လေထုညစ်ညမ်းမှုဟာ လူသားတွေရဲ့ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေနိုင်ပြီးများစွာ သောရောဂါဘယတို့ရဲ့သန္ဓေတည်ရာနေရာလည်းဖြစ်ပါတယ်။ ယခုကာလမှာ တော့ လေထုညစ်ညစ်မှု အပါအဝင်ပတ်ဝန်းကျင် အခြားညစ်ညမ်းမှုတွေကြောင့် လူသားတွေဟာသက်တမ်းစေ့နေနိုင်ခြင်းမရှိပဲ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေအပြင် များစွာသောရောဂါတွေကြောင့် သေဆုံးနေရပါတယ်။ ဒီနေရာမှာမျှဝေပေး ချင်တာကတော့ လေထုညစ်ညစ်မှုနဲ့ဆက်နွယ်ပြီး လူသေဆုံးမှုအများဆုံးဖြစ်ပွားနေတဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ အကြောင်းအရာအချို့ပဲဖြစ်ပါတယ်။
လေထုညစ်ညမ်းခြင်းဟာလူသားတွေရဲ့လုပ်ရပ်ကြောင့်သာဖြစ်ပြီး ဘေးဒဏ်သင့်ခဲ့ရတာက သက်ရှိတိုင်းအတွက်ကိုဖြစ်စေခဲ့ပါတယ်။ လေထုညစ်ညမ်းမှု၊ပတ်ဝန်းကျင်ညစ်ညမ်း မှုတွေကြောင့် လူသားတွေဟာ allergies (ဓာတ်မတည့်တဲ့ရောဂါ) ၊ ကူးစက်ရောဂါပိုး မွှားပေါင်းစုံကိုခံစားရနိုင်ပြီး အသက်ပါဆုံးရှုံးသွားရနိုင်တဲ့အခြေအနေကို ရင်ဆိုင်ရနိုင်ပါတယ်။ ယင်းညစ်ညမ်းမှုတွေကပဲ ပတ်ဝန်းကျင်မှာရှိတဲ့အပင်နဲ့ တိရိစ္ဆာန်တွေအပေါ်အဆိုး ဘက်ကနေ သက်ရောက်မှုတွေဖြစ်နိုင်ပြီး ဂေဟစနစ်ကြီးတစ်ခုလုံးတောင်ပျက်စီးသွား နိုင်တဲ့အခြေအနေကိုဖြစ်စေနိုင်ပါတယ်။ လေ့လာသူပညာရှင်တွေရဲ့အချက်အလက်တွေ မှာတော့ လေထုညစ်ညမ်းမှုကြောင့်သေဆုံးရသူ ကမ္ဘာလူဦးရေဟာ နှစ်စဉ်သန်းနဲချီရှိနေတယ်လို့သိရပါတယ်။ ဥပမာအားဖြင့် (၂၀၁၄)ခုနှစ်မှာထုတ်ပြန်တဲ့ WHO ရဲ့စာရင်းတွေ အရဆိုရင် ယင်းနှစ်ထဲမှာပဲ လူ(၇)သန်းလောက်ဟာ လေထုညစ်ညမ်းမှုနဲ့ဆက်စပ်တဲ့ ရောဂါတွေခံစားရပြီးသေဆုံးခဲ့ပါတယ်လို့ အဖြေထွက်ခဲ့ပါတယ်။
ယခုဖော်ပြမယ့် ကိန်းဂဏန်းစာရင်းတွေဟာ WHO ရဲ့ထုတ်ပြန်ကြေငြာချက်တွေကိုသာ အခြေခံပါတယ်။ အချက်အလက်တွေအရတော့ အာဖရိကတိုက်ကဆူဒန်နိုင်ငံဟာ ကမ္ဘာပေါ်မှာလေထုအညစ်ညမ်းဆုံးသောနိုင်ငံအဖြစ်ရှိနေပြီး နိုင်ငံရဲ့လူဦးရေ(၁၀၀၀၀၀)မှာဆိုရင် (၁၂၄) ယောက်ဟာ လေထုညစ်ညမ်းမှုကြောင့်နှစ်စဉ်သေဆုံးနေရပါတယ်။ ယင်းနောက်မှာ တော့ ဥရောပကဘူဂေးရီးယားနိုင်ငံက(၁၂၁)ယောက်၊ဂျော်ဂျီယာနိုင်ငံက (၁၁၉)ယောက်၊ အာဖရိကတိုက် ချက်နိုင်ငံ၊ ဟန်ဂေရီနဲ့လစ်ဗီး ယားနိုင်ငံ(ဥရောပ) တို့က (၈၃)ယောက်စီနဲ့ အစဉ်အတိုင်းရပ်တည်နေကြတာကိုတွေပါတယ်။
(၁) ဆူဒန်
အာဖရိက အရှေ့ပိုင်းက ဆူဒန်ဟာ စတုရန်းကီလိုမီတာ (၁.၈၈)သန်းလောက်ကျယ်ဝန်းပြီး နိုင်ငံတွင်းဖြစ်ပေါ်ခဲ့တဲ့ ပြည်တွင်းစစ်တွေကြောင့်ပဲ ဆင်းရဲမွဲတေခြင်းဒဏ်ကိုခံခဲ့ရပါတယ်။ ယင်းနောက်မှာတော့ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရပ်ဆိုင်ရာအသိပညာပေးနောက်ကျမှုတွေနဲ့အတူ အစိုးရရဲ့ထိန်းချုပ်မှုအားနည်းမှု တွေကြောင့် ဆူဒန်ဟာလေထုညစ်နွမ်းတဲ့မြို့ပြဧရိယာအတော်များများကိုပိုင်ဆိုင်ခဲ့ပါ တယ်။
အထူးသဖြင့် ဓာတုဗေဒပစ္စည်းထုတ်စက်ရုံတွေ မြေသြဇာထုတ်လုပ်တဲ့စက်ရုံ တွေ နဲ့ကျောက်မီးသွေးစက်ရုံတွေကြောင့် ဆူဒန်ရဲ့လေထုနေရာအများစုဟာ ကာဗွန်ဒိုင် အောက်ဆိုဒ်ဓာတ်ငွေ့တွေဖုံးလွှမ်းထားသလိုဖြစ်နေခဲ့ရတာဖြစ်ပါတယ်။ ဒါအပြင် ဓာတ်ငွေ့ထုတ်လုပ်ခြင်းအပြင် အခြာသောသယံဇာတထုတ်ယူရေးလုပ်ငန်းတွေကြောင့်ပဲ နှစ်စဉ်ဆူဒန်နိုင်ငံရဲ့လူဦးရေ (၁၀၀၀၀၀)မှာဆိုရင် (၁၂၄)ယောက်လောက်ဟာ လေထု ညစ်ညမ်းမှုနဲ့ဆက်စပ်တဲ့ရောဂါတွေနဲ့ ကွယ်လွန်နေခဲ့ရပါတယ်။
(၂)ယူကရိန်း
(၁၉)ရာစုနောက်ပိုင်းကာလကနေစတင်ပြီးတိုးချဲ့လာခဲ့တဲ့စက်မှုလုပ်ငန်းတွေကြောင့် လေထုညစ်ညမ်းခဲ့ရတဲ့ ဥရောပနိုင်ငံစာရင်းမှာတော့ ယူကရိန်းဟာတစ်ခုအပါအဝင် ဖြစ် ပါတယ်။ အထူးသဖြင့် Donetsk ၊ Zaporizhia ၊ Kharkivနဲ့ ယူကရိန်းတောင်ဘက်ခြမ်း ကစက်မှုမြို့တော်ကြီးအများအပြားပေါ်ထွက်လာခြင်းဟာ နိုင်ငံကိုအဆိုးဆုံးသောလေထုအညစ်ညမ်းဆုံးနိုင်ငံစာရင်းကို တွန်းပို့ခဲ့တာဖြစ်ပါတယ်။
ဒါအပြင်ယူကရိန်းနိုင်ငံတွင်း က ကျောက်မီးသွေးစက်ရုံတွေ၊ မော်တော်ယာဉ်တွေ၊ဓာတ်တူးဖော်ရေးလုပ်ငန်းတွေက နေထွက်ရှိတဲ့ တန်နဲ့ချီတဲ့အဆိပ်ငွေ့တွေဟာ လေထုအတွင်းပြန့်နှံ့ရောက်ရှိခဲ့ပြီး အထူး သဖြင့်မြို့တော်နေလူဦးရေကို ဆိုးကျိုးများစွာဖြစ်ပေါ်စေခဲ့တာဖြစ်ပါတယ်။ ယူကရိန်း ဟာလေထုသာမက ရေထုညစ်ညမ်းမှုကပ်ကိုလည်းရင်ဆိုင်နေရပြီး အဓိကကတော့ တိုးပွားလာတဲ့လူဦးရေကိုအခြေခံတဲ့ စွန့်ပစ်ပစ္စည်းတွေကြောင့်ဖြစ်ပြီးသဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဥပဒေပိုင်းမှာ အားနည်းလွန်းလှတဲ့ ယူကရိန်းအစိုးရရဲ့နိုင်ငံရေးပေါ်လ စီတွေကြောင့်လည်းဖြစ်ပါတယ်။
(၃) ဂျော်ဂျီယာ
နိုင်ငံတကာစွမ်းအင်အေဂျင်စီ (International Energy Agency) ရဲ့အဆိုအရတော့ ဂျော်ဂျီယာဟာ လေထုညစ်ညမ်းမှုကြောင့်လူသေဆုံးမှုအများဆုံးကမ္ဘာထိပ်တန်းနိုင်ငံစာရင်းမှာပါဝင်နေတယ်လို့သိရပါတယ်။ အချက်အလက်တွေအရ ဂျော်ဂျီယာနိုင်ငံသား (၁၈၀၀၀)လောက်ဟာ လေထုညစ်ညမ်းမှုကြောင့် နေ့စဉ်သေဆုံးနေရတယ်လို့သိရပါ တယ်။ ဂျော်ဂျီယာနိုင်ငံဟာ ကိုယ်ပိုင်မော်တော်ယာဉ်သုံးစွဲမှုအများဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီးယင်းဖြစ်ရပ်တွေကပဲ ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏများစွာဟာ ဂျော်ဂျီ ယာရဲ့လေထုအတွင်းနေရာယူလျက်ရှိနေတာဖြစ်ပါတယ်။
အထူးသဖြင့်ဒီဇယ်အင်ဂျင်၊များစွာအသုံးပြုနေမှု၊ဓာတ်သတ္ထုတူးဖော်ရေးလုပ်ငန်းတွေ ကြောင့် ဂျော်ဂျီယာရဲ့လေထုညစ်ညမ်းမှုကြောင့်နှစ်စဉ်သေဆုံးတဲ့လူဦးရေဟာနှစ်စဉ် လူတစ်သိန်းမှာဆိုရင် (၁၁၉)ယောက်အထိသေဆုံးနေရပါတယ်။ ယင်းပမာဏဟာ ဂျော်ဂျီယာနိုင်ငံတွင်း ယာဉ်တိုက်မှု၊အဆုတ်တီဘီရောဂါနဲ့ HIV/AIDS ရောဂါစုစုပေါင်း သေဆုံးသူတွေထက် များစွာများပြားလို့နေတာဖြစ်ပါ တယ်။
(၄) ဘူဂေးရီးယား
နောက်ပိုင်းနှစ်တွေမှာတော့ ဥရောပက ဘူဂေးရီးယားနိုင်ငံဟာ သိသိသာသာလေထု ညစ်ညမ်းမှုများလာတဲ့နိုင်ငံဖြစ်ပါတယ်။ မူလရာခိုင်နှုန်းထက် (၂)ဆအထိတက်လာတဲ့ ဘူဂေးရီးယားမှာဆိုရင် နှစ်စဉ် လူတစ်သိန်းမှာ (၁၂၁)ယောက်လောက်ဟာ လေထုညစ် ညမ်မှုနဲ့ဆက်နွယ်တဲ့ရောဂါတွေနဲ့ သေဆုံးနေရတာဖြစ်ပါတယ်။ နိုင်ငံရဲ့လေထုကိုအဓိ ကညစ်နွမ်းစေတာကတော့ စိုက်ခင်းမီးရှိုမှုတွေ၊ ဓာတ်ဆီကဲ့သို့လောင်စာတွေကိုအသုံး ပြုတဲ့မော်တော်ကားအရေအတွက်များပြားမှုတွေ၊ကျောက်မီးသွေးစက်ရုံတွေနဲ့ ဓာတ်သတ္ထုတူးဖော်ရေးလုပ်ငန်းတွေကြောင့်ဖြစ်ပါတယ်။ ဒါအပြင်ဘူဂေးရီးယားအစိုးရရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်ရေးပေါ်လစီတွေကလည်း အားနည်းလွန်းလှတာကိုတွေ့ရပါတယ်။
ကမ္ဘာလေထုကိုအဓိကညစ်နွမ်းစေတဲ့အဆိပ်ဓာတ်တွဟာ လူသားတွေရဲ့လိုအပ်ချက်ကိုမြှင် တင်တဲ့ရည်ရွယ်ချက်ကနေပဲဖြစ်ပေါ်လာနေရတာဖြစ် ပါတယ်။ ယင်းပစ္စည်းတွေဟာ အစိုင်အခဲ၊အရည်၊အငွေ့တွေအထိပါဝင်နေတာဖြစ်ပြီး လေထုကို အညစ်ညမ်းစေဆုံးဓာတ်တွေကတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ဆာဖာအောက်ဆိုဒ်( sulfur oxides)၊ နိုက်ထရိုဂျင်အောက်ဆိုဒ်နဲ့ ကာဗွန်မိုနိုအောက် ဆိုဒ်စတဲ့ အဆိပ်ဓာတ်ငွေ့တွေကြောင့်ဖြစ်ပါတယ်။ WHO ရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ လထုညစ်ညမ်းမှုကြောင့် လူ ၁သိန်းမှာ ၄၈ ယောက် သေဆုံးနေရတယ်လို့ သိရပါတယ်။ ထိပ်ဆုံးမှာရှိနေတဲ့ ၁၀ နိုင်ငံ စာရင်းကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
Ref:
Worldatlas – Countries With The Most Pollution-Related Deaths
WHO – Global Health Observatory data repository