လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်က မာယာတို့ရဲ့ ဘုရားကျောင်း

Posted on

ဂွာတီမာလာနိုင်ငံမှာတည်ရှိတဲ့ La Danta ဘုရားကျောင်းကိုတော့ ခန့်မှန်းအချိန် (၃၀၀) ဘီစီကာလကတည်ဆောက်ခဲ့ပြီး (၂၃၀) ပေမြင့်မားပါတယ်။

ဂွာတီမာလာရဲ့ El Peten သစ်တောနက်ကြီးအတွင်းတည်ရှိနေတာဖြစ်ပြီး Columbian ခေတ်ကာလမတိုင်ခင်က Mayan တွေတည်ဆောက်ခဲ့တဲ့ပျောက်ဆုံးသွားတဲ့မြို့တော်ကြီးလို့သိကြတဲ့ El Mirador ရှိခဲ့တယ်လို့ယူဆတဲ့နေရာမှာ တည်ရှိနေတာလည်းဖြစ်ပါတယ်။

La Danta ဘုရားကျောင်းကိုတော့ (၁၉၂၆)ခုနှစ်က ပညာရှင်တွေရှာဖွေတွေ့ရှိခဲ့ချိန်မှသာ ဘုရားကျောင်းတည်ရှိရာနေရာမှာ ဘီစီ(၆)ရာစုကတည်းက မြို့တော်ဟောင်းကြီးတစ်ခုရှိခဲ့တယ်လို့သိခဲ့ရတာ ဖြစ်ပါတယ်။

သမိုင်းမှတ်တမ်းမှာ El Mirador လို့အမည်ရတဲ့မြို့တော်ကြီးဟာဆိုရင် ဘီစီ (၃၀၀)ကနေ (၁၀၀)အကြားမှာဆိုရင် အစည်ကားဆုံး သြဇာအကြီးဆုံးအချိန်ကိုရောက်ရှိလာခဲ့တယ်လို့သိရပြီး လူဦးရေ(၂၀၀၀၀၀) ကျော်လောက်အထိနေထိုင်ခဲ့တဲ့မြို့တော်ကြီးဖြစ်ခဲ့တယ်လို့ သိရပါတယ်။

နေထိုင်သူ Mayan မျိုးနွယ်စုတွေဟာဆိုရင် ဆန်းပြားတဲ့ အတတ်ပညာတွေကို တက်မြောက်ခဲ့သူတွေအဖြစ်လည်း ကျော်ကြားခဲ့တာကိုတွေ့ရပြီး အထူးသဖြင့်သူတို့တည်ဆောက်ခဲ့တဲ့ ပြန့်ကားတဲ့တိုင်ခုံတွေပါဝင်နေတဲ့ (၃)ခုတွဲတည် ဆောက်ပုံတွေဖြစ်ကာ အဆောက်အဦးထိပ်ပိုင်းမှာဆိုရင် ပိရမစ်(၃)ခုဆိုင်နေတဲ့သဏ္ဍန် တည်ရှိနေပါတယ်။

ဖော်ပြပါဖွဲ့စည်းပုံအတိုင်းတည်ဆောက်ထားတဲ့ La Danta ဘုရား ကျောင်းဟာဆိုရင် ရှေးခေတ်အခါက လူသားတွေတည်ဆောက်ခဲ့တဲ့ နာမည်ကျော်အဆောက်အအုံတစ်ခုအဖြစ်ရပ်တည်နေ တာဖြစ်ပါတယ်။

La Danta ဘုရားကျောင်းပုံစံပိရမစ်ကြီးရဲ့ထုထည်ဟာဆိုရင် (၂၈၀၀ ၀၀၀)ကုဗမီတာ အထိရှိနေတာကြောင့် လက်ရှိကမ္ဘာအကြီးဆုံးသောပိရမစ်တခုအဖြစ် အီဂျစ်နိုင်ငံကပိရမစ် အချို့နဲ့အတူ ထည့်သွင်းရေတွက်ရမှာဖြစ်ပါတယ်။

ပညာရှင်တွေကတော့ La Danta ဘုရားကျောင်းအရွယ်အစားနဲ့ကိုက်ညီတဲ့ (၁၈၀၀၀)စတုရန်းမီတာရှိတဲ့ပလက်ဖောင်း တွေဆက်စပ်ပါဝင်နိုင်တယ်လို့ခန့်မှန်းထားကြတာလည်းရှိနေတာကြောင့် လူသားတွေ ဖန်တီးထားတဲ့ ရှေးဟောင်းအဆောက်အအုံတွေအနက်မှာတော့ La Danta ဟာအကြီးမားဆုံးသောအရာတွေထဲက တစ်ခုဖြစ်မယ်လို့ယုံကြည်ကြပါတယ်။