Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

လွှငါးမန်း ဆိုတာ

by Thutamm
August 11, 2019
Reading Time: 1min read
0
လွှငါးမန်း ဆိုတာ
Share on FacebookShare on Twitter

လွှငါးမန်းတွေဟာ (Pristiophoriformes) ငါးမန်းမျိုးစိတ်ဝင်တွေဖြစ်ကြပြီး သူတို့ရဲ့ လွှပုံစံရှိတဲ့ နှုတ်သီးတွေကြောင့်လူသိများကြပါတယ်။ဒီငမန်းတွေမှာမတူညီတဲ့မျိုးစိတ်(၉)မျိုးခန့်ရှိပြီး ဂျပန်၊ တောင်အာဖရိက၊ သြစတေးလျပင်လယ်ပြင်တွေမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။

ရှည်လျားတဲ့ လွှပုံစံနှုတ်သီးတွေနဲ့အတူ အသွားနှစ်ဘက်ရှိပြီး ချွန်ထက်နေတဲ့သွားတွေဟာ သားကောင်ကို ဟတ်တက်ခွဲပြီး ခဏချင်းမှာ သူအစာအဖြစ်ဖန်တီးနိုင်ပါတယ်။

Longnose sawshark

လွှငါးမန်းတွေဟာ အပူ/အအေးမျှတတဲ့ ပင်လယ်ကမ်းခြေဧရိယာတွေမှာ သာအနေများပြီးရေအနက်ပေ(၁၃၀) ခန့်လောက်မှာ နေထိုင်ကြတာကို တွေ့ရပါတယ်။ဒီငမန်းတွေဟာ သူတို့ရဲ့အစာအတွက် လူအပါအဝင် သက်ရှိတော်တော်များများကို သတ်ဖြတ်တတ်ကြပါတယ်။

လွန်ခဲ့တဲ့ဆယ်စုနှစ် နှစ်ခုလောက်ကတည်းက ငါးဖမ်းသူတွေဟာ ဒီငါးမန်းတွေကိုစီးပွားဖြစ်ဖမ်းဆီးလာတာကြောင့် ယနေ့အချိန်မှာတော့ ဒီလွှငမန်းအရေအတွက်က အလွန်နည်းပါးသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ဒီငမန်းတွေကို မျိုးတုန်းပျောက်ကွယ်သွားနိုင်တဲ့ ရေသတ္တဝါမျိုးစိတ်ဝင်များစာရင်းမှာတော့ ထည့်သွင်းဖော်ပြပေးထားခြင်း မရှိသေးပါဘူး။

လွှငါးမန်းတို့ရဲ့ စိတ်ဝင်စားဖွယ်အချက်များ

(၁) လွှငမန်းတွေဟာ ခန္ဓာကိုယ်အလျား (၅)ပေအထိရှည်လျားကြပြီး (၁၈.၇)ပေါင်အထိ အလေးချိန်ရှိကြပါတယ်။ အမတွေဟာ အထီးတွေထက် အနည်းငယ် အကောင်ပိုကြီးလေ့ရှိပါတယ်။

(၂) လွှငါးမန်းတွေရဲ့ ခန္ဓာကိုယ်ကို ထိပ်ချွန်အကြေးခွံ(placoid scales) နဲ့ ဖုံးအုပ်ထားပါတယ်။ လွှငါးမန်းတွေရဲ့အရောင်ကတော့ အညိုဘက်ကိုသန်းနေတဲ့ အဝါဖြစ်ပြီး သူတို့ကို ရေအောက်သဲကြမ်းပြင်မှာဆိုရင် အလွယ်တကူ မြင်တွေ့နိုင်ဖို့ခက်ပါတယ်။

(၃) လွှငမန်းတွေမှာ ရှည်လျားတဲ့နူတ်သီးတွေနဲ့ ချွန်ထက်တဲ့သွားတွေရှိပါတယ်(သွားအကြီးတွေကြားမှာ သွားငယ်လေးတွေပေါက်နေလေ့ရှိပါတယ်)

Japanese Sawshark

(၄) လွှငါမန်းတွေရဲ့ရှည်လျားတဲ့နူတ်သီးအလယ်မှာ နူတ်ခမ်းမွှေးလို့ပြောရမယ့် အမွှေးတစ်စုံပါရှိပါတယ်။ ဒါတွေဟာသူတို့ရဲ့ အာရုံခံကိရိယာတွေဖြစ်ပြီး သားကောင်ရဲ့လူပ်ရှားမှုတွေကို အာရုံခံနိုင်ပါတယ်။

(၅) လွှငါးမန်းတွေရဲ့ကျောဘက်မှာ ဆူးတောင်နှစ်ခုရှိပါတယ်။ စအိုနဲ့ ဆက်နေတဲ့ဆူးတောင်ကတော့ အနည်းငယ်သေးပါတယ်။ လွှငါးမန်းတွေမှာသူရဲ့မျိုးရိုးဗီဇကိုလိုက်ပြီး Gills (၅)စံကနေ(၆)စုံအထိ ကျောဘက်ဘေးမှာရှိနေပါတယ်။

(၆) လွှငါးမန်းတွေနဲ့ လွှငါးတွေဟာ သာမန်အားဖြင့်တူညီနေတယ်လို့ထင်ရပေမဲ့အမှန်တော့ကွဲပြားခြားနားချက်တွေ အများကြီးရှိနေပါတယ်။ လွှပုံစံငါးတွေဟာ အရွယ်အစားကြီးမားပေမဲ့ ငါးနူတ်ခမ်းမွှေး(အာရုံခံကိရိယာ)မပါရှိပါဘူး။ သူတို့ရဲ့ရေယက်တွေဟာ ခန္ဓာကိုယ်ရဲ့အောက်ဘက်မှာ တည်ရှိနေတာပါ။

(၇) အခြားငါးမန်းမျိုးစိတ်တွေလိုပဲ လွှငါးမန်းတွေမှာ သားကောင်ကိုရှာဖွေနိုင်တဲ့ လျှပ်စစ်ဓာက်အားပါဝင်တဲ့ ampullae of lorenzini အင်္ဂါပါရှိပါတယ်။

(၈) လွှငါးမန်းတွေဟာ သူတို့ရဲ့ လွှသွားပုံနှုတ်သီးကိုအသုံးပြုပြီး သားကောင်ကို သတ်ဖြတ်ကြပါတယ်။ သူရဲ့ချွန်ထက်တဲ့သွားတွေပါရှိတဲ့နှုတ်သီးကို ဘယ်ညာလူပ်ရမ်းပြီးခုတ်ချက်ပြင်းပြင်းနဲ့ သားကောင်ကိုသတ်ဖြတ်ပြီး နောက်ဆုံးမှာမြိုချကြတာပါ။

(၉) အသားစားသတ္တဝါတွေဖြစ်တဲ့ လွှငါးမန်းတွေ အမြဲစားသုံးတဲ့အစားစာကတော့ငါးအမျိုးမျိုး၊ အခွံမာရေသတ္တဝါတွေနဲ့ ကင်းမွန်စတဲ့ ရေနေသတ္တဝါတွေဖြစ်ပါတယ်

(၁၀) လွှငါးမန်းတွေဟာတစ်ကောင်တည်းလည်းနေထိုင်ကြသလို အုပ်စုဖွဲ့ပြီးလည်းနေလေ့ရှိပါတယ်။

(၁၁) လွှငါးမန်းတွေဟာ ရာသီအလိုက် ပင်လယ်ကမ်းခြေဧရိယာတွေမှာ မိတ်လိုက်လေ့ရှိကြပါတယ်။ အမတွေဟာ(၂)နှစ်ကိုတစ်ကြိမ်သာမိတ်လိုက်ကြပါတယ်။

(၁၂) လွှငါးမန်းတွေဟာ Ovoviviparous animalတွေဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ငါးမန်းအမတွေဟာ(၁၂)လ ကာလကိုယ်ဝန်ဆောင်ပြီးနောက် ဥဥပေမယ့် ဒီဥတွေကိုခန္ဓာကိုယ်ထဲမှာ ထားရှိတာပဲဖြစ်ပြီး အကောင်ပေါက်တော့မှအပြင်ဘက်ကိုထွက်လာတာပဲဖြစ်ပါတယ်။ ငါးမန်းမတစ်ကောင်ဟာ(၃)ကောင်ကနေ (၂၂)ကောင်အထိ မွေးဖွားပါတယ်။

(၁၃) လွှငါးမန်းတွေဟာသူတို့ကလေးငယ်တွေကို အရွယ်ရောက်လာတဲ့အထိ စောင့်ရှောက်ကြပါတယ်။ သူတို့ကိုယ်သူတို့ ကာကွယ်စောင့်ရှောက်နိုင်ပြီဖြစ်တဲ့ အသက်(၂)နှစ်အရွယ်အထိ စောင့်ကြည့်လေ့ရှိကြပါတယ်။

(၁၄) လွှငါးမန်းတွေဟာ အသက်(၁၅)နှစ်ခန့်အထိ နေထိုင်ရှင်သန်နိုင်ကြပါတယ်။

VIDEO

သုတဇုန်

Tags: animalskaung htet

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!