင့် တိုင်တန်းနစ် နှင့် အနီးဆုံးရှိသော သင်္ဘောမှာ ဆက်သွယ်ရေး ရေဒီယိုကို ပိတ်ထားခဲ့သောကြောင့် ကယ်ဆယ်ရေး အချက်ပြမှု ကို သတိမမူမိသော ကြောင့်ဖြစ်သည်။

အသက်ရှင်ကျန်ရစ်သူများ

ယခုအခါ နစ်မြှပ်စဉ်က အသက်ရှင်ကျန်ရစ်သူ တစ်ဦးတစ်ယောက်မှ မရှိကြတော့ပေ။ အားလုံးသေဆုံးခဲ့ပြီဖြစ်သည်။ အသက်ရှင် ကျန်ရစ်သူများထဲမှ နောက်ဆုံး သေဆုံးခဲ့သူမှာ မီးဗီနာ ဒင်း ဟုခေါ်သော အမျိုးသမီး ဖြစ်သည်။ သင်္ဘောကြီး နစ်မြှပ်စဉ်က သူသည် အသက်ကိုးပတ် သမီး အရွယ်သာ ရှိသေးသည်။ အသက် ၉၇ နှစ် အရွယ် ၂၁ မေ ၂၀၀၉ တွင် အင်္ဂလန်ပြည် ဟမ်ရှိုင်းယား အရပ်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

အကျိုးဆက်များ

ထို ဖြစ်ရပ်ဆိုးမှ သင်ခန်းစာ ယူနိုင်ခဲ့ကြသည်။ အကျိုးဆက်အားဖြင့် သင်္ဘောတည်ဆောက်ရေး ဥပဒေများ ပြောင်းလဲလာခဲ့သည်။ သင်္ဘောပေါ်တွင် စီးနင်းလိုက်ပါသူတိုင်း အတွက် လုံလောက်သော အသက်ကယ်လှေများ ထားရှိစေပြီး ဆက်သွယ်ရေး ရေဒီယိုတွင် တစ်ယောက်ယောက်က အမြဲတမ်း စောင့်နားထောင်သည့် စနစ်ကို ထည့်သွင်းစေခဲ့သည်။

ပြန်လည်ရှာဖွေခြင်း

သင်္ဘောပျက် ကို ပြင်သစ်နှင့် အမေရိကန် တို့ ပါဝင်သော ရောဘတ် ဘောလက် နှင့် ယန်းလူးဝစ္စ မိုက်ကယ် တို့ ဦးဆောင်သည့် ရှာဖွေရေး အဖွဲ့မှ ၁၉၈၅ စက်တင်ဘာ ၁ ရက် မနက် ၁ နာရီ တွင် ပြန်ရှာတွေ့ခဲ့သည်။

အခြား

ထိုနစ်မြှပ်မှုနှင့်ဆိုင်သော ရုပ်ရှင်များစွာ ပေါ်ထွက်ခဲ့သည်။ အကျော်ကြားဆုံးသော ရုပ်ရှင်မှာ ၁၉၉၇ ခုနှစ်က ပြသခဲ့သော တိုင်တန်းနစ် အမည်ရှိ ရုပ်ရှင်ဖြစ်ပြီး ကိတ်ဝင်းစလက် နှင့် လီယိုနာဒို ဒီကပ္ပရီယို တို့ ပါဝင်သရုပ်ဆောင်ခဲ့သည်။

ဆောက်လုပ်မှု မပြီးဆုံးသေးတဲ့ တိုက်တန်းနစ်သင်္ဘောကိုမြင်ရစဉ် Unfinished, at Belfast, on May 31, 1911
ရေချဖို့ အသင့်ဖြစ်နေတဲ့ တိုက်တန်းနစ်
Belfast သင်္ဘောကျင်းကနေရေချပြီး ပထမဆုံး ပင်လယ်ထဲမှာ စမ်းသပ်မောင်းနှင်စဉ် Titanic leaving Belfast for sea trials on April 2, 1912
ရေချဖို့ အသင့်ဖြစ်နေတဲ့ တိုက်တန်းနစ်
တိုက်တန်းနစ် ဆောက်သမ်တန်က မထွက်ခွာမီ တစ်နေ့တည်းမှာပဲ နယူးယောက်မှာဆိပ်ကမ်းကပ်ထားတဲ့ တိုက်တန်းနစ်ရဲ့ ညီအစ်မသင်္ဘော အိုလံပစ်
တိုက်တန်းနစ်သင်္ဘော နှင့် ညီအစ်မသင်္ဘော အိုလံပစ်
တိုက်တန်းနစ်ကို နစ်မြုပ်စေခဲ့တဲ့ ဧရာမရေခဲတုံးကြီးကို Prinz Adalbert က မိုင်အနည်းငယ်အကွာမှ ရိုက်ကူးထားစဉ် morning of April 15, 1912,
တိုက်တန်းနစ်သင်္ဘောက လွတ်မြောက်ခဲ့တဲ့ နောက်ဆုံးအသက်ကယ်လှေ
တိုက်တန်းနစ်သင်္ဘောကနေ လွတ်မြောက်ပြီး Carpathia သင်္ဘောဆီဦးတည်လာကြတဲ့ အသက်ကယ်လှေများ
Carpathia သင်္ဘောမှ ကယ်တင်လိုက်နိုင်တဲ့ တိုက်တန်းနစ် နစ်မြုပ်မှုမှ လွတ်မြောက်လာသူများ
တိုက်တန်းနစ်မှ လွတ်မြောက်လာမယ့်သူများကို စောင့်မျှော်လျှက်ရှိတဲ့ လူအုပ်ကြီး
တိုက်တန်းနစ်မှ လွတ်မြောက်လာမယ့်သူများကို စောင့်မျှော်လျှက်ရှိတဲ့ လူအုပ်ကြီး
တိုက်တန်းနစ်သင်္ဘောမှ လွတ်မြောက်လာတဲ့ Mrs. Charlotte Collyer နဲ့သူမရဲ့သမီး Marjorie
တိုက်တန်းနစ်သင်္ဘောနဲ့ လိုက်ပါသွားတဲ့ ဖခင်ဖြစ်သူပြန်အလာကို စောင့်မျှော်နေကြတဲ့ ပြင်သစ်ညီအစ်ကိုနှစ်ယောက် Michel (age four) and Edmond Navratil (age two) သူတို့ အဖေဟာ မလွတ်မြောက်ခဲ့ပါဘူး
တိုက်တန်းနစ် သင်္ဘောပိုင်ရုံး White Star Line ကို တိုက်တန်းနစ် နစ်မြုပ်ပြီးမြင်ရစဉ်
တိုက်တန်းနစ်သင်္ဘောသားများရဲ့ ဈာပနကို ကျင်းပစဉ်
တိုက်တန်းနစ်သင်္ဘောပေါ်က ပထမတန်းစား ခရီးသည်များ
စာဖတ္ခန္း
စာဖတ်ခန်း
နောက်ဆုံးအချိန် အထိ ခရီးသည်များကို နိုင်သလောက်ကယ်ဖို့ကြိုးပမ်းခဲ့တဲ့ ကတ်ပတိန် Smith

တိုက်တန်းနစ်သင်္ဘောပေါ်က Gym
သေဆုံးခဲ့ကြသူများအား ဆုတောင်းပေးနေစဉ်
တိုက်တန်းနစ်သင်္ဘောပေါ်က စားသောက်ခန်းမ

ဒုတိယတန်းစား ခရီးသည်အိပ်ခန်း
ညဘက်မှာ မြင်ရတဲ့ တိုက်တန်းနစ်
ရေအောက်မှာ နှစ်ပေါင်း ၁၀၀ကျော် လဲလှောင်းခဲ့ပြီးနောက် တိုက်တန်းနစ်သင်္ဘော တစ်စိတ်တစ်ပိုင်းကိုမြင်ရစဉ်
ရေအောက်မှာ နှစ်ပေါင်း ၁၀၀ကျော် လဲလျှောင်းခဲ့ပြီးနောက် တိုက်တန်းနစ်သင်္ဘော တစ်စိတ်တစ်ပိုင်းကိုမြင်ရစဉ်

Tags: amazingworld knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!