Tuesday, April 13, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀၀ကျော်က ဗုဒ္ဓဘာသာ အမွေအနှစ်များရှိရာနေရာ

by Thutamm
July 8, 2020
Reading Time: 1min read
0
လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀၀ကျော်က ဗုဒ္ဓဘာသာ အမွေအနှစ်များရှိရာနေရာ
Share on FacebookShare on Twitter

တရုတ်နိုင်ငံ၊ ဟိုင်နန်ပြည်နယ်၊ လျိုရန် မြို့တောင်ဘက်မှာရှိတဲ့ ရီမြစ်ကမ်းရဲ့နဖူးမှာ ရှိတဲ့ကျောက်တောင်နံရံတွေ အတွင်းမှာတော့ Longmen Grottoes လို့ခေါ်တဲ့ ဂူတွင်း ဗုဒ္ဓရုပ်ပွားတော်တွေနဲ့ ရှေးဟောင်းရုပ်တုတွေ တည်ရှိပါတယ်။

တရုတ်ဘာသာစကားနဲ့ Longmen ဆိုတာကတော့ နဂါးပြည်ရဲ့အဝင်ဂိတ်လို့အမည်ရပြီး Grottoes ကတော့ ဗုဒ္ဓရုပ်ပွားတော်တွေကိုဆိုလိုပါတယ်။ ကျောက်လိုဏ်ဂူ (၂၃၄၅)ခုတည်ရှိပြီး၊ယင်းနေရာ မှာတည်ရှိတဲ့ ရုပ်တု ဆင်းတုတော်တွေဟာ ဂူလုံးပြည့်ထွင်းထုထားတာဖြစ်ပြီး (၁)လက်မအရွယ် ကနေ(၁၇)ပေအမြင့်ရှိတဲ့ ဘုရားပုထိုးတွေကိုမြင်တွေ့ရမှာပါ။

ဒါအပြင် မက်စောက်တဲ့ တောင်နံရံတွေအားလုံးမှာ ထုံးကျောက်တွေကို အသုံးပြုပြီးတည်ထားတဲ့ ဘာသာရေးဆိုင်ရာ ရုပ်တုအရေအတွက်ဟာ စုစုပေါင်း (၁၀၀၀၀၀)ထက်မနည်း တည်ရှိနေတာဖြစ်ပြီးYiမြစ်ကမ်းနဖူးရဲ့အပြိုင်(၁)ကီလိုမီတာအထိရှည်လျားပါတယ်။ မြင်ရသူတိုင်းအံ့သြမင်သက်ရလောက်တဲ့ ရှေးခေတ်လက်ရာတွေဟာ တရုတ်နိုင်ငံရဲ့သမိုင်းစဉ်ဆက်ထိန်းသိမ်းနိုင်ခဲ့တဲ့ ဗုဒ္ဒသာသနာတော်အတွက် အကောင်းဆုံးသက်သေပဲဖြစ်ပါတယ်။

Longmen Grottoes တွေဟာ တရုတ်နိုင်ငံရဲ့ သမိုင်းဝင်မြို့တော် Luoyang ရဲ့တောင်ဘက် (၁၂)ကီလိုမီတာ အကွာမှာတည်ရှိနေတာဖြစ်ပြီး Yi မြစ်အတွင်းကနေ ကြည့်ရင်တော့ မက်စောက်တဲ့တောင်ကုန်းနှစ်ခုရဲ့အကြား တောင်ကြားပမာဖြစ်နေတဲ့ အရပ်မှာ ဗုဒ္ဒဆင်းထုတော်အရွယ်အစားမျိုးစုံနဲ့ မဟာယနဗုဒ္ဓဘာသာဆိုင်ရာ ဘာသာရေးရုပ်တု များစွာကို ဆင့်ကဲတည်ထားတဲ့ သဏ္ဍာန်နဲ့တွေ့မြင်ရမှာပါ။

ဆင်းတုတော်တွေတည်ထား တဲ့တောင်တွေဟာ ထုံးကျောက်တောင်တွေ ဖြစ်နေတာကြောင့်လည်း ခေတ်အဆက် ဆက်တရုတ် လက်မှုပညာသည်တွေဟာ ရုပ်တုတွေထုလုပ်ဖို့ ကုန်ကြမ်းကို လွယ်လွယ်ကူကူရရှိနေတာလည်း ဖြစ်ပါတယ်။

Longmen Grottoes တွေကိုတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀၀ကျော်ကာလ အေဒီ(၄၉၃)ခုနှစ်၊ Xiaowen အင်ပါယာခေတ်ကတည်းက စတင်ထုလုပ်ပူဇော်ခဲ့တာဖြစ်ပြီး Xiaowen ဘုရင်မင်းဆက်တွေဖြစ်တဲ့ Tang နဲ့ Song အပါအဝင် မင်း(၆) ဆက်တိတိက နှစ်ပေါင်း(၄၀၀) လောက်ကြာအောင် ဖြည်းဖြည်းချင်းအချိန်ပေးတည်ဆောက်ခဲ့တာလည်း ဖြစ်ပါတယ်။ ရုပ်တုတွေကို အများဆုံးပြုလုပ်ခဲ့ကြတဲ့ ကာလကတော့ (၅)ရာစုအကုန်လောက်ကနေ (၈)ရာစု အလယ်ကာလ တွေပဲ ဖြစ်ပါတယ်။

ဆင်းတုတော်အပါအဝင်ရုပ်တုတွေရဲ့ သုံးပုံတစ်ပုံခန့်ကိုတော့ တရုတ်နိုင်ငံ မြောက်ပိုင်းက Wei(song) မင်းဆက်ကတည်ဆောက်ခဲ့တာဖြစ်ပြီး ကျန်သုံးပုံ နှစ်ပုံကိုတော့ Tang မင်းဆက်တွေကတည်ဆောက်ခဲ့တာဖြစ်တယ်လို့ မှတ်တမ်းတွေက ဖော်ပြကြပါ တယ်။ ယင်းခေတ်အခါကတည်းက တရုတ်လူမျိုးတွေရဲ့ ကျောက်ဆစ်ပညာ အဆင့် အတန်းကို ဒီနေရာမှာလေ့လာနိုင်မှာဖြစ်ပြီး ထွင်းလုပ်ထားတဲ့ ရုပ်တုတွေရဲ့ မျက်နှာ သွင်ပြင်ဟာ ရှင်းလင်းပြတ်သားတဲ့အမူအရာကိုဆောင်နေတာကိုတွေ့ရပါတယ်။

ဒီလက်ရာတွေဟာ ယင်းခေတ်အခါက အဆင့်မြင့်ဆုံးသော ရှေးတရုတ်အနုသုခုမလက်ရာတွေ နဲ့ပါ ပေါင်းစပ်ဖန်တီးထားတာကိုတွေ့ရပါတယ်။ အစောပိုင်းတည်ဆောက်ခဲ့တဲ့ လက်ရာ တွေကတော့ ရိုးရှင်းတဲ့ မြတ်ဗုဒ္ဒရဲ့ ဟန်အမူအရာတွေကိုထွင်းထုထားခဲ့တာဖြစ်ပြီး Tang မင်းဆက်က တာဝန်ယူတည်ဆောက်တဲ့ကာလတွေမှာတော့ ရုပ်တုတွေရဲ့ အနေအ ထားကို ပိုမိုရှုပ်ထွေးအောင်ပြုလုပ်ခဲ့ပြီး အမျိုးသမီးပုံတွေ ၊သက်ဦးဆံပိုင်စနစ်ရဲ့ အသွင်သဏ္ဍာန်ကိုဖော်ကျူးတဲ့ ရုပ်တုတွေကို ထည့်သွင်းထုလုပ်လာခဲ့ပါတယ်။

Longmen Grottoes ဂူတွေထဲမှာ ရှေးအကျဆုံး နဲ့ အကြီးဆုံးဂူကတော့ Guyangdong အမည်ရတဲ့ ဂူဖြစ်ပါတယ်။ အနောက်ဘက်တောင်ကုန်းရဲ့ တောင်ဘက်အပိုင်း အလယ်တည့်တည့်မှာတည်ရှိခဲ့တဲ့ဂူဖြစ်ပြီး ချင်မင်းဆက် အင်ပါယာဘုရင် Xiaowen လက်ထက်မှာတည်ဆောက်ခဲ့တဲ့ဂူဖြစ်ပါတယ်။ သူ့ရဲ့အာဏာကြီးမားမှု ဘာသာတရားအပေါ်ယုံကြည်သက်ဝင်မှုကို ပြသတဲ့အနေနဲ့ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

ဒီဂူတွေထဲမှာ မူလလက်ရာအတိုင်း အပျက်ပဲ ထိန်းသိမ်းထားနိုင်တဲ့ဂူကတော့ Huangfugong ဂူဖြစ်ပါတယ်။ ဒီဂူထဲက ကြီးမားတဲ့ဆင်းတုတော်တွေကိုတော့ ထန်မင်းဆက်လက်ထက်မှာ ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။  တောင်ကုန်းရဲ့ (၄)ခုမြောက်အလွှာ မှာတည်ရှိတဲ့ Fengxiansi လိုဏ်ဂူမှာတော့ ဗုဒ္ဓရုပ်ပွားတော်ကြီးတစ်ဆူနဲ့အတူ နတ်မင်းကြီး(၉)ပါးရဲ့ရုပ်တုကို အလွန်ကြီးမားတဲ့အရွယ်အစားနဲ့ တည်ဆောက်ထား ပါတယ်။

တရုတ်နိုင်ငံရေး မတည်မငြိမ်ဖြစ်ခဲ့တဲ့ ကာလတွေတုန်းကတော့ Longmen Grottoes တွေဟာ မသမာသူတွေရဲ့ အကြောင်းမဲ့ဖျက်ဆီးခြင်း၊ မှောင်ခိုပစ္စည်းအဖြစ်ခိုးဆောင် ယူဆောင်ခြင်းတို့ကို များစွာခံခဲ့ရပါတယ်။ (၂၀)ရာစုအစောပိုင်းကာလတွေ မှာတောင် မသမာသူတွေရဲ့ ပစ်မှတ်ထား ဖျက်ဆီးခြင်းကိုခံခဲ့ရပါတယ်။

အထက်ပါအခြေအနေ အရပ်ရပ်ရဲ့ အကျိုးဆက်အနေနဲ့ Longmen Grottoes မှာရှိတဲ့ ရှေးဟောင်း အနုပညာ အမွေအနှစ်တွေဟာ တိုင်းတစ်ပါးကိုရောက်ရှိခဲ့ရပါတယ်။ အမေရိကန်ပြည်ထောင်စု၊ နယူးဟောက်မှာရှိတဲ့ မြို့တော်ပြတိုက်၊ ဂျပန်နိုင်ငံ kansas မြို့က Atkinson ပြတိုက်၊ တိုကျိုအမျိုးသားပြတိုက်တွေမှာ Longmen Grottoesဆီကနေ မသမာသူတွေခိုးယူ သယ်ဆောင်သွားတဲ့ အဖိုးတန်အနုပညာလက်ရာတွေကို ခင်းကျင်းပြသထားတာကို တွေ့ရမှာပါ။

ဒါအပြင်တရုတ်နိုင်ငံရဲ့ ယဉ်ကျေးမှုတော်လှန်ရေးကာလ ဖြစ်တဲ့ ၁၉၆၆ ကနေ ၁၉၆၇ ကာလတွေတုန်းကလည်း Mao Zedong ဦးဆောင်တဲ့ Red Guard တွေ ရဲ့ဖျက်ဆီးမှုကြောင့် Longmen Grottoes ရဲ့ရုပ်တုတော်တော်များများ ပျက်စီးခဲ့ရပါတယ်။ ယနေ့မှာတော့ Longmen Grottoesဟာ တရုတ်အစိုးရရဲ့ အထူးထိန်းချုပ်မှု အောက်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။ ဒါ့အပြင်Longmen Grottoes ဒေသကို (၂၀၀၀)ပြည့်နှစ်မှာကတည်းက UNESCOရဲ့ ကမ္ဘာအမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ရမည့် နယ်မြေစာရင်းထဲ ထည့်သွင်းခဲ့ပြီးပြီဖြစ်ပါတယ်။

သုတဇုန်

Tags: buddhismkaung htetpagodas

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး
Places

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး

ရေးသားသူ - Wai Lin Photo - Sar Aung Marphang မြန်မာပြည်အစွန်အဖျားမှာ ဆီနှင်းတွေ အမြဲဖုံးလွှမ်းနေတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ သွားရေလာရေးခက်ခဲပေမယ့် ဥရောပလို လှပတဲ့ ဆီနှင်းတွေရှိတဲ့ ရွာလေးပါ။ ရွာနာမည်က ရှိန်းခေါင်ဖြစ်ပြီး လူဦးရေ ၁၅၀၀...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!