Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၃၀၀၀) ခန့်က ဘီယာချက်ရာနေရာကို ရှာဖွေတွေ့ရှိ

by Thutamm
August 12, 2019
Reading Time: 1min read
0
လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၃၀၀၀) ခန့်က ဘီယာချက်ရာနေရာကို ရှာဖွေတွေ့ရှိ
Share on FacebookShare on Twitter

ဘီယာ အဖျော်ယမကာတွေကို လူသားတို့ ဘယ်အချိန်ကတည်းက သောက်သုံးခဲ့ကြပါသလဲ။ အစောဆုံးခိုင်ခိုင်မာမာတွေ့ရှိရတဲ့ မှတ်တမ်းကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၅၀၀(ဘီစီ ၃၅၀၀) ခန့်က အီရန်နိုင်ငံ ဇာဂရိုတောင်တန်းတွေပေါ်မှာ ဖြစ်တယ်လို့ ညွှန်ပြခဲ့ပါတယ်။ ဒါပေမယ့် အခုတွေ့ရှိမှုကတော့ ဘီယာ အဖျော်ယမကာတွေကို အဲဒီထက်နှစ်ပေါင်းထောင်ချီစောပြီး လူသားတွေဟာ သောက်သုံးနေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ဘီယာကဲ့သို့သော အဖျော်ယမကာကို လွန်ခဲ့တဲ့ နှစ်ပေါင်း(၁၃၀၀၀)ကတည်းက လူအများစုရုံးရာ ပွဲလမ်းသဘင်တွေမှာ လူသားတို့သောက်သုံးခဲ့တာဖြစ်ပါတယ်။ ဒီရှေး ဘီယာချက်စက်ရုံဟောင်းကို အစ္စရေးနိုင်ငံရဲ့တတိယအကြီးဆုံးမြို့တော်ဖြစ်တဲ့ Haifaမြို့တောင်ပိုင်းမှာ ရှိတဲ့ Raqefet လိုဏ်ဂူအတွင်းကနေရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကျောက်သားကိုထွင်းဖောက်ပြီး ငရုတ်ဆုံသဏ္ဍာန်ပြုလုပ်ထားတဲ့ အဲဒီရှေးယမကာ ချက်လုပ်တဲ့နေရာက ယစ်မျိုးနွယ်ဝင် အရည်တွေကို ယင်းခေတ်အခါက စစ်အောင်နိုင်ရေးအခမ်းအနား၊ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ပွဲတော်တွေမှာ လူသားတွေသောက်သုံးခဲ့ကြပါတယ်။ ရှေးဟောင်းသုသေသနပညာရှင်တွေ ကတော့ ဒီလိုဏ်ဂူအတွင်းကနေ တူးဖော်တွေ့ရှိတဲ့နေရာကို ကမ္ဘာကြီးရဲ့ ရှေးအကျဆုံးသော ယမကာချက်လုပ်တဲ့စက်ရုံအဖြစ်သတ်မှတ်နိုင်တယ်လို့အခိုင်အမာပြောဆိုထားပါတယ်။

အစ္စရေးနိုင်ငံရဲ့ မြောက်ပိုင်းမှာတည်ရှိတဲ့ Haifaမြို့ရဲ့တောင်ပိုင်း Raqefet လိုဏ်ဂူ အတွင်းမှာ တွေ့ရှိရတဲ့ ရှေးခေတ်ဘီယာချက်စက် ရုံအဖြစ်ယူဆနိုင်တဲ့ ဒီကျောက်သားတွင်းပေါက်တွေရှိတဲ့ အရပ်ဟာ Natufian လူမျိုးနွယ်စုတွေ အခြေချ နေထိုင်ခဲ့တာဖြစ်ပါတယ်။ Natufian လူမျိုးနွယ်စုတွေရဲ့ ရုပ်အလောင်းအချို့ကိုတောင် ဒီလိုဏ်ဂူထဲမှာ မြုပ်နှံသဂြိုလ်ထားခဲ့တာဖြစ်ပါတယ်။ Mediterranean ပင်လယ်အရှေ့ ပိုင်းဒေသ မှာစုပေါင်းအမဲလိုက်ကြတဲ့ Natufian လူမျိုးနွယ်စုတွေဟာ သူတို့ရဲ့ အထင်ကရ ပွဲတော်တွေမှာ ဒီအထူးပြုလုပ်ထားတဲ့ ယမကာတွေကို မထင်မှတ် ပဲတွေ့ရှိရာကနေ မှီဝဲခဲ့ကြတာဖြစ်ပါလိမ့်မယ်လို့ ရှေးသုသေသနပညာရှင်တွေက မှတ်ချက်ချထားခဲ့ကြပါတယ်။

လွန်ခဲ့နှစ်(၁၄၅၀၀ကနေ ၁၁၅၀၀ကာလကြားက အုပ်စုလိုက်အမဲလိုက်တဲ့ ဓလေ့ရှိကြတဲ့ Natufian လူမျိုးနွယ်စု၊ အနွယ်ဝင်တွေကို ယနေ့ခေတ်မှာတော့ အစ္စရေးနိုင်ငံ၊ လက်ဘနွန်နိုင်ငံ၊ ဆီးရီးယားနိုင်ငံတွေမှာ တွေ့ရှိရပါတယ်။ ဒီလူမျိုးတွေ ဟာ ယခင်က ခြေသလုံးအိမ်တိုင်ဘဝနဲ့နေထိုင်ခဲ့ရာမှ နောက်ပိုင်းကာလတွေမှာတော့ ကိုယ်ပိုင်နေအိမ်တွေ၊ သီးနှံစိုက်ခင်းတွေကို ဖန်တီးပြီး နေရာတစ်ခုတည်းမှာပဲ မိမိတို့ အုပ်စုအလိုက် အခြေချနေထိုင်လာခဲ့ကြပါတယ်။ နောက်ပိုင်းမှာ တစ်ဖြည်းဖြည်း အသိဉာဏ်ဖွံဖြိုးလာတဲ့ Natufian လူမျိုးနွယ်စုတွေဟာ သီးနှံသစ်ဥတွေ အချဉ်ဖောက် ရာကနေဖြစ်လာတဲ့ယမကာကနေမထင်မှတ်ပဲတွေ့ရှိရာကနေနောက်ပိုင်းမှ ာဒီယမကာ သောက်သုံးမှုကို မိရိုးဖလာဓလေ့အဖြစ် လက်ခံကျင့်သုံးခဲ့ကြပုံပေါ်ပါတယ်။

သိပ္ပံပညာ ရှင်တွေကတော့ Natufian လူမျိုးနွယ်စုတွေဟာ ဒီယမကာချက်လုပ်ရာမှာ အဆင့် (၃) ဆင့်ကိုအသုံးပြုပြီး ချက်လုပ်ခဲ့တာလို့ အဖြေပေးခဲ့ကြပါတယ်။ ပထမအဆင့်အနေနဲ့ Natufian တွေဟာ မုယောစပါး(သို့)ဂျုံစေ့ကနေရတဲ့ ကစီဓာက်တွေကို အရည်ပျော် အောင်ပြုလုပ်ကြပါတယ်။ ဒုတိယ အဆင့်အနေနဲ့ကတော့ စပါးစေ့တွေကို ရေစိမ်ပြီး အညှောင့် ပေါက်အောင်ပြုလုပ်ပါတယ်။ ပြီးနောက်ရေကိုသွန်ပစ်ပြီး အဲဒီစပါးစေ့တွေ ကိုအခြောက်လှမ်းပါတယ်။ နောက်ဆုံးမှာတော့ အထက်မှာဖော်ပြခဲ့တဲ့ အရာတွေကို ရောစပ်ပြီး ကျောက်သားဆုံတွေထည့်ကာ ထုထောင်းခြင်း၊အပူပေးခြင်းတို့ကို ပြုလုပ်ပါတယ်။ နောက်ဆုံးမှာတော့ ဒီအရည်ပျော်နေပြီဖြစ်တဲ့ အရောအနှောတွေကို အချဉ် ဖောက်အောင် ရက်အတန်ကြာအောင်ထားပြီး ယမကာအဖြစ်ဖန်တီးပါတော့တယ်။

အထက်မှာဖော်ပြခဲ့တဲ့နည်းတွေကိုပဲ Natufian တွေသုံးခဲ့ကြပါလိမ့်မယ်။ ကုန်ကြမ်းကတော့ အခြားသစ်သီး၊ သစ်ဥတွေပါဝင်ကောင်းလည်းပါဝင်ပါလိမ့်မယ်။ နောက်ထပ် ယမကာချက်လုပ်တဲ့ ပုံစံတစ်ခုလည်းရှိကောင်း ရှိနိုင်သေးတာပါပဲ။ သေချာတာ ကတော့ Natufian လူမျိုးနွယ်စုတွေဟာ ကမ္ဘာ့ ပထမဆုံးဘီယာချက်လုပ်ငန်းကို အကောင် အထည်ဖော်ခဲ့တဲ့ သူတွေဖြစ်ပါတယ်လို့ Haifa တက္ကသိုလ်က ရှေးဟောင်းသုသေသန ပညာလေ့လာရေးပညာ ပါမောက္ခ Dani Nadel က AFP သတင်းဌာနနဲ့တွေ့ဆုံစဉ်မှာ ပြောပြခဲ့ပါတယ်။ သူကပဲဆက်လက်ပြီး ဒီဂူထဲမှာ Natufian လူမျိုးနွယ်စုတွေသာ နေထိုင်ခဲ့တာကိုတော့ တူးဖော်ရရှိတဲ့ရုပ်ကြွင်းတွေ နဲ့ သူတို့အသုံးပြုခဲ့တဲ့ ပစ္စည်း၊ လက်နက်အချို့ကြောင့် သိရခြင်းဖြစ်ပါတယ်။

Natufian တွေဟာ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အတော်လေးခရီးရောက်ခဲ့တာဖြစ်ပြီး ပန်မျိုးစိတ်အချို့နဲ့ အပင်မျိုးစိတ် အချို့ကိုတောင် ဒီဂူထဲမှာ စိုက်ပျိုးခဲ့ကြပါတယ်။ ဒါအပြင် အသီးအရွက်တွေကို ရောစပ်အချဉ် ဖောက်ပြီး မူးယစ်စေတဲ့ အခြားအရည်တစ်မျိုးကိုလည်း ဖန်တီးနိုင်ခဲ့ပါသေးတယ်။ ဒီအတွက်တော့ လိုအပ်တဲ့ အထောက်အကူပစ္စည်းတွေ ရှာဖွေတွေ့ရှိခြင်းတော့ မရှိသေးပါဘူးလို့ ပြောပြခဲ့ပါတယ်။ ဒေါက်တာ Nadel ကပဲ Natufian တွေဖန်တီးထားတဲ့ ဘီယာဟာ ယနေ့ခေတ်ဘီယာ တွေလို အချဉ်ဖောက်ပြီးဖန်တီးတာ မှန်ပေမဲ့ ပြင်းအားလျော့နည်းပါတယ်။ သူတို့အဖွဲ့ ရှာဖွေတွေ့ရှိတဲ့ Raqefetကျောက်ဂူမျက်နှာပြင်က တွင်းတွေဟာရှေးခေတ်က Natufian တွေရဲ့ ရှေးဘီယာချက်စက်ရုံဖြစ်တဲ့အချက်ဟာ အထောက်အထား ခိုင်လုံ တာကြောင့် ရှေးဟောင်းသုသေသနဆိုင်ရာ ဂျာနယ်တွေမှာတောင် ခေါင်းကြီးသတင်း အဖြစ်ပါဝင်လာခဲ့ပါတယ်။

အသေးဆုံးကျောက်တုံး(၂)တုံးမှာထွင်းထုထားတဲ့ ကျောက်ဆုံနှစ်ခုဟာ အညှောက်ဖောက်ထားတဲ့ စပါးစေ့တွေကိုသိုလှောင်ဖို့အသုံးပြုပြီး အကြီးဆုံးသောကျောက်ဆုံကိုတော့ အစေ့အဆံအရောအနှောတွေကိုထုထောင်းဖို့၊ အပူပေးဖို့၊အချဉ်ဖောက်ဖို့ အသုံးပြုပါတယ်။ ဒီကျောက်သားတွင်းတွေထဲကအချို့ဟာ ၄၀-၆၀ cmအထိကျယ်ပြီး (၁) ပေကနေ(၂)ပေကြား အနက်ရှိပါတယ်။ ဒီနေရာမှာပဲ Natufian လူမျိုးနွယ်စုတွေရဲ့ ရုပ်အလောင်းတွေကို တူးဖော်တွေ့ရှိတာကြောင့် ယင်းအခါက ယမကာတိုက်ကျွေးတဲ့ ဓလေ့ဟာ အခြားသော လူမူရေးဆိုင်ရာကိစ္စရပ်တွေမှာပါ အရေးပါတဲ့ ပုံပေါ်နေပါတယ်လို့ Dr Nadelကဆိုပါတယ်။

အင်္ဂလန်နိုင်ငံ၊ စတန်းဖိုဒ် တက္ကသိုလ်ကလေ့လာရေးပညာရှင်တွေ ကတော့ လွန်ခဲ့တဲ့ နှစ်များစွာအကြာကတည်းက အဆင့်ဆင့်ပြောင်းလဲလာတဲ့ အနှံအစေ့ ကနေဘီယာချက်လုပ်မှု နည်းစနစ်တွေအကြောင်းစာတမ်းတစ်စောင် ပြုစုဖူး တာကြောင့် ယခုတွေ့ရှိချက်နဲ့ အံဝင်ခွင်ကျရှိတယ်လို့ သတ်မှတ်ရမှာပါ။ ဒီတွေ့ရှိချက် တွေကြောင့် ရှေးယခင်ကတည်းက အရက်ထုတ်လုပ်ရာမှာ သစ်သီး၊သစ်ဥ၊သစ်ဆံတွေ မလိုအပ်ခဲ့တဲ့အကြောင်း အထောက်အထားကိုတွေ့ရပါတယ်။ ယင်းကာလတွေက စိုက်ပျိုးရေးလုပ်ငန်းတွေဟာ ဒီယမကာတွေကို မူတည်ပြီးအဆင့်ဆင့်စိုက်ပျိုးလာခဲ့ တဲ့အနေအထားကိုတွေ့နေရပါတယ်။

ဘာကြောင့်လဲဆိုတော့ ဒီယမကာတွေဟာ ရှေးခေတ်လူမျိုးတွေရဲ့ ဓလေ့ထုံးစံ၊မိရိုးဖလာယုံကြည်မှုတွေနဲ့ ဆက်စပ်နေလို့လည်း ဖြစ်ပါတယ်လို့ စတန်းဖိုဒ်တက္ကသိုလ်က ရှေးဟောင်းသုသေသနလေ့လာရေး အဖွဲ့ခေါင်း ဆောင် တရုတ်လူမျိုး Li Liu ကသူရဲ့ယူဆချက်ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ Natufian လူမျိုးနွယ်စုတွေရဲ့ ပထမဆုံးပေါင်မုန့်ကို ဂျော်ဒန်နိုင်ငံ အရှေပိုင်းမှာတွေ့ရှိခဲ့ပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၁၆၀၀ ကနေ ၁၄၆၀၀အတွင်းရှိမယ် လို့ မှတ်တမ်းတွေကဖော်ပြခဲ့ပေမဲ့ ဘီယာကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၁၇၀၀ ကနေ ၁၃၇၀၀ အတွင်းပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

Neolithic ခေတ်ကတည်းကလူသားတွေဟာ ဒီအဖျော်ယမကာတွေကို မိရိုးဖလာ ဓလေ့အဖြစ်အသုံးပြုရာကတစ်ဆင့် အကျိုးဆက်အနေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ တိုးတက်ချဲ့ထွင်လာခဲ့ကြပါတယ်။ ဒီယမကာဖန်တီးထုတ်လုပ်မှု အလေ့အထဟာ အစ္စရေးနိုင်ငံအတွင်းရှိ Mount Carmel နဲ့ Galilee ဒေသဝန်းကျင်မှာ အဓိကထွန်းကား ခဲ့တာဖြစ်ပြီး ဒီနေရာကနေတစ်ဆင့် ကမ္ဘာအရပ်ရပ်ကို ပျံ့နှံ့ခဲ့တာဖြစ်နိုင်တယ်လို့ ပညာရှင်တွေက ယူဆနေကြပါတယ်။Natufian လူမျိုးနွယ်စုတွေဟာ အထက်ပါဒေသ တွေမှာအချိန်အကြာကြီး စိုးမိုးထားခဲ့ကြပြီး ယမကာထုတ်လုပ်နိုင်တဲ့ အပင်မျိုးစေ့ တွေကိုတောင် ထိန်းသိမ်းထားခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။

ယခုအခါမှာတော့ Natufian လူမျိုးနွယ်တွေဟာ အရှေအလယ်ပိုင်းဒေသတွင်း ကွဲလွဲတဲ့ မျိုးနွယ်စုတွေအဖြစ် ရှိနေကြတုန်းပါပဲ။ အထူးသဖြင့် ကျွန်တော်တို့အစ္စရေးနိုင်ငံနဲ့ Natufian လူမျိုးနွယ်စုတွေ၊ သူတို့ရဲ့ယမကာ လုပ်ငန်းတွေဟာ အများကြီး နှီးနွယ်နေတာပါ။ မှတ်တမ်းတွေ၊ တွေ့ရှိ ချက်တွေအရတော့ ယခုတူးဖော်တွေ့ရှိတဲ့ ရှေးယမကာထုတ်လုပ်မှုတွေဟာ Natufian လူမျိုးနွယ်စုတွေရဲ့ ယဉ်ကျေးမှုနဲ့ လူမူအသိုက်အဝိုင်းထဲ အတော်လေးအရေးပါနေတာ တွေ့နေရပါတယ်လို့ Dr Nadelက သူရဲ့အမြင်ကို ပြောကြားခဲ့ပါတယ်။

သုတဇုန်

Tags: kaung htetworld knowledgeworld news

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!