အမေရိကန် နယူးယောက်မြို့မှာရှိတဲ့ Flatiron အဆောက်အအုံရဲ့ မူလအမည်က Fuller အဆောက်အအုံဖြစ်ပြီး တြိဂံပုံ ၂၂ထပ် စတီးဖရိန် အထပ်မြင့် အဆောက်အဦးဖြစ်ကာ နိုင်ငံရဲ့ သမိုင်းဝင်အဆောက်အဦးတခုအဖြစ် သတ်မှတ်ခံထားရပါတယ်။
ဒီအဆောက်အအုံကို ၁၉၀၂ ခုနှစ်က ဆောက်လုပ်ပြီးစီးခဲ့တာဖြစ်ပြီး အဲဒီအချိန်က နယူးယောက်မြို့ရဲ့အချက်အခြာနေရာတခုဖြစ်တဲ့ ဘရော့ဝေး နဲ့ ရိပ်သာ ၅လမ်း ထောင့်မှာ ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။
ပုံမှန် ဆောက်လုပ်နေကြ အဆောက်အအုံပုံစံတွေကနေ ခွဲထွက်ပြီး တြိဂံသဏ္ဍာန် ဒီအဆောက်အအုံကြီးရဲ့ ဒီဇိုင်းကို ဆွဲခဲ့သူကတော့ ရှီကာဂိုအခြေစိုက် ဗိသုကာပညာရှင်တယောက်ဖြစ်တဲ့ ဒန်နီရယ်ဘာနန် ပဲ ဖြစ်ပါတယ်။
ဒီအဆောက်အဦးကို စတင်ဆောက်လုပ်ချိန်မှာ အင်မတန်လူပြောများခဲ့တဲ့ အဆောက်အဦးဖြစ်ခဲ့ပါတယ်။ အကြောင်းကတော့ အဆောက်အဦးရဲ့ဒီဇိုင်းကြောင့်ဖြစ်ပြီး ဒီပုံစံအတိုင်း အထပ်အများကြီးတည်ဆောက်ပါက အပေါ်က အလေးချိန်ကို မခံနိုင်ပဲ အဆောက်အဦးဟာ ပြိုကျသွားလိမ့်မယ်လို့ ဒေသခံတွေက ထင်မှတ်ခဲ့ကြကာ အဆောက်အဦးရဲ့အမည်ကိုတောင် ဗိသုကာပညာရှင်ကို ပြစ်တင်ရှုတ်ချတဲ့အနေနဲ့ ဘာနန်ရဲ့မိုက်မဲမှု Burnham’s Folly လို့တောင်ခေါ်ဝေါ်ခြင်းခံခဲ့ရပါသေးတယ်။ လူတွေရဲ့အမြင် မှားယွင်းခဲ့ကြောင်း ယနေ့တိုင် တည်တံခိုင်မြဲနေဆဲ အဆောက်အအုံကြီးက သက်သေဖြစ်ပါတယ်။
အမြင့်ပေ ၂၈၅ ပေရှိတဲ့ Flatiron အဆောက်အဦးဟာ အဲဒီခေတ်အခါက နယူးယောက်ရဲ့ အမြင့်ဆုံးအဆောက်အအုံမဟုတ်ပေမယ့် သူ့ရဲ့ပုံသဏ္ဍာန်ကြောင့် အခြားအဆောက်အအုံတွေထက် လူသိပိုများခဲ့ပြီး ဓာတ်ပုံတွေ ရုပ်ရှင်တွေထဲမှာ မကြာခဏထည့်သွင်း ဖော်ပြ ရိုက်ကူးခံခဲ့ရတဲ့ အဆောက်အအုံလည်းဖြစ်ပါတယ်။
ဒီအဆောက်အအုံဟာ အဲဒီခေတ်က ဆောက်လုပ်ရေးနည်းပညာသစ်လို့ပြောရမယ့် Steel skeleton နည်းနဲ့တည်ဆောက်ထားတာလို့ သိရပြီး ဒီနည်းဟာ နံရံအထူကြီးတွေတည်ဆောက်စရာမလိုတဲ့အပြင် တည်ဆောက်ရာမှာ ပိုမိုမြန်ဆန်စေတယ်လို့ ဆိုပါတယ်။
အဆောက်အဦးရဲ့ ပတ်လည်မှာတော့ ထုံးကျောက်ကို အခြေခံထားတဲ့ ပြင်သစ် နဲ့ အီတလီရီနေးဆွန်းခေတ်စတိုင် ဗိသုကာလက်ရာတွေကို ထည့်သွင်းအလှဆင်ထားပါတယ်။ အဆောက်အဦးရဲ့အကျယ်အဝန်းက ၂၅၅၀၀၀ စတုရန်းပေရှိပြီး တည်ဆောက်ချိန်စုစုပေါင်းအနေနဲ့ ၁နှစ်ခန့်သာ ကြာမြင့်ခဲ့တာဖြစ်ပါတယ်။
တည်ဆောက်ပြီးစ အဆောက်အဦးမှာ penthouse မပါဝင်ခဲ့ပဲ အနုပညာရှင်တွေအတွက် စတူရီယိုခန်းတွေအဖြစ် အသုံးပြုဖို့ ထပ်မံတိုးချဲ့တည်ဆောက်ပေးခဲ့တာဖြစ်ပါတယ်။
ဒီအတိုင်းကြည့်လိုက်ရင် နှစ်နားညီတြိဂံပုံလို့ ထင်ရပေမယ့် တကယ်တော့ အနားတဖက်နဲ့ တဖက်ဟာမညီပဲ ထောင့်မှန်တြိဂံ ပုံစံသာဖြစ်ပါတယ်။ တြိဂံဆိုပေမယ့် အချွန်ကြီးမဟုတ်ပဲ ကျဉ်းမြောင်းတဲ့ဘက်မှာ အနည်းငယ်ဝိုက်ကာ တည်ဆောက်ထားတာဖြစ်ပါတယ်။ ကျဉ်းမြောင်းတဲ့ဘက်မှာ ဆိုရင် အဆောက်အဦးရဲ့ အကျယ်က ၆ပေခွဲရှိပါတယ်။ ပိုထွက်နေတဲ့ ထောင့်ချွန်နေရာကိုတော့ တထပ်အဆောက်အဦးဆောက်ထားပြီး ပြပွဲခန်းမအနေနဲ့ ပြုလုပ်ထားပါတယ်။
ဒီအဆောက်အအုံကြီးကို အဲဒီအချိန်က ရှီကာဂိုရဲ့ အကြီးစား ဆောက်လုပ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ ဂျော့ဂျ်အေဖူလာ ကုမ္ပဏီရဲ့ ရုံးအဖြစ် အသုံးပြုဖို့ ရည်ရွယ်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီကုမ္ပဏီတည်ထောင်သူ ဂျော့ဂျ်အေဖူလာ ဟာ မိုးမျှော်တိုက်တွေရဲ့ဖခင်လို့ တင်စားခေါ်ဝေါ်ခံရသူ ဖြစ်ပါတယ်။ ဒီအဆောက်အဦးကြီးရဲ့အမည်ကို ဖူလာလို့ အမည်ပေးခဲ့ပေမယ့် ဒေသခံတွေက မပြောင်းလဲပဲ The Flatiron လို့ပဲ ခေါ်ခဲ့ကြတာကြောင့် ဒီနာမည်ဟာ တရားဝင်အမည်ဖြစ်သွားခဲ့ရပါတယ်။
တည်ဆောက်ပြီးချိန်ကနေ ၁၉၁၀ ခုနှစ်အထိ ဒီအဆောက်အဦးရဲ့ ၁၉ လွှာကို ဖူလာကုမ္ပဏီရဲ့ ရုံးချုပ်အဖြစ် အသုံးပြုခဲ့ပါတယ်။ အခြားအထပ်တွေကိုတော့ မဂ္ဂဇင်း ကုမ္ပဏီတွေ ၊ ဆေးဝါးကုမ္ပဏီတွေ ၊အာမခံကုမ္ပဏီတွေရဲ့ ရုံးခန်းအဖြစ် ငှားရမ်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ jazz တေးဂီတအဖွဲ့တဖွဲ့ပါ ဖျော်ဖြေလေ့ရှိတဲ့ စားသောက်ဆိုင် နဲ့ ကလပ် ကိုပါ ထည့်သွင်းဖွင့်လှစ်ခဲ့ပါတယ်။
ဒီအဆောက်အဦးကြီးမှာ မှာ ရေဖိအားသုံး ဟိုက်ဒရောလစ် ဓာတ်လှေကားတွေကို တပ်ဆင်ထားခဲ့ပါတယ်။ ဒီဓာတ်လှေကားတွေဟာ အလွန်နှေးကွေးပြီး အထပ် ၂၀ အမြင့်ကို ရောက်ဖို့ အချိန် ၁၀ မိနစ်တောင် ယူရတယ်လို့ ဆိုပါတယ်။ ဒီဓာတ်လှေကားကိုပဲ ဆယ်စုနှစ်ပေါင်းများစွာ အသုံးပြုခဲ့ပြီး နောက်ပိုင်းမှာတော့ ခေတ်သစ်ဓာတ်လှေကားတွေကို အစားထိုး တပ်ဆင်ခဲ့တာဖြစ်ပါတယ်။ ယခုအချိန်မှာတော့ အထပ် ၉၀ ကို စက္ကန့် ၄၀လောက်နဲ့ တက်နိုင်လောက်တဲ့အထိ မြန်ဆန်လွန်းတဲ့ ဓာတ်လှေကားတွေ ပေါ်နေပြီဖြစ်ပါတယ်။
အဆောက်အအုံကို ဖွင့်လှစ်ကာစက အမျိုးသမီးတွေအတွက် အခက်အခဲအလွန်ဖြစ်ခဲ့ပါတယ်။ အကြောင်းကတော့ အဆောက်အဦးဒီဇိုင်းမှာ အမျိုးသား ၊ အမျိုးသမီး အိမ်သာ ရေချိုးခန်းတွေကို ခွဲခြား မတည်ဆောက်ထားပဲ တမျိုးထဲတည်ဆောက်ထားလို့ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ တထပ်ခြားစီကို အမျိုးသား ၊ အမျိုးသမီး အိမ်သာတွေအဖြစ် ပြန်လည်သတ်မှတ်ပေးတော့မှပဲ အဆင်ပြေသွားခဲ့ပါတယ်။
၁၉၂၅ ခုနှစ် အောက်တိုဘာလမှာတော့ ဒီအဆောက်အုံကြီးကို ဖူလာရဲ့သားမက်ဖြစ်သူ ကုမ္ပဏီစီအီးအို ဟယ်ရီဘလက် က သူ့ရဲ့ကုမ္ပဏီမှာ ငွေလိုတဲ့အတွက် Equitable အသက်အာမခံကုမ္ပဏီထံ အမေရိကန်ဒေါ်လာ ၂သန်း နဲ့ ရောင်းချခဲ့ပါတယ်။ ဒီတန်ဖိုးဟာ အဆောက်အဦးတခုလုံးဆောက်လုပ်စဉ်က ကုန်ကျခဲ့တဲ့ တန်ဖိုးနဲ့ တူညီပါတယ်။
၂၀၀၉ ခုနှစ်မှာတော့ ဒီအဆောက်အအုံကို အီတလီ အိမ်ခြံမြေ နဲ့ ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီကြီးဖြစ်တဲ့ Sorgente Group ကနေ ပြန်လည်ဝယ်ယူပြီး ကမ္ဘာ့အဆင့်မီ ဟိုတယ်ကြီးအဖြစ် ပြောင်းလဲဖွင့်လှစ်ဖို့ အစီအစဉ်ဆွဲခဲ့ပြီး အဲဒီအချိန်မှာ ဒီအဆောက်အအုံကြီးရဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ သန်း ၁၉၀ ဝန်းကျင်ရှိနေပြီဖြစ်ပါတယ်။
Flatiron အဆောက်အအုံဟာ ၁၉၆၆ ခုနှစ်မှာတော့ နယူးယောက်မြို့ရဲ့ အထိမ်းအမှတ် အဆောက်အအုံအဖြစ် သတ်မှတ်ခံရသလို ၁၉၈၉ ခုနှစ်မှာတော့ အမေရိကန်နိုင်ငံရဲ့ သမိုင်းဝင် အဆောက်အအုံတခုအဖြစ် သတ်မှတ်ဂုဏ်ပြုခြင်း ခံခဲ့ရပါတယ်။
လက်ရှိအချိန်မှာတော့ ဒီအဆောက်အဦးကြီးဟာ ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လေ့ရှိတဲ့နေရာတခုဖြစ်လာသလို နာမည်ကျော် ရုပ်ရှင်တွေဖြစ်တဲ့ ဂေါ်ဇီလာ ၊ ပင့်ကူလူသား စတဲ့ ဇာတ်ကားတွေမှာပါ ထည့်သွင်းရိုက်ကူးခံထားရပါတယ်။
——— — ———–
(Zawgyi)
လြန္ခဲ့ေသာ ႏွစ္ေပါင္း ၁၂၀ က တည္ေဆာက္ခဲ့တဲ့ ၂၂ထပ္ အေဆာက္အအုံ
အေမရိကန္ နယူးေယာက္ၿမိဳ႕မွာရွိတဲ့ Flatiron အေဆာက္အအုံရဲ႕ မူလအမည္က Fuller အေဆာက္အအုံျဖစ္ၿပီး ႀတိဂံပုံ ၂၂ထပ္ စတီးဖရိန္ အထပ္ျမင့္ အေဆာက္အဦးျဖစ္ကာ ႏိုင္ငံရဲ႕ သမိုင္းဝင္အေဆာက္အဦးတခုအျဖစ္ သတ္မွတ္ခံထားရပါတယ္။
ဒီအေဆာက္အအုံကို ၁၉၀၂ ခုႏွစ္က ေဆာက္လုပ္ၿပီးစီးခဲ့တာျဖစ္ၿပီး အဲဒီအခ်ိန္က နယူးေယာက္ၿမိဳ႕ရဲ႕အခ်က္အျခာေနရာတခုျဖစ္တဲ့ ဘေရာ့ေဝး နဲ႔ ရိပ္သာ ၅လမ္း ေထာင့္မွာ ေဆာက္လုပ္ခဲ့တာျဖစ္ပါတယ္။
ပုံမွန္ ေဆာက္လုပ္ေနၾက အေဆာက္အအုံပုံစံေတြကေန ခြဲထြက္ၿပီး ႀတိဂံသ႑ာန္ ဒီအေဆာက္အအုံႀကီးရဲ႕ ဒီဇိုင္းကို ဆြဲခဲ့သူကေတာ့ ရွီကာဂိုအေျခစိုက္ ဗိသုကာပညာရွင္တေယာက္ျဖစ္တဲ့ ဒန္နီရယ္ဘာနန္ ပဲ ျဖစ္ပါတယ္။
ဒီအေဆာက္အဦးကို စတင္ေဆာက္လုပ္ခ်ိန္မွာ အင္မတန္လူေျပာမ်ားခဲ့တဲ့ အေဆာက္အဦးျဖစ္ခဲ့ပါတယ္။ အေၾကာင္းကေတာ့ အေဆာက္အဦးရဲ႕ဒီဇိုင္းေၾကာင့္ျဖစ္ၿပီး ဒီပုံစံအတိုင္း အထပ္အမ်ားႀကီးတည္ေဆာက္ပါက အေပၚက အေလးခ်ိန္ကို မခံႏိုင္ပဲ အေဆာက္အဦးဟာ ၿပိဳက်သြားလိမ့္မယ္လို႔ ေဒသခံေတြက ထင္မွတ္ခဲ့ၾကကာ အေဆာက္အဦးရဲ႕အမည္ကိုေတာင္ ဗိသုကာပညာရွင္ကို ျပစ္တင္ရႈတ္ခ်တဲ့အေနနဲ႔ ဘာနန္ရဲ႕မိုက္မဲမႈ Burnham’s Folly လို႔ေတာင္ေခၚေဝၚျခင္းခံခဲ့ရပါေသးတယ္။ လူေတြရဲ႕အျမင္ မွားယြင္းခဲ့ေၾကာင္း ယေန႔တိုင္ တည္တံခိုင္ၿမဲေနဆဲ အေဆာက္အအုံႀကီးက သက္ေသျဖစ္ပါတယ္။
အျမင့္ေပ ၂၈၅ ေပရွိတဲ့ Flatiron အေဆာက္အဦးဟာ အဲဒီေခတ္အခါက နယူးေယာက္ရဲ႕ အျမင့္ဆုံးအေဆာက္အအုံမဟုတ္ေပမယ့္ သူ႔ရဲ႕ပုံသ႑ာန္ေၾကာင့္ အျခားအေဆာက္အအုံေတြထက္ လူသိပိုမ်ားခဲ့ၿပီး ဓာတ္ပုံေတြ ႐ုပ္ရွင္ေတြထဲမွာ မၾကာခဏထည့္သြင္း ေဖာ္ျပ ႐ိုက္ကူးခံခဲ့ရတဲ့ အေဆာက္အအုံလည္းျဖစ္ပါတယ္။
ဒီအေဆာက္အအုံဟာ အဲဒီေခတ္က ေဆာက္လုပ္ေရးနည္းပညာသစ္လို႔ေျပာရမယ့္ Steel skeleton နည္းနဲ႔တည္ေဆာက္ထားတာလို႔ သိရၿပီး ဒီနည္းဟာ နံရံအထူႀကီးေတြတည္ေဆာက္စရာမလိုတဲ့အျပင္ တည္ေဆာက္ရာမွာ ပိုမိုျမန္ဆန္ေစတယ္လို႔ ဆိုပါတယ္။
အေဆာက္အဦးရဲ႕ ပတ္လည္မွာေတာ့ ထုံးေက်ာက္ကို အေျခခံထားတဲ့ ျပင္သစ္ နဲ႔ အီတလီရီေနးဆြန္းေခတ္စတိုင္ ဗိသုကာလက္ရာေတြကို ထည့္သြင္းအလွဆင္ထားပါတယ္။ အေဆာက္အဦးရဲ႕အက်ယ္အဝန္းက ၂၅၅၀၀၀ စတုရန္းေပရွိၿပီး တည္ေဆာက္ခ်ိန္စုစုေပါင္းအေနနဲ႔ ၁ႏွစ္ခန႔္သာ ၾကာျမင့္ခဲ့တာျဖစ္ပါတယ္။
တည္ေဆာက္ၿပီးစ အေဆာက္အဦးမွာ penthouse မပါဝင္ခဲ့ပဲ အႏုပညာရွင္ေတြအတြက္ စတူရီယိုခန္းေတြအျဖစ္ အသုံးျပဳဖို႔ ထပ္မံတိုးခ်ဲ႕တည္ေဆာက္ေပးခဲ့တာျဖစ္ပါတယ္။
ဒီအတိုင္းၾကည့္လိုက္ရင္ ႏွစ္နားညီႀတိဂံပုံလို႔ ထင္ရေပမယ့္ တကယ္ေတာ့ အနားတဖက္နဲ႔ တဖက္ဟာမညီပဲ ေထာင့္မွန္ႀတိဂံ ပုံစံသာျဖစ္ပါတယ္။ ႀတိဂံဆိုေပမယ့္ အခြၽန္ႀကီးမဟုတ္ပဲ က်ဥ္းေျမာင္းတဲ့ဘက္မွာ အနည္းငယ္ဝိုက္ကာ တည္ေဆာက္ထားတာျဖစ္ပါတယ္။ က်ဥ္းေျမာင္းတဲ့ဘက္မွာ ဆိုရင္ အေဆာက္အဦးရဲ႕ အက်ယ္က ၆ေပခြဲရွိပါတယ္။ ပိုထြက္ေနတဲ့ ေထာင့္ခြၽန္ေနရာကိုေတာ့ တထပ္အေဆာက္အဦးေဆာက္ထားၿပီး ျပပြဲခန္းမအေနနဲ႔ ျပဳလုပ္ထားပါတယ္။
ဒီအေဆာက္အအုံႀကီးကို အဲဒီအခ်ိန္က ရွီကာဂိုရဲ႕ အႀကီးစား ေဆာက္လုပ္ေရးကုမၸဏီႀကီးျဖစ္တဲ့ ေဂ်ာ့ဂ်္ေအဖူလာ ကုမၸဏီရဲ႕ ႐ုံးအျဖစ္ အသုံးျပဳဖို႔ ရည္႐ြယ္ေဆာက္လုပ္ခဲ့ျခင္းျဖစ္ပါတယ္။ ဒီကုမၸဏီတည္ေထာင္သူ ေဂ်ာ့ဂ်္ေအဖူလာ ဟာ မိုးေမွ်ာ္တိုက္ေတြရဲ႕ဖခင္လို႔ တင္စားေခၚေဝၚခံရသူ ျဖစ္ပါတယ္။ ဒီအေဆာက္အဦးႀကီးရဲ႕အမည္ကို ဖူလာလို႔ အမည္ေပးခဲ့ေပမယ့္ ေဒသခံေတြက မေျပာင္းလဲပဲ The Flatiron လို႔ပဲ ေခၚခဲ့ၾကတာေၾကာင့္ ဒီနာမည္ဟာ တရားဝင္အမည္ျဖစ္သြားခဲ့ရပါတယ္။
တည္ေဆာက္ၿပီးခ်ိန္ကေန ၁၉၁၀ ခုႏွစ္အထိ ဒီအေဆာက္အဦးရဲ႕ ၁၉ လႊာကို ဖူလာကုမၸဏီရဲ႕ ႐ုံးခ်ဳပ္အျဖစ္ အသုံးျပဳခဲ့ပါတယ္။ အျခားအထပ္ေတြကိုေတာ့ မဂၢဇင္း ကုမၸဏီေတြ ၊ ေဆးဝါးကုမၸဏီေတြ ၊အာမခံကုမၸဏီေတြရဲ႕ ႐ုံးခန္းအျဖစ္ ငွားရမ္းခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ jazz ေတးဂီတအဖြဲ႕တဖြဲ႕ပါ ေဖ်ာ္ေျဖေလ့ရွိတဲ့ စားေသာက္ဆိုင္ နဲ႔ ကလပ္ ကိုပါ ထည့္သြင္းဖြင့္လွစ္ခဲ့ပါတယ္။
ဒီအေဆာက္အဦးႀကီးမွာ မွာ ေရဖိအားသုံး ဟိုက္ဒေရာလစ္ ဓာတ္ေလွကားေတြကို တပ္ဆင္ထားခဲ့ပါတယ္။ ဒီဓာတ္ေလွကားေတြဟာ အလြန္ေႏွးေကြးၿပီး အထပ္ ၂၀ အျမင့္ကို ေရာက္ဖို႔ အခ်ိန္ ၁၀ မိနစ္ေတာင္ ယူရတယ္လို႔ ဆိုပါတယ္။ ဒီဓာတ္ေလွကားကိုပဲ ဆယ္စုႏွစ္ေပါင္းမ်ားစြာ အသုံးျပဳခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ ေခတ္သစ္ဓာတ္ေလွကားေတြကို အစားထိုး တပ္ဆင္ခဲ့တာျဖစ္ပါတယ္။ ယခုအခ်ိန္မွာေတာ့ အထပ္ ၉၀ ကို စကၠန႔္ ၄၀ေလာက္နဲ႔ တက္ႏိုင္ေလာက္တဲ့အထိ ျမန္ဆန္လြန္းတဲ့ ဓာတ္ေလွကားေတြ ေပၚေနၿပီျဖစ္ပါတယ္။
အေဆာက္အအုံကို ဖြင့္လွစ္ကာစက အမ်ိဳးသမီးေတြအတြက္ အခက္အခဲအလြန္ျဖစ္ခဲ့ပါတယ္။ အေၾကာင္းကေတာ့ အေဆာက္အဦးဒီဇိုင္းမွာ အမ်ိဳးသား ၊ အမ်ိဳးသမီး အိမ္သာ ေရခ်ိဳးခန္းေတြကို ခြဲျခား မတည္ေဆာက္ထားပဲ တမ်ိဳးထဲတည္ေဆာက္ထားလို႔ ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ တထပ္ျခားစီကို အမ်ိဳးသား ၊ အမ်ိဳးသမီး အိမ္သာေတြအျဖစ္ ျပန္လည္သတ္မွတ္ေပးေတာ့မွပဲ အဆင္ေျပသြားခဲ့ပါတယ္။
၁၉၂၅ ခုႏွစ္ ေအာက္တိုဘာလမွာေတာ့ ဒီအေဆာက္အုံႀကီးကို ဖူလာရဲ႕သားမက္ျဖစ္သူ ကုမၸဏီစီအီးအို ဟယ္ရီဘလက္ က သူ႔ရဲ႕ကုမၸဏီမွာ ေငြလိုတဲ့အတြက္ Equitable အသက္အာမခံကုမၸဏီထံ အေမရိကန္ေဒၚလာ ၂သန္း နဲ႔ ေရာင္းခ်ခဲ့ပါတယ္။ ဒီတန္ဖိုးဟာ အေဆာက္အဦးတခုလုံးေဆာက္လုပ္စဥ္က ကုန္က်ခဲ့တဲ့ တန္ဖိုးနဲ႔ တူညီပါတယ္။
၂၀၀၉ ခုႏွစ္မွာေတာ့ ဒီအေဆာက္အအုံကို အီတလီ အိမ္ၿခံေျမ နဲ႔ ရင္းႏွီးျမဳပ္ႏွံမႈ ကုမၸဏီႀကီးျဖစ္တဲ့ Sorgente Group ကေန ျပန္လည္ဝယ္ယူၿပီး ကမာၻ႔အဆင့္မီ ဟိုတယ္ႀကီးအျဖစ္ ေျပာင္းလဲဖြင့္လွစ္ဖို႔ အစီအစဥ္ဆြဲခဲ့ၿပီး အဲဒီအခ်ိန္မွာ ဒီအေဆာက္အအုံႀကီးရဲ႕ တန္ဖိုးက အေမရိကန္ေဒၚလာ သန္း ၁၉၀ ဝန္းက်င္ရွိေနၿပီျဖစ္ပါတယ္။
Flatiron အေဆာက္အအုံဟာ ၁၉၆၆ ခုႏွစ္မွာေတာ့ နယူးေယာက္ၿမိဳ႕ရဲ႕ အထိမ္းအမွတ္ အေဆာက္အအုံအျဖစ္ သတ္မွတ္ခံရသလို ၁၉၈၉ ခုႏွစ္မွာေတာ့ အေမရိကန္ႏိုင္ငံရဲ႕ သမိုင္းဝင္ အေဆာက္အအုံတခုအျဖစ္ သတ္မွတ္ဂုဏ္ျပဳျခင္း ခံခဲ့ရပါတယ္။
လက္ရွိအခ်ိန္မွာေတာ့ ဒီအေဆာက္အဦးႀကီးဟာ ကမာၻလွည့္ခရီးသြားေတြ လာေရာက္ေလ့ရွိတဲ့ေနရာတခုျဖစ္လာသလို နာမည္ေက်ာ္ ႐ုပ္ရွင္ေတြျဖစ္တဲ့ ေဂၚဇီလာ ၊ ပင့္ကူလူသား စတဲ့ ဇာတ္ကားေတြမွာပါ ထည့္သြင္း႐ိုက္ကူးခံထားရပါတယ္။