Tuesday, April 13, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

လေယာဉ်ပြေးလမ်းအတွင်း ကန့်လန့်ဖြတ်ရထားလမ်း ပါဝင်နေတဲ့လေဆိပ်

by Thutamm
January 25, 2020
Reading Time: 1min read
0
လေယာဉ်ပြေးလမ်းအတွင်း ကန့်လန့်ဖြတ်ရထားလမ်း ပါဝင်နေတဲ့လေဆိပ်
Share on FacebookShare on Twitter

သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေမှာတော့ လေယာဉ်ပျံတွေဟာ အမြန်ဆုံးနဲ့သက် သောင့်သက်သာအရှိဆုံး၊အချိန်ကုန်သက်သာမှုအရှိဆုံးသော ပို့ဆောင်ရေးယာဉ်တွေ ဖြစ်ပါတယ်။ ဟိုးယခင်ကာလတွေကတော့ လေပေါ်မှာပျံသန်းသွားလာတဲ့အလုပ်ဟာ စိတ်ကူးအိပ်မက်သာဖြစ်ပေမယ့် ယခုချိန်မှာတော့လူသားတွေကလက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်ပါတယ်။ တကမ္ဘာလုံးနှုန်းထားတဲ့ တွတ်ချက်မယ်ဆိုရင် တစ်နှစ်ကိုလေယာဉ်စီးပေါင်း သန်း(၄၀)လောက်ဟာ ပျံသန်းမောင်းနှင်မှုတွေ ပြုလုပ်နေကြတယ်လို့ စာရင်းတွေအရသိရပါတယ်။

ဒါပေမဲ့အချို့သောလေယာဉ်ကွင်းတွေကတော့ ဆန်းပြားပြီးအချို့ကတော့ မြင်ရသူဖို့အံ့သြမင်သက်လောက်တဲ့စိတ်ခံစားမှုကိုရစေပါတယ်။ မင်သက်ရသူတွေထဲမှာ လေကြောင်းခရီးသွားလာမှုအများဆုံးပြုလုပ်နေတဲ့ ပိုင်းလော့တွေသာမက ခရီးသည်တွေပါမျက်လုံးပြူး၊မျက်ဆံပြူးဖြစ်ရတဲ့လေယာဉ်ကွင်းတွေအနက် ယခုမျှဝေပေးမဲ့ Gisborne လေဆိပ်ဟာထိပ်ဆုံးကနေပါဝင်ပါတယ်။

Gasborne လေဆိပ်တည်ရှိတဲ့နေရာကတော့ နယူးဇီလန်နိုင်ငံ၊ North Island ရဲ့အရှေဘက် Gisborneမြို့လယ်ကောင်ကနေ (၄.၂)ကီလိုမီတာဝေးတဲ့ Elgin ဆင်ခြေဖုန်းဒေသ မှာဖြစ်ပါတယ်။ Gasborne လေဆိပ်ဟာကမ္ဘာပေါ်မှာအနည်းငယ်မျှသာရှိတဲ့ လေယာဉ် ပြေးလမ်းပေါ်မှာ ရထားလမ်းကန့်လန့်ဖြတ်အနေအထားနဲ့ ပါဝင်နေ လေဆိပ်တွေအနက် ကတစ်ခုဖြစ်ပါတယ်။ ဒီလေဆိပ်ဟာနယူးဇီလန်နိုင်ငံရဲ့ပြည်တွင်း၊ပြည်ပလေကြောင်း ဆက်သွယ်ရေးအတွက်အသုံးပြုနေတဲ့ နယူးဇီလန်နိုင်ငံရဲ့လေဆိပ် (၆၂)ခုအနက်ကတစ် ခုဖြစ်ပြီး ဧက(၄၀၀)လောက်ကျယ်ဝန်းပါတယ်။

Gasborne လေဆိပ်အတွင်းမှာပဲ လေယာဉ်ပြေးလမ်းကြောင်းကို ဖြတ်လျက်တည်ရှိတဲ့ Palmerston မြောက်ပိုင်းကနေ Gisborne ကိုပြေးဆွဲနေတဲ့ မီးရထားလိုင်း တစ်ခုပါဝင်နေပါတယ်။ ပုံမှန်ကြည့်မယ်ဆိုရင်တော့ ပြေးလမ်းကနေအရှိန်နဲ့လာနေတဲ့လေယာဉ်နဲ့ မီးရထားသွားနေချိန်မှာ ထိတွေ့မှုဖြစ်နိုင်တယ်လို့ ထင်ရပေမယ့် အမှန်တော့လေယာဉ် အဆင်းအတက်ပြုလုပ်တဲ့နေရာနဲ့ ရထားလမ်းနဲ့ဟာ ပေအနည်းငယ်ဝေးပါတယ်။

လေယာဉ်ပျံတက်တဲ့အခါ လေယာဉ်ဟာ ရထားနဲ့ မတိုက်မိခင် ပေအနည်းငယ်မှာပဲပျံ တက်သွားတာကြောင့် ယာဉ်(၂)စီးလုံးရဲ့ခရီးသည်တွေအတွက် အနည်းငယ်တော့ စိတ်လှုပ်ရှားစရာ အခိုက်အတန့်ကိုခံစားရမှာပါ။ လေဆိပ်နဲ့ တွဲလျက်ပါနေတဲ့ Palmerston North- Gisborne ရထားလိုင်း (PNGL) ဟာ North Island ရဲ့ဒုတိယမြောက်အရေးပါဆုံးရထားလမ်းကြောင်းဖြစ်ပြီး (၁၈၇၂)ကတည် းကစတင်တည်ဆောက်ခဲ့တာလို့သိရပါတယ်။ ရထားလမ်းကြောင်းရဲ့အရှည်ဟာ (၄၂၉၇ )မိုင်အထိရှည်လျားပြီးယင်းလမ်းကြောင်းပေါ်မှာပဲ လေယာဉ်ငယ်လေးတွေအတွက် လေယာဉ်ပြေးလမ်းကြောင်းနောက်ထပ် (၃)ခုကိုလည်းတည်ဆောက်ထားပါသေးတယ်။ ယနေ့အချိန်မှာတော့ Gasborne လေဆိပ်ဟာနယူးဇီလန်ပြည်တွင်းခရီးစဉ်တွေအတွက် သာအသုံးပြုပါတယ်။

ကမ္ဘာတဝှမ်းမှ ာနှစ်စဉ်ဖြစ်ပွားနေတဲ့လေယာဉ်မတော်တဆမှုတွေဟာ လေကြောင်းနည်းပညာမြင့်မားလာခြင်း၊လေယာဉ်အမှုထမ်းတွေရဲ့စွမ်းဆောင်ရည်မြှင်တင်နိုင်ခဲ့ခြင်းနဲ့အတူ လျော့နည်းလာခဲ့တာကိုတွေ့ရပါတယ်။ ယင်းနည်းပညာမြင့်လေဆိပ်တွေ အတွင်းမှာလည်း Gasborne လေဆိပ်ဟာလည်းတစ်ခုအပါအဝင်ဖြစ်ပြီး ယခုနောက် ပိုင်းမှာဆိုရင် အမေရိကန်ဒေါ်လာ (၅.၅)သန်းအကုန်အကျခံပြီးပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေကိုလည်းပြုလုပ်ထားတာကိုတွေ့ရပါတယ်။

ဒါအပြင်လေယာဉ်ပြေးလမ်းကြောင်းလုံခြုံရေးမြှင်တင်နိုင်ခဲ့ကြခြင်းနဲ့အတူ Gasborneရဲ့မှတ်တမ်းကောင်းတွေ ကြောင့် ပုံမှန်လေယာဉ်ကွင်းပုံစံမဟုတ်ပေမဲ့ ခရီးသည်တွေအတွက်(၁၀၀)ရာခိုင်နှုန်းလုံခြုံမှုကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ Gasborne လေဆိပ်ဟာ ဒေသတွင်းပါဝင်နေတဲ့ Taieawhiti ဒေသရဲ့ပေါကြွယ်ဝတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကြောင့်လည်း လာရောက်လည်ပတ်သူပြည်တွင်း၊ပြည်ပခရီးသွား တွေအနေနဲ့ လေကြောင်းသွားလာရေးအတွက် ယင်းလေဆိပ်ကိုပဲအားထားနေရ တဲ့အခြေအနေမှာရှိနေတာဖြစ်လို့ လူဝင်၊လူထွက်များပြားတဲ့လေဆိပ်တစ်ခုဖြစ်ပါတယ်။

ပုံမှာမြင်တွေ့ရတဲ့ ပုံမှန်မဟုတ်တဲ့လေယာဉ်ပြေးလမ်းနဲ့ မီးရထားလမ်းကြောင်းရဲ့ နောက်ဆုံးအခြေအနေကိုလေ့လာချင်တယ်ဆိုရင်တော့ Gasborne လေဆိပ် ကိုသွားရောက်ဖို့လိုပါတယ်။ မြင်ရသူတွေအတွက်တော့ ထိတ်လန့်စရာဖြစ်ပေမဲ့ Gasborne လေဆိပ်ကလေယာဉ်မှူးတွေ ၊လေယာဉ်အမှုထမ်းတွေနဲ့ Palmerston North- Gisborne ရထားလမ်းကြောင်းတာဝန်ရှိသူတွေကတော့ ပုံမှန်အတိုင်းသာဖြစ် ပါတယ်။ အမှန်လည်း Gasborne လေဆိပ်ရဲ့ပုံမှန်မဟုတ်တဲ့လေယာဉ်ပြေးလမ်းကြောင်း ဟာ ယခုချိန်ထိ မတော်တဆမှု တစ်ကြိမ်မှဖြစ်ပွားခဲ့ခြင်းမရှိခဲ့ပါဘူး။

Tags: amazingworld places

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!