ကမ္ဘာကျော်လေဘာတီရုပ်ထု ရဲ့ စိတ်ဝင်စားဖွယ် အချက်အလက်တချို့

Posted on

လေဘာတီရုပ်ထုကိုတော့ အားလုံးနီးပါးတွေဖူးမြင်ဖူးကြမယ် ထင်ပါတယ်။ ဒီလေဘာတီရုပ်ထုကြီး နဲ့ ဆိုင်တဲ့ အချက်အလက်တချို့ကို သုတဇုန် မိတ်ဆွေများအတွက် ပြန်လည်ဝေမျှလိုက်ပါတယ်။

– ဒီလေဘာတီရုပ်ထု နဲ့ လေဘာတီရုပ်ထုကြီးဟာ အမေရိကန် နယူးယောက်ဆိပ်ကမ်း လေဘာတီကျွန်းမှာ တည်ရှိပါတယ်။

– ဒီရုပ်တုရှိရာ ကျွန်းရဲ့ပထမအမည်က Bedloe ဖြစ်ပြီး ၁၉၅၆ခုနှစ်မှ လေဘာတီကျွန်းလို့ ပြောင်းလဲသတ်မှတ်လိုက်တာဖြစ်ပါတယ်။

– လေဘာတီရုပ်တု (Liberty Statue) ရဲ့ နာမည်အပြည့်အစုံက Liberty Enlightening the World ဖြစ်ပါတယ်။

– လေဘာတီရုပ်ထုကို ဒီဇိုင်းထုတ်သူမှာ ပြင်သစ် ဗိသုကာပညာရှင် Frédéric Auguste Bartholdi ဖြစ်ပြီး တည်ဆောက်သူကတော့ အီဖယ်တာဝါတည်ဆောက်သူ Gustave Eiffel ပဲ ဖြစ်ပါတယ်။

– ဒီရုပ်တုကို အစပထမ ရည်ရွယ်ခဲ့တာ အီဂျစ်နိုင်ငံအတွက် ဖြစ်ပေမယ့် ဟောင်းနွမ်းရှေးကျတဲ့ဖက်ရှင်ကို သဘောမကျလို့ဆိုပြီး အီဂျစ်က ငြင်းပယ်ခဲ့တဲ့အတွက် အမေရိကန်အတွက်ဖြစ်လာခဲ့ပါတယ်။

– ဒီရုပ်ထုကြီးကို အမေရိကန်လွတ်လပ်ရေးကြေညာ စာတမ်း နှစ်တရာပြည့် အထိမ်းအမှတ်အဖြစ် ပြင်သစ်ကလက်ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

– လေဘာတီရုပ်ထု အစိတ်အပိုင်းစုစုပေါင်း ၃၅၀ခန့်ကို အမေရိကန်သင်္ဘောများဖြင့် နယူးယောက် မြို့သို့သယ်ဆောင်ကာ ပြန်လည်တပ်ဆင်ဆောက်လုပ်ခဲ့ပါတယ်။ အလေးချိန်စုစုပေါင်း ၂၂၅ တန်ခန့်ရှိပါတယ်။

– ၁၈၈၅ ခု ဂျွန်လ ၁၇ ရက်နေ့မှာ လေဘာတီ ရုပ်တုကြီးက အမေရိကန် နယူးယောက် ဆိပ်ကမ်းကို ရောက်ရှိခဲ့တာ ဖြစ်လို့ နှစ်ပေါင်း ၁၃၀ ကျော်ခဲ့ပြီ ဖြစ်ပါတယ်၊ စိုက်ထူပြီးစီးလို့ ဖွင့်ပွဲ ပြုလုပ်ခဲ့တာက ၂၈ ရက် အောက်တိုဘာလ ၁၈၈၆ ခုနှစ်မှာ ဖြစ်ပါတယ်။

– မြေပြင်ကနေ လေဘာတီရုပ်ထုမီးတောက်အထိ(အောက်ခံအပါအဝင်) အမြင့်ပေ ၃၀၅ ပေနဲ့ ၆လက်မ ရှိပြီး ဒါဟာ အထပ်မြင့် ၂၂ ထပ်အဆောက်အဦးနဲ့ အမြင့်ညီပါတယ်။ ရုပ်ထုချည်းပဲ ဆိုရင်တော့ ၁၁၁ ပေ မြင့်ပါတယ်။

– လေဘာတီရုပ်ထု ဆီကို တက်ဖို့လှေကားထစ်ပေါင်း ၃၄၅ ထစ် နဲ့ ဦးခေါင်းပိုင်းမှာ ပြတင်းပေါက် ၂၅ ပေါက် ရှိပါတယ်။

– ဦးခေါင်းသရဖူက အချောင်း၇ချောင်းဟာ တိုက်ကြီး ၇တိုက် ကို ကိုယ်စားပြုပြီး တစ်ခုစီကို ၉ပေ အရှည်ရှိကာ ပေါင် ၁၅၀ လေးပါတယ်။

– မြေပြင်ကနေ လေဘာတီရုပ်ထုမီးတောက်အထိ(အောက်ခံအပါအဝင်) အမြင့်ပေ ၃၀၅ ပေနဲ့ ၆လက်မ ရှိပြီး ဒါဟာ အထပ်မြင့် ၂၂ ထပ်အဆောက်အဦးနဲ့ အမြင့်ညီပါတယ်။ ရုပ်ထုချည်းပဲ ဆိုရင်တော့ ၁၁၁ ပေ မြင့်ပါတယ်။

– တစ်ဖက်က မီးတုတ်ကိုကိုင်ထားပြီး ကျန်တစ်ဖက်ကတော့ ၂၃ပေကျော်ရှည်တဲ့ အပြားမှာ JULY IV MDCCLXXVI (July 4, 1776) လို့ရေးထိုးထားပါတယ်။ ဒါဟာ အမေရိကန်ရဲ့ လွတ်လပ်ရေးနေ့ဖြစ်ပါတယ်။

– ခြေထောက်အောက်ခြေမှာတော့ ချိုးဖျက်ထားတဲ့ ချိန်းကြိုးရှိပါတယ်။ ဒါဟာ ဖိနှိပ်မှု ညှင်းပန်းနှိပ်စက်မှုတွေကို ချိုးဖျက်တယ် ဆိုတဲ့ အဓိပ္ပါယ်ပါ။

– ရုပ်ထုကိုင်ထားတဲ့ မီးတိုင်ဟာ မူလမီးတိုင်မဟုတ်ပဲ ၁၉၈၆ခုနှစ်မှာ ကြေးနဲ့ဖန်တီးပြီး ၂၄ကာရက်ရှိတဲ့ ရွှေသုတ်ထားတဲ့ မီးတိုင်နဲ့ အစားထိုးခဲ့တာဖြစ်ပါတယ်။

– ဒီရုပ်တုဟာ အစပထမက အစိမ်းရောင်မဟုတ်ပဲ အနီရောင်သာဖြစ်ပါတယ်။

– ပါကစ္စတန် ၊ ထိုင်ဝမ် ၊ မလေးရှား ၊ တရုတ် နဲ့ ဘရာစီးနိုင်ငံတွေမှာ လေဘာတီရုပ်တုရဲ့ ပုံစံတူရုပ်တုတွေကို ဖန်တီးထားကြပါသေးတယ်။

– ဒီရုပ်ထုရဲ့အဓိပ္ပါယ်ကတော့ ဤ နယ်မြေသို့ဝင်လာသူများသည်ငါ၏ မီးအိမ် အလင်းကြောင့် နွေးထွေးမှုရကာ ငြိမ်းချမ်းသာယာကြပါစေ ဟူ၍ ဖြစ်ပါတယ်။

– ၁၉၂၄ ခုနှစ်မှာ အမျိုးသားအမွေအနှစ် အဖြစ် သတ်မှတ်ခံခဲ့ရပြီး ၁၉၈၄မှာတော့ ကမ္ဘာ့အမွေအနှစ် အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။