Tuesday, April 13, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

လွန်ခဲ့သောနှစ်ပေါင်း ၂ထောင်ကျော်က ရှေးဟောင်းရေခဲသေတ္တာတွေ

by Thutamm
April 7, 2020
Reading Time: 1min read
0
လွန်ခဲ့သောနှစ်ပေါင်း ၂ထောင်ကျော်က ရှေးဟောင်းရေခဲသေတ္တာတွေ
Share on FacebookShare on Twitter

(Uni)

ယနေ့ခေတ် အီလက်ထရောနစ် ရေခဲသေတ္တာတွေရဲ့ အစဦးအဖြစ် အိမ်သုံးလျှပ်စစ်ရေခဲသေတ္တာကို ၁၉၁၃ ခုနှစ်မှာ အမေရိကန်တီထွင်သူတယောက်ဖြစ်တဲ့ Fred W. Wolf က တီထွင်ခဲ့ပါတယ်။ ဒါကြောင့် ရေခဲသေတ္တာတွေဟာ ဒီဘက်ခေတ်မှာမှ ရှိလာတာလို့ ထင်ရပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ထောင်ကျော်ကတည်းက လူတွေဟာ ရေခဲသေတ္တာနဲ့ လုပ်ဆောင်ပုံချင်းတူတဲ့အရာတွေကို တီထွင်အသုံးပြုခဲ့ကြပါတယ်။ အဲဒီထဲက ထင်ရှားတဲ့တခုကတော့ Yakhcahl ရက်ချဲ ဖြစ်ပါတယ်။

Yakhcahl ဆိုတာကရှေးပါရှန်း မျိုးနွယ်တွေအသုံးပြုခဲ့တဲ့ အအေးခန်းဂူကြီး တွေဖြစ်ပြီး မြေပြင်အထက်လိပ်ခုံးပုံ အဆောက်အအုံဖြစ်ကာ အတွင်းပိုင်းမှာတော့ မြေအောက်သိုလှောင်ခန်းတွေပါဝင်လို့ နေပါတယ်။ ပါရှန်းဘာသာစကားနဲ့ဆိုရင်တော့ Yakh ဆိုတာက ရေခဲဖြစ်ပြီး Chal ဆိုတာကတော့ မြေကြီးမှာဖြစ်ပေါ်နေတဲ့ ကျင်း၊တွင်းကိုခေါ်တာဖြစ်ပါတယ်။

ယင်းအဆောက်အအုံတွေဟာရေခဲတွေကိုသာမက တခါတရံမှာဆိုရင် အစားအသောက်တွေကိုပါသိုလှောင်ခဲ့ကြတာပါ။ Yakhcahlတွေမှာပါဝင်နေတဲ့မြေ အောက်ခန်းတွေမှာဆိုရင် အခန်းတွင်းအပူချိန်ကိုအကောင်းဆုံးထိန်းထားနိုင်ပြီးအစား အသောက်တွေကြာရှည်ခံအောင် ရေခဲတွေကိုပါတစ်နှစ်နီးပါးလောက်ထိန်းသိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ Yakhcahl ကိုအများဆုံးတည်ဆောက်ခဲ့သူတွေကတော့ ပါရှန်းလူမျိုးတွေဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကာလကတည်းက သူတို့ရဲ့သမိုင်းအမွေတွေဟာ လက်ရှိအချိန်ထိတည်မြဲနေတာကိုတွေ့ရပါတယ်။

ဘီစီ (၄၀၀) ကာလလောက်ကတည်းက ပါရှန်းပညာရှင်တွေဟာ Yakhcahlလို့သိကြတဲ့ ရှေးဟောင်းအအေးခန်းကြီးတွေကိုတည်ဆောက်ဖို့ နည်းပညာကိုပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့်ပူပြင်းတဲ့နွေရာသီမှာ အစားအစာတွေကို ကြာရှည်ခံအောင်အသုံး အသုံးပြုနိုင်ဖို့နည်းပညာဆိုင်ရာ တွေ့ရှိမှုအဖြစ် Yakhcahlတွေဟာပေါ်ပေါက် လာခဲ့ကြတာဖြစ်ပါတယ်။ Yakhcahl ဆိုတာကတော့ ကန္တာရဒေသတွင်းကအိုအေစစ် တွေဖြစ်ပြီး နွေကာလလိုအလွန်ပူပြင်းချိန်မှာတောင် ရေခဲပြင်လိုအေးခဲနေတဲ့ ရှေးခေတ် အအေးခန်းတွေလည်းဖြစ်ပါတယ်။

Yakhcahl တွေဟာ ကန ္တရဒေသတွေရဲ့အလွန်အေးတဲ့ဆောင်းတွင်းကာလနဲ့ ပူပြင်းတဲ့ ကာလတွေအတွက်လူသားတွေဖန်တီးထားတဲ့နည်းပညာမြင့်အစားအသောက်သိုလှောင်ရုံတွေအဖြစ်ထင်ရှားပါတယ်။ Yakhcahl တွေအတွင်းကို qanat (အီရန်ဘာသာနဲ့ဆို ရင် ရေသွယ်မြောင်း) တွေကနေတစ်ဆင့်သွင်းပြီး ရာသီဒဏ်နဲ့ အေးခဲသွားစေပါတယ်။ အချို့သော Yakhcahl တွေမှာတော့ရေမသွင်းတော့ပဲ ဆောင်းကာလမှာအေးခဲသွားတဲ့ ယင်းအဆောက်အအုံဝန်းကျင်ကရေခဲတွေကိုပဲ တိုက်ရိုက်သယ်ဆောင်တဲ့နည်းလမ်းကို ကျင့်သုံးလေ့ရှိကြပါတယ်။

Yakhcahl တွေရဲ့အောက်ခြေမှာရှိတဲ့အပေါက်ငယ်လေးတွေကနေ ပြင်ပကလေအေးတွေကိုဝင်ရောက်စေနိုင်ပြီး ပါရှိတဲ့အောက်ခြေမြေအောက်ခန်းတွေရဲ့ထုထည်ဟာ ၁၈၀၀၀၀ ကုဗပေ လောက်ကိုရှိပါတယ်။ Yakhcahl တွေရဲ့မြေအပေါ်ပိုင်းထိပ်ကနေဝင်လာတဲ့ လေတွေဟာလည်း မြေအောက်မှာသိပ်သည်းဆများစွာရှိနေတဲ့ရေခဲထုကြောင့်လေ အေးတွေအဖြစ်ကူးပြောင်းသွားပြီး ထူကဲတဲ့နံရံတည်ဆောက်ပုံအောက်မှာ အအေးခန်း တစ်ခုအဖြစ် အသွင်ပြောင်းသွားခဲ့တာဖြစ်ပါတယ်။

Yakhcahl တွေကိုတော့ ပါရှန်းအခေါ် sarooj လို့သိကြတဲ့ရေဒဏ်ကိုကောင်းကောင်းခံ နိုင်တဲ့ အင်္ဂတေတွေနဲ့တည်ဆောက်ထားပါတယ်။ ယင်းအင်္ဂတေကိုတော့သဲ၊မြေစေး၊ထုံး ၊ဆိတ်မွှေးတွေနဲ့ဖော်စပ်ထားတာဖြစ်ပြီးအပူချိန်အကူးအပြောင်းနဲ့ရေဒဏ်ကိုအထူးခံနိုင် ရည်ရှိတဲ့အင်္ဂတေနဲ့ Yakhcahl နံရံတွေကိုထူကဲစွာတည်ဆောက်ပါတယ်။ ယင်း sarooj နံရံတွေဟာ Yakhcahl ရဲ့အောက်ခြေတွေမှာဆိုရင်အနည်းဆုံး(၂)မီတာလောက်ကို ထူထဲပါတယ်။

များသောအားဖြင့်တော့ Yakhcahl တစ်ခုမှာရေသွယ်မြောင်းတစ်ခုသာ ပါရှိတာကိုတွေ့ရ ပြီးတခါတရံမှာဆိုရင်တော့ ပါရှန်းလို badgirs (wind tower) တွေကိုပါတွဲဖက် အသုံးပြုပြီး နွေကာလလိုအချိန်တွေမှာပါ မြေပြင်ထက်မြင့်က လေအေးတွေကို စုဆောင်းလေ့ရှိကြပါတယ်။ ဝင်လာတဲ့ရေငွေ့တွေဟာလည်း အောက်ခြေမှာရှိတဲ့ အားကောင်းတဲ့ရေခဲငွေ့တွေနဲ့ပူးပေါင်းပြီး မြေအောက်ခန်းတွေရဲ့အအေးဓာက်ကိုကာလကြာ ထိန်းသိမ်းပေးပါတယ်။ Wind Tower တွေအသုံးပြုရေငွေ့စုဆောင်းတဲ့နည်းကိုတော့ badgirs စနစ်လို့ပါရှန်းတွေအကြားလူသိများပြီးယနေ့အချိန်ထိကန္တာရအတွင်းကမြို့တွေ မှာဆက်လက်အသုံးပြုနေဆဲဖြစ်ပါတယ်။ Wind Tower တွေကိုတော့ ရွံအုတ်တွေ၊သစ် သားတွေကိုအသုံးပြုပြီးအဝိုင်းပုံ(သို့) လေးထောင့်သဏ္ဍာန်တည်ဆောက်လေ့ရှိကြပါတယ်။

Yakhcahl တွေလိုအအေးခန်းတွေကို အသုံးပြုခြင်းအားဖြင့် ပါရှန်းလူမျိုးတွေဟာ ခေတ်တခုရဲ့မြင့်မားတဲ့ လူနေမှုစနစ်ကိုတည်ဆောက်နိုင်ခဲ့ကြတာဖြစ်ပါတယ်။ ယင်းအအေး ခန်းတွေရဲ့ကျေးဇူးနဲ့ ပါရှန်းတွေဟာ သူတို့ရရှိလာတဲ့အသားငါးတွေ၊ဒိန်ခဲနဲ့နို့ထွက်ပစ္စည် းတွေကို ပုံမှန်ထက်ကာလကြာထိန်းသိမ်းထားနိုင်ခဲ့ကြပါတယ်။ အထူးသဖြင့်နွေရာသီ လိုကာလတွေမှာဖြစ်ပြီး Yakhcahl တွေဟာအလွန်ပူပြင်းတဲ့ကန ္တာရတွေဆီက လူလုပ် အိုအေစစ်တွေပမာဖြစ်နေခဲ့တာဖြစ်ပါတယ်။ ဒါအပြင်ပါရှန်းတွေရဲ့ရိုးရာအချိုတည်း စားသောက်ဖွယ်ဖြစ်တဲ့ အလွန်အေးတဲ့ faloodeh တွေဟာလည်း Yakhcahl တွေရဲ့ ကျေးဇူးနဲ့ပေါ်ပေါက်လာခဲ့ကြတာဖြစ်ပါတယ်။

ရှေးခေတ်ပါရှန်းတွေရဲ့နာမည်ကျော် Yakhcahl အအေးခန်းတွေထဲမှာတော့ယခုအီရန်နိုင်ငံ၊ Kerman ပြည်နယ်ရဲ့မြို့တော် Kerman မြို့လယ်ကနေ (၁.၅)ကီလိုမီတာအကွာမှာ တည်ရှိတဲ့ရှေးဟောင်းအအေးခန်းဂူကြီးဟာထင်ရှားပါတယ်။ အဲဒီ Yakhcahl ကြီးဟာဆိုရင် လုံးချွန်သဏ္ဍန်ရှိကာ (၁၃)မီတာအမြင့်ရှိပါတယ်။ အလွန်ကြီးမားတဲ့ ထုထည်နဲ့ကိုတ်ညီအောင်အပြင်ကနေဝင်လာတဲ့လေအေးတွေကို မြေအောက်ခန်းတွင်းက သိပ်သည်းတဲ့ရေခဲငွေ့တွေနဲ့ ပေါင်းစပ်ပြီးအတွင်းပိုင်းအပူချိန်ကိုရေခဲပြင်တစ်ခုနဲ့ မခြားဖန်တီးနိုင်ခဲ့တာကြောင့် သူခေတ်သူအခါကတော့ တစ်နှစ်ပတ်လုံးအေးခဲနေတဲ့ အစားအသောက်သိုလှောင်ရာYakhcahl(သို့) အအေးခန်းကြီးတစ်ခုဖြစ်ခဲ့ပါတယ်။

ရှေးခေတ်ရေခဲသေတ္တာလို့ခေါ်ရမယ့် Yakhcahl တွေကို ယနေ့အချိန်ထိ အီရန်၊အာဖဂန်နစ္စတန်၊ တာကစ်စတန် နိုင်ငံမှာရှိတဲ့အိမ်ထောင်စုအချို့မှာဆက်လက် အသုံးပြုနေဆဲဖြစ်ပါတယ်။

(Zawgyi)

လြန္ခဲ့ေသာႏွစ္ေပါင္း ၂ေထာင္ေက်ာ္က ေရွးေဟာင္းေရခဲေသတၱာေတြ

ယေန႔ေခတ္ အီလက္ထေရာနစ္ ေရခဲေသတၱာေတြရဲ႕ အစဦးအျဖစ္ အိမ္သုံးလွ်ပ္စစ္ေရခဲေသတၱာကို ၁၉၁၃ ခုႏွစ္မွာ အေမရိကန္တီထြင္သူတေယာက္ျဖစ္တဲ့ Fred W. Wolf က တီထြင္ခဲ့ပါတယ္။ ဒါေၾကာင့္ ေရခဲေသတၱာေတြဟာ ဒီဘက္ေခတ္မွာမွ ရွိလာတာလုိ႔ ထင္ရေပမယ့္ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂ေထာင္ေက်ာ္ကတည္းက လူေတြဟာ ေရခဲေသတၱာနဲ႔ လုပ္ေဆာင္ပုံခ်င္းတူတဲ့အရာေတြကို တီထြင္အသုံးျပဳခဲ့ၾကပါတယ္။ အဲဒီထဲက ထင္ရွားတဲ့တခုကေတာ့ Yakhcahl ရက္ခ်ဲ ျဖစ္ပါတယ္။

Yakhcahl ဆိုတာကေရွးပါရွန္း မ်ိဳးႏြယ္ေတြအသံုးျပဳခဲ့တဲ့ အေအးခန္းဂူႀကီး ေတြျဖစ္ျပီး ေျမျပင္အထက္လိပ္ခံုးပံု အေဆာက္အအံုျဖစ္ကာ အတြင္းပိုင္းမွာေတာ့ ေျမေအာက္သိုေလွာင္ခန္းေတြပါဝင္လို႔ ေနပါတယ္။ ပါရွန္းဘာသာစကားနဲ႔ဆိုရင္ေတာ့ Yakh ဆိုတာက ေရခဲျဖစ္ျပီး Chal ဆိုတာကေတာ့ ေျမၾကီးမွာျဖစ္ေပၚေနတဲ့ က်င္း၊တြင္းကိုေခၚတာျဖစ္ပါတယ္။

ယင္းအေဆာက္အအံုေတြဟာေရခဲေတြကိုသာမက တခါတရံမွာဆိုရင္ အစားအေသာက္ေတြကိုပါသိုေလွာင္ခဲ့ၾကတာပါ။ Yakhcahlေတြမွာပါဝင္ေနတဲ့ေျမ ေအာက္ခန္းေတြမွာဆိုရင္ အခန္းတြင္းအပူခ်ိန္ကိုအေကာင္းဆံုးထိန္းထားနိုင္ျပီးအစား အေသာက္ေတြၾကာရွည္ခံေအာင္ ေရခဲေတြကိုပါတစ္နွစ္နီးပါးေလာက္ထိန္းသိမ္းနိုင္ခဲ့တယ္လို႔ သိရပါတယ္။ Yakhcahl ကိုအမ်ားဆံုးတည္ေဆာက္ခဲ့သူေတြကေတာ့ ပါရွန္းလူမ်ဳိးေတြျဖစ္ျပီး လြန္ခဲ့တဲ့နွစ္ေပါင္းမ်ားစြာကာ လကတည္းက သူတို႔ရဲ့သမိုင္းအေမြေတြဟာ လက္ရွိအခ်ိန္ထိတည္ျမဲေနတာကိုေတြ႔ရပါတယ္။

ဘီစီ (၄၀၀) ကာလေလာက္ကတည္းက ပါရွန္းပညာရွင္ေတြဟာ Yakhcahlလို႔သိၾကတဲ့ ေရွးေဟာင္းအေအးခန္းၾကီးေတြကိုတည္ေဆာက္ဖို႔ နည္းပညာကိုပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။ အထူးသျဖင့္ပူျပင္းတဲ့ေႏြရာသီမွာ အစားအစာေတြကို ၾကာရွည္ခံေအာင္အသံုး အသံုးျပဳနိုင္ဖို႔နည္းပညာဆိုင္ရာ ေတြ႔ရွိမႈအျဖစ္ Yakhcahlေတြဟာေပၚေပါက္ လာခဲ့ၾကတာျဖစ္ပါတယ္။ Yakhcahl ဆိုတာကေတာ့ ကႏၱာရေဒသတြင္းကအိုေအစစ္ ေတြျဖစ္ျပီး ေႏြကာလလိုအလြန္ပူျပင္းခ်ိန္မွာေတာင္ ေရခဲျပင္လိုေအးခဲေနတဲ့ ေရွးေခတ္ အေအးခန္းေတြလည္းျဖစ္ပါတယ္။

Yakhcahl ေတြဟာ ကႏ ၱရေဒသေတြရဲ့အလြန္ေအးတဲ့ေဆာင္းတြင္းကာလနဲ႔ ပူျပင္းတဲ့ ကာလေတြအတြက္လူသားေတြဖန္တီးထားတဲ့နည္းပညာျမင့္အစားအေသာက္သိုေလွာင္ရံုေတြအျဖစ္ထင္ရွားပါတယ္။ Yakhcahl ေတြအတြင္းကို qanat (အီရန္ဘာသာနဲ႔ဆို ရင္ ေရသြယ္ေျမာင္း) ေတြကေနတစ္ဆင့္သြင္းျပီး ရာသီဒဏ္နဲ႔ ေအးခဲသြားေစပါတယ္။ အခ်ိဳ႕ေသာ Yakhcahl ေတြမွာေတာ့ေရမသြင္းေတာ့ပဲ ေဆာင္းကာလမွာေအးခဲသြားတဲ့ ယင္းအေဆာက္အအံုဝန္းက်င္ကေရခဲေတြကိုပဲ တိုက္ရိုက္သယ္ေဆာင္တဲ့နည္းလမ္းကို က်င့္သံုးေလ့ရွိၾကပါတယ္။

Yakhcahl ေတြရဲ့ေအာက္ေျခမွာရွိတဲ့အေပါက္ငယ္ေလးေတြကေန ျပင္ပကေလေအးေတြကိုဝင္ေရာက္ေစနိုင္ျပီး ပါရွိတဲ့ေအာက္ေျခေျမေအာက္ခန္းေတြရဲ့ထုထည္ဟာ ၁၈၀၀၀၀ ကုဗေပ ေလာက္ကိုရွိပါတယ္။ Yakhcahl ေတြရဲ့ေျမအေပၚပိုင္းထိပ္ကေနဝင္လာတဲ့ ေလေတြဟာလည္း ေျမေအာက္မွာသိပ္သည္းဆမ်ားစြာရွိေနတဲ့ေရခဲထုေၾကာင့္ေလ ေအးေတြအျဖစ္ကူးေျပာင္းသြားျပီး ထူကဲတဲ့နံရံတည္ေဆာက္ပံုေအာက္မွာ အေအးခန္း တစ္ခုအျဖစ္ အသြင္ေျပာင္းသြားခဲ့တာျဖစ္ပါတယ္။

Yakhcahl ေတြကိုေတာ့ ပါရွန္းအေခၚ sarooj လို႔သိၾကတဲ့ေရဒဏ္ကိုေကာင္းေကာင္းခံ နိုင္တဲ့ အဂၤေတေတြနဲ႔တည္ေဆာက္ထားပါတယ္။ ယင္းအဂၤေတကိုေတာ့သဲ၊ေျမေစး၊ထံုး ၊ဆိတ္ေမႊးေတြနဲ႔ေဖာ္စပ္ထားတာျဖစ္ျပီးအပူခ်ိန္အကူးအေျပာင္းနဲ႔ေရဒဏ္ကိုအထူးခံနိုင္ ရည္ရွိတဲ့အဂၤေတနဲ႔ Yakhcahl နံရံေတြကိုထူကဲစြာတည္ေဆာက္ပါတယ္။ ယင္း sarooj နံရံေတြဟာ Yakhcahl ရဲ့ေအာက္ေျခေတြမွာဆိုရင္အနည္းဆံုး(၂)မီတာေလာက္ကို ထူထဲပါတယ္။

မ်ားေသာအားျဖင့္ေတာ့ Yakhcahl တစ္ခုမွာေရသြယ္ေျမာင္းတစ္ခုသာ ပါရွိတာကိုေတြ႔ရ ျပီးတခါတရံမွာဆိုရင္ေတာ့ ပါရွန္းလို badgirs (wind tower) ေတြကိုပါတြဲဖက္ အသံုးျပဳျပီး ေႏြကာလလိုအခ်ိန္ေတြမွာပါ ေျမျပင္ထက္ျမင့္က ေလေအးေတြကို စုေဆာင္းေလ့ရွိၾကပါတယ္။ ဝင္လာတဲ့ေရေငြ႔ေတြဟာလည္း ေအာက္ေျခမွာရွိတဲ့ အားေကာင္းတဲ့ေရခဲေငြ႔ေတြနဲ႔ပူးေပါင္းျပီး ေျမေအာက္ခန္းေတြရဲ့အေအးဓာက္ကိုကာလၾကာ ထိန္းသိမ္းေပးပါတယ္။ Wind Tower ေတြအသံုးျပဳေရေငြ႔စုေဆာင္းတဲ့နည္းကိုေတာ့ badgirs စနစ္လို႔ပါရွန္းေတြအၾကားလူသိမ်ားျပီးယေန႔အခ်ိန္ထိကႏၱာရအတြင္းကျမိဳ႕ေတြ မွာဆက္လက္အသံုးျပဳေနဆဲျဖစ္ပါတယ္။ Wind Tower ေတြကိုေတာ့ ရြံအုတ္ေတြ၊သစ္ သားေတြကိုအသံုးျပဳျပီးအဝုိင္းပံု(သို႔) ေလးေထာင့္သ႑ာန္တည္ေဆာက္ေလ့ရွိၾကပါတယ္။

Yakhcahl ေတြလိုအေအးခန္းေတြကို အသံုးျပဳျခင္းအားျဖင့္ ပါရွန္းလူမ်ိဳးေတြဟာ ေခတ္တခုရဲ့ျမင့္မားတဲ့ လူေနမႈစနစ္ကိုတည္ေဆာက္နိုင္ခဲ့ၾကတာျဖစ္ပါတယ္။ ယင္းအေအး ခန္းေတြရဲ့ေက်းဇူးနဲ႔ ပါရွန္းေတြဟာ သူတို႕ရရွိလာတဲ့အသားငါးေတြ၊ဒိန္ခဲနဲ႔နို႔ထြက္ပစၥည္ းေတြကို ပံုမွန္ထက္ကာလၾကာထိန္းသိမ္းထားနိုင္ခဲ့ၾကပါတယ္။ အထူးသျဖင့္ေႏြရာသီ လိုကာလေတြမွာျဖစ္ျပီး Yakhcahl ေတြဟာအလြန္ပူျပင္းတဲ့ကႏ ၱာရေတြဆီက လူလုပ္ အုိေအစစ္ေတြပမာျဖစ္ေနခဲ့တာျဖစ္ပါတယ္။ ဒါအျပင္ပါရွန္းေတြရဲ့ရိုးရာအခ်ိဳတည္း စားေသာက္ဖြယ္ျဖစ္တဲ့ အလြန္ေအးတဲ့ faloodeh ေတြဟာလည္း Yakhcahl ေတြရဲ့ ေက်းဇူးနဲ႔ေပၚေပါက္လာခဲ့ၾကတာျဖစ္ပါတယ္။

ေရွးေခတ္ပါရွန္းေတြရဲ့နာမည္ေက်ာ္ Yakhcahl အေအးခန္းေတြထဲမွာေတာ့ယခုအီရန္နိုင္ငံ၊ Kerman ျပည္နယ္ရဲ့ျမိဳ႕ေတာ္ Kerman ျမိဳ႕လယ္ကေန (၁.၅)ကီလိုမီတာအကြာမွာ တည္ရွိတဲ့ေရွးေဟာင္းအေအးခန္းဂူၾကီးဟာထင္ရွားပါတယ္။ အဲဒီ Yakhcahl ၾကီးဟာဆိုရင္ လံုးခၽြန္သ႑န္ရွိကာ (၁၃)မီတာအျမင့္ရွိပါတယ္။ အလြန္ၾကီးမားတဲ့ ထုထည္နဲ႔ကိုတ္ညီေအာင္အျပင္ကေနဝင္လာတဲ့ေလေအးေတြကို ေျမေအာက္ခန္းတြင္းက သိပ္သည္းတဲ့ေရခဲေငြ႔ေတြနဲ႔ ေပါင္းစပ္ျပီးအတြင္းပိုင္းအပူခ်ိန္ကိုေရခဲျပင္တစ္ခုနဲ႔ မျခားဖန္တီးနိုင္ခဲ့တာေၾကာင့္ သူေခတ္သူအခါကေတာ့ တစ္နွစ္ပတ္လံုးေအးခဲေနတဲ့ အစားအေသာက္သိုေလွာင္ရာYakhcahl(သို႔) အေအးခန္းၾကီးတစ္ခုျဖစ္ခဲ့ပါတယ္။

ေရွးေခတ္ေရခဲေသတၱာလုိ႔ေခၚရမယ့္ Yakhcahl ေတြကို ယေန႔အခ်ိန္ထိ အီရန္၊အာဖဂန္နစၥတန္၊ တာကစ္စတန္ နိုင္ငံမွာရွိတဲ့အိမ္ေထာင္စုအခ်ိဳ႕မွာဆက္လက္ အသံုးျပဳေနဆဲျဖစ္ပါတယ္။

Tags: inventionstechworld knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!